ယာကုပ်က ဦးစွာအစေခံများ၊ ထို့နောက်လေအာ၊ ထို့နောက်ရာခေလတို့ကို အကွက်ချထားပေးပါသည်။
သူ၏ အစ်ကိုအနီးသို့ရောက်လျှင် ယာကုပ်သည် မြေပေါ်မှာ ခုနစ်ကြိမ်တိုင်ဦးညွှတ်ပါသည်။
ဧသောသည် သူ၏ ညီယာကုပ်ထံပြေး၍ ပွေ့ဖက်လျက် လည်ချင်းရှက်ပြီး နမ်းရှုတ်ပါသည်။
ဧသောက မိမိ၌လုံလောက်စွာရှိသောကြောင့် ယာကုပ်အား သင့်ဥစ္စာတို့ကို သင်ကိုယ်တိုင် သိမ်းယူထားပါဟုပြောပါသည်။
ယာကုပ်က ဘုရားသခင်သည် သူ့အားကျေးဇူးများစွာပြုသောကြောင့်လည်းကောင်း၊ သူ၌လုံလောက်စွာရှိသောကြောင့်လည်းကောင်း ထိုနှစ်ရပ်ကြောင့် ယာကုပ်ပေးသောလက်ဆောင်များကို ဧသော လက်ခံခဲ့သည်။
ဧသောသည်ရှေ့မှသွားနှင့်၍ သူသည်ဖြေးဖြေးချင်းခရီးပြုလိုသည်ဟု ယာကုပ်က ပြောရခြင်းအကြောင်းမှာ အကယ်၍ သူသည်အမြန်သွားလျှင် လူစုလူဝေးနှင့်တိရစ္ဆာန်အုပ်များ သေဆုံးလိမ့်မည်ဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။
ယာကုပ်က သူ၏မိသားစုနှင့်တိရစ္ဆာန်အုပ်များကိုဧ သောနေရာစိရပြည်သို့ ခေါ်ဆောင်သွားမည်ဟု ပြောပါသည်။
ယာကုပ်သည် သုကုတ်အရပ်သို့ ခရီးပြု၍ ထိုအရပ်၌မိမိနေထိုင်ရန် နေအိမ်ကို ဆောက်လုပ်ပါသည်။
ယာကုပ်သည် ရှေခင်အရပ်သို့ ခရီးပြုပြီး ထိုအရပ်၌ မြေကွက်ကို ဝယ်ပါသည်။