Genesis 3

Genesis 3:1

. . . ထက် လိမ္မာသည်

... ထက် လည်သည် သို့မဟုတ် " ... ထက် တမ်းတသောအရာကို လိမ်လည်ခြင်းဖြင့် ရတတ်သည်"

သင်တို့သည် ဥယျာဉ်၌ . . . ဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော

ဤပညတ်ချက်ကို ထားတော်မူသည်အတွက် အံ့ဩသကဲ့သို့ ဟန်ဆောင်နေသည်။ ဤအမေးစကားကို သာမန်ဝါကျ အဖြစ်သို့ ပြောင်းလဲ ပြန်ဆို၍ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ဥယျာဉ်၌ ... ဟု ဘုရားသခင် မိန့်တော်မူသည်ကို ကျွန်ုပ် အံ့ဩခြင်းရှိ၏။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင်တို့သည် . . . မစားရ

"သင်တို့" ဟု ဆိုရာတွင် လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

ငါတို့သည် . . . စားရသော အခွင့်ရှိ၏

"ငါတို့သည် ... စားရန် ခွင့်ပြုတော်မူ၏" သို့မဟုတ် "ငါတို့သည် ... စားရ၏"

ဥယျာဉ်အလယ်၌ . . . အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်

အပိုဒ်ငယ် ၂ တွင် "ငါတို့သည် ... စားရသော အခွင့်ရှိ၏" ဟု စတင်ခဲ့သော ဘုရားသခင်၏ ပညတ်ချက်ကို အထက်ပါ ကျမ်းပိုဒ်က အဆုံးသတ်ပေး၏။ ဧဝက ဘုရားသခင် ခွင့်ပြုသောအရာကို ဦးစွာ ဖော်ပြပြီး နောက်တွင် တားမြစ်သည့်အရာကို ဖော်ပြသည်။ UST မှ စသော အချို့ ဘာသာစကားများတွင် တားမြစ်သည့်အရာကို ဖော်ပြပြီးမှ ခွင့်ပြုသည့်အရာကို ဖော်ပြတတ်ကြသည်။

သင်တို့သည် မ ... မ ... ပဲ နေကြလော့၊ . . . သေမည်

"သင်တို့" ဟု ဆိုရာတွင် လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

သင်တို့သည် ... မစားပဲ နေကြလော့

သင်တို့သည် ... မစားရ

သင်တို့သည် မကိုင် ... ပဲ နေကြလော့

သင်တို့သည် မကိုင် ... ရ

Genesis 3:4

သင်တို့သည် . . . သေရမည်မဟုတ်

လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

အကြောင်းမူကား၊ . . . သင်တို့သည်

လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

သင်တို့သည် မျက်စိပွင့်လင်းလျက်

သင်တို့၏ မျက်စိများ ပွင့်လင်းလျက် ...။ "အမြင်ပွင့်မည်" သို့မဟုတ် "အသစ်သောအရာကို သိမြင်တတ်မည်" ဟု ဆိုလိုခြင်း ဖြစ်သည်။ နားလည်လွယ်အောင် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့၏ မျက်စိများ ပွင့်သကဲ့သို့ ဖြစ်လျှက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ကောင်းမကောင်းကို သိ၍

"ကောင်း မကောင်း" ဟု ဆိုရာတွင် အစွန်းထွက်ခြင်းနှင့် ကြားရှိ အခြေအနေအရပ်ရပ်ကို ညွှန်းသည်။ ကမ္ဘာဦးကျမ်း ၂:၉ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကောင်းနှင့်အဆိုး အရာအားလုံး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

အဆင်းလည်းလှခြင်း

တပ်မက်ဖွယ်ကောင်းခြင်း သို့မဟုတ် "ကြည့်၍ လှခြင်း" သို့မဟုတ် "အလွန်လှပခြင်း"

ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်း

ပညာတိုးပွားရန် လိုလားဖွယ်သော အပင်ဖြစ်ခြင်း သို့မဟုတ် "ဘုရားသခင်ကဲ့သို့ ကောင်းမကောင်းကို သိကျွမ်းစေသော အပင်ဖြစ်ခြင်း"

