Names

Vashti မိဖုရားဝါရှတိ

အချက်အလက်

ဓမ္မာဟောင်းကျမ်း ဧသတာဝတ္ထုတွင် ဝါရှတိသည် ပါးရှားရှင်ဘုရင် အာရွှေရု၏ မိဖုရားဖြစ်ခဲ့ သည်။

  • ရှင်ဘုရင် အာရွှေရု ကသူ့မိဖုရားဝါရှတိသည် ဘုရင်မှသူ၏အဆင်းလှခြင်းအသရေကို စပျစ်မူးသောသူ့မင်းများနှင့်ဧည့်သည်တော်များအားပြသရန် မိဖုရားသရဖူကိုဆောင်၍ အထံတော်သို့ကြွရန်မိန့်တော်မူသည်ကို ငြင်းဆန်သောကြောင့်နန်းတော်မှမောင်းထုတ်ခဲ့ပါသည်။
  • ထို့ကြောင့်အကျိုးဆက်အနေဖြင့် မိဖုရားသစ်ရှာဖွေကြရာနောက်ဆုံးတွင် ဧသတာအားမိဖုရားသစ်အဖြစ် ရွေးချယ်ခဲ့ပါသည်။

ကပေရနောင်

အချက်အလက်

ကပေရနောင်သည် ဂါလိလဲပင်လယ် အနောက်မြောက်ကမ်းခြေတွင်တည်ရှိသော တံငါရွာလေးဖြစ်သည်။

  • ယေရှုသည် ဟောပြောသင်ကြားစဉ်တိုင်းဂါလိလဲနယ် ကပေရနောင်တွင်နေထိုင်ခဲ့သည်။
  • ယေရှု၏တပည့်တော်အများစုသည် ကပေရနောင်မှဖြစ်သည်။
  • ယေရှုသည် သေဆုံးနေသည့် မိန်းကလေးငယ်ကိုရှင်ပြန်စေသည့်အမှုအပါအဝင် အခြားသောအံ့ဖွယ်နမိတ်လက္ခာဏာများကို ကပေရနောင်တွင်ပြုလုပ်ခဲ့သည်။
  • ကပေရနောင်မြို့သည် ယေရှုကိုငြင်းဆိုပြီး သူ၏ဟောပြောမှုကိုမယုံကြည်သောကြောင့် ယေရှသည် လူသိရှင်ကြား အပြစ်တင်ထားသော မြို့ (၃) မြို့ထဲမှတစ်မြို့ဖြစ်သည်။ သူတို့၏မယုံကြည်မှုကို ဘုရားကစီရင်မည့်ဖြစ်ကြောင်း ယေရှုသတိပေးခဲ့သည်။

ကယာဖ

အချက်အလက်

ကယာဖသည် နှစ်ခြင်းဆရာယောဟန်နှင့် ယေရှုခေတ်တွင် ဣသရေလလူမျိုးများ၏ ယဇ်ပုရောဟိတ်မင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

  • ယေရှုကိုစစ်ဆေးခြင်း၊ စီရင်ချက်ချခြင်းတွင် ကယာဖသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။
  • ယဇ်ပုရောဟိတ်မင်း အန္နတ်နှင့် ကယာဖတို့သည် ပေတရုနှင့်ယောဟန်တို့သည် ခြေဆွံသူကိုပျောက်ကင်းစေပြီးနောက်ဖမ်းဆီးခံရချိန်တွင် စစ်ဆေးစုံစမ်းခဲ့ကြသူမျာဖြစ်ကြသည်။
  • ကယာဖသည် တိုင်းနိုင်ငံတစ်ခုလုံးပျက်စီးရမည်ထက် လူတစ်ဦးပျက်စီးရခြင်းသည်ပိုမြတ်သည်ဟု ပြောဆိုခဲ့သူဖြစ်သည်။ ယေရှုသေခြင်းသည် သူ၏လူများကိုကယ်တင်ခြင်းဖြစ်သည်ဟု ဘုရားသခင်က သူ့ကိုပရောဖက်ပြုခြင်းအနေဖြင့် ပြောဆိုစေခဲ့သည်။

ကရမေလ၊ ကရမေလတောင်

အချက်အလက်

"ကရမေလတောင်"သည် ရှာရုန်လွင်ပြင်မြောက်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင်တည်ရှိပါသည်။ အမြင့်ဆုံးတောင်ထိပ်မှာ (၅၄၆) မီတာမြင့်ပါသည်။

  • ပင်လယ်သေ၏တောင်ဘက် ယုဒပြည်တွင် ကရမေလ အမည်ရှိသော မြို့တည်ရှိပါသည်။
  • ကြွယ်ဝသောမြေပိုင်ရှင် နာဗလနှင့်ဇနီး အဘိဂဲလ တို့သည် ဒါ၀ိဒ်နှင့်သူ၏လူများသည် နာဗလ၏သိုးမွှေးရိတ်သူများကို ကြည့်ရှုစောင့်ရှောက်သော ကရမေလမြို့အနီးတွင်နေထိုင် ခဲ့သည်။
  • ထာဝရဘုရားသည် စစ်မှန်သောဘုရားတစ်ဆူတည်းဖြစ်ကြောင်းကို သက်သေပြရန် ဧလိယသည် ကရမေလတောင်ပေါ်တွင် ဗာလပရောဖက်များအား စိန်ခေါ်ခဲ့သည်။
  • ပို၍ရှင်းလင်းအောင် "ကရမေလတောင်" တစ်လုံးထဲမဟုတ်ဘဲ တောင်တန်းအဖြစ်သိရှိစေရန် "ကရမေလတောင်တန်း" ဟုဘာသာပြန်ဆိုသင့်သည်။

ကရေတေ၊ ကရေတေပြည်သား

အချက်အလက်

ကရေတေကျွန်းသည် ဂရိတောင်ဘက် ကမ်းရိုးတမ်းတွင်တည်ရှိပါသည်။ ထိုကျွန်းတွင်နေထိုင်သူများကို ကရေတေပြည်သား ဟုခေါ်သည်။

  • တမန်တော်ပေါလုသည် သာသနာပြုခရီးစဉ်များတွင် ကရေတေကျွန်းသို့သွားခဲ့သည်။
  • ပေါလုသည် မိမိလုပ်ဖော်ဆောင်ဖက် တိတုကို ကရေတေကျွန်းရှိ ခရစ်ယာန်များကိုသင်ကြားမှုပြုစေပြီး ထိုနေရာရှိအသင်းတော် ခေါင်းဆောင်များကိုခန့်အပ်ခဲ့သည်။

ကြူပင်လယ်၊ ပင်လယ်နီ

အချက်အလက်

'ကြူပင်လယ်' ဟူသည်မှာ အီဂျစ်နှင့် အာရပ်တိုင်းပြည်ကြားရှိ ရေမျက်နှာပြင်ကို ဆိုလိုသည်။ ယနေ့ခေတ်တွင် 'ပင်လယ်နီ' ဟုခေါ်သည်။

  • ပင်လယ်နီသည် ရှည်လျားပြီး၊ ကျဉ်းမြောင်းသည်။ ၎င်းသည် ကန်ရေ (သို့) မြစ်ရေထက်ပို၍ ကျယ်ပြန့်သည်။ သို့သော် သမုဒ္ဒရာထက် ကျဉ်းသည်။
  • ဣသရေလလူမျိုးများသည် အီဂျစ်ပြည်မှ ထွက်ခွာလာသောအခါ ပင်လယ်နီကို ကျော်ဖြတ်လာရသည်။ ဘုရားသခင်၏ အံ့သြဖွယ်ဘုန်းတန်ခိုးကြောင့် ပင်လယ်ရှိရေသည် နှစ်ခြမ်းကွဲသွားပြီး လူတို့သည် ခြောက်သွေ့သော မြေပေါ်တွင် ဖြတ်လျောက်နိုင်ခဲ့သည်။
  • ခါနန်ပြည်သည် ၎င်းမြစ်၏ မြောက်ဘက်တွင် တည်ရှိသည်။

ကာဒေရှမြို့၊ ကဒေရှမြို့-ဗာနာ၊ မာရီဗကာဒေမြို့။

အချက်အလက်

ကာဒေရှမြို့၊ ကဒေရှမြို့-ဗာနာ၊ မာရီဗကာဒေမြို့များသည် ဣသရေလသမိုင်းတွင် အရေးကြီးသောမြို့များ ဖြစ်ကြ၍၊ ဣသရေလနိုင်ငံ၏ တောင်ပိုင်းဧဒုံဒေသနှင့် နီးစပ်သောအရပ်တွင် တည်ရှိသည်။

  • ကာဒေရှမြို့ တွင် စမ်းရေထွက်သည်၊ သဲကန္တာရ အရပ်အတွင်းစမ်းရေထွက်၍ မြေဩဇာ ကောင်းသောကြောင့် ဇိနဒေသ ဟုအမည်ရသည်။
  • မောရှေသည် ခါနာန်ပြည်ကို လေ့လာထောက်လှမ်းရန်အတွက်လူတစ်ဆယ့်နှစ်ယောက် တို့ကို ကဒေရှမြို့-ဗာနာအရပ်မှ စေလွတ်ခဲ့သည်။
  • ဣသရေတို့သည် အနှစ်လေးဆယ် တောလည်ရာတွင် ကဒေရှအရပ်၌ စခန်းချခဲ့သည်။
  • ကဒေရှမြို့- ဗာနာ ၌ မေရီအံ ကွယ်လွန်ခဲ့သည်။
  • မဿနင့် မေရိဘ အရပ်၌ မောရှေသည် ဘုရား၏စကားကိုနားမထောင်ဘဲ၊ ကျောက်မှရေထွက်ရန် နုတ်အားဖြင့် အမိန့်ပေးမည့်အစား လှံတံဖြင့်ရိုက်ခဲ့သည်။
  • ကဒေရှ အမည်သည် ဟေဗြဲဘာသာစကားမှ ဆင်းသက်လာ၍ "သန့်ရှင်းခြင်း" သို့မဟုတ် "သီးခြားထားခြင်း" ဟုအဓပ္ပါယ်ရသည်။

ကာန

အချက်အလက်

ကာနမြို့သည် နာဇရက်မြို့၏မြောက်ဘက် (၉) မိုင်ခန့် ဂါလိလဲပြည်နယ်တွင်တည်ရှိမြို့ဖြစ်သည်။

  • ကာနမြို့သည် တပည့်တော် (၁၂) ပါးအဝင်ဖြစ်သော နာသနေလ၏ မွေးရပ်မြေဖြစ်ပါသည်။
  • ကာနမြို့ရှိ မင်္ဂလာပွဲကိုယေရှုသွားရောက်ခဲ့ပြီး ထိုမင်္ဂလာပွဲတွင် ပထမဆုံးနမိတ်လက္ခဏာဖြစ်သော ရေကိုစပျစ်ရည်အဖြစ် ယေရှုပြောင်းလဲပေးခဲ့သည်။
  • ထို့နောက်တွင် ယေရှုသည် ကာနမြို့သို့ပြန်လာပြီး သားဖြစ်သူကိုကုသပေးရန်တောင်းဆိုသော ကပေရနောင်မြို့မှ တပ်မှူးနှင့်တွေ့ဆုံခဲ့သည်။

ကာလက်

အချက်အလက်

ကာလက်သည် ခါနာန်ပြည်ကို စူးစမ်းရန် မောရှေလွှတ်လိုက်သော ဣသရေလသူလျှိုများထဲမှ တစ်ယောက်ဖြစ်သည်။

  • ကာလက်နှင့် ယောရှုတို့ ခါနာန်လူမျိုးများကိုတိုက်ခိုက်ရာတွင် ဘုရားသခင် ကူညီမည်ကိုယုံကြည်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
  • ယောရှုနှင့် ကာလက်တို့သည် သူတို့၏မျိုးဆက်များထဲမှ ဂတိတော်ထားရာပြည် ခါနာန်ပြည်သို့ဝင်ခွင့်ရသော သူနှစ်ဦးဖြစ်သည်။
  • ဟေဗြုန်နယ်မြေကို သူနှင့်သူ့မိသားစုအားပေးရန် ကာလက်တောင်းဆိုခဲ့သည်။ ထိုနေရာရှိလူများကို ဘုရားအကူအညီဖြင့်အနိုင်ရမည်ဖြစ်ကြောင်း ကာလက်ယုံကြည်ထားသည်။

ကာဣန

အချက်အလက်

ကာဣနနှင့် သူ့ညီ အာဗြေလ တို့သည် အာဒံနှင့်ဧဝတို့၏ ပထမဆုံးသားများဖြစ်သည်ဟု သမ္မာကျမ်းစာတွင်ဖော်ပြထားသည်။

  • ကာဣနသည် လယ်သမားဖြစ်ပြီး အာဗြေလမှာ သိုးထိန်းဖြစ်သည်။
  • ဘုရားသခင်သည် ကာဣန ပူဇော်သည့်အရာကိုလက်မခံဘဲ အာဗြေလ ပူဇော်သည့်အရာကိုသာ လက်ခံခဲ့သော ကြောင့် မနာလိုစိတ်ဖြင့် ကာဣနသည် သူ့ညီအာဗြေလကိုသတ်ဖြတ်ခဲ့သည်။
  • ထိုအပြစ်ကြောင့် ဘုရားက ကာဣနကို ဧဒင်ဥယျာဉ်မှနှင်ထုတ်ခဲ့ပြီး မြေသည်လည်းသူ့ကို သီးနှံမပေးရမည့်အကြောင်း ပညတ်ထားခဲ့လေသည်။
  • ဘုရားသခင်သည် ကာဣန လှည့်လှည်သွားလာနေချိန်တွင် သူ့ကို အခြားသူများမသတ်ရန် (ကာကွယ်ရန်) သူ၏ နဖူးတွင်အမှတ်ပေးထားခဲ့သည်။

ကိလိကိ

အချက်အလက်

"ကိလိကိ" သည် သေးငယ်သောရောမပြည်နယ်တစ်ခုဖြစ်ပြီး ယနေ့ခေတ် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင်တည်ရှိပါသည်။ နယ်စပ်တွင် အေဂျီယန် ပင်လယ်ရှိပါသည်။

  • တမန်တော်ပေါလုသည် ကိလိကိပြည် တာရှုမြို့သားဖြစ်သည်။
  • ယေရှုနှင့် ဒမသက်မြို့တွင်ဆုံတွေ့ခဲ့ပြီးနောက် ပေါလုသည် နှစ်ပေါင်းများစွာ ကိလိကိပြည်တွင်နေထိုင်ခဲ့ပါသည်။
  • သတေဖန်နှင့်ငြင်းခုံပြီး ကျောက်ခဲနှင့်ပစ်သတ်ရန် တိုက်တွန်းခဲ့သော ယုဒလူအချို့တို့သည်လည်း ထို ကိလိကိပြည်မှဖြစ်ပါသည်။

ကုပရု

အချက်အလက်

ကုပရုသည် မြေထဲပင်လယ်ထဲတွင်ရှိသောကျွန်းဖြစ်ပြီး ယနေ့ခေတ် တူရကီနိုင်ငံ၏တောင်ဘက် (၆၄) ကီလိုမီတာတွင် တည်ရှိပါသည်။

  • ဗာနဗ သည် ကုပရုကျွန်းမှဖြစ်သောကြောင့် သူ၏ဝမ်းကွဲ ယောဟန်မာကုသည်လည်း ထိုနေရာမှဖြစ်နိုင်ပါသည်။
  • ပေါလုနှင့် ဗာနဗတို့သည် သူတို့၏ပထမဆုံးသာသနာပြုခရီးစဉ်၌ ကုပရုကျွန်းတွင်အတူတကွတရားဟောခဲ့ကြသည်။ ထိုသာသနာပြုခရီးစဉ်တွင် ယောဟန်မာကု သည်သူတို့ကိုလိုက်ပါကူညီပေးခဲ့သည်။
  • နောက်တွင် ဗာနဗနှင့် ယောဟန်မာကု တို့ ကုပရုကျွန်းသို့ ထပ်မံသွားရောက်ခဲ့ကြသည်။
  • ဓမ္မဟောင်းကျမ်းတွင် ကုပရုကျွန်းကို အာရဇ်ပင်ပေါများသည့်အရပ်ဟု ညွှန်းဆိုထားသည်။

ကုရှ

အချက်အလက်

ကုရှသည် နောဧ၏ သား ဟာမ၏ အကြီးဆုံးသားဖြစ်သည်။ သူသည် နိမ်ရော၏ အနွယ်လည်းဖြစ်သည်။ ကုရှ၏ညီကိုနှစ်ယောက်မှာ ဖုတနှင့် ခါနာန်ဖြစ်သည်။

  • ဓမ္မဟောင်းခေတ်တွင် ကုရှဟူသောအမည်မှာဣသရေလပြည်တောင်ပိုင်းရှိ ကျယ်ဝန်းသောအရပ်ဖြစ်သည်။ ထိုနေရာကို ဟာမ၏သား ကုရှမွေးဖွားသည့်နောက် ခေါ်ဆိုခြင်းဖြစ်နိုင်သည်။
  • ရှေးကာလရှိ ကုရှဟူသောနေရာမှာ ယနေ့ခေတ် ဆူဒန်၊ အီဂျစ်၊ အီသီယိုးပီးယားနှင့် ဆော်ဒီအာရေဘီးယား အစရှိသော နေရာများထိအောင်ကျယ်ပြန့်သောနေရာဖြစ်သည်။
  • ဆာလံကျမ်းတွင် ဗင်္ယာမိန်အနွယ်ဝင် ကုရှဟူသောသူတစ်ယောက်လည်းပါရှိသည်။

ကုရုမင်းကြီး

အချက်အလက်

ကုရုမင်းသည် ဘီစီ (၅၅၀) ဝန်းကျင်တွင် စစ်တပ်အင်အားဖြင့် ပေရသိ(ပါရှန်း)အင်ပါယာကိုတည်ထောင်ခဲ့သောဘုရင်ဖြစ်ပါသည်။ သမိုင်းတွင် ထိုဘုရင်ကို ကုရုမင်းကြီး ဟုလူသိများသည်။

  • ကုရုမင်းကြီးသည် ဗာဗုလုန်နိုင်ငံကိုအောင်မြင်ခြင်းဖြင့် ကျွန်ခံနေရသော ဣသရေလလူမျိုးတို့ကို လွတ်မြောက်ခွင့်ပေးခဲ့လေသည်။
  • ကုရုမင်းကြီးသည် သူတိုက်ခိုက်အောင်မြင်သော တိုင်းနိုင်ငံများအပေါ်တွင် သည်းခံတတ်သောစိတ်ရှိခြင်းကြောင့် ကျော်ကြားပါသည်။ ယုဒလူမျိုးတို့သည် ကျွန်ခံရာမှလွှတ်မြောက်ပြီးနောက် ကုရုမင်းကြီး၏ ကြင်နာမှုကြောင့် ယေရုရှလင်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခွင့်ရရှိခဲ့ကြသည်။
  • ကုရုမင်းကြီး အုပ်စိုးသောအချိန်မှာ ဒံယေလ၊ ဧဇရ၊ နေဟမိ တို့အသက်ရှင်သော ခေတ်အခါကဖြစ်သည်။

ကုရေနေ

အချက်အလက်

ကုရေနေမြို့သည် ကရက်ကျွန်း၏တောင်ဘက်၊ မြေထဲပင်လယ်၏ အာဖရိကကမ်းရိုးတန်းမြောက်ပိုင်း ဂရိနိုင်ငံ၏မြို့တစ်မြို့ဖြစ်သည်။

  • ဓမ္မသစ်ခေတ်တွင် ယုဒလူမျိုးများနှင့် ခရစ်ယာန်များသည် ကုရေနေမြို့တွင်နေထိုင်ကြသည်။
  • သခင်ယေရှု၏ကားတိုင်ကို ကူထမ်းပေးခဲ့သော ကုရေနေမြို့သား ရှိမုန်ဟူ၍ လူသိများသောမြို့ဖြစ်ပါသည်။

ကူညီစောင်မခြင်း ( စကော )

အချက်အလက်

စကော ဟူသောစကားလုံးသည် ဓမ္မဟောင်းကာလ၌ မြို့တစ်ခု၏ နာမည်ဖြစ်သည်။ "စကော" ဟူသော စကားလုံး၏ အနက်အဓိပ္ပယ်မှာ "ခိုလှုံခြင်း" ဟူ၍ဖြစ်သည်။

  • ပထမဦးဆုံး "ခိုလှုံရာမြို့" ဟုခေါ်ဆိုသော မြို့သည် ဂျော်ဒန်မြစ် အရှေ့ဖက် ခြမ်းတွင် တည်ရှိသည်။
  • ယာကုပ်သည် ၎င်း "ခိုလှုံရာမြို့" တွင် မိသားစုများနှင့်ကျွဲနွားများ၊ ထိုသူတို့အတွက် တည်ဆောက်သော ခိုလှုံရာအရပ်တွင် နေထိုင်ကြသည်"
  • နှစ်ပေါင်း တစ်ရာ ကြာပြီးနောက် ဂိဒေါင် နှင့် သူ့စစ်သားများသည် ၎င်းခိုလှုံရာမြို့တွင် ရပ်တန့်ကြပြီး မိဒန်လူမျိုးများကို လိုက်ဖမ်းကြသည်။ သို့သော် ထိုအရပ်တွင် အစာကိုပေးကမ်းရန်ပင် ငြင်းပယ်ကြသည်။
  • ဒုတိယအနေဖြင့် ခိုလှုံရာမြို့ သည် ဣသရေလလူမျိုးများသည် အီဂျစ်ပြည်မှ လွတ်မြောက်ပြီး ပင်လယ်နီကို ဖြတ်သန်း‌နောက်တွင် တပ်ချထားသောနေရာဖြစ်သည့် အီဂျစ်ပြည်၏ မြောက်ဖက်ခြမ်းတွင် တည်ရှိသည်။

