Genesis 5

Genesis 5:1

ယေဘုယျ အချက်အလက်

အာဒံ၏ မျိုးစဉ်ဆက်စာရင်းကို အစပြုသည်။

မိမိပုံသဏ္ဍာန်နှင့်အညီ

အထက်ပါ ဝေါဟာရမှာ ဘုရားသခင်သည် လူသားအနွယ်ကို မိမိနှင့် တသဏ္ဍာန်တည်း ဖန်ဆင်းခဲ့ကြောင်း ဆိုလိုသည်။ သို့ရာတွင် မည်သို့ဖြင့် ဘုရားသခင်နှင့် တသဏ္ဍာန်တည်းဖြစ်သည့်အကြောင်း ဖော်ပြထားခြင်းမရှိ။ ထာဝရဘုရားတွင် ခန္ဓာတော်မရှိ။ ထို့ကြောင့် ဘုရားသခင်နှင့် ရုပ်အဆင်း တူညီမည်ဟု ဖော်ပြခြင်း မဟုတ်တန်ရာ။ ကမ္ဘာဦးကျမ်း ၁:၂၆ ရှိ "ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း" ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိကဲ့သို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-pronouns)

ဖန်ဆင်းသောနေ့၌

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖန်ဆင်းတော်မူ ချိန်၌" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 5:3

တစ်ရာ့သုံးဆယ် . .နှင့် . ရှစ်ရာ

ဘာသာပြန်ဆိုသူအနေဖြင့် "တရာ့သုံးဆယ်" နှင့် "ရှစ်ရာ" ဟူ၍ စာသားဖြင့်လည်းကောင်း၊ "၁၃၀" နှင့် "၈၀၀" ဟူ၍ ကိန်းဂဏန်းဖြင့်လည်းကောင်း ပြန်ဆိုရေးသားနိုင်သည်။ (ULB နှင့် UDB မူပြန်ကျမ်းတို့တွင် ဂဏန်းသုံးလုံးထက်ပိုလျှင် စာသားဖြင့် ရေးပြီး၊ ဂဏန်းနှစ်လုံးအောက် ငယ်လျှင် ကိန်းဂဏန်းဖြင့် ဖော်ပြသည်။) (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

သားကိုမြင်ရ၍

"သားတစ်ဦး၏ ဖခင်ဖြစ်လာ၍"

မိမိပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်း

ဖော်ပြပါ စကားစုနှစ်ခုသည် တူညီသော အဓိပ္ပါယ်ကိုဆောင်၏။ ဘုရားသခင်က လူကို မိမိပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းထားကြောင်း အမှတ်ပြုခြင်း ဖြစ်သည်။ ၁:၂၆ မှ ပြန်ဆိုချက်ကို ရှု။

ရှေသ

၄:၂၅ မှ ပြန်ဆိုချက်ကို ရှု။

သားသမီးများကိုမြင်လေ၏

"သားသမီးများစွာ၏ ဖခင် ဖြစ်လေ၏"

အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော်

ထိုခေတ်ကာလတွင် လူတို့မှာ အသက်ရှည်ခဲ့ကြသည်။ "နှစ်ပေါင်း" ပါဝင်သော စကားစုကို အသုံးပြုပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဒံ အသက် စုစုပေါင်း ကိုးရာသုံးဆယ် ပြည့်သော်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

သေလေ၏

ဖော်ပြပါ စကားစုကို ဤအခန်း တလျှောက်တွင် တွေ့ရမည်။ "သေ" ဟူသော အဓိပ္ပါယ်ဆောင်သည့် စကားစုကို အသုံးပြုပါ။

Genesis 5:6

သားဧနုတ်ကို မြင်လေ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဧနုတ်၏ အဘဖြစ်လေ၏။"

ဧနုတ်

လူပုဂ္ဂိုလ်၏ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

သားသမီးများကို မြင်လေ၏

"သားသမီးများစွာ ဖွားမြင်လေ၏"

ရှေသသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော်

"ရှေသအသက် စုစုပေါင်း ကိုးရာတဆယ်နှစ်နှစ်ပြည့်သော်"