Genesis 3:7

ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍

ထိုသူနှစ်ယောက်တို့၏ မျက်စိများ ပွင့်လင်း၍ သို့မဟုတ် "အမြင်ပွင့်လင်း၍" သို့မဟုတ် "အသိအမြင်ရ၍။" ကမ္ဘာဦးကျမ်း ၃:၅ ရှိ "သင်တို့သည် မျက်စိပွင့်လင်း၍" မှ ပြန်ဆိုချက်ကို ရှု။

မိမိတို့ ဝတ်ရန်ဖို့ . . . ခါးစည်းကိုလုပ်ကြ၏

အရှက်ရသည့်အတွက် ထိုသို့ ပြုခဲ့သည်။ UST မူပြန်ကျမ်းမှာကဲ့သို့ လိုအပ်ပါက ထည့်သွင်း ထုတ်ပယ် နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှက်ကြောက်ခြင်းရှိသဖြင့် ... မိမိတို့အဖို့ ဝတ်ဆင်ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သင်္ဘောသဖန်းပင်အရွက်

သင်္ဘောသဖန်းပင်အရွက်ကို နားလည်ရခက်ခဲလျှင်၊ "သင်္ဘောသဖန်းပင်၏ အရွက်" သို့မဟုတ် "ကြီးမားသောအရွက်"

ချုပ်စပ်၍

နွယ်ပင်ကဲ့သို့သော အရာကို ချည်ကြိုးအဖြစ် ချုပ်စပ်၍

နေဧသောအချိန်

ညနေဆောင်း လေအေးတိုက်ချိန်

ထာဝရအရှင်ဘုရားသခင် . . အထံတော်မှ လွတ်ခြင်းငှါ

ထာဝရဘုရားသခင် ... မျက်မှောက်တော်မှ လွတ်ခြင်းငှါ သို့မဟုတ် "ထာဝရဘုရားသခင် ... မမြင်စေခြင်းငှါ" သို့မဟုတ် "ထာဝရဘုရားသခင် ... အထံတော်မှ လွတ်ခြင်းငှါ"

Genesis 3:9

သင်သည် အဘယ်မှာရှိသနည်း

သင်သည် အဘယ့်ကြောင့် ပုန်းရန် ကြိုးစားသနည်း။ လူယောက်ျား ပုန်းသည့်နေရာကို ဘုရားသခင် သိခဲ့သည်။ ထို့ကြောင့် လူယောက်ျားက မိမိပုန်းသည့်နေရာ လျှောက်တင်ခြင်းမပြုဘဲ ပုန်းရသည့်အကြောင်းကို လျှောက်တင်ခဲ့သည်။

သင်သည်

အပိုဒ်ငယ် ၉ နှင့် ၁၁ တွင် ဘုရားသခင်သည် လူယောက်ျား တစ်ဦးတည်းကို မိန့်တော်မူခဲ့သည်။ ဘာသာပြန်ဆိုသောအခါ သတိပြုရန် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်

ကိုယ်တော် ကြွလာသောအသံကို ကျွန်တော်ကြားလျှင်

သင်အားအဘယ်သူပြောသနည်း

ဘုရားသခင်က အကြောင်းရင်းကို သိနှင့်ပြီးဖြစ်သည်။ သို့သော် အာဒံ၏ နှုတ်ဖြင့် မိမိပြုခဲ့သောအပြစ်ကို ဝန်ခံ၍ တောင်းပန်စေလိုသောကြောင့် မေးခဲ့ခြင်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

. . . ကို စားပြီလော

မည်သို့ ဖြစ်ခဲ့သည်ကို သခင်ဘုရား သိနှင့်ပြီး ဖြစ်သည်။ အာဒံ စားသုံးကြောင်း စွတ်စွဲသော ပုံစံဖြင့် ပြန်ဆိုရန်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကို စားခဲ့ပြီတကား။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 3:12