ကေဒြုန်၊ ကေဒြုန်ချိုင့်

အချက်အလက်

ကေဒြုန်ချိုင့်သည် နက်ရှိုင်းသောချိုင့်ဖြစ်၍ ယေရုရှလင်မြို့ပြင်တွင်ရှိပြီး၊ သံလွင်တောင်နှင့် အရှေ့ဘက် မြို့ရိုးကြားတွင် တည်ရှိသည်။

  • ချိုင့်သည် မီတာ (၁၀၀၀) ကျော်နက်ပြီး၊ (၃၂) ကီလိုမီတာ ရှည်သည်။
  • ရှင်ဘုရင်ဒါဝိဒ်သည် သူ့သား အဗရှလုံ၏ရန်မှ ထွက်ပြေးသောအခါ ကေဒြုန်ချိုင့်မှ တဆင့် သံလွင်တောင်သို့ ထွက်ပြေးသည်။
  • ယုဒရှင်ဘုရင်အာဆပ်နှင့် ယောရှိတို့သည် မြင့်သောတောင်၌တည်ထားသော ရုပ်တုများနှင့် ယဇ်ပုလင်များကို မီးရှို့ပြီး၊ ပြာမှုန့်များကို ကေဒြုန်ချိုင့်၌ လွှတ်ပစ်ကြရန် အမိန့်ပေးကြသည်။
  • ရှင်ဘုရင် ဟေဇကိလက်ထက်တွင် ဗိမ္မာန်တော်မှ မသန့်ရှင်းသည့်အရာဟူသမျှကို ယဇ်ပုရောဟိတ်များသည် ကေဒြုန်ချိုင့်တွင် သွန်ပစ်ခဲ့ကြသည်။
  • ဘုရင်မ အာသလိသည် မကောင်းမှုများပြုလုပ်ခဲ့ခြင်းကြောင့် ဤချိုင့်ဝှမ်း၌ အသတ်ခံရသည်။

ကေဒါ

အချက်အလက်

ကေဒါသည် ဣရှမေလ၏ ဒုတိယသား ဖြစ်သည်။ အရေးကြီးသော မြို့တစ်ခုဖြစ်၍ သူ၏နာမည်ကို အမှီပြု၍ မည့်ထားခြင်း ဖြစ်နိုင်သည်။ *ကေဒါမြို့သည် အာရပ်ပြည်မြောက်ပိုင်း ပါလတီန တောင်ပိုင်း နယ်စပ်အနီးတွင်တည်ရှိသည်။ ကျမ်းစာကာလတွင် ကြီးကျယ်ခန်းနားခြင်းနှင့် လှပသောကြောင့်ထင်ရှားသောမြို့ ဖြစ်သည်။ *ကေဒါမှ ဆင်းသက်လာသော သားစဥ်မင်းဆက် လူအုပ်စုကြီးကို ကေဒါလူမျိုးများဟုခေါ်သည်။ *အနက်ရောင်ဆိတ်အမွေးများဖြင့် ယက်လုပ်ထားသော ကေဒါလူမျိုးများ နေသောတဲအိမ်ကို "အနက်ရောင်ကေဒါတဲ" ဟုခေါ်သည်။ *ကေဒါလူမျိုးများသည် သိုးနှင့်ဆိတ်များကိုမွေးမြူကြသည်။ ကုလားအုပ်များကိုလည်းပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုသည်။ *ကျမ်းစာထဲတွင် "ကေဒါတို့၏ကြီးမြတ်ခြင်း" ကိုဖေါ် ပြရာတွင် ကေဒါမြို့၏ဂုဏ်ကျက်သရေ အံ့မခန်းရှိခြင်းနှင့် ကေဒါလူမျိုးများ၏ ဂုဏ်ကျက်သရေရှိခြင်းများတို့ကိုချီးကျူး၍ အမွှမ်းတင်ရေးသားဖေါ်ပြခြင်းဖြစ်သည်။


ကေဒေရှမြို့

အချက်အလက်

ကေဒေရှမြို့သည် ခါနနိလူတို့၏ မြို့ဖြစ်ပြီး၊ ဣသရေလလူမျိုးများ ခါနာန်ပြည်ကို ဝင်ကြသောအခါ သိမ်းပိုက်ခဲ့ကြသည်။

  • ဤမြို့သည် ဣသရေလ မြောက်ပိုင်းတွင်တည်ရှိပြီး၊ နဿလိလူမျိုးတို့ အပိုင်အဖြစ်ပေးသော ဒေသတွင် ပါဝင်သည်။
  • ကေဒေရှမြို့သည် လေဝိလူမျိုးများ အပိုင်မြေမရှိသောကြောင့် သူတို့နေထိုင်ရန် ရွေးချယ်သောမြို့များအနက် မြို့တစ်မြို့ဖြစ်သည်။
  • ဤမြို့ကို "ခိုလှုံရာမြို့" အဖြစ်သတ်မှတ်ကြသည်။

ကောရ

အချက်အလက်

ကောရသည် ဓမ္မဟောင်းကျမ်းရှိ ပုဂ္ဂိုလ် (၃) ဦး၏ နာမည်ဖြစ်သည်။

  • ဧသော၏သားများထဲမှ တစ်ယောက်သည် ကောရဖြစ်သည်။ သူသည် သူ့အသိုင်းအဝိုင်း၏ ခေါင်းဆောင်ဖြစ်လာသည်။
  • လေဝိ၏ဆွေစင်မျိုးဆက်၊ တဲတော်၌ ယဇ်ပရောဟိတ်အမှုကိုဆောင်သောသူ ကောရလည်း ရှိသည်။
  • တတိယပုဂ္ဂိုလ်မှာ ယုဒမျိုးနွယ်စာရင်း၌ စာရင်းတင်ထားသော ကောရပေတည်း။

ကောရိန္တုမြို့

အချက်အလက်

ကောရိန္တု မြို့သည် အေသင်မြို့မှ မိုင် (၅ဝ) ဝေးသော ဂရိနိုင်ငံမှမြို့တစ်မြို့ဖြစ်သည်။ ကောရိန္တု လူမျိုးများသည် ကောရိန္တု မြို့ တွင်နေထိုင်သော လူများဖြစ်သည်။

  • ကောရိန္တုမြို့သည် ခရစ်ယာန်တို့၏ ပထမဆုံးဘုရားကျောင်းများတည်ရှိသော နေရာဖြစ်သည်။
  • ဓမ္မသစ်ကျမ်းရှိ ကောရိန္တုသြဝါဒစာ ပထမ၊ ဒုတိယ စာစောင်များသည် ပေါလုက ကောရိန္တုမြို့ရှိ ခရစ်ယာန်များထံရေးသားထားခြင်းဖြစ်သည်။
  • ပေါလု၏ ပထမဧဝံဂေလိခရီးစဉ်၌ ကောရိန္တုမြို့တွင် (၁၈) လတာအကြာနေထိုင်ခဲ့သည်။
  • ပေါလုသည် ယုံကြည်သူများဖြစ်သော အာကုလနှင့် ပြစ်ကိလ တို့ကို ကောရန်သုမြို့တွင် တွေ့ဆုံသိရှိခဲ့သည်။
  • ကောရိန္တုမြို့နှင့်ဆက်သွယ်သော ကနဦးခရစ်ယာန်ခေါင်းဆောင်များမှာ တိမောသေ၊ အာပေါလု၊နှင့် သိလတို့ဖြစ်သည်။

ကောလောသဲ

အချက်အလက်

ဓမ္မသစ်ကျမ်းအချိန်တွင် ကောလောသဲမြို့သည် ရောမပြည်နယ် ဖရိဂျိ၊ ယခုအခါ တူရကီအနောက်တောင်ဘက် နေရာတွင်တည်ရှိပါသည်။ ကောလောသဲမြို့သူမြို့သားများသည် ကောလောသဲမြို့တွင်နေထိုင်ကြသည်။

  • မြေထဲပင်လယ်နှင့် မိုင် (၁၀၀) ခန့်သာဝေးသော ကောလောသဲမြို့သည် ဧဖက်နှင့် ယူဖရေးတီးမြစ်ကြားရှိ အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်နေပါသည်။
  • ထောင်ထဲ၌ရှိစဉ်တွင် ပေါလုသည် မှားယွင်းသောသွန်သင်ချက်များနှင့်ပတ်သက်ပြီး ကောလောသဲရှိယုံကြည်သူများထံသို့ စာရေးသားခဲ့သည်။
  • ထိုစာရေးသားချိန်တွင် ပေါလုသည် ကောလောသဲမြို့သို့မရောက်ရှိသေးပါ၊ သို့သော် သူ၏လုပ်ဖော်ဆောင်ဖက် ဧပဖြဆီမှ သတင်းကိုကြားသိရခြင်းဖြစ်သည်။
  • ဧပပြသည် ခရစ်ယာန်တစ်ဦးဖြစ်ပြီး ကောလောသဲတွင် အသင်းတော်စတင်တည်ထောင်ခဲ့သူဖြစ်နိုင်ပါသည်။
  • ဖိလေမုန်ကျမ်းသည် ကောလောသဲမြို့ရှိ ကျွန်ပိုင်ရှင်တစ်ယောက်ထံသို့ ပေါလုရေးသားခဲ့သောကျမ်းဖြစ်ပါသည်။

ကော်နေလိ

အချက်အလက်

ကော်နေလိသည် တစ်ပါးအမျိုးသား၊ ယုဒလူမျိုးမဟုတ်သော ရောမတပ်ရှိ တပ်မှူးတစ်ယောက်ဖြစ်သည်။

  • သူသည် ဘုရားပုံမှန်ဆုတောင်းပြီး ဆင်းရဲသူများကိုလွန်စွာပေးကမ်းရက်ရောသူဖြစ်သည်။
  • တမန်တော်ပေတရု၏ ဟောပြောမှုကိုကြားပြီး ကော်နေလိနှင့်အိမ်သားများသည် ခရစ်တော်ကိုယုံကြည်သူများဖြစ်လာကြသည်။
  • ကော်နေလိ၏ မိသားစုဝင်များသည် ဂျူးမဟုတ်သော ပထမဆုံးသော ယုံကြည်သူများဖြစ်သည်။
  • ထို့အရာသည် သူ၏နောက်လိုက်များအာ ယေရှုသည်တစ်ပါးအမျိုးသားများအပါအဝင် လူအားလုံးကိုကယ်တင်ရန်ကြွလာခြင်းဖြစ်ကြောင်း ပြသခြင်းပင်ဖြစ်သည်။

ကဲသရိ၊ ဖိလိပ္ပုကဲသရိ

အချက်အလက်

ကဲသရိမြို့သည် မြေထဲပင်လယ်ကမ်းရိုးတမ်းရှိအထင်ကရမြို့တစ်မြို့ဖြစ်ပြီး ကရမေလတောင်၏ တောင်ဘက် (၃၉) ကီလိုမီတာအကွာတွင်ရှိသည်။ ဖိလိပ္ပုကဲသရိမြို့သည်ဟေရမုန်တောင်အနီး ဣသရေလပြည်၏ အရှေ့မြောက်ဘက်တွင်တည်ရှိပါသည်။

  • ဤမြို့များသည် ရောမဘုရင်၊ ကဲသာဘုရင်များ၏နာမည်ကိုအစွဲပြုခေါ်ဝေါ်ထားသောမြို့များဖြစ်သည်။
  • ယေရှုမွေးဖွားချိန်တွင် ရောမအုပ်ချုပ်ခံဖြစ်သော ယုဒပြည်ရှိ ပင်လယ်ကမ်းရိုးတမ်း ကဲသရိမြို့သည် မြို့တော်ဖြစ်လာခဲ့သည်။
  • တမန်တော်ပေတရုသည် တစ်ပါးအမျိုးသားများကို ကဲသရိမြို့တွင် ပထမဆုံးအကြိမ်တရားဟောကြားခဲ့သည်။
  • ပေါလုသည် ကဲသရိမြို့မှ တာရှုမြို့သို့ သင်္ဘောဖြင့်သွားခဲ့ပြီး သူ၏အခြားသောဧဝံဂေလိခရီးစဉ် (၂) ခုတွင်လည်း ကဲသရိမြို့မှဖြတ်သွားခဲ့လေသည်။
  • ယေရှုနှင့်တပည့်တော်များသည် ရှုရိပြည် ဖိလိပ္ပုကဲသရိ ဒေသတစ်ဝိုက်တွင်သွားလာခဲ့ကြသည်။ ထိုမြို့ (၂) မြို့လုံးကို ဟေရုဒ်ဖိလိပ် အမည်ကိုအစွဲပြုပြီး ခေါ်ဆိုထားခြင်းဖြစ်သည်။

ခါနာန်၊ ခါနာန်လူမျိုး

အချက်အလက်

ခါနာန်သည် နောဧ၏သား (၃) ဦးထဲက ဟာမ၏သားဖြစ်သည်။ ခါနာန်လူများသည် ထိုသူမှဆင်းသက်လာသာလူမျိုးဖြစ်သည်။

  • ခါနာန်ပြည် ဟူသောဝေါဟာရမှာ မြေထဲပင်လယ်နှင့် ဂျော်ဒန်မြစ်ကြားရှိနေရာကိုရည်ညွန်းသည်။ ထိုနေရာသည် တောင်ဘက်အီဂျစ်နယ်စပ် နှင့် မြောက်ဘက်ဆီးရီးယားနယ်စပ်အထိကျယ်သည်။
  • ထိုမြေနေရာတွင် ခါနာန်လူမျိုးများနှင့် အခြားမျိုးနွယ်စုများနေထိုင်ကြပါသည်။
  • ဘုရားသခင်က ခါနာန်မြေအား အာဗြံဟံနှင့်သူ၏မျိုးနွယ်ဖြစ်သော ဣသရေလလူမျိုးများအားပေးရန် ကတိတော်ထားရှိခဲ့သည်။

ခါရန်

အချက်အလက်

ခါရန်သည် အာဗြဟံ၏ ညီငယ်ဖြစ်ပြီး လောတ၏ ဖခင်ဖြစ်သည်။

  • ခါရန်သည် အာဗြဟံနှင့် မိသားစုများ ဉရမြို့မှ ခါနာန်ပြည်သို့ သွားသောခရီးတွင် ခေတ္တနေထိုင်သောမြို့နာမည်လည်းဖြစ်သည်။
  • အခြားခါရန်ဆိုသော နာမည်မှာ ကာလက်၏ သားဖြစ်သည်။
  • တတိယမြောက်တွေ့ရသော ခါရန်မှာ လေဝိ၏ မျိုးဆက်ဖြစ်သည်။

ခါလဒဲ၊ ခါလဒဲလူ

အချက်အလက်

ခါလဒဲဒေသမှာ မက်ဆိုပိုတေးမီးယားတောင်ပိုင်း သို့မဟုတ် ဗာဗုလုန်တွင်တည်ရှိသည်။ ထိုဒေသတွင်နေထိုင်သူများကို ခါလဒဲလူဟုခေါ်ဆိုပါသည်။

  • အာဗြံဟံ၏မြို့မှာ ဥရဖြစ်ပြီး ခါလဒဲပြည်တွင်တည်ရှိပါသည်။ ထို့ကြောင့် "ခါလဒဲလူ ဥရပြည်သား" ဟုခေါ်ဆိုလေ့ရှိသည်။
  • နေဗုခနေဇာမင်း သည်ခါလဒဲလူဖြစ်ပြီး "ဗာဗုလုန်နိုင်ငံ" ၏ဘုရင်ဖြစ်လာခဲ့သည်။
  • နှောင်နှစ်ပေါင်းများစွာကြာပြီးနောက် ဘီစီ ၆၀၀ ခန့်တွင် "ခါလဒဲ" ဟူသောစကားသည် "ဗာဗုလုန်" ဖြစ်လာခဲ့သည်။
  • ဒံယေလကျမ်းတွင် "ခါလဒဲ" ဟူသောစကားမှာ ပညာအဆင့်အတန်းမြင့်မားပြီး ကြယ်များအကြောင်းလေ့လာတတ်ကျွမ်းသော လူတန်းစားတစ်ခုကို ရည်ညွှန်းပါသည်။

ခေရသိ

အချက်အလက်

ခေရသိ "Cherethites" လူများသည် ပါလက်စတိုင်းပြည်မှ လူမျိုးနွယ်များဖြစ်သည်။ "Kerethites." ဟူ၍လည်း ရေးသားကြသသည်။

  • "ပေလသိလူနှင့် ခေရသိလူ" တို့သည်ရှင်ဘုရင် ဒါ၀ိဒ်တပ်တွင် ဘုရင့်ကိုယ်ရံတော်များအဖြစ်တာဝန်ထမ်းဆောင်သော အထူးတပ်ဖွဲ့ဝင်များဖြစ်သည်။
  • ယောယဒ၏သား ဗေနာယ သည်ခေရသိလူနှင့် ပေလသိလူတို့ကိုအုပ်ရသော ဒါ၀ိဒ်၏တပ်မှူးဖြစ်သည်။
  • အာဗရှာလုံပုန်ကန်ချိန် ဒါ၀ိဒ် ယေရုရှလင်မှထွက်ပြေးရချိန်တွင် ခေရသိလူများသည် ဒါ၀ိဒ်နှင့်အတူရှိနေခဲ့သည်။

ဂဒ်၊

အချက်အလက်

ဂဒ်သည် ယာကုပ်၏သားတစ်ဆယ့်နှစ်ပါးထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ဣသရေလအမျိုးလည်းဖြစ်သည်။

  • ဂဒ်လူမျိုးစုသည် ဣသရေလအမျိုးတစ်ဆယ့်နှစ်မျိုးထဲတွင် တစ်စုအပါအဝင် ဖြစ်လာခဲ့သည်။
  • သမ္မာကျမ်းစာထဲ၌လည်း ရှင်ဘုရင်ဒါဝိဒ်မင်းကြီး၏ ဣသရေလမျိုးနွယ်စု၏အမည်ကို ကောက်ခံသောအပြစ်ကို ထိပ်တိုက်ရင်ဆိုင်ဖော်ပြရန် ဂဒ်ဟု အမည်ရှိသော ပရောဖက်တစ်ဦးရှိသေးသည်။
  • အဆိုပါမြို့ကြီးများဖြစ်သော ဗာလဂဒ်နှင့် စင်ကိုဂဒ်ကို မူရင်းအရေးအသားထဲမှာ တစ်ခုချင်းစီကို စကားလုံးနှစ်လုံးအဖြစ်ဖော်ပြထားပြီး တခါတရံတွင် ဗာလဂဒ်နှင့် စင်ကိုဂဒ်ကို ခွဲ၍ဖော်ပြထားလေ့ရှိသည်။

ဂျော်ဒန်မြစ်၊ ဂျော်ဒန်

အချက်အလက်

ဂျော်ဒန်မြစ်သည် မြောက်မှတောင်စီးဆင်းသည်။ အရှေ့ဘက်တွင် ခါနန်ပြည်တည်ရှိသည်။

  • ယနေ့ ဂျော်ဒန်မြစ်သည် အနောက်ဘက် ဣသရေလတိုင်းပြည်နှင့် အရှေ့ဘက် ဂျော်ဒန်ဒေသဆိုပြီးခွဲထားသည်။
  • ဂျော်ဒန်မြစ်သည် ဂါလိလဲပင်လယ်မှ ပင်လယ်သေသို့စီးဆင်းသည်။
  • ယောရှုဦးဆောင်သော ဣသရေလတို့သည် ခါနန်ပြည်သို့ချီတက်ရာတွင် ဂျော်ဒန်မြစ်ကိုဖြတ်သန်းခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဂျော်ဒန်မြစ်သည်နက်သော်လည်း ဘုရားသခင်မှ စီးသောရေကိုရပ်တန့်စေပြီး တစ်ဖက်သို့ကူးနိုင်အောင်အမှုပြုခဲ့သည်။
  • သမ္မာကျမ်းထဲတွင် ကြိမ်ဖန်များစွာ ဂျော်ဒန်မြစ်အား "ဂျော်ဒန်" အဖြစ်ဖော်ပြလေ့ရှိသည်။

ဂရိနိုင်ငံ၊

အချက်အလက်

ဓမ္မသစ်ကျမ်းကိုရေးသားသောအချိန်၌ ဂရိနိုင်ငံသည် ရောမအင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။

  • ယခုခေတ် ဂရိနိုင်ငံကဲ့သို့ပင် ထိုနိုင်ငံသည် ကျွန်းဆွယ်နိင်ငံ ဖြစ်ပြီး မြေထဲပင်လယ်၊ အာဂျန်ပင်လယ်၊ လိုးနီးယာန်း ပင်လယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်သည်။
  • တမန်တော်ကြီးရှင်ပေါလုသည် ဂရိနိုင်ငံသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ပြီး ကောရိန္တုမြို့ ၊သက်သာလောနိတ်မြို့ နှင့် ဖိလိပ္ပိမြို့များ၌လည်း အသင်းတော်များကို စတင်တည်ထောင်ခဲ့သည်။
  • ဂရိနိုင်ငံရှိ တိုင်းပြည်သားများကို ဂရိနိုင်ငံသားများဟုခေါ်သည်။
  • တစ်ခါတစ်ရံ "ဂရိ" လူမျိုးသည် ဂျူးလူမျိုးမဟုတ်သော လူမျိုးခြားများကိုလည်း ရည်ညွှန်းထား ပါသည်။

ဂရိလူမျိူး၊ ဂရိယဉ်ကျေးမှု၊

အချက်အလက်

ဂရိနိုင်ငံတွင် အသုံးပြုသောဘာသာစကား သုံးစွဲသူမှန်သမျှကို ဂရိလူမျိုး ဟုခေါ်သည်။ ရောမအင်ပါယာ အနှံ့အပြားတွင် ဂရိဘာသာစကားကိုအသုံပြုကြသည်။ "ဂရိလူမျိုးများ" ဟုဆိုရာတွင်"ဂရိဘာ သာစကားသုံးစွဲသူများ" ကို ဆိုလိုသည်။

