Genesis 4

Genesis 4:1

လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်

လူယောက်ျားနှင့် ဧဝတို့၏ လင်မယား ဆက်ဆံရေး အထမြောက်ကြောင်း ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ သက်ဆိုင်ရာ ဘာသာစကားတွင် အသုံးပြုသည့်အတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

လူအာဒံ

"လူ" သို့မဟုတ် "အာဒံ"

လူကို ငါရပြီ

"လူ" ဟူသည်မှာ အရွယ်ရသော လူကို ဆိုလိုတတ်သည်။ ၎င်းက ထင်မြင်လွဲမှားမှုများ ဖြစ်စေလျှင်၊ "လူကလေး" သို့မဟုတ် "ယောက်ျားလေး" သို့မဟုတ် "သား" ဟု ပြန်ဆိုနိုင်သည်။

ကာဣန

ဘာသာပြန်သူများ အနေဖြင့် "ကာဣန သည် 'လုပ်သည်' ဟူသော ဟေဗြဲစကားနှင့် နီးစပ်သည်။ ဧဝက ပြုလုပ်သောကြောင့် ကာဣနဟု မှည့်လေသည်။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

တဖန် . . . ကို ဘွားမြင်လေ၏

ကာဣနနှင့် အာဗေလတို့ မွေးဖွားချိန်သည် မည်မျှ ကွာခြားသည်ကို ကျွန်ုပ်တို့ မသိရပါ။ အမွှာလည်း ဖြစ်နိုင်၏။ သို့မဟုတ် သီးခြား အချိန်၌ မွေးဖွားကြသည်လည်း ဖြစ်နိုင်၏။ ဖြစ်နိုင်လျှင်၊ မွေးဖွားရန်ကြာညောင်းချိန်အား ပြသော စကားစုမျိုးကို ထည့်သုံးခြင်းမပြုရ။

လယ်လုပ်

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်သည်။ ကမ္ဘာဦးကျမ်း ၂:၅ ရှိ "မြေ၌လုပ်သော" ပြန်ဆိုချက်ကို ရှု။

Genesis 4:3

အချိန်စေ့

ဖြစ်နိုင်ချေရှိသော အဓိပ္ပါယ်များမှာ (၁) "အတော်အတန်မျှကြာ" သို့မဟုတ် (၂) "သက်ဆိုင်သည့်အချိန်သို့ရောက်"

...သောအခါ

အကြောင်းအရာတခု၏ အပိုင်းသစ်တစ်ခုကို အစဖွင့်ပေးသော စကားစုဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၌ တူညီသော အသုံးအနှုန်း ရှိပါက အဆိုပါအတိုင်း ပြန်ဆိုနိုင်သည်။

မြေအသီး

စိုက်ပျိုးထားသော အပင်များ၏ အသီး။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောက်ပဲသီးနှံ" သို့မဟုတ် "သီးနှံ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သိုးဆီဥ

သိုး၏ အဆီများသော အပိုင်း၊ အကောင်းဆုံးသော အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဆီများသော အင်္ဂါ အစိတ်အပိုင်းတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ပမာဏ ပြုတော်မူ၏

"အလေးပေးတော်မူ၏" သို့မဟုတ် "ကျေနပ်ခြင်း ရှိတော်မူ၏"

ပမာဏ ပြုတော်မမူ

"အလေးပေးတော်မမူ" သို့မဟုတ် "ကျေနပ်ခြင်းရှိတော်မမူ"

အလွန်စိတ်ဆိုး၍

ဘာသာစကားတချို့တွင် "အမျက်ထွက်၍" သို့မဟုတ် "အမျက်ဒေါသထွက်၍" ဟူ၍ ပြန်ဆိုနိုင်သည်။

မျက်နှာပျက်လေ၏

စိတ်ဆိုး သို့မဟုတ် မနာလိုသော မျက်နှာအမူအယာကို ပြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘာသာစကားတချို့တွင် စိတ်ဆိုး၍ မျက်နှာပျက်ခြင်းကို ဖော်ပြသော အသုံးအနှုန်း အသီးသီး ရှိကြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 4:6

သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း

ကာဣန စိတ်ဆိုး၍ မျက်နှာပျက်ခြင်းသည် မှားယွင်းကြောင်း ထောက်ပြရာ၌ ဘုရားသခင် အသုံးပြုသော မေးခွန်းဖြစ်သည်။ မိမိမှားခဲ့ကြောင်း ဝန်ခံနိုင်ရန် ကာဣနကို အခွင့်ပေးနေခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရလော

ကာဣန သိသင့်သည့်အရာကို သတိပေးရာ၌ ဘုရားသခင် အသုံးပြသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းမွန်စွာပြုလျှင် သင့်အား လက်ခံမည်ကို သိသည် မဟုတ်လော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ကောင်းမွန်စွာ မပြုလျှင်၊ . . . သင်သည် သူ့ကို အုပ်စိုးရ၏

အပြစ်တရားကို လူပုဂ္ဂိုလ်ကဲ့သို့ ခိုင်းနှိုင်း ပြောဆိုနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်သည် တံခါးနားမှာ ဝပ်လျက်။ သင့်ကို အုပ်စိုးရန် အလိုရှိ၏။ သို့သော် သင်သည် သူ့ကို နိုင်ရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏

အပြစ်သည် ကာဣနကို ချောင်းမြောင်းနေသော တောရိုင်း တိရိစ္ဆာန်တစ်ကောင်အလား ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် အလွန် ဒေါသထွက်သဖြင့် အပြစ်ကို သင်သည် မတားဆီးနိုင်ခဲ့ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အပြစ်

"အပြစ်" ၏ နာမ်ပုဒ် မရှိသော ဘာသာစကားများအတွက် "အပြစ်ပြုလိုသောဆန္ဒ" သို့မဟုတ် "သင်ပြုလိုသောအပြစ်" ဟု ပြန်ဆိုနိုင်သည်။

သင်သည် သူ့ကို အုပ်စိုးရ၏

ကာဣန၏ အပြစ်ပြုလိုစိတ်ကို လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ယာဝေးဘုရား မိန့်တော်မူသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် အပြစ် မပြုမိရန် သူ့ကို အုပ်စိုးရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

Genesis 4:8

ကာဣနကလည်း . . . ညီအာဗေလကိုခေါ်၍

မူပြန်ကျမ်းအချို့တွင် ကာဣနက မိမိညီအား ပြောသည့်အရာကို အတိအကျ ဖော်ပြထားသည်။ ပြန်ဆိုမည့် ဘာသာစကားတွင် ၎င်းကို ထည့်သွင်း ပြန်ဆို၍ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကာဣနကလည်း လယ်သို့ သွားအံ့ဟု ညီအာဗေလကိုခေါ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#translate-textvariants နှင့် /WA-Catalog/my_tm?section=translate#figs-explicit)

ညီ

အာဗေလသည် ကာဣန၏ ညီဖြစ်သည်။ ဘာသာစကားတချို့တွင် "ညီငယ်" ဟု သုံးသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

. . . ကို ရန်ဘက်ပြု၍

တစုံတဦးကို တိုက်ခိုက်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "...ကို တိုက်ခိုက်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း

ကာဣနက အာဗေလကို သတ်သည့်အကြောင်း ဘုရားသခင် သိ၏။ သို့သော် ကာဣန၏ အဖြေစကားကို ကြားလိုသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

အကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါသလော

အဖြေမပေးလိုသည့်အတွက် ကာဣန ဤမေးခွန်းကို ထုတ်လိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သည် ညီကို စောင့်ရသောသူ မဟုတ်ပါ" သို့မဟုတ် "ညီကို စောင့်ရန်မှာ အကျွန်ုပ်အလုပ် မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 4:10

သင်သည် အဘယ်သို့ ပြုပြီးသနည်း

ကာဣနကို အပြစ်တင်ရန် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်ပြုသောအမှုမှာ မိုက်မဲလှ ပေစွ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင်ညီအသွေး၏အသံသည် ... ငါ့ကို အော်ဟစ်လျက်ရှိသည်တကား