သေလေ၏

ဖော်ပြပါ စကားစုကို ဤအခန်း တလျှောက်တွင် တွေ့ရမည်။ "သေ" ဟူသော အဓိပ္ပါယ်ဆောင်သည့် စကားစုကို အသုံးပြုပါ။

Genesis 5:9

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၅:၆-၂၇ ရှိ မှတ်တမ်းကို ပုံစံ တစ်မျိုးတည်းဖြင့် ရေးသားပြုစုထားသည်။ ၅:၆ မှ ရေးပုံရေးနည်းအတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names နှင့် /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 5:12

Genesis 5:15

Genesis 5:18

Genesis 5:21

သားမသုရှလကို မြင်လေ၏

"မသုရှလ၏ အဘဖြစ်လေ၏"

မသုရှလ

ယောက်ျားအမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏

အတူသွားလာခြင်းကို နီးကပ်စွာ အသက်ရှင်ခြင်းနှင့် ထပ်တူပြုလိုက်သော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧနောက်သည် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်၏" သို့မဟုတ် "ဧနောက်သည် ဘုရားသခင်နှင့် ထပ်တူကျ အသက်ရှင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သားသမီးများကို မြင်လေ၏

"သားသမီးများစွာ ဖွားမြင်လေ၏"

ဧနောက်အသက် နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း

"ဧနောက် အသက် စုစုပေါင်း သုံးရာခြောက်ဆယ်ငါးနှစ်တည်း" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

နောက်တဖန် သူသည်မရှိ

"သူ" ဟူရာတွင် ဧနောက်ကို ညွှန်းသည်။ ကမ္ဘာပေါ်တွင် မရှိတော့ကြောင်း ဖော်ပြထားသည်။

ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း

ဘုရားသခင်က ဧနောက်ကို အရှင်လတ်လတ် ခေါ်တော်မူကြောင်း ဆိုလိုသည်။

Genesis 5:25

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၅:၆-၂၇ ရှိ မှတ်တမ်းကို ပုံစံ တစ်မျိုးတည်းဖြင့် ရေးသားပြုစုထားသည်။ ၅:၆ မှ ရေးပုံရေးနည်းအတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names နှင့် /WA-Catalog/my_tm?section=translate#translate-numbers)

လာမက်

ဖော်ပြပါ လာမက်မှာ ၄:၁၈ ရှိ လာမက်နှင့် မတူညီသော အခြားပုဂ္ဂိုလ်ဖြစ်သည်။

Genesis 5:28

သားကို မြင်၍

သားကို ဖွားမြင်၍

နောဧ

ဘာသာပြန်သူများအနေဖြင့် အမည်၏ အောက်၌ "ဤအမည်သည် 'အနားယူ' ဟူသော ဟေဗြဲ ဝေါဟာရနှင့် အသံတူ၏။" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

. . . လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား . . .

ထိုခေတ်အခါ၌ အလုပ်မှာ မည်မျှ ပင်ပန်းကြောင်း ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ငါတို့လက်ဖြင့် ပင်ပန်းစွာ လုပ်ရာမှ ..." (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-synecdoche)

Genesis 5:30

လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်

"လာမက်အသက် စုစုပေါင်း ၇၇၇ နှစ် ပြည့်သော်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 5:32

နောဧ သားကား

"နောဧ၌ ဖွားမြင်သော သားကား ...။" အထက်ဖော်ပြပါအရ သားတို့မှာ တစ်ရက်တည်းတွင် မွေးဖွားသည် သို့မဟုတ် နှစ် ခြားသည်ဟူ၍ ဖော်ပြထားခြင်း မရှိပါ။

ရှေမ၊ ဟာမ၊ ယာဖက်

ကြီးစဉ်ငယ်လိုက် စာရင်းပြုထားသည်ဟု မဆိုနိုင်ပါ။ အဘယ်သူက အကြီးဆုံးဖြစ်သည်ဟု တပ်အပ် မပြောနိုင်။ ထို့ကြောင့် အသက်အလိုက် စာရင်းပြုခြင်း မဖြစ်စေရပါ။