  • ရောမအင်ပါယာခေတ်တွင် ဂျူးလူမျိုးမဟုတ်သောသူ အများစုတို့သည် ဂရိဘာသာစကားကို အ သုံးပြုကြသည်။ ဓမ္မသစ်ကျမ်းစာထဲတွင် တစ်ပါးအမျိုးသားတို့သည် ဂရိဘာသာစကားကို အသုံးပြုကြသည်။ အထူးသဖြင့် ဂျူးလူမျိုးများနှင့် ခွဲခြားခံရချိန်တွင် ဖြစ်သည်။
  • ဂရိယဉ်ကျေးမှုကိုလက်ခံသော ဂရိဘာသာစကားပြောဆိုသည့် ဂျူးလူမျိုးများသည် ဟေဗြဲယဉ် ကျေးမှုကိုသက်ဝင်သော ဟေဗြဲဘာသာစကား ပြောဆိုသည့် ဂျူးလူမျိုးများ (သို့) အာရမိဘာသာ စကားသုံးစွဲသူများနှင့် ဆန့်ကျင်ဘက်ဖြစ်ကြသည်။
  • တခြားနည်းအားဖြင့် ဂရိယဉ်ကျေးမှုကို အနက်ဖွင့်ရလျှင် ဂရိဘာသာစကားကို အသုံးပြုသူ (သို့)
  • ဂရိထုံးတမ်းစဉ်လာကို လိုက်လျှောက်သူ ဟုပြန်ဆိုနိုင်သည်။
  • ဂျူးမဟုတ်သော သူမှန်သမျှကို ဂရိလူမျိုး တစ်ပါးအမျိုးသား ​ဟေလသလူဟူ၍ သိရှိနိုင်သည်။

ဂလာတိနယ်၊

အချက်အလက်

ဓမ္မသစ်ကျမ်းကို ရေးသားသည့်အချိန်ခါ၌ ယခုလက်ရှိ တူရကီနိင်ငံ သည် ရှေးယခင်က ဂလာတိနယ်အမည်ဖြင့်ရောမအင်ပါယာလက်ထက်တွင် အုပ်ချဒပ်မှုနယ်မြေတစ်ခု အနေဖြင့် တည်ရှိခဲ့သည်။

  • ဂလာတိနယ်သည် မြေထဲပင်လယ်၏မြောက်ဖက်ပိုင်းနှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ ထိုနယ် သည် အာရှတိုက်၏အပိုင်ဖြစ်သော ဗိသုန်ပြည်၊ ကပ္ပဒေါကိပြည်၊ လုကိပြည်၊ ပံဖုလိပြည် တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။
  • တမန်တော်ကြီးရှင်ပေါလုကလည်း ဂလာတိပြည်၏အုပ်ချုပ်မှုလက်အောက်သို့ ဩဝါဒစာတစ်စောင်ကိုလည်းပေးပို့ရေးသားခဲ့သည်။ ထိုစာစောင်၏အမည်မှာ ဂလာတိဩဝါဒစာစောင်ပင်ဖြစ်သည်။
  • ဂလာတိနယ်သို့ ဂလာတိစာစောင်ကို ရေးသားရခြင်း အကြောင်းရင်းမှာ ကယ်တင်ခြင်းသတင်းစကားသည် မိမိတို့၏ကျင့်ကြံခြင်းကြောင့် မဟုတ်ပဲ ကျေးဇူးတော်အားဖြင့်သာ ရရှိကြောင်းကို သိစေလိုခြင်းဖြစ်ပါသည်။
  • ဂလာတိမြို့၌ရှိသော ဂျူးခရစ်ယာန်ယုံကြည်သူများက ဂျူးတို့၏မရှိမဖြစ်လိုက်လျှောက်ရမည့် ပညတ်ချက်များကို တစ်ပါးအမျိုးသား ဟေသလ ယုံကြည်သူများကို သင်ကြားပေးခဲ့ကြသည်။

ဂါဇမြို့၊

အချက်အလက်

သမ္မာကျမ်းစာဖော်ပြချက်အရ ဂါဇမြို့သည် ပါလက်စတိုင်းနယ်၏ ကြီးမားသောစီးပွားရေးမြို့လည်းဖြစ်သည်။ အာဇုတ်မြို့၏တောင်ဖက် ၃၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး မြေထဲပင်လယ် ကမ်းခြေမြို့လည်းဖြစ်သည်။ ပါလက်စတိုင်း၏ မြိုကြီးငါးမြို့ထဲတွင်လည်းပါဝင်သည်။

  • ဘာကြောင့်ဂါဇမြို့သည် အချက်အခြားမြို့ရသည်ကို ဖော်ပြရလျှင် ထိုဂါဇမြို့သည် လူတန်းစားအလွှာအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့၏ စီးပွားရေးရောင်းဝယ်ဖောက်ကားရာ အချက်အခြာမြို့ကျသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။
  • ယခုမျက်မှောက်ခေတ်၌လည်း ဂါဇမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့အဖြစ်တည်ရှိနေသည်။ ထိုဂါဇမြို့သည် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဣသရေလပြည်မြောက်ဖက်နှင့် အရှေ့ဖက်ခြမ်းတွင်၎င်း အီဂျစ်ပြည်၏တောင်ဖက်ပိုင်းတွင် တည်ရှိသည်။
  • ပါလက်စတိုင်းရှိ ဖိလတ္တိလူတို့သည် ရှံဆုန်အားဖမ်းဆီးခေါ်ဆောင်လာသောနေရာသည်လည်း ဂါဇာမြို့ပင်ဖြစ်သည်။
  • အဲသယောပိပြည်သားတစ်ယောက်နှင့် တွေ့ဆုံခဲ့သောအချိန်၌ ဖိလိပ္ပုသည် ဧဝံဂေလိဆရာတစ်ဦးအဖြစ်နှင့် အမူတော်ဆောင်ရင်း သဲကန္တာရတစ်လျှောက် ဖြတ်သန်းသွားသောလမ်းသည် ဂါဇမြို့လမ်းမဖြစ်သည်။

ဂါဗြေလ၊

အချက်အလက်

ဂါဗြေလသည် ဘုရားသခင်၏ကောင်းကင်တမန်များထဲမှာ တစ်ပါးအပါအဝင် ဖြစ်သည်။ ထိုကောင်းကင်တမန်၏ အမည်နာမကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစာ၌ အကြိမ်ပေါင်းများစွာတွေ့ရသည်။

  • ဘုရားသခင်သည် ပရောဖက်ကြီး ဒံယေလမြင်တွေ့သော ရူပါရုံ၏ အနက်အဓိပ္ပါယ်ကို သယ်ဆောင်လာသောနေရာ ၌ ကောင်းကင်တမန်မင်း ဂါဗြေလကို စေလွှတ်ခဲ့သည်။
  • ထို့ အပြင် ပရောဖက်ကြီး ဒံယေလဆုတောင်းခဲ့သော အချိန်၌ပင်လျှင် အနာဂတ်၌ဖြစ်လာမည့် ဟောပြောချက်ကို သယ်ဆောင်လာသောအခါ၌လည်း ကောင်းကင်တမန် ဂါဗြေလပင်ဖြစ်သည်။ ဒံယေလက ထိုကောင်းကင်တမန်မင်းကို လူသားအနေဖြင့် ဖော်ပြထားသည်။
  • ဓမ္မသစ်ကျမ်းစာထဲ၌လည်း ကောင်းကင်တမန်ဂါဗြေလသည် ဇာခရိထံသို့ လာရောက်၍ သူ၏ဇနီးသည်ဧလိဇဗက်၌ ယောဟန်အမည်ဖြင့် သားတစ်ဦးထွန်းကားမည် ဟူသော သီတင်းစကားကိုကြိုတင်သယ်ဆောင်လာသူ တစ်ပါးအနေဖြင့် မှတ်တမ်းတင်ထားသည်။
  • ခြောက်လလွန်ပြီးနောက် မာရိထံသို့ ကောင်းကင်တမန်မင်းဂါဗြေလသယ်ဆောင်လာသော သီတင်း စကားသည် သင့်အားဖြင့် "ဘုရားသခင်၏သားတော်" ပေါ်ထွန်းလာကာ သူ့အားဖြင့်ဘုရားသခင်၏ နိမိတ်လက္ခဏာဖြစ်စေရန်ဖြစ်သည်။" ကောင်းကင်တမန်မင်း ဂါဗြေလက ထိုသူ၏အမည်မှာ ယေရူဖြစ်သည်ဟု မာရိထံသို့ပြောကြားခဲ့သည်။

ဂါလိလဲပြည်၊ ဂါလိလဲလူမျိုး၊

အချက်အလက်

ဂါလိလဲပြည်သည် ဣသရေလနိုင်ငံမြောက်ပိုင်းတွင်တည် ရှိသည်, အနီးစပ်ဆုံးမှာ ရှမာရိပြည်မြောက်ပိုင်းဖြစ်သည်။ ဂါလိလဲပြည်၌မှီတင်းနေထိုင်ကြသောသူများကို ဂါလိလဲလူမျိုးများဟုခေါ်သည်။

  • ဓမ္မသစ်ကျမ်းအချိန်အခါ၌ ဂါလိလဲပြည်၊ ရှမာရိပြည် နှင့် ယုဒပြည်တို့သည် ဣသရေလနိုင်ငံတွင် အရေးပါဆုံးသော ပြည်နယ်သုံးခုဖြစ်သည်။
  • ဂါလိလဲပြည် အရှေ့ဖက်ခြမ်း၌ အိုင်ကြီးတစ်အိုင်သည် ဂါလိလဲပြည်နဲ့ ထိစပ်နေသည်။ ထိုအိုင်ကြီးကို ဂါလိလဲအိုင်ဟု ခေါ်သည်။
  • ယေရှုခရစ်တော်ကိုယ်တိုင်ပင်လျှင် ဂါလိလဲပြည် နာဇရက်မြို့၌ နေထိုင် ကြီးပြင်းခဲ့သည်။
  • ယေရှုပြုလုပ်ခဲ့သော နမိတ်လ္ခဏာများနှင့် ဩဝါဒအများစုတို့သည် ဂါလိလဲပြည်၌ပြူလုပ်ခြင်းဖြစ်သည်။

ဂါလိလဲအိုင်၊ နဿလိအိုင်၊ ဂင်္နေသရက်အိုင်၊ တိဗေရိအိုင်

အချက်အလက်

ဂါလိလဲအိုင်သည် အရှေ့ပိုင်းဣသရေလတိုင်းတွင်ရှိသည်။ ၎င်းကို ဓမ္မဟောင်းကျမ်းတွင် နဿာလိအိုင်ဟု ခေါ်ပါသည်။

  • ၎င်းရေများသည် တောင်ဘက်သို့စီး၍ ယောဒန်မြစ်မှ ပင်လယ်သေသို့ စီးဝင်သွားသည်။
  • ဓမ္မသစ်ခေတ်အတောအတွင်း ကပေရနောင်မြို့၊ ဗက်ဇဲဒမြို့၊ ဂင်္နေသရက်မြို့နှင့် တိဗေရိမြို့တို့သည် ဂါလိလဲအိုင်နားတွင် တည်ရှိသည်။
  • ယေရှခရစ်တော်သက်တော်စဉ်တွင် အရေးကြီးသော အဖြစ်အပျက်များ သည် ထိုအိုင်နား တဝိုက်တွင် နေရာယူထားသည်။
  • ဂါလိလဲအိုင်ကို တိဗေရိအိုင် နှင့် ဂင်္နေသရက်အိုင်အဖြင့်လည််း ရည်ညွှန်းထားသည်။
  • ဤအခေါ်အဝါ်များကို ဂါလိလဲနယ်ပယ်တွင်ရှိသောအိုင် သို့ တိဗေရိမြို့နားတွင်ရှိသော အိုင်ဟူ၍လည်း ဘာသာပြန်နိုင်သည်။

ဂါသမြို့၊

အချက်အလက်

ဂါသမြို့သည် ပါလက်စတိုင်း (ဖိလတ္တိမြို့) ရှိ အထင်ကရမြို့ကြီးငါးမြို့တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဂါသမြို့သည် ဧကြုန်မြို့၏မြောက်ဖက် နှင့် အာဇုတ်မြို့၊ အာရှကေလုန်မြို့ အရှေ့ဖက်၌ တည်ရှိသည်။

  • ပါလက်စတိုင်းရှိ ဖိလိတ္တိလူဖြစ်သော ဂေါလျက်သည် ဂါသမြို့မှဖြစ်သည်။
  • ယဇ်ပရောဟိတ်ရှမွေလ၏ခေတ်ကာလ၌ ပါလက်စတိုင်းရှိ ဖိလတ္တိလူမျိုးတို့သည် ဣသရေလလူမျိုးတို့၏ ပဋိညာဉ်သေတ္တာတော်ကို ခိုးယူခဲ့ကြပြီး ထိုသေတ္တာတော်ကို အာဇုတ်မြို့ရှိ နတ်ဘုရားများရှေ့ ၌ ထားရှိခဲ့ကြသည်။ ထိုနောက်ဂါသမြို့ သို့ရောက်ရှိပြီးနောက် ဧကြုန်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။ သို့သော် ထိုသေတ္တာတော်ကို သယ်ဆောင်သွားသော မြို့သူမြို့သားများအား ဘုရားသခင်က ရောဂါကပ်ဘေးဖြင့် ပြစ်ဒဏ်ပေးခဲ့သည့်အတွက် ဣသရေလတိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ခဲ့ရသည်။
  • ဒါဝိဒ်သည် ရှင်ဘုရင်ရှောလုထံမှ တိမ်းရှောင်သောအချိန်၌, သူသည် ဂါသမြို့သို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သူ၏ဇနီးသည် နှစ်ဦးနှင့် ခဏတာနေထိုင်ခဲ့ကြသည်။ နောက်တွင် ဒါဝိဒ်၌သစ္စာရှိသောနောက်လိုက်ခြောက်ရာလည်းရှိခဲ့သည်။

ဂိဒေါင်

အချက်အလက်

ဂိဒေါင်သည် ဣသရေလလူမျိုးတစ်ဦးဖြစ်ပြီး ရန်ဖက်ပြုသောလူမျိုးစုတို့၏ လက်အောက်မှ ပြန်လည်ကယ်တင်ဖို့ရန် ဘုရားသခင်ရွေးကောက်ထားသောသူ ဖြစ်သည်။

  • ဂိဒေါင် အသက်ရှင်စဉ်ကာလ အချိန်အခါ၌ မိဒျန်အမည်ရှိသော လူမျိုးများ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြပြီး ဣသရေလလူမျိုးများ ပိုင်ဆိုင်သော လယ်ယာများကိုလည်း ဖျက်ဆီးခဲ့ ကြသည်။
  • ဂိဒေါင် အနေဖြင့် သူ၏ရန်သူများကို ကြောက်ရွံ့နေခဲ့ရသော်လည်း ထာဝရဘုရားသခင်က ဣသရေလလူမျိုးများကို ဦးဆောင်ပြီး ရန်သူများဖြစ်သော မိဒျန်လူမျိုးများကို ပြန်လည်တိုက်ခိုက်အနိုင်ယူဖို့ရန် ဂိဒေါင်အားအသုံးပြုခဲ့သည်။
  • ဂိဒေါင်သည် ဘုရားသခင်၏စကားတော်ကို ဗာလဘုရားရုပ်တုဆင်းတုများ နှင့် အာရှရအပင်များကို ခုတ်လှဲဖျက်ဆီးခြင်းဖြင့် နာခံမှုပြုခဲ့သည်။
  • ဂိဒေါင်သည် သူ၏လူမျိုးများအတွက် ရန်သူများကို တိုက်ခိုက်ပေးရုံတင်မဟုတ်ပဲ တစ်ဆူတည်း စစ်မှန်သောထာဝရဘုရားကိုသာ နာခံလိုက်လျှောက်ရင်း ကိုးကွယ်ရန် ခွန်အားပေးခဲ့သည်။

ဂိဗေါင်မြို့ ၊ ဂိဗေါင်မြို့သား၊

အချက်အလက်

ဂိဗေါင်မြို့သည် ယေရုရှလင်မြို့ အနောက်မြောက်ဖက် ၁၃ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဂိဗေါင်မြို့တွင် နေထိုင်ကြသော သူများကို ဂိ​ဗေါင်မြို့သားများဟုခေါ်သည်။

  • ဣသရေလလူမျိုးတို့ သည် ယေရိခေါမြို့နှင့် အာဣမြို့ နှစ်မြို့ကို မည်သို့ တိုက်ခိုက်ဖျက်ဆီးခဲ့သည် ဟူသောသတင်းကို ဂိဗေါင်မြို့သားတို့သည် ကြားသောအချိန်၌ သူတို့သည်ကြောက်ရွံနေခဲ့ကြသည်။
  • ဒါကြောင့် ဂိဗေါင်မြို့သားတို့သည် ဣသရေလခေါင်းဆောင်ထံသို့ ဂိလဂါလတွင် သွားရောက်ခဲ့ကြပြီး သူတို့သည် အဝေးမှလာရောက်သောသူများအဖြစ် ဟန်ဆောင်ခဲ့ကြသည်။
  • ဣသရေလခေါင်းဆောင်များသည် လှည့်စားခြင်းခံပြီး ဂိဗေါင်မြို့သားတို့အား မဖျက်ဆီးရန်နှင့် သူတို့အား ကာကွယ်ပေးရန် ဆုံးဖြတ်ကာ သဘောတူညီချက် ရယူခဲ့သည်။

ဂိဘာမြို့၊

အချက်အလက်

ဂိဘာသည် မြို့အမည်ဖြစ်၍ ​ယေရုရှလင်၏မြောက်ဖက် နှင့် ဗေသလ၏ တောင်ဖက်ပိုင်းတွင် တည်ရှိသည်။

  • ဂိဘာမြို့သည် ဗင်္ယာမိန်မျိုးနွယ်စုတို့၏ နယ်မြေလည်း ဖြစ်သည်။
  • ယင်းနေရာသည် ဗင်္ယာမိန်မျိုးနွယ်စု နှင့် ဣသရေလလူမျိုးတို့ကြား ကြီးမားသောစစ်ပွဲကြီး ဖြစ်ပွားခဲ့ရာ နေရာလည်းဖြစ်သည်။

ဂိရဂါရှိ၊

အချက်အလက်

ဂိရဂါရှိ သည် ခါနန်ပြည်ထဲ၌ရှိသော ဂါလိလဲအိုင် အနီးတစ်ဝိုက်တွင် နေထိုင်သည့် လူမျိုးစုတစ်စုဖြစ်သည်။

  • ဟာမ၏သား ခါနန်မှ ဆင်းသက်လာသူများဖြစ်သည်။ ဒါကြောင့်လည်း တခြားမျိုးနွယ်စုများကလည်း "ခါနနိလူများ" အဖြစ် သိထားကြသည်။
  • ဣသရေလလူမျိုးများအား ဘုရားသခင် ကတိတစ်ခုပြုခဲ့သည်။ ထိုအရာသည် ဂိရဂါရှိ နှင့် ခါနနိလူမျိုးတို့ကို အနိုင်တိုက်နိုင်မည်ဟူ၍ပင်ဖြစ်သည်။
  • ခါနနိလူမျိုးများကဲ့သို့ပင် ဂိရဂါရှိလူမျိုးများသည် ရုပ်တုဆင်းတုများကို ကိုးကွယ်ခဲ့ကြပြီး မကောင်းမှု ဒုစရိုက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။

ဂိလဂါလအရပ်၊

အချက်အလက်

ဂိလဂါလသည် ယေရိခေါမြို့မြောက်ဖက်အရပ်၌ ဖြစ်ပြီး ဣသရေလလူမျိုးများ ခါနန်ပြည်သို့ဝင်ရောက်ရန် ယောဒန်မြစ်ကို ဖြတ်သန်း၍ ပထမဆုံး စခန်းချသောနေရာဖြစ်သည်။

  • ထိုဂိလဂါလအရပ်သည် ဣသရေလခေါင်းဆောင် ယောရူ့က ကျောက်တုံး ၁၂ တုံးကို ယူ၍ ယော်ဒန်မြစ်ကို ခြောက်သွေ့စေ၍ ဖြတ်သန်းစေခဲ့သောနေရာဖြစ်သည်။
  • ဂိလဂါလအရပ်သည်လည်း မြို့တစ်ခုဖြစ်ခဲ့သည်။ ပရောဖက်ဧလိယ ကောင်းကင်သို့ ချီဆောင်ခြင်းခံရသော အချိန်၌ ယောဒန်မြစ်ကို ဧလိယနှင့် ဧလိရှဲတို့ သည် ဖြတ်သန်းခဲ့ကြသော အရပ်လည်းဖြစ်သည်။
  • ဓမ္မဟောင်းကျမ်းစာ၌လည်း ဂိလဂါလအရပ်ကို အကြိမ်ပေါင်းများစွာ တွေ့ရသည်။
  • ဂိလဂါလ ၏ အဓိပ္ပာယ်မှာ လုံးဝန်းသောကျောက်တုံး ဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အချက်မှာ ယဇ်ပူဇော်သော ယဇ်ပလ္လင်ကို ထိုလုံးဝန်းသောကျောက်တုံး များဖြင့်တည်ဆောက်ထားခြင်းမျိုးလည်းဖြစ်နိင် သည်။
  • ထိုနာမည်သည် ဓမ္မဟောင်းကျမ်းစာ၌လည်း "ဂိလဂါလ" အမည်ဖြင့် မကြာခဏတွေ့ရသည်။ ထိုနေရာသည် တိကျသေချာသော နေရာတော့မဖြစ်နိုင်ပေ။ သို့သော်လည်း ဂိလဂါလသည် နေရာတစ်ခုခုတော့ ဖြစ်နိုင်ချေရှိသည်။