အာဗေလ သေဆုံးမှု၏ ဥပမာပြု စကားဖြစ်သည်။ မိမိသေဆုံးမှုအတွက် ကာဣနကို စီရင်ရန် တောင်းဆိုသည့်အလား ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ညီ၏ အသွေးသည် ... သူ့ကို သတ်သောသူအား အပြစ်စီရန် လူတစ်ဦးကဲ့သို့ ငါ့ထံ အော်ဟစ်လျက်ရှိသည်တကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးမှ အစာကို ရယူခြင်း မရှိရန် သင့်ကို ကျိန်လိုက်သည် ဖြစ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော

အာဗေလ၏ အသွေးကို မြေကြီးက သောက်လိုက်သကဲ့သို့ ဘုရားသခင် မိန့်လိုက်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ညီ၏ အသွေးဖြင့် စိုစွတ်နေသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

မြေ၌လုပ်သောအခါ

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်သောအခါ ...။ ကမ္ဘာဦးကျမ်း ၂:၅ ရှိ "မြေ၌လုပ်သော" ပြန်ဆိုချက်ကို ရှု။

ပကတိအတိုင်း အသီးအနှံကို မရရ

မြေကြီးကို လူတစ်ဦးကဲ့သို့ အင်အားကုန်တတ်ကြောင်း ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပကတိအတိုင်း အသီးအနှံကို မပေးရ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ

အထက်ပါ စကားစုနှစ်ခုကို ပေါင်းစပ်ထားသော စကားတွဲဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခြေသလုံးအိမ်တိုင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hendiadys)

Genesis 4:13

မျက်နှာတော်ကိုလည်း မမြင်ရ

"မျက်နှာတော်" ဆိုရာတွင် ဘုရားသခင်၏ မျက်မှောက်တော်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်နှင့် စကားပြောရမည် မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ

ကမ္ဘာဦးကျမ်း ၄:၁၂ မှ ပြန်ဆိုချက်ကို ရှု။

ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြစ်ဒဏ် ခုနှစ်ဆ ခံရလိမ့်မည်" သို့မဟုတ် "သင်ခံရသော အပြစ်ဒဏ် ခုနှစ်ဆကို ခံရလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

မသတ်စေခြင်းငှါ

မတိုက်စေခြင်းငှါ

Genesis 4:16

ထာဝရဘုရားထံတော်မှ ထွက်သွား၍

ထာဝရဘုရားထံတော်မှ အမှန်ကတယ် ထွက်သွားရန် မဖြစ်နိုင်သော်လည်း၊ ကာဣနမှာ ဝေးသောအရပ်သို့ ထွက်သွားကြောင်း နားလည်စေရန် သုံးထားသော ဒေသိယစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား မိန့်တော်မူသော အရပ်မှ ထွက်သွား၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

နောဒ

ဘာသာပြန်ဆိုသူများအနေဖြင့် "နောဒ၏ အဓိပ္ပါယ်မှာ 'ခြေသလုံးအိမ်တိုင်' ဖြစ်သည်" ဟု မှတ်ချက်တို ရေးပေးနိုင်သည်။

ကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်

ကာဣနတို့ လင်မယား ဆက်ဆံရေး အထမြောက်ကြောင်း ယဉ်ကျေးစွာ ဖော်ပြထားသည်။ သက်ဆိုင်ရာ ဘာသာစကားတွင် အသုံးပြုသည့်အတိုင်း ပြန်ဆိုရန် ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၄:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

မြို့ကိုတည်၍

ကာဣနသည် မြို့ကို တည်သည်

Genesis 4:18

ဧနောက်သားကား၊ ဣရဒ်

ဧနောက် ကြီးလာပြီး မယားရှိကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧနောက် အသက်ရသောအခါ မယားကိုရ၍ ဣရဒ်အမည်ဖြင့် မှည့်သော သားကို ဖွားလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဣရဒ်

လူပုဂ္ဂိုလ်၏ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အာဒနှင့်ဇိလ

အမျိုးသမီးများ၏ အမည်ဖြစ်သည်။ (ရှု၊/WA-Catalog/my_tm?section=translate#translate-names)