သင်သည် အဘယ်သို့ပြုပြီးသနည်း

လူမိန်းမသည် ပြုပြီးကြောင်းကို ဘုရားသခင် သိသည်။ ဤသို့ မေးခွန်းမေးခြင်းဖြင့် လူမိန်းမ၏ တုန့်ပြန်မှုကိုလည်းကောင်း၊ သူမ လုပ်ခဲ့ပြီးသည့်အတွက် မကျေနပ်သည့် မေးခွန်းဖြစ်သည်။ ဘာသာစကားတိုင်းတွင် ထိုသို့သော ဆဲဆိုသည့် စကား မျိုးစုံရှိနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် အလွန်စက်ဆုပ်ရွံရှာဖွယ်သော အမှုကို ပြုခဲ့ပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

Genesis 3:14

. . . တို့ထက် ကျိန်ခြင်းကို ခံရ၏

... တို့အနက် ကျိန်ခြင်းကို ခံရ၏။ ဟေဗြဲကျမ်းတွင် တိရစ္ဆာန်အပေါင်းတို့အပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် မြွေတို့ခံရသော ကျိန်ခြင်းအမင်္ဂလာတို့၏ ခြားနားချက်ကို သိသာစေရန် "ကျိန်ခြင်း" ကို ရှေ့တွင် တင်ထား၏။ "ကျိန်ခြင်းနိယာမ" သို့မဟုတ် ကျိန်ခြင်းကိုဖော်ပြသော နည်းလမ်း ဟုခေါ်သည်။ ဘုရားသခင်သည် ထိုအမိန့်စကားဖြင့်၊ ကျိန်ခြင်းကို ဖြစ်စေ၏။

သားယဉ်သားရဲအပေါင်း

ခြံမွေးတိရစ္ဆာန်မှအစ တောရိုင်းတိရစ္ဆာန်များ အားလုံး

သင်သည် ဝမ်းဖြင့် သွား၍

သင်၏ ဝမ်းဖြင့် သွား၍ ...။ တိရစ္ဆာန်အပေါင်းတို့၏ ခြေချောင်းများဖြင့် သွားရပုံနှင့် ဝမ်းဖြင့် တွားသွားမည့် မြွေတို့၏ ခြားနားချက်ကို သိသာစေရန် "သင်၏ ဝမ်းဖြင့်" စကားစုကို ရှေ့သို့ တင်လိုက်ခြင်းဖြစ်သည်။ ကျိန်ခြင်းနိယာမ၏ အစိတ်အပိုင်းဖြစ်သည်။

မြေမှုန့်ကို . . . စားရမည်

တိရစ္ဆာန်အပေါင်းတို့ စားရမည့် မြေအထက်ရှိ အပင်များနှင့် မြွေတို့ စားရမည့် မြေပေါ်ရှိ အစာညစ်တို့၏ ခြားနားချက်ကို သိသာစေရန် "မြေမှုန့်" စကားစုကို ရှေ့သို့ တင်လိုက်ခြင်းဖြစ်သည်။ ကျိန်ခြင်းနိယာမ၏ အစိတ်အပိုင်းဖြစ်သည်။

သင်နှင့်မိန်းမကို . . . ငါသည် ရန်ငြိုးဖွဲ့စေမည်

မြွေနှင့် လူမိန်းမတို့ ရန်ဘက်ဖြစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

အမျိုးအနွယ်

"အမျိုးအနွယ်" ဟူသည်မှာ မိန်းမ၏ အထဲသို့ လင်ယောက်ျားထည့်သည့် အရာကို ဆိုလိုသည်။ "ကိုယ်ဝန်" နှင့် တူသည်။ တစ်ဦးထက်လည်း ပိုနိုင်သည်။ အနည်းကိန်းဖြစ်သော်လည်း အများကို ခြုံငုံပေးနိုင်မည့် စကားလုံးဖြင့် ပြန်ဆိုပါ။

သူသည် . . . သူ၏ ဖနောင့်

ဤကျမ်းပိုဒ်ရှိ "သူ" နှင့် "သူ၏" ဟူသည်မှာ မိန်းမအနွယ်ကို ဆိုလိုသည်။ "အမျိုးအနွယ်" ကို အများကိန်းအဖြစ် ပြန်ဆိုခဲ့ပါလျှင်၊ "သူတို့သည် ... သူတို့၏ ဖနောင့်" ဟု ပြန်ဆိုရပါမည်။ ထိုသို့ဖြစ်လျှင်၊ "သူတို့" နှင့် "သူတို့၏" စကားစုများ အောက်တွင် အနည်းကိန်းမှ ပြန်ဆိုထားကြောင်း မှတ်ချက်ရေးရန် ဂရုပြုရမည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-pronouns)