ဂိလဒ်တောင်၊

အချက်အလက်

ဂိလဒ်တောင်သည် ယောဒန်မြစ်အရှေ့ဖက်နယ်ပယ်ဒေသဖြစ်သည်။ ထိုနေရာ၌ ဂဒ်လူမျိုးစု၊ ရုဗင်လူမျိုးစု၊ မနာရှေလူမျိုးစုတို့ နေထိုင်ခဲ့ကြသည်။

  • ထိုနယ်ပယ်ကို "တောင်ပေါ်၌တည်သောနိုင်ငံ၊" ဟူ၍၎င်း "ဂိလဒ်တောင်၊" ဟူ၍၎င်း ဖော်ပြထားသည်။
  • "ဂိလဒ်၊" ဟူသောလူနာမည်ဖြင့် ဓမ္မဟောင်းကျမ်းစာ၌လည်း အကြိမ်ပေါင်းများစွာ တွေ့ရသည်။ ထိုသူသည် မနာရှေ၏မြေးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ အခြားသော ဂိလဒ်တစ်ဦးသည် ယေဖသ၏ ဖခင်ဖြစ်သည်။

ဂေရှုရ၊

အချက်အလက်

ဒါဝိဒ်မင်းကြီးနန်းထိုင်စဉ်အခါက ဂေရှုရသည် နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး ဂါလိလဲအိုင်၏ အရှေ့ဖက်တွင် တည်ရှိသည်။ ဣသရေလနှင့် အာရံတို့၏ ကြားနိုင်ငံလေးလည်း ဖြစ်သည်။

  • ဒါဝိဒ်မင်းကြီးသည် ဂေရှုရဘုရင်ကြီး၏သမီးမာခါနှင့် လက်ထပ်ထိမ်းမြှားခဲ့ပြီး အဗရှလုံဟူသော သားတစ်ဦးဖြစ်ထွန်းခဲ့သည်။
  • သူ၏ညီအစ်ကို အာမနုန် အသတ်ခံရပြီးနောက် အဗရှလုံသည် အရှေ့မြောက်ဖက် ယေရုရှလင်မြို့မှ ဂေရှုရမြို့သို့ ထွက်ပြေးခဲ့သည်။ ထိုနှစ်ခုကြားအကွာအဝေးမှာ ၈၈မိုင်ခန့် ကွာဝေးသည်။ အဗရှလုံသည် ထိုမြို့၌သုံးနှစ်ကြာနေထိုင်ခဲ့သည်။

ဂေရာ

အချက်အလက်

ဂေရာသည်ဣသရေလနိင်ငံတောင်ပိုင်း ဆားအိုင်၏အနောက်တောင်ဖက်၌ရှိသော ဿဲဂန္တာရဖြစ်သည်။

  • "တောင်ပိုင်း"ဟူသော မူလစကားလုံး၏အဓိပ္ပါယ်မှာ အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုထားခြင်းဖြစ်သည်။
  • ယနေ့ဂေရာသဲးန္တရသည်"တောင်ပိုင်"နေရာဒေသ၌တည်ရှိခဲ့ကြောင်း မဖြစ်နိုင်ပေ။
  • ကဒေရှမြို့၌အဗြံဟံနေထိုင်စဥ် ဂေရာအရပ်သို့မဟုတ်‌တောင်ပိုင်းဒေသ၌နေထိုင်သည်ဟုဆိုလိုသည်။
  • ဂေရာမြို့၌ဣဇက်ထံရေဗက္ကရောက်လာပြီးသူ၏ဇနီးဖြစ်လာသည်။
  • ယုဒလူမျိုးနှင့်ရှိမောင်အမျိုးသည် တောင်ပိုင်းဒေသ၌နေထိုင်ကြ၏။
  • ဂေရာနယ်၏အကြီးဆုံးသောမြို့သည်ဗေရာရှဘမြို့ဖြစ်၏။

ဂေရာမြို့၊

အချက်အလက်

ဂေရာသည် မြို့ဖြစ်၍ ခါနန်နယ်ထဲတွင်ရှိသည်။ ယင်းမြို့သည် ဟေဗြုန်မြို့၏ အနောက်တောင်နှင့် ဗေရရှေဘမြို့၏ အနောက်မြောက်ဖက်တွင် တည်ရှိသည်။

  • အာဗြဟံနှင့်စာရာတို့ တည်းခိုခဲ့သောအချိန်၌ အဘိမလက်မင်းကြီးသည် ဂေရာမြို့ကို အုပ်ချုပ်နေချိန်ဖြစ်သည်။
  • ဣသရေလလူမျိုးများ ခါနန်ပြည်၌နေထိုင်ခဲ့စဉ် အခါတုန်းက ပါလက်စတိုင်းတို့သည် ဂေရာမြို့ကို စိုးမိုးချယ်လှယ်ထားကြသည်။

ဂေသရှေမန်၊

အချက်အလက်

သံလွင်ပင်များနှင့် ပြည့်နှက်နေသော ဂေသရှေမန်ဥယျာဉ်သည် ယေရုရှလင်မြို့၏ အရှေ့ဖက် ကေဒြုန်ချောင်းအလွန် သံလွင်တောင်အနီးတွင် တည်ရှိသည်။

  • ထိုဂေသရှေမန်ဥယျာဉ်သည် ယေရှုခရစ်တော်နှင့် သူ၏တပည့်တော် ၁၂ ပါး လူထုကြီးများထံမှ ခဏတာ အနားယူခဲ့ကြသော ဥယျာဉ်ဖြစ်သည်။
  • ထိုဂေသရှေမန်ဥယျာဉ်သည် ဂျူးဘာသာရေးခေါင်းဆောင်တို့ ယေရှုခရစ်အား မဖမ်းဆီးမှီ ပူပန်ခြင်းများစွာဖြင့် ဆုတောင်းခဲ့သောနေရာပင် ဖြစ်သည်။

ဂေါမောရ၊

အချက်အလက်

​ဂေါမောရမြို့သည် ချိုင့်ဝှမ်းဖြစ်ကာ မြေဩဇာကောင်းမွန်သောအရပ် ၌တည်ရှိပြီး သောဒုံမြို့၏အနီးတစ်ဝိုက်တွင်တည်ရှိသည်။ အာဗြဟံ၏တူ လောတသည် ထိုအရပ်သို့ နေထိုင်ရန် ရွေးချယ်ခဲ့သည်။

  • သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ တည်နေရာကို တိကျစွာ မသိကြချေ။ သို့ပေမဲ့ သောဒုံအိုင်၏ တောင်ဖက်ပိုင်း စိဒ္ဒိမ်ချိုင့် အနီးတွင် တည်ရှိသည်ဟု ညွှန်းထားပါသည်။
  • သောဒုံနှင့် ဂေါမောရတည်ရှိရာအရပ်တွင် များစွာသောဘုရင်တို့၏ စစ်ပွဲများဖြစ်ပွားရာနေရာလည်း ဖြစ်သည်။
  • သောဒုံမင်းနှင့် အခြားသောမင်းတို့ကြား စစ်ပွဲများရှုပ်ထွေးသောအချိန်၌ လောတ၏မိသားစုများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ အာဗြဟံနှင့် သူ၏နောက်လိုက်များမှလောတတို့မိသားစုအား ပြန်လည်ကယ်တင်ခဲ့ကြသည်။
  • ထိုကိစ္စများဖြစ်ပွားပြီးမကြာမှီကာလတွင် ထိုအရပ်၌နေထိုင်သော လူတို့၏မကောင်းသောအကျင့်စရိုက်များကြောင့်သောဒုံနှင့် ဂေါမောရမြို့ကို ဘုရားသခင်က ဖျက်ဆီးခဲ့သည်။

ဂေါရှင်၊

အချက်အလက်

ဂေါရှင်အရပ်သည် မြေဩဇာကောင်းမွန်သော ချိုင့်ဝှမ်းဒေသဖြစ်သည်။ ထိုနေရာသည် အီဂျစ်ပြည်မြောက်ပိုင်း နိူင်းမြစ်တစ်လျှောက်တွင် တည်ရှိသည်။

  • အီဂျစ်ပြည်၌ ယောသပ်အုပ်ချုပ်စဉ်အခါ၌ သူ၏မိသားစုများသည် အစာငတ်မွတ်ခေါင်းပါးသော ခါနန်ပြည်မှထွက်ခွာ၍ ဂေါရှင်အရပ်သို့ သွားရောက်နေထိုင်ခဲ့ကြသည်။
  • နှစ်ပေါင်းလေးရာကျော် သူနှင့်သူ၏မိသားစုမျိုးရိုးစဉ်ဆက်တို့သည် ဂေါရှင်အရပ်၌ ကောင်းမွန်စွာနေထိုင်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် အီဂျစ်လူမျိုး ဖာရောဘုရင်သည် သူတို့ကို ကျွန်အဖြစ် ခိုင်းစေခဲ့သည်။
  • နောက်ဆုံးတွင် ဘုရားသခင်သည် ဣသရေလလူမျိုးများ ကျွန်ခံရာအရပ်ဖြစ်သည့် ဂေါရှင်မှနေ၍ ကျွန်ဘဝမှ လွတ်မြောက်ရန် မောရှေကို စေလွှတ်ခဲ့သည်။

ဂေါလဂေါသ၊

အချက်အလက်

''ဂေါလဂေါသ'' ဟူသောဝေါဟာရသည် ယေရှုခရစ်တော်လက်ဝါးကပ်တိုင်၌ အသေခံခဲ့သောနေရာဖြစ်သည်။ ဤစကားလုံးသည် အာရမိစကားလုံးမှလာပြီး ''ဦးခေါင်းခွံ'' သို့မဟုတ် ''ဦးခေါင်းခွံရှိသောနေရာအရပ်" ဟုခေါ်သည်။

  • ဂေါလဂေါသကုန်းမြင့်သည် ယေရုရှလင်မြို့ တံတိုင်းအပြင်ဖက်တွင် တည်ရှိသည်။ ထိုအရပ်သည်သံလွင်တောင်ရဲ့ ကုန်းတက်မှာ တည်ရှိသည်။
  • အင်္ဂလိပ်ကျမ်းစာ မူရင်းအရေးအသားထဲတွင် ဂေါလဂေါသကုန်းမြင့်ကို "ကာရာနီ" ဟုပြန်ဆိုထား သည်။ "ဦးခေါင်းခွံအရပ်"ဟူ၍ အဓိပ္ပါယ်ရပြီး ၎င်းမှာလက်တင်ဘာသာစကားမှ လာသည်။
  • ကျမ်းစာအများစုထဲ၌ ဂေါလဂေါသ ဟူ၍ပင် ထိုစကားလုံးကို အသံအနေထားမှအစ တူညီစွာ အသုံးပြုထားကြသည်။

ဂေါလျက်၊

အချက်အလက်

ဒါဝိဒ်အားဖြင့်သေဆုံးခဲ့သော ဂေါလျက်သည်ပါလက်စတိုင်းပြည်မှာရှိတဲ့အာရမိ လူမျိုးတွေထဲမှာ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် ခွန်းအားကြီးသောသူတစ်​​ယောက်ဖြစ်သည်။

  • ဂေါလျက်၏အရပ်သည် ၂ မီတာ နှင့် ၃မီတာကြားခန့်ရှိသည်။ အရွယ်အစားကြီးမားသောသူ၏ကိုယ်လုံးကြောင့် ဂေါလျက်အား လူ့ဘီလူးဟူ၍ပင် ရည်ညွန်းတင်စားထားသည်။
  • ဒါဝိဒ်ကလေးထက် ဂေါလျက်၌ ခွန်အားအပြင် လက်နက်နဲ့ပြည့်စုံသော်လည်း ထာဝရဘုရားသခင်သည် ဂေါလျက်အား တိုက်ခိုက်နိုင်ဖို့ရန် ဒါဝိဒ်အား ခွန်အားနှင့် စွမ်းဆောင်ရည်ကိုပေးခဲ့သည်။
  • ဒါဝိဒ်သည် ဂေါလျက်အားအနိုင်ယူခဲ့ခြင်း အကျိုးရလဒ်အနေဖြင့် ဣသရေလလူမျိုးများသည် ဖိလတ္တိလူမျိုးများကိုအောင်လံလွှင့်ထူခဲ့ကြသည်။

စာရာ

အချက်အလက်

  • စာရာသည် အာဗြံ၏ မယားဖြစ်ခဲ့သည်။
  • သူမ၏ အမည်အရင်းသည် စာရဲဖြစ်ခဲ့ပြီး ဘုရားသခင်က စာရာဟု ပြောင်းပေးခဲ့သည်။
  • အာဗြံနှင့် စာရာအပေါ် ဘုရားသခင် ကတိပေးခဲ့သော သားတော်ကို စာရာမွေးဖွားခဲ့သည်။

ဆားပင်လယ်၊ ပင်လယ်သေ

အချက်အလက်

ဆားပင်လယ်သည် တောင်ဘက် ဣသရေသပြည်၏ အနောက်ဘက်နှင့် မောဘပြည်၏ အရှေ့ဘက်ကြားတွင် တည်ရှိခဲ့သည်။

  • ယောဒန်မြစ်သည် တောင်ဘက်ကို ဆားပင်လယ်ထဲသို့ စီးဆင်းသည်။
  • ထိုမြစ်သည် အခြားသောမြစ်များထက် သေးငယ်သောကြောင့် ဆားအိုင်လို့လဲ ခေါ်လို့ရပါသည်။
  • ထိုမြစ်ထဲတွင် အရည်အသွေးကောင်းသော တွင်းထွက်ပစ္စည်းများရှိသည်။ ထိုမြစ်ရေထဲတွင် ဘယ်တစုံ တခုမျှ အသက်မရှင်နိုင်တာကို ဆိုလိုသည်။ အဲဒီအရာသည် ပင်လယ်သေဖြစ်လာရခြင်း၏ အကြောင်းဖြစ်သည်။
  • ဓမ္မဟောင်းကျမ်းအရ ထိုမြစ်ကို လွင်ပြင်အိုင် ဟူ၍လည်းကောင်း၊ ခါနန်ပြည်ရဲ့တောင်ပိုင်းပင်လယ် (က ၁၃း၁၊၃) ဟူ၍လည်းကောင်း ခေါ်ကြသည်။ အကြောင်းမှာ လွင်ပြင်အိုင် နှင့် ခါနန်ပြည်ရဲ့တောင်ပိုင်းပင်လယ် နယ်ပယ်တစ်ဝိုက်တွင် ထိုပင်လယ် တည်ရှိခြင်းကြောင့်ဖြစ်ပါသည်။

ဆီဇာ

အချက်အလက်

ဆီဇာဟူသောအမည်မှာ ရောမဧကရာဇ် အုပ်ချုပ်သူများ၏အမည်အဖြစ်အသုံးပြုသည့်အမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ဆီဇာဟူ၍ မတူညီသော ရောမဧကရာဇ်( ၃) ဦးရှိပါသည်။

  • ပထမတစ်ယောက်မှာ သြဂတ်စတပ်စ်ဆီဇာ ဖြစ်ပြီး ယေရှုမွေးဖွားချိန်တွင် အုပ်စိုးခဲ့သူဖြစ်သည်။
  • နောင်နှစ်ပေါင်း(၃ဝ) ကြာပြီးနောက် နှစ်ခြင်းဆရာယောဟန် တရားဟောကြားသည့်အချိန်တွင် တိုင်ဗေးရိယပ်စ်ဆီဇာ သည် ရောမဘုရင်ဖြစ်သည်။
  • ကဲသာနှင့်ဆိုင်သောအရာကို ကဲသာအားပေးပါဟု ယေရှုပြောဆိုချိန်မှာ တိုင်ဗေးရိယပ်စ်ဆီဇာ ဆက်လက်အုပ်ချူပ်နေဆဲဖြစ်သည်။
  • ပေါလု အယူခံဝင်သည့် ဆီဇာဘုရင်မှာ ရောမဘုရင်နီရိုး ဖြစ်သည်။
  • ဆီဇာကို အမည်အဖြစ်ခံယူသလို၊ ဆီဇာ၏အဓိပ္ပါယ်မှာလည်း ဧကရာဇ်၊ ရောမအုပ်ချုပ်သူ

ဟူ၍လည်ဘာသာပြန်ဆိုနိုင်သည်။

  • ဆီဇာသြဂတ်တပ်စ် သို့မဟုတ် တိုင်ဗေးရိယပ်စ်ဆီဇာ အစရှိသောအမည်များကို ရင်းနှီးပြီးသားအမည်နာမများ ဖြင့်သာပြန်ဆိုအသုံးပြုသင့်သည်။

ဇက္ခဲ

အချက်အလက်

ဇက္ခဲသည် ယေရိခေါမြို့ရှိ အခွန်ခေါင်းတစ်ယောက်ဖြစ်ပြီး ယေရူကိုကြည့်လို၍ လူအစုအဝေးများဝိုင်ရံထားသောကြောင့်ကိုယ်တော်ကိုမြင်အံ့သောငှါသဖန်းပင်ပေါ််သို့တက်သောသူဖြစ်သည်။

  • ဇက္ခဲသည်သခင်ယေရူကိုယုံကြည်သွားသောအခါ လုံးဝပြောင်းလဲသွားသောသူဖြစ်သည်။
  • သူသည်လူတွေကို မိမိလိမ်လည်လှည့်စားခဲ့သည့် အပြစ်ကိုနောင်တ ရလျက် ဆင်းရဲသောသူများကို မိမိလက်ဝယ်ပိုင်ဆိုင်ထားသည့် ပစ္စည်းဥစ္စာများ၏ထက်ဝတ်ကို ပေးရန်ဂတိပြုခဲ့သူဖြစ်သည်
  • ထိုအပြင် မိမိတောင်းသင့်သည့်ထက်ပိုတောင်းယူခဲ့သော အကောက်အခွန်များကို လေးဆပြန်ပေးရန် ဂတိပြခဲ့သူဖြစ်သည်။

ဇာခရိ (ဓမ္မသစ်)

အချက်အလက်

ဓမ္မသစ်ကျမ်းတွင်ဇာခရိသည် ယုဒယဇ်ပရောဟိတ်တစ်ပါးဖြစ်ပြီး ဗတ္တိဇံဆရာယောဟန်၏ဖခင်ဖြစ်သည်။

  • ဇာခရိသည် ဘုရားသခင်ကိုချစ်လျက် နာခံလိုက်လျောက်သောသူဖြစ်သည်။
  • ဇာခရိနှင့်သူ၏ဇနီးအဲလိဇဘက် တို့သည်သားသမီးရရှိရန်နှစ်ပေါင်းများစွာ အလေးအနက်ဆုတောင်းကြသော်လည်းမရရှိကြပါ။ သူတို့နစ်ယောက်အ သက်အရွယ်ကြီးသောအခါ ဘုရားသခင်သည် သူတို့၏ဆုတောင်းချက်ကိုနားညောင်းလျှက် သားယောကျ်ားကိုပေးတော်မူ၏။
  • ဇာခရိကမိမိ၏သား ယောဟန်သည်ပရောဖတ်ဖြစ်လာပြီး မေရှိယသခင်ဘုရားကြွလာမည့်အကြောင်းကို ကြေငြာလျက်ကြွလာရန်လမ်းကိုပြင်ဆင်မည့်သူဖြစ်ကြောင်းပရောဖတ်ပြု၏။

ဇာခရိ (ဓမ္မဟောင်း)

အချက်အလက်

ပရောဖတ်ဇာခရိသည် ပေရသိပြည်၌နန်းစံသော ပထမမြောက်"ဒါရိဘုရင်"လက်ထက်၌ပရောဖတ်ပြုသောသူတစ်ဦးဖြစ်သည်။ ပရောဖတ်ဇာခရိ၏ ဓမ္မဟောင်းကျမ်း၌ သူ၏ပရောဖတ်ပြုခြင်း သိမ်းသွားခြင်းပြည်နှင်ဒဏ်ခံနေရာမှ ဗိမ္မာန်တော်က်ုပြန်လည်တည်ဆောက်ရန် တိုက်တွန်းဆော််သြချက်များပါဝင်၏။

  • ပရောဖတ်ဇာခရိသည် ဇေရ၊ နေဟမိ၊ ဇေရုဗဗေလ နှင့် ဟဂ္ဂဲတို့လက်ထဲ၌အသက်ရှင်ခဲ့သူဖြစ်သည်။ သခင်ယေရူကလည်းသူ့အားဓမ္မဟောင်းကျမ်းတွင် နောက်ဆုံးအသတ်ခံခဲရသောပရောဖတ်ဖြစ်ကြောင်းဖေါ််ပြခဲ့သည်။
  • အခြားသောဇာခရိအမည်ရှိဒါဝိဒ်မင်းကြီးလက်ထက်၌ တံခါးမူးဖြစ်သောလူတစ်ဦးလည်းရှိခဲ့သည်။
  • ရှင်ဘုရင်ယောရှဖတ်၏သား တစ်ဦးဖြစ်သောဇာခရိကိုသူ၏အစ်ကို ယဟောရံလုပ်ကြံခဲ့သည်။
  • ရုပ်တုဆင်းတုကိုးကွယ်သော ဣသရေလလူမျိုးတို့ကို သွားပြီးပြစ်တင်ရူပ်ချမိသောကြောင့် ဇာခရိအမည်ရှိသော ယစ်ပရောဟိတ်တစ်ဦးကျောက်ခဲနှင့်ပစ်ပေါက်သက်ခြင်းခံရ၏။
  • ရှင်ဘုရင်ဇာခရိသည် ယေရောဗောင်၏သားတော််ဖြစ်ပြီးအသတ်မခံရမီ ဣသရေလနိုင်ငံကိုခြောက်လအုပ်ချုပ်ခဲ့သည်။

ဇာဒုတ်

အချက်အလက်

ဇာဒုတ်သည် ဣသရေလနိင်ငံ၌ ဒါဝိဒ်မင်းကြီးလက်ထက်တွင် အလွန်အရေးပါသောယစ်ပရောဟိတ်မင်းတစ်ပါးဖြစ်သည်။

