ခါနာန်ပြည်သွားရာလမ်း၌ ယာကုပ်သည် သူ၏အစ်ကို ဧသောထံသို့ သတင်းပေးပို့ပါသည်။
ယာကုပ်သည် ဧသော၏ စိတ်နှင့်ထိတွေ့စေရန်အတွက် ထိုသတင်းကိုပေးပို့ပါသည်။
ယာကုပ်သည် ကြောက်သဖြင့်သူ၏ လူတို့ကို အုပ်စုနှစ်စုခွဲထားပြီး၊ ဧသောသည် အုပ်စုတစုကို တိုက်ခိုက်သော်အခြားတစုသည် လွတ်မြောက်မည်ဖြစ်ပါသည်။
ယာကုပ်သည် ဧသော၏ လက်မှ ကယ်လွှတ်ရန်ထာဝရဘုရားအား တောင်းလျှောက်ပါသည်။
ထာဝရဘုရားသည် ယာကုပ်အား အမှန်ကျေးဇူးပြု၍၊ သူ၏အမျိုးအနွယ်ကို သမုဒ္ဒရာသဲလုံးကဲ့သို့ များပြားစေမည်ဟူသောကတိတော်ကို အမှတ်ရစေပါသည်။
ယာကုပ်ပေးပို့သော လက်ဆောင်များကြောင့် ဧသောသည် စိတ်ပြေပျောက်ပြီး၊ နောက်မှယာကုပ်သည် ဧသောကို တွေ့သောအခါ၊ သူ့ကိုလက်ခံလိမ့်မည်ဟု ထင်ပါသည်။
ယာကုပ်သည် သူ၏မိန်းမများ၊ အစေခံများနှင့်ကလေးတို့ကိုခေါ်၍ ယဗ္ဗုတ်ချောင်းတဖက်ကို ကူးလျက် ကုန်လွန်စေပါသည်။
ထိုညမှ နောက်နေ့မနက်တိုင်အောင် ယာကုပ်သည် လူတယောက်နှင့် လုံးထွေးနေပါသည်။
ထိုသူသည် ယာကုပ်၏ ပေါင်ချန်ကို ထိုးသောကြောင့် ယာကုပ်၏ တင်ပါးစုံအဆစ်ပြုတ်ပါသည်။
ယာကုပ်က သူ့အားကောင်းကြီးပေးပြီးမှ သွားရန်တောင်းဆိုပါသည်။
ထိုသူသည်ယာကုပ်၏ အမည်ကို နောက်ပိုင်း၌ ဣသရေလ ဟူ၍ခေါ်ရမည်ဟု ပြောပါသည်။
ယာကုပ်သည် ထိုည၌ ဘုရားသခင်ကို မျက်နှာချင်းဆိုင်တွေ့သည်ဟု ပြောပါသည်။
ထိုည လွန်မြောက်ပြီးနောက် သူ၏ တင်ပါးကြောင့် ခြေထော့နဲ့အဖြစ် ဆက်လက်ရှိပါသည်။