လာဗန်နှင့်သူ၏ သားတို့က ယာကုပ်ရယူသော စည်းစိမ်တို့သည် လာဗန်၏ ပိုင်ဆိုင်သမျှဖြစ်သည်ဟု ယုံပါသည်။
ထာဝရဘုရားသည် ယာကုပ်အား သူ၏ဘိုးဘေးတို့ပြည်၊ သူ၏ဆွေမျိုးများထံ ပြန်သွားရန်ညွန်ကြားပါသည်။
ဘုရားသခင်က တိရစ္ဆာန်တို့ကို ပြောက်ကျားနှင့်အစင်းရှိသောအကောင်တို့ကို ဖွားမြင်စေလျက် လာဗန်ထံမှယူ၍ ယာကုပ်အား ပေးပါသည်။
ရာခေလနှင့်လေအာတို့က လာဗန်သည် သူတို့အားတကျွန်းတနိုင်ငံသားကဲ့သို့ ငွေနှင့်ရောင်းစားခဲ့သည်ဟု ဆိုကြသည်။
ရာခေလသည် သူ၏ တေရပ်ရုပ်တုကို ခိုးယူခဲ့သည်။
ယာကုပ်သည် လာဗန်အားမကြားပြောဘဲ ထွက်ခွာခြင်းဖြင့် လှည့်စားခဲ့ပါသည်။
လာဗန်သည် သူ၏ညီအစ်ကိုတို့နှင့်အတူ ယာကုပ်နောက်သို့လိုက်သဖြင့် ခုနစ်ရက်မြောက်သော နေ့တွင်မှီလာပါသည်။
ဘုရားသခင်က လာဗန်ကို ယာကုပ်အား အကောင်းနှင့်အဆိုးကို မပြောရန် ပြောသည်။
ယာကုပ်သည် လာဗန်ထံမှ တိတ်တဆိတ်ထွက်ခွာလာရခြင်းအကြောင်းမှာ လာဗန်သည် သူ၏သမီးများကို သူ့ထံမှအတင်းပြန်ခေါ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟုပြောပါသည်။
ယာကုပ်သည် လာဗန်၏မိသားစု ရုပ်တုကိုခိုးယူသူဘယ်သူမဆို သေစေပါမည်ဟုပြောပါသည်။
လာဗန်၏ မိသားစု ရုပ်တုကို ရှာမတွေ့ရခြင်းမှာ ရာခေလသည် ထိုအပေါ်မှာထိုင်ထားပြီး သူမသည် ဓမ္မတာလာနေသော အချိန်ဖြစ်၍ ထိုင်ရာမှ မထနိုင်သောကြောင့်ဖြစ်ပါသည်။
ယာကုပ်သည် အနှစ်နှစ်ဆယ်အလုပ်လုပ်ပြီး၊ လုပ်ခအတွက် လာဗန်သည် ဆယ်ကြိမ်တိုင် ပြောင်းလဲပါသည်။
လာဗန်က သူတွေ့မြင်သော ယာကုပ်၏ စည်းစိမ်တို့သည် သူပိုင်ဆိုင်သော စည်းစိမ်ဖြစ်သည်ဟု ပြောပါသည်။
ယာကုပ်နှင့်လာဗန်တို့၏ ပဋိညာဥ်ပြုရာအရပ်ကို ကျောက်များစုပုံ၍ ကျောက်ပုံဖြင့် မှတ်သားထားပါသည်။
ယာကုပ်နှင့်လာဗန်တို့၏ ပဋိညာဥ်ကို စောင့်ရှောက်ရန်ဘုရားသခင်သည် သက်သေဖြစ်ကြောင်း ကြေငြာပါသည်။
ကျောက်တိုင်နှင့်မှတ်တိုင်သည် ယာကုပ်နှင့်လာဗန်တို့ တစ်ယောက်နှင့်တစ်ယောက် နေရာကိုကျော်၍ ရန်ဖက်မပြုရန် ပဋိညာဥ်၏ သက်သေဖြစ်ပါသည်။
ယာကုပ်နှင့်လာဗန်တို့သည် ကျောက်ပုံနှင့်မှတ်တိုင်ကိုကျော်၍ ရန်ဖက်မပြုကြရန် ပဋိညာဥ်ပြုကြပါသည်။
ယာကုပ်သည် ပဋိညာဥ်ကို သဘောတူသည့်အနေဖြင့် သူ၏ အဘဣဇက်ကြောက်ရွံ့သော ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုခြင်း ပြုလုပ်သည်။
လာဗန်သည် အိပ်ရာမှထ၍ မြေးများနှင့်သမီးတို့ကို နမ်းလျက် ကောင်းကြီးပေးပြီးလျှင်၊ သူ၏ နေအိမ်သို့ပြန်သွားပါသည်။