  • ဒါဝိဒ်မင်းကြီးအား အဗရှလုံတော်လှန်သောအခါ ဇာဒုတ်သည် ပဠိညာဉ်သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်သယ်ဆောင်လာနိင်အောင် ဒါဝိဒ်မင်းကြီးကိုကူညီမစခဲ့သည်။
  • နှစ်များကြာပြီးနောက်၊ ဒါဝိဒ်မင်းကြီး၏သားရှောလမုန်အား ရှင်ဘုရင်အဖြစ် ဆီဖြင့်လိမ်း၍ဘိသိက်တင်မြောက်သည့် အခန်းအနား၌လည်းပါဝင်ခဲ့သူဖြစ်သည်။
  • (ဇာဒုတ်အမည်ဖြင့်လူနှစ်ဦး) သည် နေဟမိလက်ထက်၌ ယေရုရှလင်မြို့ရိုးကိုပြန်လည် တည်ဆောက်ရာ၌ပါဝင်ကူညီခဲ့ကြ၏။
  • ဇာဒုတ်ဟူသောအမည်သည် ရှင်ဘုရင်ယောသံ၏အဘိုး၏အမည်လည်းဖြစ်၏။

ဇာဗုလုန်

အချက်အလက်

ယာကုပ်နှင့်လေအာတို့မှ နောက်ဆုံးမွှေးသောသား ဇာဗုလုန်သည် ဣသရေလအနွယ် ဆယ့်နှစ်မျိုး၌ပါဝင်သော မျိုးနွယ်စုတစ်စုဖြစ်သည်။

  • ဣသရေလအနွယ်ဖြစ်သော ဇာဗုလုန်မျိုးနွယ်စုသည် ဆားပင်လယ်၏အနောက်ဖက်ဒေသကိုတိုက်ရိုက် အမွေးအဖြစ် ပိုင်ဆိုင်ရရှိသည်။
  • တစ်ခါတစ်ရံ "ဇာဗုလုန်" ကို ဣသရေလအနွယ်များနေထိုင်ရာဒေသ ဟူ၍သမုတ်တတ်ကြ၏။

ဇိဒုန်၊ ဇိဒုန်လူမျိုး

အချက်အလက်

ဇိဒုန်သည် ခါနန်၏ သားအကြီးဖြစ်သည်။ ဇိဒုန်ကို ခါနနိတ် မြို့သားများဟူလည်း ခေါ်ကြသည်။

  • ဇိဒုန်မြို့သည် မြေထဲပင်လယ်အနောက်မြောက်ဘက်ခြမ်းတွင် တည်ရှိပြီး ဣသရေလလူမျိုးများ၏ဒေသထဲတွင် ပါဝင်သည်။ ယခုအချိန်အခါတွင် လေဗနုန်တောင်၏ပြည်နယ်ထဲတွင် တစ်စိတ်တစ်ဒေသဖြစ်သည်။
  • "ဇိဒုန်မြို့သားတို့သည်" ရှေ့အခါတွင် ထင်ပေါ်ကျော်ကြားသော လူမျိုးစုတစ်စုဖြစ်ခဲ့ကြသည်။
  • သမ္မာကျမ်းစာထဲတွင် ဇိဒုန်မြို့သည် တုရုမြို့နှင့် နီးကပ်စွာ ဆက်စပ်နေပြီး ထိုမြို့နှစ်မျိုး၏ ကြွယ်ဝမူ့နှင့် အလေးထားဖွယ်ကောင်းသော အမူအကျင့်တို့သည် နှံ့ပြားကျော်စော်မူ့ရှိသည်။

ဇေဒကိ

အချက်အလက်

ဇေဒကိသည်ယောရိုမင်း၏သားဖြစ်၏" ယောရိုမင်းသည်"ယုဒ" နိုင်ငံကို ဘီစီ (၅၉၇-၅၈၇) တိုင်အုပ်ချုပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်းတွင်အခြားသော"ဇေဒကိ" ရှိသူများလည်းရှိသေး၏။

  • နေဗုခဒ်နေဇာဘုရင်သည် ယုဒရှင်ဘုရင် ယောယကိန်ကို ဗာဗုလုန်နိုင်ငံသို့ဖမ်းဆီးခေါ််ဆောင်သွားပြီးနောက် ယုဒရှင်ဘုရင် ဇေဒကိ ကိုရှင်ဘုရင်အဖြစ်တင်မြောက်ခဲ့သည်။ နောက်နောင်တွင် ဇေဒကိမင်းပုန်ကန်သောကြောင့် နေဗုခဒ်နေဇာဘုရင် ကဇေဒကိမင်းအားဖမ်းဆီးပြီးယေရုရှလင်မြို့ကိုဖျက်ဆီးလိုက်သည်။
  • ဣသရေလရှင်ဘုရင် အာဟပ်လက်ထက်တွင် ခါနာနိ၏သားဇေဒကိဟူသော မှားယွင်းသောပရောဖတ်တစ်ပါးရှိ၏။
  • နေဟာမိလက်ထက်၌ ဇေဒကိအမည်ရှိသော လူတစ်ဦးသည်ဘုရားသခင်နှင့်သဘောတူစာချုပ်လက်မှတ်ကိုရေးထိုရာတွင် ပါဝင်ခဲ့သည်။

ဇေဖနိ

အချက်အလက်

ဇေဖနိသည် ယုဒရှင်ဘရင်ယောရှိမင်းလက်ထက် ယေရုရှလင်မြို့၌နေထိုင်သော ကုရှိ၏သားပရောဖက်တစ်ဦးဖြစ်သည်။ ပရောဖက်ယေရမိ၏ခေတ်ကာလ၌ ရှိခဲ့သောပရောဖက်တစ်ပါးဖြစ်သည်။

  • ယုဒလူမျိုးတို့အား မှားယွင်းသော ဘုရားတွေကိုဝတ်ပြုကိုးကွယ်သောကြောင့် ဆိုဆုံးမခဲ့၏။
  • သူ၏ပရောဖက်ပြုထားသောအကြောင်းအရာများကို ဓမ္မဟောင်းကျမ်းဇေဖနိအနာဂတ္တိကျမ်း၌
  • ရေးထားသည်။
  • ဓမ္မဟောင်းကျမ်း၌ ဇေဖနိအမည်တွင်သောသူအတောအတန်ကိုတွေ့ရသည် အားလုံးနီးပါးယစ်ပရောဟိတ်များဖြစ်ကြ၏။

ဇေဗေဒဲ

အချက်အလက်

သခင်ယေရူ၏တပည့်တော်ယာကုပ်နှင့်ယောဟန်တို့၏ဖခင်ဖြစ်သည်။ သူသည်တံငါသည်ဖြစ်သည်" ထိုသူနစ်ဦးကိုဓမ္မသစ်ကျမ်းတွင် မကြာခဏ"ဇေဗေဒဲ၏သား"နစ်ဦးဟူ၍ဖေါပြလေ့ရှိသည်။

  • ဇေဗေဒဲသားများသည်လည်း သူနှင့်အတူငါးဖမ်းသော တံငါသည်များဖြစ်ကြ၏။
  • ယာကုပ်နှင့်ယောဟန်တို့သည် ဖခင်ဇေဗေဒဲနှင့်အတူလုပ်သောတံငါးသည်လုပ်ငန်းကိုစွန့်ပြီး သခင်ယေရူနောက်တော်သို့လိုက်သွားကြ၏။

ဇေရုဗဗေလ

အချက်အလက်

ဓမ္မဟောင်းကျမ်း၌ဇေရုဗဗေလအမည်တွင်သောလူနစ်ဦးရှိသည်။

  • ထိုလူနစ်ဦးထဲ၌ တစ်ဦးသည် ယောယကိန်နှင့်ဇေဒကိတို့ထံမှ ဆင်းသက်သူဖြစ်သည်။
  • အခြားသောဇေရုဗဗေလက ရှာလသေလ ၏သားတော်ဖြစ်သည်။ သူသည် "ဧဇရာနှင့်နေဟမိ" တို့ခေတ် ပေရသိရှင်ဘုရင် "ကုရှ" မင်းကြီးလက်ထက် ဣသရေလလူမျိုးတော်ကို ဖမ်းဆီးသွားခြင်းမှပြန်လွန်လိုက်သောကာလ၌ ယုဒအမျိုးအနွယ်တို့ကိုခေါဆောင်ခဲ့သူဖြစ်သည်။
  • ဇေရုဗဗေလနှင့် ယစ်ပရောဟိတ်မင်း ယောရူတို့သည် ယေရုရှ လင်ဗိမ္မာန်တော်နှင့်ဘုရားသခင်၏

ယစ်ပလ္လင်တော်ကိုပြန်လည်တည်ဆောက်သူများ၌ပါဝင်ခဲ့သည်။


ဇောရမြို့

အချက်အလက်

ဇေရမြို့သည် ထာဝရဘုရား သောဒုံနှင့်ဂေါမောရမြို့ ကိုဖျက်သောအခါ လောတတိန်းရှောင်ခိုနားခဲ့သောမြို့ငယ်လေးဖြစ်သည်။

  • လောတအားဖြင့်"ဤငယ်သောမြို့"ကိုဘေးလွှတ်စေခြင်းငှါ တောင်းရှောက်ခဲ့သောနဂိုအမည်
  • "ဗေလ"မှ"ဇောရ"ဟူ၍မည့်ခေါ်် သောမြို့ဖြစ်သည်။
  • ဇောရမြို့သည် ယောဒန်မြစ် သို့မဟုတ် ပင်လယ်သေ၏ တောင် ဘက်စွန်းကျသောမြေပြန့်ဒေသ၌

တည်ရှိခဲ့သည်ဟုတွေးဆနိုင် သည်။


ဉရမြို့ (ခါလဒဲပြည်သားများနေထိုင်ရာမြို့)

အချက်အလက်

ဉရမြို့သည် မေသောပေါကာမိပြည်၏ အစိတ်အပိုင်းဖြစ်သော ရှေးခေတ်ခါလဒဲဒေသရှိ ဉဖရတ်မြစ်တစ်လျှောက်တွင် တည်ရှိသော အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့သည်။ ဤဒေသသည် ယနေ့ခေတ်အီရတ်တိုင်းပြည်တွင် တည်ရှိခဲ့သော မြို့ဖြစ်သည်။

  • အာဗြဟံသည် ဉရမြို့ကဖြစ်ပြီး ထိုနေရာမှ စွန့်ခွာ၍ ဘုရားသခင်က ခါနန်ပြည်သို့ သွားဖို့ရန် ခေါ်ခဲ့သည်။
  • အာဗြဟံ၏ အစ်ကို၊ လောတ၏အဖေ ခါရန်သည် ဉရမြို့တွင် ကွယ်လွန်ခဲ့သည်။ ဤသည် လောတနှင့် အာဗြံဟံ ဉရမြို့ကို စွန့်ခွာစေသောအချက်ဖြစ်နိုင်သည်။

ဉရိယ

အချက်အလက်

ဉရိယသည် ဘုရင်ဒါဝိဒ်မင်း၏ အကောင်းဆုံးစစ်သည်တစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်သူတစ်ယောက်ဖြစ်ခဲ့သည်။ သူ ဉရိယကို ကေနိလူ ဉရိယအဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိသည်။

  • ဉရိယတွင် ဗာသရှေဘ အမည်ရသော အလွန်လှပတဲ့ ဇနီးတစ်ယောက် ရှိခဲ့သည်။
  • ဒါဝိဒ်သည် ဉရိယ၏ မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ပြီး သူမကိုယ်ဝန်ရလာခဲ့သည်။
  • ဤအဖြစ်ကျူးလွန်မှုကို ဖုံးဖိရန် ဒါဝိဒ်က ဉရိယကို စစ်မြေပြင်တွင် သတ်ရန် စီစဉ်ခဲ့ပြီးနောက် ဗာသရှေဘကို လက်ထပ်ယူခဲ့သည်။
  • အခြားသော ဉရိယ အမည်ရသော လူတစ်ယောက်သည် အာခက်ဘုရင်နန်းစံချိန်တွင် ယဇ်ပရောဟိတ်တစ်ပါးဖြစ်ခဲ့သည်။

တမန်တော်ဖိလိပ္ပု

အချက်အလက်

ဖိလိပ္ပုသည်ယေရှု၏တမန်တော် (၁၂) ယောက်ထဲမှ တစ်ဦး အပါအဝင်ဖြစ်သည်။ သူသည် ဗက်ဇဲဒမြို့မှဖြစ်သည်။

  • ဖိလိပ္ပုသည် နာသနေလကို ယေရှုထံဆောင်ခဲ့သည်။
  • ယေရှုသည် လူ ၅၀၀၀ ကျော်ကို မည်သို့ကျွေးမွေးရမည် ဟူ၍ ဖိလိပ္ပုအားမေးခဲ့သည်။
  • ယေရှုသည် တပည့်တော်များနှင့် နောက်ဆုံးညစာစားပွဲ၌ သူ့ခမည်းတော်၊ ဘုရားသခင်အကြောင်းပြောကြားခဲ့သည်။ ထိုအချိန်တွင် ဖိလိပ္ပုသည် ခမည်းတော်ကို သူ့တို့ဆီပြဖို့ရန် ယေရှုအားတောင်းဆိုခဲ့သည်။
  • တချို့သော ဘာသာစကားတွင်ဧဝံဂေလိဆရာ ဖိလိပ္ပုနှင့် တမန်တော်ဖိလိပ္ပုကို ရှုပ်ထွေးမှုမရှိရန် ကွဲပြားစွာ ရေးသားကြသည်။

တရောမြို့

အချက်အလက်

ရှေးရောမခေတ်က ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုဖြစ်ပြီး အာရှဒေသတွင် တည်ရှိသည်။

  • ရှင်ပေါလု သတင်းကောင်းဟောကြားခြင်းခရီးစဉ်အတွင်း သုံးကြိမ်ခန့် သွားရောက်ခဲ့သည်။
  • တချိန်က တရောမြို့တွင် ပြုလုပ်သော ဝတ်ပြုစည်းဝေးတခုတွင် ရှင်ပေါလုသည် အချိန်ကြာမြင့်စွာ ဟောပြောတိုက်တွန်းလေသဖြင့် ဉတုခုအမည်ရှိ လူငယ်တစ်ယောက်သည် သူထိုင်နေရာပြူတင်းပေါက်မှ အိမ်အောက်သို့ ပြုတ်ကျသေဆုံးသွားရာ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ရှင်ပေါလုသည် ဉတုခုအား ရှင်ပြန်ထမြောက်စေသည်။
  • ရှင်ပေါလုသည် ရောမမြို့၌ရောက်ရှိနေစဉ် တရောမြို့တွင် ထားခဲ့သော သူ၏ဝတ်လုံနှင့် စာစောင်ကိုယူလာပေးရန် တိမောသေအား မှာကြားခဲ့သည်။

တာမာ

အချက်အလက်

ဓမ္မဟောင်းကျမ်းထဲတွင် တာမာ ဟူသော အမျိုးသမီးများ၏ နာမည်ဖြစ်သည်။ ထိုနာမည်ကို ဓမ္မဟောင်းကျမ်းထဲတွင် မြို့အများအပြား၏ အမည် (သို့) အခြားနေရာ များ၏အမည်ဖြစ်သည်။ *တာမာသည် ယုဒ၏ ချွေးမ ဖြစ်သည်။ သူမသည် ဖာရက် ကို မွေးဖွားပြီး ထိုသူသည် ယေရှုခရစ်တော်၏ ဘိုးဘေးဖြစ်သည်။ *ဒါဝိဒ်မင်းကြီးတွင် တာမာ ဟုခေါ်သော သမီးရှိ ပြီး သူမသည် အဗရှလုံ၏ နှမ ဖြစ်သည်။ သူမ၏ ဝမ်းကွဲ အကို အာမနုန်သည် အဓမ္မပြုကျင့်၍ ထားခဲ့သည်။ *အဗရှလုံတွင်လည်း တာမာ ဟုခေါ်သော သမီးတစ်ယောက်ရှိသည်။ *ဧဒုံ ပြည်တွင် အ​​င်္ဂေဒိအမည်ကို ဟာဇဇုန္တာမာ ဟုခေါ်သည်။ ဗာလ တာမာ ဟုလည်းခေါ်နိုင်သည်။ တာမာလို့ ယေဘုယျ ရည်ညွှန်းထားသော နေရာများဟာ မြို့များလည်းဖြစ်နိုင်သည်။


တာရှု

အချက်အလက်

ဓမ္မဟောင်းထဲတွင် တာရှု အမည်ဖြင့် လူ နှစ်ယောက် ရှိသည်။ မြို့နာမည်လည်း ရှိသည်။ *ယာဖက် ၏ မြေးတစ်ယောက်အမည်သည် တာရှု ဖြစ်သည်။ တာရှုသည် ညဏ်ပညာရှိသော ဘုရင်အာရွှေရု၏ အမည်လည်းဖြစ်သည်။ *တာရှုမြို့သည် အလွန် ကြွယ်ဝချမ်းသာသော ဆိပ်ကမ်းမြို့ ဖြစ်ပြီး သူတို့ပိုင်ဆိုင်သော သင်္ဘော များအားဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူရန် သို့မဟုတ် ​ရောင်းချရန် သို့မဟုတ် ကုန်သွယ်ရန် သယ်ဆောင်သည်။ *တာရှုမြို့ဟာ တုရုမြို့နှင့် ဆက်စပ်မှုရှိပြီး ဖိနိတ် လူများနေထိုင်သော ဣသရေလနိုင်ငံနှင့် အလှမ်းဝေးတယ်။ စပိန်နိုင်ငံ တောင်ဘက် ပင်လယ် ကမ်းခြေတွင် တည်ရှိသည်။ *ဓမ္မဟောင်းကျမ်းထဲရှိ ပရောဖက် ယောနသည် နိနဝေမြို့သို့ သွားရန် စေခိုင်းသောဘုရားရဲ့စကားကို နားထောင်မည့်အစား တာရှုမြို့သို့ သင်္ဘောဖြင့် သွားခဲ့သည်။


တာရှု

အချက်အလက်

တာရှုမြို့သည် ကြွယ်ဝချမ်းသာပြီး ရောမမြို့ရှိ ကိလိကိပြည်တွင်တည်ရှိပြီး ယခုချိန်တွင် တူရကီနိုင်ငံ တောင်ဘက်တွင် ရှိသည်။ *တာရှုမြို့သည် အဓိကကျသော မြစ်တလျှောက်တွင် တည်ရှိပြီး မြေထဲပင်လယ်၏ အနီးတွင်ရှိသည်။ ၎င်းသည် ကုန်သွယ်ရေးတွင် အရေးပါသော အစိတ်အပိုင်းတွင် ပါဝင်သည်။ *သမိုင်းတွင်လည်း ကိလိကိပြည်၏ အချက်အချာကျသော မြို့တော် ဖြစ်သည်။ *ဓမ္မသစ်ကျမ်းတွင် တာရှု မြို့သည် တမန်တော်ရှင်ပေါလု၏ ဇာတိမြို့ဖြစ်သည်။


တိတု

အချက်အလက်

တိတုသည် တပါးအမျိုးသားဖြစ်ပြီး တမန်တော်ရှင်ပေါလုအားဖြင့် ပြောင်းလဲလာသည့် ယုံကြည်သူ တစ်ဦး ဖြစ်သည်။ သူသည် ပေါလုအားဖြင့် ကနဦး အသင်းတော်မှာ ခေါင်းဆောင်တစ်ဦး အနေဖြင့် ပါဝင်ခဲ့သည်။ *ပေါလုရေးသားခဲ့သော စာစောင်သည် တိတု ကို ပေးသော စာစောင်ဖြစ်ပြီး ဓမ္မသစ်ကျမ်းထဲတွင်တစ်ခု အပါအဝင် ဖြစ်သည်။ *ဤဩဝါဒစာတွင် ပေါလုက တိတုကို ကရေတေကျွန်းပေါ်ရှိ အသင်းတော်မှာ အကြီးအကဲ တစ်ဦးအဖြစ် ခန့်အပ်ခဲ့သည်။ *အချို့ သော စာစောင်များတွင် ပေါလုက တိတုကို ခွန်အားပေးတတ်သောသူ နှင့် ဝမ်းမြောက်ခြင်းကို သယ်ဆောင်လာသူဟု ဖော်ပြထားသည်။


တိ​မောသေ

အချက်အလက်

တိမောသေသည် ရှင်ပေါလုအားဖြင့် ခရစ်တော်ကို ယုံကြည်သူဖြစ်လာခဲ့၍ လုတ္တရမြို့၌နေထိုင်သော လူငယ်တစ်ဦးဖြစ်သည်။ထို့နောက် တိမောသေသည် ရှင်ပေါလုရဲ့ ဧဝံဂေလိခရီးစဉ်များတွင် ပါဝင်ရင်း အသစ်သော ယုံကြည်သူများကို ကူညီပေးခဲ့သည်။ *တိမောသေရဲ့ အဖေဟာ ဂရိလူမျိုး ဖြစ်၍ သူ့အဖွားလောဣနဲ့ အမိဥနိတ်တို့မှာ ယုဒယုံကြည်သူများဖြစ်ကြသည်။ *သင်းထောက်များနှင့် ရှင်ပေါလုတို့က တိမောသေအပေါ် လက်တင်ဆုတောင်းပေးကာ အမှုတော်အတွက် ဆက်ကပ် စေခံစေခဲ့သည်။ *ရှင်ပေါလုရေးသားခဲ့သော ဓမ္မသစ်ကျမ်းထဲတွင် (တိမောသေဩဝါဒ ပဌမစောင် နဲ့ တိမောသေဩဝါဒ ဒုတိယစောင်) အသင်းတော်ရှိ တိမောသေကဲ့သို့ ငယ်ရွယ်သော ခေါင်းဆောင်များအတွက် လမ်းညွှန်မှုပေး ခဲ့သည်။