Genesis 4:20

အာဒ

ကမ္ဘာဦးကျမ်း ၄:၁၉ မှ ပြန်ဆိုချက်ကို ရှု။

ထိုသားကား၊ တဲ၌နေသောသူ ... သူတို့၏ အဘဆရာ ဖြစ်လေသတည်း

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၁) "ထိုသားကား၊ တဲ၌နေသော ... ပထမဆုံးလူ ဖြစ်လေသတည်း" သို့မဟုတ် ၂) "သူ၏မျိုးဆက်သည် တဲ၌နေသော ... သူများ ဖြစ်လေသတည်း။"

တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသောသူ

တဲ၌နေပြီး သိုးနွားစသည်တို့ကို မွေးသောသူ

... ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ၁) "... ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို ပထမဆုံး တီးမှုတ်တတ်သောသူ ဖြစ်လေသတည်း" သို့မဟုတ် ၂) "ညီ၏မျိုးဆက်သည် စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူများ ဖြစ်လေသတည်း။"

ဇိလ

ကမ္ဘာဦးကျမ်း ၄:၁၉ မှ ပြန်ဆိုချက်ကို ရှု။

ပန်းတဉ်းသမား၊ ပန်းပဲသမား အပေါင်းတို့၏ ဆရာ

ကြေးထည်နှင့် သံထည်ကို ထုလုပ်သူ

တုဗလကာဣန

အမျိုးသား အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 4:23

အာဒနှင့်ဇိလ

ကမ္ဘာဦးကျမ်း ၄:၁၉ မှ ပြန်ဆိုချက်ကို ရှု။

ငါပြောသံကို မှတ်ကြလော့ . . . ငါ့စကားကို နားထောင်ကြလော့

မိမိပြောလိုသောစကားကို အလေးထားစေရန် နှစ်ခါ ပြောခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့စကားကို မှတ်ကြလော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism နှင့် /WA-Catalog/my_tm?section=translate#figs-synecdoche)

ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသော လူပျိုတယောက်

လာမက် သတ်လိုက်သောသူမှာ တစ်ဦးတည်း ဖြစ်သည်။ မိမိပြုသောအမှုကို ထင်ရှားစေရန် ထပ်ဆင့်၍ ပြောလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို နာကျင်စေသော လူပျိုတယောက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်

ဘုရားသခင်သည် ကာဣနအတွက် ခုနှစ်ဆ တုံ့ပြန်ပေးမည်အကြောင်းကို လာမက်သိ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကာဣနကို သတ်သောသူအား ခုနှစ်ဆ စီရင်သည်မှန်လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

အကယ်၍လာမက်သည်၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို သတ်သောသူအား ဘုရားသခင်သည် ခုနှစ်ဆယ်ခုနှစ်ဆ စီရင်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ခုနှစ်ဆယ် ခုနစ်

၇၇ (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 4:25

အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်

လူယောက်ျားနှင့် ဧဝတို့၏ လင်မယားအကြား လိင်မှုကိစ္စ အထမြောက်ကြောင်း ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ သက်ဆိုင်ရာ ဘာသာစကားတွင် အသုံးပြုသည့်အတိုင်း ပြန်ဆိုရန် ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၄:၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

တပါးသောအနွယ်ကို အကျွန်ုပ်အဘို့ ဘုရားသခင်၌ ခန့်ထားတော်မူပြီ

ရှေသဟု မှည့်ရသည့် အကြောင်းရင်းဖြစ်သည်။ ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် နောက်သား တယောက်ကို ပေးတော်မူပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ရှေသ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဤအမည်သည် 'ပေးတော်မူပြီ' ဟူသော ဟေဗြဲအသံနှင့် နီးစပ်သည်" ဟူ၍ မှတ်ချက် ရေးနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ရှေသသည်လည်း သားကိုရ၍

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှေသ၏ မယားသည် သားကိုဖွား၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စပြုကြလေ၏

ဤအချိန်သည် လူတို့က ဘုရားသခင်၏ နာမတော် ယာဝေး အမည်ဖြင့် ပထမဆုံး ခေါ်ဆိုချိန် ဖြစ်သည်။ ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ နာမတော် ထာဝရဘုရားကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)