ကြိတ်လိမ့်မည်

နင်းခြေ သို့မဟုတ် "ဖျက်" သို့မဟုတ် "တိုက်"

Genesis 3:16

သင်၌ . . . ဝေဒနာကို ငါအလွန်များပြားစေရမည်

သင်၏ ... ဝေဒနာကို ပို၍တိုးပွားစေမည် သို့မဟုတ် "သင်၏ ... ဝေဒနာကို အဆမတန် ပြင်းထန်စေမည်"

ကိုယ်ဝန်ဆောင်ခြင်း

"ကလေးမွေးဖွားခြင်း" သို့မဟုတ် "သင်သည် ကလေးမွေးလာသည့်အခါ"

ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍

ကိုယ်ခင်ပွန်းကို အလွန် အလိုရှိ၍။ ဖြစ်နိုင်ခြေ အဓိပ္ပါယ်များမှာ (၁) "ကိုယ်ခင်ပွန်းနှင့်အတူ နေရန် ပိုပြီး အလိုရှိ၍" သို့မဟုတ် (၂) "ကိုယ်ခင်ပွန်းကို မိမိ အလိုအလိုက် ထိန်းချုပ်လို၍"

သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်

"သူသည် သင့်သခင် ဖြစ်လိမ့်မည်" သို့မဟုတ် "သူသည် သင့်ကို ထိန်းချုပ်လိမ့်မည်"

Genesis 3:17

ထိုအပင်၏အသီးကို မစားရ

ထိုအပင်၏အသီးကို စားခွင့်မရှိ

သင်သည် မယား၏ စကားကိုနားထောင်၍

အီဒီယမ်စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် မယား၏ စကားကို နာခံ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

စားမိသောကြောင့်

သူတို့သည် စားမိကြောင်းကို ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သစ်ပင်မှ အသီးကို စားသောကြောင့်" သို့မဟုတ် "သစ်ပင်မှ အသီး တစ်ချို့ကို စားခဲ့သောကြောင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်

"ကျိန်ခြင်း" သည် မြေအတွက်ဖြစ်ပြီး ကောင်းသည့် မြေဆီဖြစ်လင့်ကစား ယခုတွင် ဘုရားသခင်၏ ကျိန်ခြင်းကို မိနေပြီ။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် မြေကို ကျိန်ဆဲပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ပင်ပန်းစွာ

မောပန်းစွာ

လယ်၌ဖြစ်သော . . . ကို စားရမည်

အခြားသော ဘာသာပြန်ဆိုချက်၊ "လယ်မှ ဖြစ်သော ... ကို စားရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များမှာ (၁) "လယ်၌ သင်လုပ်သော ဟင်းသီးဟင်းရွက်" သို့မဟုတ် (၂) "လယ်မှ ဖြစ်သော ဟင်းသီးဟင်းရွက်"

သင်၏ မျက်နှာမှချွေးထွက်လျက်

သင်၏ မျက်နှာမှ ချွေးထွက်သည်ထိ အလုပ်လုပ်လျက်

အစာကို စားရမည်

"အစာ" ကို မူရင်းကျမ်း၌ "မုန့်" ဟု ဖော်ပြထားရာ အစားအစာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မုန့်ကို စားရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်

သင် သေ၍ မြေထဲသို့ မရောက်မှီတိုင်အောင် ...။ အချို့ ယဉ်ကျေးမှုတွင်၊ သေဆုံးသောသူ၏ ကိုယ်ကို မြေတူးလျက် မြှုပ်ပေးရသည်။ သို့လျှင်၊ လူသည် မြေသို့ မပြန်မှီတိုင် အလုပ်ပြီးမည်မဟုတ်။

သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်

သင့်ကို မြေမှုန့်မှလုပ်သည်အတိုင်း မြေမှုန့်ဖြစ်ရမည်။ လူ၏ အစနှင့် အဆုံး တူညီကြောင်း ဖော်ပြနိုင်ရန် "မြေမှုန့်" ဝေါဟာရကို အညီအမျှ ပြန်ဆိုပေးရမည်။