တိရဇာ

အချက်အလက်

တိရဇာမြို့ဟာ ဣသရေလလူမျိုးများ သိမ်းပိုက်ခဲ့သည့် ခါနန်မြို့ထဲမှ အရေးကြီးသော မြို့ဖြစ်သည်။ မနာရှေမှ ဆင်းသက်သော ဂိလဒ်၏ သမီး အမည်လည်း ဖြစ်သည်။ *တိရဇာမြို့သည် မနာရှေမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒေသမှာ တည်ရှိသည်။ ရှေခင်မြို့၏ အရှေ့ ဘက် ၁၀ မိုင် အနီးတွင်တည်ရှိသည်။ *နှစ်အနည်းငယ်ကြာသော အခါ ဣသရေလနိုင်ငံကို ဘုရင်လေးပါးအုပ်စိုးသည့်အချိန်မှာ တိရဇာမြို့သည် မြောက်ဘက်ဣသရေလနိုင်ငံ၏ ယာယီမြို့တော် ဖြစ်လာသည်။ *တိရဇာဟာ မနာရှေ၏ မြေးမတွေထဲမှ တစ်ဦး၏အမည်ဖြစ်ပြီး အမွေမြေကို ဆက်ခံရန် ညီအစ်ကိုများ မရှိသည့်အတွက် သူမ၏တောင်းဆိုခြင်းသည် နောက်ပိုင်းတွင် ထုံးတမ်းစဉ်လာတစ်ခု ဖြစ်လာခဲ့သည်။


တုခိတ်

အချက်အလက်

တုခိတ်သည် တမန်တော်ရှင်ပေါလု၏ သာသနာ့လုပ်ငန်းကို ကူညီသောသူဖြစ်သည်။

  • ရှင်ပေါလု၏ အာရှဒေသ သာသနာပြုခရီးစဉ်တွင် တိခိတ်လည်း လိုက်ပါခဲ့ကြောင်းတွေ့ရသည်။
  • ရှင်ပေါလုသည် တိခိတ်အား ကြိုးစားရိုးသားသူ၊ ခင်မင်တတ်သူအဖြစ်ချီးကျူးဖော်ပြသည်။
  • တိခိတ်သည် ရှင်ပေါလုရေးသော စာစောင်များကို ဧဖက်မြို့နှင့် ကောလောသဲမြို့များသို့ ပို့ဆောင်ပေးသည်။

တုဗလ

အချက်အလက်

ဓမ္မဟောင်းကျမ်းတွင် 'တုဗလ' အမည်ရှိသော လူများစွာရှိသည်။

  • ယာဖက်တွင် 'တုဗလ' အမည်ရှိသော သားရှိသည်။
  • ကာဣနမျိုးနွယ်ထဲမှ လာမက်သည် တုဗလကာဣနအမည်ရှိသား တစ်ယောက်ရှိသည်။
  • တုဗလသည် ပရောဖက် ဟေရှာယနှင့် ယေဇကျေလတို့က ဖော်ပြသော လူစုအမည်ဖြစ်သည်။

တုရုမြို့၊ တုရုမြို့သားများ

အချက်အလက်

တုရုမြို့သည် ခါနန်လူမျိုးများ နေထိုင်ရာမြို့ဖြစ်ပြီး မြေထဲပင်လယ်ကမ်းခြေ လက်ရှိလက်ဘနွန်နိုင်ငံတွင် တည်ရှိသည်။ ၎င်းမြို့နေလူများကို တုရုမြို့သားများအဖြစ် ခေါ်ဝေါ်ခြင်းဖြစ်သည်။

  • မြို့၏ အစိတ်အပိုင်းတစ်ချို့သည် ကမ်းခြေမှ တစ်ကီလိုမီတာအကွာရှိ ကျွန်းများအထိကျယ်ပြန့်သည်။
  • သဘာဝအရင်းအမြစ်ဖြစ်သော ထင်းရှူးသစ်များထွက်ရှိခြင်း၊ အခြားကုန်ထုတ်လုပ်ငန်းများ အခြေချသော ဆိပ်ကမ်းမြို့ဖြစ်သဖြင့် ချမ်းသာသောမြို့လည်းဖြစ်သည်။
  • တုရုဘုရင် ဟိရံသည် ဒါဝိဒ်မင်းကြီး၏ နန်းတော်တည်ဆောက်ခြင်းကို ထင်းရှူးသစ်နှင့် ကျွမ်းကျင်သော လုပ်သားများကို စေလွတ်ခြင်းဖြင့် ကူညီသည်။
  • ရှောလမုန်နန်းတက်သောအခါမှာလည်း ဗိမာန်တော်ကို တည်ဆောက်ရန်အလို့ငှါ ထင်းရှူးသစ်နှင့် ကျွမ်းကျင်လုပ်သားများကို စေလွတ်ပြီး ရှောလမုန်ဘုရင်ထံမှ ဂျုံနှင့် သံလွင်ဆီများကို လက်ခံရရှိသည်။
  • တုရုမြို့သည် ရှေးဟောင်းမြို့ဖြစ်သော ဇိဒုန်မြို့နှင့် မဟာမိတ်ပြုလေ့ရှိသည်။ ထိုမြို့များသည် ခါနန်လူမျိုးဟုခေါ်သော ဖိနိတ်လူမျိုးများ၏ အထင်ကရမြို့ကြီးများဖြစ်သည်။

တေရ

အချက်အလက်

တေရသည် နောဧ၏ သားရှေမမှ ဆင်းသက်လာသည်။ အာဗြံ၊ နာခေါ် နှင့် ခါရန်၏ ဖခင်လည်းဖြစ်သည်။

  • တေရသည် ဥရမြို့ကို ထားခဲ့ပြီး သူ၏သား အာဗြံ၊ သူ၏တူ
  • လောတနှင့် အာဗြံ၏ မိန်းမ စာရဲ တို့နှင့်အတူ ခါနာန် ပြည်သို့သွားကြသည်။
  • ခါနန်သို့သွားသောလမ်းတွင် တေရနှင့်သူ၏မိသားစုများသည် မေသောပေါဘာမိတိုင်း ခါရန် မြို့တွင် နေထိုင်ခဲ့သည်။ တေရသည် ခါရန်မြို့တွင် အသက် နှစ်ရာ့ငါးနှစ်တွင် သေဆုံးခဲ့သည်။

ဒန်

အချက်အလက်

ဒန် သည် ဣသရေလအမျိုးနွယ် ၁၂ ခု ထဲမှ ယာကုတ်၏ ၅ ယောက်မြောက်သား ဖြစ်သည်။ ဒန် မျိုးနွယ်စုများသည် ကာနန်ပြည်မြောက်ပိုင်းသို့ ပြောင်းရွေ့နေထိုင်ကြပြီး ယင်းဒေသကို "ဒန်နယ်" ဟု သမုတ် ခေါ်၀ါခဲ့ကြသည်။

  • အာဗြဟံခေတ်တွင် ဒန် မြို့သည် ယေရုဆလင်မြို့၏အနောက်ဖက်တွင် တည်ရှိသည်။
  • နှစ်ကာလ အတန်ကြာတော် ဣသရေလလူမျိုးတို့သည် ဂတိတော်တိုင်းပြည်သို့ ၀င်ရောက်လာကြပြီး ယေရုဆလင်မြို့မြောက်ဖက် မိုင် ပေါင်း ၆၀ ကွာ‌ဝေးသည့် နေရာတွင် ဒန်မြို့သစ် ကို တည်ထောင်ကြပါသည်။
  • "ဒန်လူမျိုးများ" သည် ဒန် မှ ဆင်းသက်လာသော မျိုးနွယ်စုများကို ခေါ်ဆိုခြင်း ဖြစ်သည်။

ဒမတ်စကတ်မြို့၊

အချက်အလက်

ဒမတ်စကတ်မြို့သည် ဆီးရီးယားနိင်ငံ၏မြို့တော်ဖြစ်သည်။ ယနေ့တိုင် သမ္မာကျမ်းစာထဲမှာဖော်ပြထားသည့်နေရာမှာပင်ရှိနေသည်။

  • ဒမတ်စကတ်မြို.သည် ယနေ့ထိတိုင်ရှိသေးသည့် ကမ္ဘာ့ရှေးအကျဆုံးမြို့ဖြစ်သည်။
  • အာဗြဟံခေတ်တွင် ဒမတ်စကတ်မြို့သည် အာရမ်ပြည်၏မြို့တော် ဖြစ်ခဲ့သည်။
  • ဓမ္မဟောင်းကျမ်းမှာဖော်ပြထားသော အထောက်အထားများအရ ဣသရေလလူမျိုးများ၏ ဒမတ်စကတ်မြို့နှင့်ပတ်သက်ဆက်နွယ်နေသောအမွေအနှစ်နှင့်အချက်အလက်ပေါင်းများစွာတွေ့ရှိနိင်သည်။
  • ဒမတ်စကတ်မြို့ဖျက်ဆီးခံရမည့်အကြောင်း ပရောဖတ်များ၏ ဟောပြောချက်များကိုလည်း ကျမ်းပိုက် အများအပြားတွင် တွေ့ရှိနိင် ပါသည်။ ဓမ္မဟောင်းခေတ်တွင် အာဆီးရီးယားလူမျိုးများက ဒမတ်စကတ်မြို့တိုက်ခိုက်ဖျက်ဆီးခြင်းနှင့် နောက်ပိုင်းတွင် ပိုမိုပျက်စီးယိုယွင်းနေခြင်းသည် ပရောဖက်များ၏ ဟော‌ပြောချက်များပိုမိုပြည့်စုံမှန်ကန်စေခဲ့ပါသည်။
  • ဓမ္မသစ်ကျမ်းတွင်မူ ဖါရိရှဲရှောလု(နောက်ပိုင်းတွင် ပေါလု ဟုအမည်တွင်သူ) သည် ခရစ်ယာန်များကို ဖမ်းဆီးနှိပ်စက်ရန် ဒမတ်စကတ်မြို့သို့သွားနေစဉ် လမ်းတွင် ယေရှု၏ တွေ့ဆုံဖမ်းစားခြင်းခံရပြီး ယုံကြည်သူတစ်ဦီးအဖြစ်သို့ပြောင်းလဲလာခဲ့ပါသည်။

ဒံယေလ၊

အချက်အလက်

ဒံယေလသည် ဗာဘုလုန် ရှင်ဘုရင်ကြီး နေဗုခဒ်နေဇာက ဘီစီ ၆၀၀ ခန့် တွင် ဣသ‌ရေလလူမျိုးများတိုက်ခိုက်သိမ်းပိုက်ချိန်၌ ပါ၀င်သော အသက်အငယ်ဆုံး ပရောဖက် တစ်ပါး ဖြစ်သည်။

  • အဲဒီအချိန် သည် ယုဒပြည်မှ ဣသရေလလူမျိုးများ ဗာဘုလုန် နိင်ငံသို့ အနှစ် ၇၀ ကြာ သိမ်းပိုက် ခေါ်ဆောင်သွားခြင်းခံရသည့် အချိန် ဖြစ်သည်။
  • ဒံယေလကိုတော့ ဗာဘုလုန် နာမည်သစ် "ဗေလတရှာဇာ"ပေးပါသည်။
  • ဒံယေလသည် ရိုးသားဖြောင့်မတ်ပြီး ဘုရားသခင်ကို ယုံကြည်ကိုးစားသော လူငယ်တစ်ပါး ဖြစ်သည်။
  • ဘုရားသခင်သည် ဒံယေလအား ဗာဘုလုန် ရှင်ဘုရင်၏ အိပ်မက်များနှင့်ရုပါရုံများကို ဖွင့်ဆိုပေးနိင်စွမ်းပေးခဲ့သည်။
  • သူရဲ့စွမ်းဆောင်ရည်နှင့် ကြိုးစားအားထုတ်မှုကြောင့် ဒံယေလမှာ ဗာဘုလုန် အင်ပါယာ၏မြင့်မား သော ရာထူးတာဝန်ပေးအပ်ခြင်းခံခဲ့ ပါသည်။
  • နှစ်ပေါင်းကြာလာသော် သူကိုးကွယ်နေသည့် ထာဝရဘုရားကိုစွန့်လွှတ်ပြီး ရုပ်တုကိုးကွယ်ရန် ဒါရိမင်းကြီး၏ လှည့်စားခြင်းကို ခံခဲ့ပါ သည်။ ဒံယေလသည် ထာဝရ ဘုရားကို ဆက်လက်ကိုးကွယ်သောကြောင့် ခြင်္သ့တွင်းထဲသို့ ပစ်ချခြင်း ခံခဲ့သည်။ သို့သော်လည်း ခြင်္သ့တွင်းထဲတွင် ဘုရားသခင်ကာကွယ်စောင့်မ သဖြင့် အနာတစ်ခုမှ မခံစားရချေ။

ဒါ၀ိတ်၏မြို့

အချက်အလက်

"ဒါ၀ိဒ်၏မြို့" ဆိုသည်မှာ ယေရုရှလင်နှင့် ဗက်လင်မြို့ ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။

  • ယေရုရှလင် သည်ဣသရေလတို့ကိုအုပ်ချုပ်စဉ် ဒါ၀ိဒ်ဘုရင်နေထိုင်သောမြို့ဖြစ်သည်။
  • ဗက်လင်မြို့သည် ဒါ၀ိဒ်မွေးဖွားသောမြို့ဖြစ်သည်။

ဒါရိ၊

အချက်အလက်

ဒါရိ သည် ပါးရှား ဘုရင်များ၏ အမည် ဖြစ်သည်။ လူနာမည်ထက် ဘွဲ့နာမည်ဖြစ်ဟန်တူသည်။

  • ဒါရိမေဒိ မင်းကြီးသည် ဒံယေလအား ဘုရားသခင်ကို ကိုးကွယ်သည့်အတွက် ခြင်္သ့တွင်းထဲသို့ပစ်ချ ဒဏ်ပေးခဲ့သော ဘာဘီလုံမင်းကြီး ဖြစ်သည်။
  • ပါးရှား ဘုရင် ဒါရိမင်းသည် ဧဇရ နှင့် နေဟမိတို့ ယေရှုဆလင် ဗိမာန်တော်ကြီးတည်ဆောက်သည့်အချိန်တွင် လိုအပ်သည့် ပစ္စည်းများ ပံ့ပိုးပေးခဲ့သည်။

ဒါဝိဒ်

အချက်အလက်

ဒါဝိဒ်သည် ဒုတိယမြောက် ဣသရေလရှင်ဘုရင်ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ကိုးစားသူ တစ်ယောက် ဖြစ် သည်။ သူသည် ဆာလံကျမ်းကို ရေးသားသော အဓိက ပုဂ္ဂိုလ် ဖြစ်သည်။

  • ဒါဝိဒ်သည် ငယ်စဥ် ကမိသားစုပိုင် သိုးများထိန်းကျောင်းခဲ့သူ ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဣသရေလလူမျိုးများ၏ရှင်ဘုရင်အဖြစ် ဘုရားသခင်ခန့်ထားတော်မူခဲ့သည်။
  • ဒါဝိဒ်သည် ရဲရင့်သော စစ်သူကြီးတစ်ဦး ဖြစ်လာပြီး ဣသရေလလူမျိုးများစစ်တိုက်ရာတွင် ပါဝင်ဦးဆောင်ခဲ့ပါသည်။ ဖိလိတ္တိပြည်သားစစ်သူကြီးဂေါ်လျက်ကိုသတ်ဖြတ်နိင်ခြင်းဖြင့်လူသိများခဲ့သည်။
  • ရှောလုဘုရင်သည် ဒါဝိဒ်ကို လုပ်ကြံရန် ကြိုးစားခဲ့သည်၊ သို့သော် ဘုရားရှင် ကာကွယ်ခဲ့၍ ရှောလု ကွယ်လွန်သွားသည့်နောက်ပိုင်းတွင် ရှင်ဘုရင် ဖြစ်လာခဲ့ သည်။
  • ဒါဝိဒ် အပြစ်ကျူးလွန်မိ သော်လည်း ပြန်လည်နောင်တရ သဖြင့် ဘုရား သခင် ခွင့်လွှတ်ပေးခဲ့ သည်။
  • မေရှိယ ယေရှုသည် ဒါဝိဒ်မင်းမျိုးနွယ်မှ ဆင်းသက်ပေါက်ဖွားလာသူဖြစ်သဖြင့် "ဒါဝိဒ်၏သား"ဟု ခေါ်ဝေါသမုတ်ခြင်း ဖြစ်သည်။

ဒါဝိဒ်အိမ်၊ ဒါဝိဒ်အမျိုး

အချက်အလက်

"ဒါဝိဒ်အိမ်" သည် ဒါဝိဒ်ရှင်ဘုရင်၏ မိသားစု (သို့) ဒါဝိဒ်ရှင်ဘုရင်မှ ဆင်းသက်လာသော မျိုးဆက်ကို ဆိုလိုသည်။

  • "ဒါဝိဒ်အိမ်"ကို ဒါဝိဒ်မျိုးဆက် (သို့) ဒါဝိဒ်မိသားစု (သို့) ဒါဝိဒ်မျိုးနွယ် စသည်ဖြင့် ပြန်လည်ရေးသား၍ ရသည်။
  • သခင်ယေရှုသည်လည်း ဒါဝိဒ်မျိုးရိုးမှ ဆင်းသက်လာသဖြင့် "ဒါဝိဒ်မိသာစု" ဖြစ်သည်။
  • အချို့သောနေရာများတွင် "ဒါဝိဒ်အိမ်" (သို့) "ဒါဝိဒ်မိသားစု" သည် ဒါဝိဒ်မိသားစုမှ အသက်ရှင်နေသေးသောလူများကို ဆိုလိုသည်။
  • အများအားဖြင့် "ဒါဝိဒ်အမျိုး" ဟု ဆိုရာတွင် ဒါဝိဒ်ရှင်ဘုရင်မှ ဆင်းသက်လာသူအားလုံးကို သမိုင်းကြောင်းအရ အကျုံးဝင်သော အသုံးအနှုံးဖြစ်သည်။

ဒေလိလ၊

အချက်အလက်

"ဒေလိလ" သည် ဖိလိတ္တိလူမျိုး အမျိုးသမီး တစ်ဦးဖြစ်ပြီး ရှံဆုန်၏ချစ်သူ ဖြစ်သည်။ သို့သော် မပေါင်းသင်းခဲ့ပါ။

  • ဒေလိလသည် ရှံဆုန် ထက် ပိုက်ဆံ ပိုမိုမက်မောခဲ့ သည်။
  • ဖိလိတ္တိလူမျိုးများသည် ဒေလိလကို လာဘ်ထိုးပြီး၊ ရှံဆုန် မည်ကဲ့သို့ သူ့ရဲ့အင်အားလျော့ကျနိင်မည်ကို ပြောပြ စေသည်။ ရှံဆုန်၏ အင်အားကျလာချိန်တွင် ဖိလိတ္တိလူမျိုးများ သူ့ကို ဖမ်းဆီး သည်။

နာခေါ်

အချက်အလက်

နာခေါ် ဟုခေါ် သောနာမည်သည်အဗြံဟံ၏အမျိုးဖြစ်သော အဖိုးနှင့် ညီတို့၏နာမည်ဖြစ်သည်။

  • အဗြံဟံ၏ညီ‌နာခေါ်သည်ဣဇက်၏ဇနီးရေဗက္က၏အဖိုးဖြစ်၏။
  • "နာခေါ်၏မြို့"သည်"နာခေါ်အမည်မှည့်သောမြို့"သို့မဟုတ်"နာ ခေါ်နေထိုင်ခဲ့သောမြို့"သို့မဟုတ်"နာခေါ်၏မြို့တော်"ဟုအဓိပ္ပါယ် ရသည်။

နာဇရက်၊ နာဇရက်မြို့သား

အချက်အလက်

နာဇရက်မြို့သည် ဣသရေလနိုင်ငံ၏မြောက်ပိုင်း၌ရှိသောမြို့ ဖြစ်သည်။ ယေရုရှလင်မြို့ မှကီလိုမီတာ ၁၀၀ ခန့် ကွာဝေးပြီး၊ ခြေလျှင်ဖြင့်သွားပါက သုံးရက် မှ ငါးရက် ကြားနိုင်သည်။

  • ယောသပ်နှင့်မာရိသည် နာဇရက်မြို့၌နေကြ၏ သခင်ယေရူကြီးပြင်းသောမြို့ဖြစ်သောကြောင့်"နာဇရက်မြို့သား" ဟုခေါ်၏။
  • နာဇရက်မြို့ရှိယုဒလူမျိုးအများစုသည် သခင်ယေရူကိုသာမန် လူတစ်ဦးဟူ၍ခံယူသောကြောင့် ကြည်ညိုလေးစားခြင်းမရှိကြ။
  • တစ်ချိန်တစ်ခါက နာဇရက်မြို့တရားဇရပ်၌ တရားဟောပြော စဥ်တွင် မိမိကိုယ်ကို မေရှိယဟူ၍​ေဖော်ပြသောကြောင့်၎င်း၊ ယုဒလူ တို့ကိုဆိုဆုံးမသောကြောင့်၎င်း သခင်ယေရူကိုအသေသက်ရန် ရှာကြံကြ၏။
  • သခင်ယေရူသည်နာဇရက်မြို့မှလာသည်ဟု နသနေလကြား သောအခါအထင်မကြီးသောကြောင့် နာဇရက်မြို့သည်ကောင်း သောအရာမထွက်နိင် မှတ်ချက်ပေးခဲ့သည်။

နာသန်

အချက်အလက်

ဒါဝိဒ်မင်းကြီးအုပ်စိုးနေသောအချိန်၌ ဘုရားသခင်အပေါ် သစ္စာရှိသောပရောဖတ်တစ်ပါးဖြစ်သည်။

  • ဥရိယအပေါ်မှာ ဒါဝိဒ်မင်းကြီးပြစ်မှားသည့်အခါ ဘုရားသခင်က ပရောဖတ်နာသန်ကိုစေလွတ်ခဲ့သည်။
  • ဒါဝိဒ်မင်း၏ စိတ်နှောက်ယှက်မှုဖြစ်မည်ကိုသိသော်လည်း ဒါဝိဒ်မင်း ကိုဆုံးမခဲ့သည်။
  • ဒါဝိဒ်သည် နာသန်နှင့်တွေ့ဆုံးပြီးနောက် နောင်တရခဲ့သည်။

နာသာလိ

အချက်အလက်

နာသာလိသည် ယာကုပ်၏ ဆဌမမြောက်သားဖြစ်၏။ သူ၏သားစဥ်မြေးဆက်ကိုလည်ခေါ်၏။ ဣသရေလဆယ့်နှစ်မျိုး၏ တစ်ဆက်လည်းဖြစ်သည်။

  • "ရံဖန်ရံခါနာသာလိ"သည်"နာသာလိအမျိုးနေထိုင်သောနေရာ" ရည်ညွန်းသည်။ (See: synecdoche)
  • နာဿလိဒေသသည် ဣသရေလနိုင်ငံ၏မြောက်ဖက်ပိုင်းဒန်နှင့် အရှာအမျိုးများနေထိုင်ရာ ဂနေသရက်ဒေသအနား၌ရှိသည်။
  • သမ္မာကျမ်းစာ၏ဓမ္မသစ်နှင့်ဓမ္မဟောင်းထဲတွင်ဤအမျိုးကိုဖေါ် ပြထားသည်။

နာဟုံ၊ နာဟုံအနာဂတ္တိကျမ်း

အချက်အလက်

နာဟုံသည်ယုဒနယ်ကို ဆိုးသွမ်းသော ရှင်ဘုရင်မနာရှေ အုပ်စိုးသည့်အချိန်၌ ပရောဖတ်ပြုသောသူဖြစ်သည်။

  • နာဟုံသည်ယေရုရှလင်မြို့မှ မိုင်နှစ်ဆယ်ဝေးသော ဧလကောရှ ရွာမှလာသောသူဖြစ်၏။
  • ဓမ္မဟောင်းကျမ်း၌နာဟုံအနာဂတ္တိကျမ်းသည် အရူရိနိင်ငံနိနေဝေမြို့ကြီး ပျက်စီးမည့်အကြောင်းရေးသားထားသည်။

နိနေဝေ၊ နိနေဝေမြို့သား

အချက်အလက်

နိနေဝေမြို့သည် အာရူရိပြည်၏မြို့တော်ဖြစ်၍ ဤမြို့၌နေသောသူကို "နိနေဝေမြို့သူ/သား" ဟုခေါ်သည်။

  • နိနေဝေမြို့သားများ၏ ကောက်ကျစ်စဥ်းလဲသောအကျင့်မှပြောင်းလဲဖို့ ဘုရားသခင်သည် ယောနကိုစေလွတ်သည်။
  • အရူရိပြည်သူပြည်သားများသည် ဘုရားသခင်၏အစေကိုမခံတော့ပါ။ ဣသရေလပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီး နိနေဝေမြို့သို့ခေါ်ဆောင်သွားကြသည်။

နိုင်းမြစ်၊ အဲဂုတ္တုပြည်၏မြစ်၊ နိုင်း

အချက်အလက်

နိုင်းမြစ်သည် အဲဂုတ္တုပြည်၏မြောက်ပိုင်းမှမြေထဲ ပင်လယ်ထဲသို့စီးဆင်းသောမြစ်ဖြစ်သည်။

  • နိုင်းမြစ်သည်ကျယ်ဝန်ရှည်လျားပြီး မြောက်ဖက်မှအဖရိကတိုက်သို့ စီးဆင်းသောမြစ်ဖြစ်၍
  • အဲဂုတ္တုပြည်၏အဓိ ကမြစ်ဖြစ်၏။
  • နိုင်းမြစ်ဝှမ်းသည် မြေသြဇာကောင်း၍ စိုက်ပျိုးသီးနှံ အလွန်ဖြစ်ထွန်လာသည်။
  • နိုင်းမြစ်ဝှမ်းတစ်လျှောက်လုံးတွင် မြေသြဇာကောင်းသည့်အပြင် ရေထွက်ရာအဓိကအရေးအမြစ်ဖြစ်၍ အဲဂုတ္တုပြည်သူပြည်သားအများစု နေထိုင်ကြသည်။
  • နိုင်းမြစ်ဝှမ်းတစ်လျှောက်သည် မြေသြဇာကောင်းသောကြောင့် ဣသရေလလူမျိုးများသည် ‌ဂေါရှင်အရပ်၌နေကြသည်။
  • သူငယ်မောရှေသည်ဖါရောဘုရင်၏ စစ်တပ်မှလွတ်နိုင်ရန် သူ၏မိဘများကို နိုင်းမြစ်၏ကျူပင်ကြား၌ ဝှတ်ထားသည်။

နေဗုခဒ်နေဇာ

အချက်အလက်

နေဗုခဒ်နေဇာရှင်ဘုရင်သည် ဗာဗုလုန်အင်ပါယာကိုအုပ်စိုးပြီးအခြား သောလူမျိုးစုများနှင့် တိုင်းပြည်များကိုသူ၏ စစ်တပ်အားဖြင့်သိမ်း ပိုက်သောဘုရင်ဖြစ်သည်။

  • နေဗုခဒ်နေဇာ၏ဦးဆောင်မှုဖြင့် ဗာဗုလုန်တပ်တို့သည် ယုဒပြည်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးယုဒလူအများစုကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုပြည်၌အနှစ်ခုနစ်ဆယ်နေရသောကြောင့် "ဗာဗုလုန်ပြည်သို့ဖမ်းဆီးခေါ် ဆောင်ခြင်း"ဟုသိရသည်။
  • ခေါ် ဆောင်သူများထဲမှ ဒံယေလသည် နေဗုခဒ်နေဇာ၏ အိမ်မက်အနက်အဓိပ္ပါယ်ကို ပြောပြသူဖြစ်သည်။
  • ဖမ်းဆီးခေါ်ဆောင်သွားသော ဣသရေလအမျိုးထဲမှ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့သည် နေဗုခဒ်နေဇာပြလုပ်သောရုပ်တုကြီးရှေ့၌ ဒူးထောက်ရန် ငြင်းဆိုသောကြောင့် မီးဖိုကြီးထဲသို့သွင်းခြင်း ခံရသည်။
  • နေဗုခဒ်နေဇာသည်မာနကြီးသောသူဖြစ်ပြီး မမှန်သောဘုရားကိုကိုးကွယ်ပြီ၊ ယုဒပြည်ကိုသိမ်းပိုက်သောအခါ ယေရုရှလင်၏ဗိမ္မာန်တော်မှာ ရွှေငွေပစ္စည်းများကိုသိမ်းယူခဲ့သည်။
  • နေဗုခဒ်နေဇာသည်မမှန်သောဘုရားကို ကိုးကွယ်ခြင်းမှ ပြန်လာခြင်းကိုငြင်းဆိုသောကြောင့် ခုနစ်နှစ်လုံးခိုကိုးရာမဲ့ဖြစ်စေလျက်၊ တိရစ္ဆာန်ကဲ့သို့နေရ၏။ ခုနစ်နှစ်ကြားပြီးနောက် နေဗုခဒ်နေဇာသည်နှိမ့်ချပြီး ထာဝရဘုရားသခင်ကိုချီးမွမ်းသောအခါ ဘုရားသခင်သည်သူ့ကိုနေရာ၌ ပြန်ထားလေသည်။

နေမန်

အချက်အလက်

ဓမ္မဟောင်းကျမ်းတွင် ဗိုလ်ချုပ်နေမန်သည် ရူရိရှင်ဘုရင်၏စစ်တပ်ဖြစ်သည်။

  • နေမန်သည် ကုသ၍မရသော နူနာရောဂါဟုခေါ်သော အရေပြားရောဂါစွဲကပ်လျက်ရှိသည်။
  • နေမန်၏အိမ်၌ရှိသော ဣသရေလအမျိုးကျွန်မက ပရောဖတ်ဧ လိရှဲထံသို့သွား၍ ကုသခံရန်အကြံပေးလေ၏။
  • ပရောဖတ်ဧလိရှဲက ဗိုလ်ချုပ်နေမန်ကို ယော်ဒန်မြစ်၌ ခုနစ်ကြိမ် ရေချိုးရန် အကြံပေးတော်မူ၏။ ဗိုလ်ချုပ်နေမန်သည်ထိုအကြံကို လက်ခံသောအခါ ဘုရားသခင်သည်သူ၏အနားကို ပျောက်စေ
  • တော်မူ၏။
  • ဤသို့အားဖြင့် ဗိုလ်ချုပ်နေမန်သည် တစ်ဆူတည်သောဘုရား ဖြစ်သည့် ထာဝရဘုရားသခင်ကိုယုံကြည်၏။
  • ယာကုပ်၏သားဗယ်ာမိန် မှဆင်းသက်သော သားစဥ်မြေးဆက် တွင် အခြားနေမန်နှစ်ဦးရှိ၏။

နေဟမိ

အချက်အလက်

ဗာဗုလုန်သို့ ယုဒလူမျိုးနှင့် ဣသရေလလူမျိုးကိုဖမ်းဆီးခေါ်ဆောင်သွားသောအခါ နေဟမိလည်းပါဝင်ခဲ့သည်။

  • နေဟမိသည် ပေရသိမင်းအာတာဇေရဇ်၏ဖလားတော်ကိုင်သူဖြစ်ပြီး၊ ယေရုရှလင်မြို့သို့ ပြန်ရန်အခွင့်တောင်းလေသည်။
  • ဗာဗုလုန်တို့ဖျက်ဆီးခဲ့သောယေရုရှလင်မြို့ရိုးပြန်လည်တည်ဆောက်ရာတွင် ဣသရေလလူမျိုးများကို နေဟမိကဦးဆောင်ခဲ့သည်။
  • ရှင်ဘုရင်၏နန်းတော််သို့ပြန်မသွားခင် နေ‌ဟမိသည်ယေရှရှလင်၏ မြို့ဝန်အဖြစ်ဆယ့်နှစ်နှစ်ကြာအုပ်ချုပ်ခဲ့သည်။
  • ဓမ္မဟောင်းကျမ်းထဲမှ နေဟမိမှတ်စာသည် ယေရုရှလင်မြို့ရိုးတည်ဆောက်ခြင်းနှင့် မြို့အုပ်ချုပ်ခြင်းအကြောင်းကိုခဖါ်ပြသည်။
  • အခြားသောနေဟမိများလည်းရှိ၏။ များသောအားဖြင့်ဓမ္မဟောင်းထဲ၌ပရောဖက်နေဟမိနှင့် ခွဲခြားနိုင်ရန်သူတို့၏ဖခင်နာမည်များကိုထည့်သွင်းရေးသားလေရှိသည်။

နောဧ

အချက်အလက်

နောဧသည်လွန်ခဲ့သော နှစ်ပေါင်း လေးထောင်ကျော်လောက်က်အသက်ရှင်သောသူဖြစ်ပြီး၊ ထိုအချိန်က မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ ဘုရားသခင်သည်ရေလွမ်းမိုးခြင်းဖြင့်ဖျက်ဆီးခဲ့သည်။ နောဧနှင့် မိသားစုသည် အသက်ရှင်နိင်ရန်သ​​င်္ဘောကြီးကိုဆောက်ဖို့ဘုရားသခင်မိန့်တော်မူသည်။

  • နောဧသည်ဘုရားသခင်ကို နာခံ၍ ဖြောင့်မတ်သောသူဖြစ်သည်။
  • နောဧသည်ဘုရားသခင်မိန့်တော်မူသည့်အတိုင်း သင်္ဘာကြီးကိုဆောက်လေသည်။
  • နောဧနှင့်သူ၏မိသားစုများသည် သင်္ဘထဲ၌လုံခြုံစွာနေရ၏။ သူတို့၏သားစဥ်မြေးဆက်များအားဖြင့် ကမ္ဘာကိုလူပြန်ပြည့်စေသည်။
  • ရေလွှမ်းမိုးပြီးနောက် မွှေးဖွားလားသောသူများကို နောဧမှဆင်းသက်လာသူများဖြစ်ကြသည်။

ပင်လယ်၊ ပင်လယ်ကြီး၊ အနောက်ပင်လယ်၊ မြေထဲပင်လယ်

အချက်အလက်

သမ္မာကျမ်းစာထဲ၌ "ပင်လယ်ကြီး၊ အနောက်ပင်လယ်" ဆိုသည်မှာ ယနေ့ချိန်တွင် "မြေထဲပင်လယ်" အဖြစ်သတ်မှတ်ပြီး ကျမ်းရေးသောချိန်၌ရေထုထည်အဆမတန်ကြီးမားဆုံးပင်လယ်ကိုဆိုသည်။

  • မြေထဲပင်လယ်ကို အရှေ့ပိုင်း ဣသရေလပြည်၊ အနောက်မြောက်ဘက် ဥရောပနှင့် တောင်ဘက် အာဖရိက တို့တည်ရှိသည်။
  • ၎င်းပင်လယ်သည် ရှေးခေတ်ချိန်တွင် တိုင်းနိုင်ငံများစွာတို့မှ ပို့ဆောင်ဆက်သွယ်ရေး၊ ကူးသန်းရောင်း၀ယ်ရေးတို့အတွက် အရေးကြီးသော အချက်ဖြစ်သည်။ ထို့ကြောင့် မြို့၊ ရွာစသည်တို့ကို ကမ်းခြေနားတစ်၀ိုက်တွင် တည်ထောင်ကြရာ လှေအားဖြင့်အခြားနိူင်ငံများထံမှ ချမ်းသာကြွယ်၀မှုတွေကိုလွယ်ကူစွာရှာ‌ဖွေနိုင်ကြသည်။
  • ဣသရေလတို့တိုင်းပြည်၏အနောက်ဘက်တွင် တည်ရှိသော ပင်လယ်ကြီးကို တစ်ခါတစ်ရံ "အနောက်ပင်လယ်" အဖြစ်လည်းဖော်ပြခဲ့သည်။

ပြုလုပ်သူ

အချက်အလက်

ယေဘုယျအားဖြင့် "ပြုလုပ်သူ" ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ဖန်တီးခြင်းကို ခေါ်သည်။

  • သမ္မာကျမ်းစာထဲ၌ "ပြုလုပ်သူ"ဟူသောစကားလုံးသည် တစ်ခါတစ်ရံအဖြစ် အရာအားလုံးကို ဖန်ဆင်းသည့်အမည်နာမဖြစ်သော ထာဝရဘုရား ကိုလည်းအသုံးပြုသည်။
  • ပုံမှန်အားဖြင့် ၎င်းစကားလုံးသည် "သူ" သို့မဟုတ် "ကျွန်ုပ်" သို့မဟုတ် "သင်" တို့ဖြင့်ဖွဲ့စည်းထားသော စကားလုံးဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • "ပြုလုပ်သူ" ဟူသောစကားလုံးအား " ဖန်ဆင်းရှင်" သို့မဟုတ် "ဘုရားသခင်ဖန်ဆင်းသည်" သို့မဟုတ် "တစ်ဦးမှ အရာခပ်သိမ်းကိုဖန်ဆင်းသည်" ဟု အနက်ပြန်နိုင်သည်။
  • "သူ့၏ပြုလုပ်သူ"ဟူသောစကားစုတွင် "တစ်ဦးမှ သူ့ကိုဖန်ဆင်းသည်" သို့မဟုတ် " ဘုရားသခင်က သူ့ကိုဖန်ဆင်းသည်" ဟူ၍လည်းအနက်ပြန်နိုင်သည်။
  • "သင်ကိုပြုလုပ်သူ" နှင့် "ကျွန်ုပ်ကိုပြုလုပ်သူ" ဟူသောစကားစုသည် အနက်ဖွင့်သောအခါ တူညီသောသဘောတရားရှိသည်။

ပါဒနာရံ

အချက်အလက်

ပါဒနာရံ‌ဒေသသည် အာဗြဟံနှင့် သူ၏မိသားစုများ ခါနန်ဒေသသို့မ‌‌သွားရောက်မီ နေထိုင်သောဒေသဖြစ်ပါသည်။ အာရံလွင်ပြင်ဟု အဓိပ္ပါယ်ရပါသည်။

  • အာဗြဟံသည် ပါဒနရံမှ ဟာရံကိုစွန့်ခွာပြီး ခါနန်ပြည်သို့ ခရီးထွက်သောအချိန်တွင် သူ့မိသားစုဝင်များသည် ဟာရံအနောက်ဘက်တွင် နားနေပါသည်။
  • နှစ်အတော်ကြာသောအခါ အာဗြဟံ၏အိမ်ဖော်သည် ဣဇာက်အတွက် မယားကိုရှာရန်သူ၏ဆွေမျိုးများ နေထိုင်သောပါဒနာရံသို့သွားရောက်ပြီး ဗေသွေလ၏ သမီးရေဗက္ကကိုတွေ့ရှိပါသည်။
  • ဣဇာက်နှင့်ရေဗက္ကတို့၏သားယာကုပ်လည်းပါဒအာရံသို့ခရီးထွက်၍ဟာရံတွင်နေထိုင်သောရေဗက္က၏ အစ်ကိုလာဗန်၏ သမီးနှစ်ယောက်နှင့်လက်ထပ်ပါသည်။
  • အာရံ၊ ပါဒနရံ နှင့်အာရံ နဟာရီအံ တို့သည် ယခုခေတ် ဆီးရီးယားနိုင်ငံရှိ နေရာဒေသအချို့ ဖြစ်သည်။

ပါရံ

အချက်အလက်

ပါရံသည် စွန့်ပစ်သော သို့မဟုတ် အီဂျစ်ပြည်၏အရှေ့ဘက်ပိုင်း သဲကန္တာရဒေသဖြစ်ပြီး ခါနန် တောင်ပိုင်းတွင် တည်ရှိသည်။ ၎င်းတွင်ပါရံတောင်လည်းရှိပြီး သိနတောင်ဟူ၍လည်း အများသိထားကြသည်။

  • အာဗြဟံ၏ ကျွန်ဖြစ်သောဟာဂရနှင့် ဣရှမေလ သားအမိတို့သည် ပါရံသဲကန္တာရတွင်သွားရောက်နေထိုင်ကြပါသည်။
  • မောရှေသည် အဲဂုတ္တုပြည်မှ ဣသရေလလူမျိုးတို့ထွက်သွားရန် ဦးဆောင်သည့်အချိန်တွင် ပါရံသဲကန္တာရကို ဖြတ်ကျော်ခဲ့သည်။
  • မောရှေသည် သူလျှို ၁၂ ပါးအား ပါရံသဲကန္တာရရှိ ကာဒေရှဗာနာအရပ်မှ ခါနန်ပြည်သို့သွား၍သတင်းပြန်ရန်စေလွှတ်သည်။
  • ဇိနသဲကန္တာရသည် ပါရံမြောက်ပိုင်းတွင်တည်ရှိပြီး သိန်သဲကန္တာရသည် ပါရံတောင်ပိုင်းတွင်ရှိသည်။

ပါလေတ္တိနပြည်၊ ဖိလိတ္တိပြည်

အချက်အလက်

ဖိလိတ္တိပြည်သည် ခါနန်ပြည်၏ တစိတ်တဒေသဖြစ်၍ မြေထဲပင်လယ်ကမ်းရိုးတမ်းတလျှောက်တွင် တည်ရှိသည်။

  • ဤဒေသသည် မြေဩဇာကောင်းသော ကမ်းရိုးတန်းဖြစ်ပြီး မြောက်ဘက်တွင် ယောဘမြို့မှ တောင်ဘက် ဂါဇာမြို့အထိ ရှည်သည်။ အရှည်သည် ၆၄ ကီလိုမီတာရှိပြီး၊ အကျယ်သည် ၁၆ ကီလိုမီတာရှိသည်။
  • ဣသရေလလူမျိုးများ၏ ရန်သူဖြစ်သော ဖိလိတ္တိလူများနေထိုင်ရာ ဖိလိတ္တိပြည်ဖြစ်သည်။

ပိလတ်မင်း

အချက်အလက်

ပိလတ်သည် ရောမအင်ပါယာရှိ ယုဒနယ်ကို အုပ်စိုး၍ ယေရှုကားတိုင်ပေါ်တင်ရန် စီရင်ခဲ့သူဖြစ်သည်။

  • အဘယ့်ကြောင့်ဆိုသော် ပိလတ်သည် အုပ်ချုပ်သူဖြစ်၍ အပြစ်ရှိသူများကို သေစေရန် စီရင်ပိုင်သည်။
  • ယုဒဘာသာရေးခေါင်းဆောင်များမှ ပိလတ်အားယေရှုကို ကားတိုင်ပေါ်သတ်စေချင်ကြသည်။ ထို့ကြောင့် သူတို့သည် လိမ်လည်ပြီး ယေရှု၌ အပြစ်ရှိကြောင်း ပြောကြသည်။
  • ပိလတ်သည် ယေရှုအပြစ်မရှိကြောင်းသိသည်။ သို့ရာတွင် လူအုပ်ပို ကြောက်ပြီး သူတို့ကိုကျေနပ်စေချင်သည်။ ထို့ကြောင့် သူ၏စစ်သားများမှ ယေရှုကို ကားစင်တင်ရန် အမိန့်ပေးခဲ့သည်။

ပုန္တုပြည်

အချက်အလက်

ပုန္တုပြည်သည် ရောမခေတ်၌ ရောမပြည်တွင် တည်ရှိသည်။ ပုန္တုပြည်သည် မြေထဲပင်လယ်၏ တောင်ပိုင်းကမ်းရိုးတန်း၊ ယခု တူရကီနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသည်။