Genesis 3:20

လူ

တချို့ ဘာသာပြန်ကျမ်းထဲတွင် "အာဒံ" ဟု ပြန်သည်။

မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏

မိမိမယားကို ဧဝဟု ခေါ်၏ သို့မဟုတ် "မိမိမယားကို ဧဝမှည့်၏"

ဧဝ

ဘာသာပြန်သူများ အနေဖြင့် "ဧဝ အမည်သည် 'အသက်ရှင်' ဟူသော ဟေဗြဲစကားနှင့် အသံတူသည်" ဟု မှတ်ချက်ပြုနိုင်သည်။

အသက်ရှင်သောသူအပေါင်းတို့

"အသက်ရှင်သောသူ" ဟူသည်မှာ လူကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူအပေါင်းတို့" သို့မဟုတ် "အသက်ရှင်သောလူ အပေါင်းတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-nominaladj)

သားရေဝတ်လုံ

တိရစ္ဆာန်၏ အသားမှ ရက်လုပ်သော အဝတ်

Genesis 3:22

လူ

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များမှာ (၁) လူယောက်ျားဟူသော လူတစ်ဦးတည်းကို ညွှန်းဆိုခြင်းဖြစ်၏၊ သို့မဟုတ် (၂) လူသားများဖြစ်သော လူယောက်ျားနှင့် လူမိန်းမကို ညွှန်းဆိုခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က တစုံတဦးအကြောင်းကို ပြောသောအခါ၊ နှစ်ဦးစလုံးကို ညွှန်းလိုက်ခြင်း ဖြစ်သည်။

ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍

ငါတို့ကဲ့သို့ဖြစ်၍ ...။ "ငါတို့" ဟူသည်မှာ အများကိန်းဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၂၆ ရှိ "ငါတို့ . . . ဖန်ဆင်းကြစို့" ပြန်ဆိုချက်ကို ရှု။

ကောင်းမကောင်း သိတတ်၏

အစွန်းထွက်ခြင်းနှင့် ကြားရှိ အခြေအနေအရပ်ရပ်ကို ညွှန်းသည်။ ကမ္ဘာဦးကျမ်း ၂:၉ ရှိ "ကောင်း မကောင်း" ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကောင်းနှင့်အဆိုး အရာအားလုံး သိတတ်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

အသက်ပင်

အသက်ကိုပေးသော အပင်။ ကမ္ဘာဦးကျမ်း ၂:၉ မှ ပြန်ဆိုချက်ကို ရှု။

. . . ယူ၍ မစားသင့်

အခြားသော ဘာသာပြန်ဆိုချက်၊ "ယူရန် ခွင့်မပြုနိုင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

မိမိထွက်သောမြေ

မိမိဖြစ်လာသောမြေ။ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့သော နေရာ အတိအကျကို ညွှန်းဆိုခြင်းမဟုတ်။

မြေ၌ လုပ်ရမည်

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်ရမည်။ ကမ္ဘာဦးကျမ်း ၂:၅ မှ ပြန်ဆိုချက်ကို ရှု။

ထိုသို့လူကို နှင်ထုတ်ပြီးလျှင်

ထိုသို့လူသည် ဥယျာဉ်မှ ထွက်သွားပြီးလျှင်။ "ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏" ဟူသော ကမ္ဘာဦးကျမ်း ၃:၂၃ မှ ဖြစ်ရပ်ကို ညွှန်းဆိုသည်။

အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ

အသက်ပင်ရှိရာသို့ လူတို့ မသွားစေခြင်းငှါ

မီးစင်လက်နက်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များမှာ (၁) မီးထွက်သော ဓားလက်နက် သို့မဟုတ် (၂) ဓားလက်နက်နှင့်တူသော မီး။ ဓားဟူသော ဝေါဟာရမရှိသည့် ဘာသာစကားများတွင် လှံ သို့မဟုတ် မြား စသည့် လက်နက်၏ အမည်ဖြင့် ပြောင်းသုံးနိုင်သည်။