  • တမန်တော်ဝတ္ထုတွင် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ ပုန္တုပြည်က လူတွေလည်း လာကြသည်ဟု တွေ့ရသည်။
  • ယုံကြည်သူ အာနနိသည် ပုန္တုပြည်က ဖြစ်သည်။
  • နေရာအနှံ့ ပျံ့နှံ့နေသော ယုံကြည်သူများထံ ရှင်ပေတရုက စာရေးသောအခါ ပုန္တုပြည်ဟူသော အမည်ကိုလည်း ဖော်ပြထားသည်။

ပေဂုရ၊ ပေဂုရတောင်၊ ဗာလပေဂုလ

အချက်အလက်

ပေဂုရနှင့် ပေဂုရတောင်သည် မောဘဒေသတွင်ရှိသော ပင်လယ်ငန်၏ အရှေ့မြောက်တွင် တည်ရှိသည်။

  • ဗက်ပေဂုလ အမည်သည် ၎င်းတောင်ကုန်းအနီးအနား၌ ရှိသောမြို့၏ နာမည်ဖြစ်ပါသည်။ ၎င်းသည်ဘုရားသခင် ကတိတော်မြေကိုပြပြီးသည့်နောက်ပိုင်း မောရှေ ကွယ်လွန်သောနေရာဖြစ်သည်။
  • ဗက်ပေဂုလ သည် ပေဂုလတောင်တွင် မောဘလူမျိုးများကိုးကွယ်သော ရုပ်တုဘုရားဖြစ်သည်။

ပေတရု၊ ရှိမုန်ပေတရု၊ ကေဖ

အချက်အလက်

ပေတရုသည် ယေရှု၏နောက်လိုက် (၁၂) ‌ယောက်တွင် တစ်ဦးဖြစ်သည်။ သူသည် ကနဦးအသင်းတော်၏ အရေးကြီးသော ခေါင်းဆောင်ဖြစ်ခဲ့သည်။

  • ခရစ်တော်၏နောက်လိုက်မဖြစ်ခင်၊ ပေတရု၏နာမည်သည် ရှိမုန်ဖြစ်သည်။
  • နောက်ပိုင်းတွင် ယေရှုက "ကေဖ" ဟုခေါ်ဝေါ်သမုတ်ခဲ့သည်။ ကေဖသည် အာရမစ်စကားဖြစ်၍ "ကျောက်တုံး" သို့မဟုတ် "ကျောက်ဆောင်" ဟုအဓိပ္ပါယ်ရှိသည်။ ပေတရုသည်လည်း ဂရိစကားဖြစ်၍ "ကျောက်တုံး" သို့မဟုတ် "ကျောက်ဆောင်" ဟုအဓိပ္ပါယ်ရှိသည်။
  • ဘုရားသခင်သည် လူများကျန်းမာစေရန်နှင့် ယေရှု၏သတင်းစကားပြောကြားရန် ပေတရုကို အသုံးပြုခဲ့သည်။
  • သမ္မာသစ်ကျမ်း (၂) စောင်ကို ပေတရုရေးသားပြီး ယုံကြည်သူများကို ခွန်အားပေး သင်ကြားခဲ့သည်။

ပေရသိ၊ ပေရသိလူမျိုးများ

အချက်အလက်

ပေရသိသည် တိုင်းပြည်တစ်ခုဖြစ်ပြီး ဘီစီ ၅၅၀ တွင် ကုရုမင်းကြီးမှ တည်ထောင်ပြီး အင်အားကြီးသော အင်ပါယာဖြစ်လာခဲ့သည်။

  • ပေရသိပြည်၌နေသော လူမျိုးကို ပေရသိလူမျိုးများဟုခေါ်သည်။
  • ကုရုရှင်ဘုရင်၏ အမိန့်တော်ဖြင့် ဘာဘုလုန်၌ ဖမ်းသွားခြင်းခံသောလူမျိုးများကို ပြည်တော်ပြန်ရန်နှင့် ယေရုရှလင်ဗိမာန်တော်ပြန်လည်တည်ဆောက်ဖို့ရန် လိုအပ်သော အကူအညီကို ကုရုအင်ပါယာမှထောက်ပံ့ရန် အမိန့်ထုတ်ခဲ့သည်။
  • ဧဇရနှင့်နေဟမိတို့သည် ဂျေရုဆလင်မြို့နှင့် ယေရုရှလင်မြို့ရိုးတည်ဆောက်ရန် ပြန်လာသောအခါ အာတေရဇ်မင်းကြီးသည် ပေရသိအင်ပါယာကို အုပ်စိုးသောအချိန်ဖြစ်သည်။
  • ဧသတာသည် အာရွှေရုရှင်ဘုရင်ကို လက်ထပ်၍ ပေရသိပြည်၏ မိဘုရားခေါင်ကြီးဖြစ်လာသည်။

ပေါတိဖာ

အချက်အလက်

ပေါတိဖာ သည် ဖာရောဘုရင်၏ အိမ်တော်၌ အရေးပါသော ဝန်ထမ်း တစ်ပါးဖြစ်သည်။ ယောသပ်ကို ကျွန်အဖြစ် အရောင်းခံရသော အချိန်တွင် ပေါတိဖာ အိမ်သို့ ရောက်လာသည်။

  • ပေါတိဖာသည် ယောသပ်ကို ဣရှမေလအမျိုးသားတို့လက်ထဲမှ ဝယ်၍ အိမ်တွင်းရေးရာ အကြီးအမှူးအဖြစ် ခန့်ထားသည်။
  • ပြစ်မှုကျူးလွန်သည်ဟု ယူဆထားပါသဖြင့် ပေါတိဖာသည် ယောသပ်ကို မှားယွင်းစွာ ထောင်ထဲသို့ ချထားသည်။

ပေါလု၊ ရှောလု

အချက်အလက်

ပေါလုသည်သတင်းကောင်းကို အခြားလူမျိုးတကာတို့ထံ ဟောကြားရန်စေလွှတ်ခြင်းခံရသော အသင်းတော်ဦးဆောင်သူဖြစ်သည်။

  • ပေါလုသည် တာရှုမြို့ဖွား ရောမနိုင်ငံသားခံယူသည့် ယုဒလူမျိုးတယောက်ဖြစ်သည်။
  • အစပိုင်းတွင် ပေါလုကို ယုဒအမည် ရှောလု ဖြင့် ခေါ်ဝေါ်ထားသည်။
  • ရှောလုသည် ယုဒဘာသာရေးခေါင်းဆောင်တစ်ဉီး ဖြစ်လာပြီး၊ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားသော ယုဒလူမျိုးများကို ဖမ်းဆီးနှိပ်စက်သူ ဖြစ်သည်။ ယေရှုခရစ်သည် ဘုရားသခင်အား အကြည်အညိုပျက်စေသူအဖြစ်ယူဆကာ သူ့နောက်လိုက်များကို ဖမ်းဆီးခဲ့သည်။
  • မျက်စိကွယ်စေလောက်သော အလင်းဖြင့် ယေရှုသည် ရှောလုဆီသို့ ရောက်လာ၍ ခရစ်ယာန်များကို မနှိပ်စက်ရန် ပြောခဲ့သည်။
  • ရှောလုသည် ယေရှုကိုယုံကြည်၍ သူ့အကြောင်းကို ယုဒလူမျိုးများ ရှိရာနေရာ အနှံ့သို့ သွန်သင်သည်။
  • နောက်ပိုင်းတွင် ရှောလုသည်ယေရှုအကြောင်းကို ယုဒလူမျိုးမဟုတ်သော တစ်ပါးသူများထံသို့ဟောကြားပြီး ရောမအင်ပါယာဒေသများတွင် အသင်းတော်များတည်ထောင်သည်။ ဤကာလတွင်ရောမအမည် ပေါလု ဟု သမုတ်ခြင်းခံရသည်။
  • ပေါလုသည် ထိုမြို့များရှိခရစ်ယာန်အသင်းတော်များကို ခွန်အားပေးခြင်း စာစောင်များရေးသားပါသည်။ ဤစာစောင်အသီးသီးတို့သည်ဓမ္မသစ်ကျမ်းထဲတွင်ပါရှိပါသည်။

ဖာရော၊ အဲဂုတ္တုရှင်ဘုရင်

အချက်အလက်

အဲဂုတ္တုပြည်ကို အုပ်ချုပ်သော ရှင်ဘုရင်များကို ရှေးအခါက ဖာရောများဟုခေါ်ကြသည်။

  • ဖာရော (၃၀၀) ကျော်သည် အဲဂုတ္တုပြည်ကို နှစ်ပေါင်း (၂၀၀၀) ကျော်ခန့် အုပ်ချုပ်ခဲ့ကြသည်။
  • အဲဂုတ္တုရှင်ဘုရင်များသည် တန်ခိုးဩဇာကြီးမားပြီး ချမ်းသာကြသည်။
  • မြောက်များစွာသော ဖာရောများကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။
  • ဤအသုံးအနှုန်းသည် အမည်နာမထက် ရာထူး၊ ဂုဏ်ထူးတွင် အသုံးပြုသည်။
  • ဖာရောကို ရေးရာတွင် အက္ခရာစကားလုံးကြီးဖြင့် ရေးသားရသည်။

ဖိနဟတ်

အချက်အလက်

ဖိနဟတ်သည် ဓမ္မဟောင်းကျမ်းတွင် ပါဝင်သော လူနှစ်ဦး၏ အမည်ဖြစ်သည်။

  • တစ်ဦးမှာ ယဇ်ပုရောဟိတ် အနွယ် အာရွန်၏ မြေးဖြစ်ပြီး ဣသရေလလူမျိုးများ၏ မှားယွင်းသောဘုရားကိုးကွယ်မှုကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့သည်။
  • ဖိနဟတ်သည် မိဒျန်လူမျိုးများနှင့် ထိမ်းမြားပြီး မှားယွင်းသောဘုရားကိုးကွယ်ခြင်းကြောင့် ထာဝရဘုရားစေလွှတ်သော ဒဏ်ခတ်ခြင်းမှ ဣသရေလလူမျိုးများကို ကယ်လွှတ်ခဲ့သည်။
  • ဖိနဟတ်သည် မိဒျန်လူမျိုးများကို ဖျက်ဆီးရန် ဣသရေလလူမျိုးများကို ကြိမ်ဖန်များစွာ ဦးဆောင်ခဲ့သည်။
  • ဓမ္မဟောင်း၌ပါသော အခြားဖိနဟတ်မှာ ပရောဖက်ရှမွေလလက်ထက်တွင် ဆိုးသွမ်းသော ဧလိသား (၂) ယောက်အနက် တစ်ယောက်ဖြစ်သည်။
  • ဖိနဟတ်နှင့် သူ၏အစ်ကို ဟောဖနိသည် ဖိလိတ္တိလူမျိုးများမှ ပဋိညာဥ် သေတ္တာလုယူပြီး၊ ဣသရေလလူမျိုးများ တိုက်ခိုက်ခံရချိန်တွင် သေဆုံးကြသည်။

ဖိနိတ်

အချက်အလက်

ရှေးအချိန်တွင် ဖိနိတ်ပြည်သည် ဣသရေလမြောက်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းတလျှောက်ရှိ ခါနန်ပြည်တွင် တည်ရှိပြီး ချမ်းသာသောတိုင်းပြည်ဖြစ်သည်။

  • ဖိနိတ်ပြည်သည် ယခုခေတ် လေဘနွန်နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသောနိုင်ငံဖြစ်သည်။
  • ဓမ္မသစ်ခေတ်တွင် ဖိနိတ်ပြည်၏မြို့တော်မှာ တုရုမြို့ဖြစ်ပြီး၊ အခြားထင်ရှားသောမြို့မှာ ရှိဒုန်မြို့ဖြစ်သည်။
  • ဖိနိတ်လူမျိုးများ သူတို့နိုင်ငံတွင် အာရဇ်သစ်ပင်ပေါများပြီး လက်သမားအလုပ်၌လည်း ကျွမ်းကျင်ကြသည်။ ကြက်သွေးရောင်ဆိုးသောအထည်များနှင့် လယ်၌ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ခြင်းဖြင့် ကျော်ကြားကြသည်။ သင်္ဘောတည်ဆောက်ရာတွင်လည်း ကျွမ်းကျင်ကြသည်။
  • ဖိနိတ်လူမျိုးများသည် အက္ခရာစကားလုံးများကို လူအများနှင့် ကူးသန်းရောင်းဝယ်ရာတွင် အစောဆုံးသော အသုံးပြုကြသည်။

ဖိလိတ္တိလူမျိုးများ

အချက်အလက်

ဖိလိတ္တိလူမျိုးများသည် မြေထဲပင်လယ် ကမ်းရိုးတန်းတလျှောက်ရှိ ဖိလိတ္တိပြည်တွင် နေထိုင်ကြသော လူမျိုးများဖြစ်သည်။ သူတို့၏ အမည်အဓိပ္ပါယ်မှာ "ပင်လယ်၏ လူမျိုးများ" ဖြစ်သည်။

  • ဖိလိတ္တိလူမျိုးများ၏ အဓိက မြို့ငါးမြို့မှာ- အာဒေါ့မြို့၊ အာရှကေလုန်မြို့၊ အာရန်မြို့၊ ဂဒ်မြို့နှင့် ဂါဇာမြို့တို့ဖြစ်သည်။
  • အာဒေါ့မြို့သည် ဖိလိတ္တိပြည်၏မြောက်ပိုင်းတွင် ရှိပြီး၊ ဂါဇာမြို့သည် ဖိလိတ္တိပြည်၏ တောင်ပိုင်းတွင် တည်ရှိသည်။
  • ဖိလိတ္တိလူမျိုးများသည် ဣသရေလလူမျိုးများနှင့် နှစ်အတော်ကြာ စစ်ဖြစ်သော လူမျိုးများဖြစ်သည်။
  • တရားသူကြီး ရှန်ဆုံသည် ဘုရားသခင်ထံမှ လာသောကြီးမားသည့်ခွန်အားကို အားကိုးအသုံးပြု၍ ဖိလိတ္တိလူမျိုးများကို တိုက်ခိုက်၍ ထင်ရှားခဲ့သည်။
  • ရှင်ဘုရင် ဒါဝိဒ်သည် ဖိလိတ္တိလူများကို တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည်။ ငယ်ရွယ်စဥ်ကပင် ဖိလိတ္တိသူရဲကောင်း ဂေါလျက်ကို သတ်ဖြတ်ခဲ့သည်။

ဖိလိပ္ပု၊ ဧဝံဂေလိဆရာ

အချက်အလက်

ဖိလိပ္ပုသည် ဆင်းရဲသားများ၊ အကူအညီလိုအပ်သော ခရစ်ယာန်များ၊ အထူးသဖြင့် မုဆိုးမ ကိုကြည့်ရှုရန် ရွေးချယ်သော ခုနှစ်ယောက်အနက် တစ်ယောက်ဖြစ်ပြီး ယေရုရှလင်မြို့ရှိ ကနဦး အသင်းတော်တွင် ပါဝင်ခဲ့သည်။

  • ဘုရားသခင်သည် ဖိလိပ္ပုကို ယုဒနယ်နှင့် ဂါလိလဲနယ်ရှိမြို့များတွင် သတင်းကောင်းဝေငှဖို့ရန်နှင့် ယေရုရှလင်မှ ဂါဇာသို့သွားသောလမ်းတွင် အီသီယိုပီးယား လူတစ်ယောက်ကို သတင်းကောင်းဝေငှရန် အသုံးပြုခဲ့သည်။
  • နှစ်အတော်ကြာပြီးနောက် ဖိလိပ္ပုသည် ကဲသရိတွင် နေထိုင်ပြီး ပေါလုနှင့် အပေါင်းအပါများသည် ယေရုရှလင်ပြန်ရန် အတွက် သူ့အိမ်၌ တည်းခဲ့ကြသည်။
  • ကျမ်းစာပညာရှင်များစုမှ ဧဝံဂေလိဆရာ ဖိလိပ္ပုသည် ခရစ်တော်၏တပည့်တော်ဖိလိပ္ပုနဲ့ မတူကြောင်း ယုံကြည်ကြသည်။ တချို့ဘာသာစကားများတွင် ဤလူနှစ်ယောက်၏ နာမည်ကို ကွဲပြားစွာရေးသားရန် လိုချင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ကွဲပြားသော လူနှစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။

ဖိလိပ္ပုမြို့

အချက်အလက်

ဖိလိပ္ပုမြို့သည့် ရှေးဟောင်းခေတ် ဂရိနိုင်ငံမြောက်ပိုင်း မာကေဒေါနိပြည်တွင် တည်ရှိပြီး ‌ရောမလက်အောက်ခံနှင့် အဓိကကျသော မြို့ဖြစ်သည်။

  • ပေါလုနှင့် သိလသည် ဖိလိပ္ပုမြို့သို့သွားပြီး ထိုမြို့ရှိလူများထံ ယေရှုအကြောင်း ဝေငှခဲ့ကြသည်။
  • ပေါလုနှင့် သိလသည် ဖိလိပ္ပုမြို့၌ အဖမ်းခံရစဥ် ဘုရားသခင်မှ အံ့ဩဘွယ်ရာ လွတ်မြောက်စေခဲ့သည်။
  • ဓမ္မသစ်ကျမ်းရှိ ဖိလိပ္ပုဩဝါဒစာသည် ပေါလုမှ ဖိလိပ္ပုမြို့ရှိယုံကြည်သူများထံ ရေးသားခဲ့သော စာဖြစ်သည်။
  • ဟောရမုန်တောင်အနီး ဣသရေလ အရှေ့မြောက်ဘက်တွင် ရှိသော ဖိလိပ္ပု ကဲဿရိမြို့နှင့် မတူညီပါ။

‌‌ဖေရဇိ

အချက်အလက်

ဖေရဇိလူမျိုးသည် ခါနန်ပြည်၌ နေထိုင်ကြသော လူမျိုးစုများထဲမှ တစ်စုဖြစ်သည်။ ဤလူမျိုးများသည် သူတို့၏ဘိုးဘေးများနှင့် ခါနန်ပြည် မည်သည့်ဒေသတွင်နေထိုင်ကြောင်းကိုမူ အနည်းငယ်သာ သိရှိရသည်။

  • ဇေဖရိလူမျိုးများကို တရားသူကြီးမှတ်စာတွင် တွေ့ရပြီး ဣသရေလလူမျိုးများနှင့် ထိမ်းမြားလက်ထပ်ကာ မှားယွင်းသော ဘုရားများကို ကိုးကွယ်ကြသည်။
  • ဖေရက်ဟုခေါ်သော ဖေရက်လူမျိုးသည် ဖေရက်လူမျိုးနှင့် ကွဲပြားသော လူမျိုးအုပ်စုဖြစ်သည်။

ဗက်ရှေမက်

အချက်အလက်

ဗက်ရှေမက်မြို့သည် ယေရုရှလင်မြို့ အနောက်ဖက် ကီလိုမီတာ (၃၀) အကွာခန့်တွင် ရှိသော ခါနာန်မြို့၏အမည်ဖြစ်သည်။

  • ယောရှုဦးဆောင်သောခေတ်တွင် ဣသရေလများသည် ဗက်ရှေမက်မြို့ကိုသိမ်းယူနိုင်ခဲ့သည်။
  • ဗက်ရှေမက်မြို့ကို လေဝိယဇ်ပုရောဟိတ်များနေထိုင်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။
  • ဖိလိတ္တိလူများ ပဋိညာဉ်သေတ္တာတော်ကို သိမ်းယူပြီး ယေရုရှလင်မြို့သို့ ယူဆောင်သွားစဉ်တွင် ပထမဦးဆုံးတစ်ထောက်နားခဲ့ကြသည့်မြို့မှာ ဗက်ရှေမက်မြို့ဖြစ်သည်။

ဗက်လင်၊ ဧဖရတ်

အချက်အလက်

ဗက်လင်မြို့သည် ဣသရေလပြည် ယေရုရှလင်အနီးတွင်ရှိသော မြို့ငယ်ဖြစ်သည်။ ဧဖရတ် ဟူသောမူလအမည်လည်းရှိသည်။

  • ရှင်ဘုရင်ဒါဝိဒ်သည် ထိုမြို့တွင်မွေးဖွားခဲ့သောကြောင့် ဒါဝိဒ်၏မြို့ ဟုလည်းခေါ်ဆိုကြသည်။
  • ပရောဖက် မိက္ခာဟောသည်ကား မေရှိယသည် ဗက်လင်ဧဖရတ်တွင်ပေါ်ထွန်းမည်ဖြစ်သည်။
  • ထိုပရောဖက်ဟောသည်အတိုင်း နှောင်နှစ်ပေါင်းများစွာကြာပြီးနောက် ယေရှုသည် ထိုမြို့တွင်မွေးဖွားခဲ့လေသည်။
  • ဗက်လင်၏အဓိပ္ပါယ်မှာ မုန့်မြို့တော်၊ ကြွယ်ဝသောမြို့ ဖြစ်သည်။

ဗင်္ယာမိန်

အချက်အလက်

ဗင်္ယာမိန် သည်ယာကုပ်နှင့် ရာခေလတို့၏ အငယ်ဆုံးသားဖြစ်သည်။ နာမည်အဓိပ္ပာယ်မှာ ငါ၏ညာလက်ရုံးသား ဖြစ်သည်။

  • ဗင်္ယာမိန် နှင့်အစ်ကို ယောသပ်တို့သည် ရာခေလ၏ သားဖြစ်သည်။ ဗင်္ယာမိန်မွေးဖွားပြီးနောက် ရာခေလ သေဆုံးခဲ့လေသည်။
  • ဗင်္ယာမိန်မှ ဆင်းသက်လာသောသူများသည် ဣသရေလ မျိုးနွယ် (၁၂) မျိုးအဝင်ဖြစ်လာခဲ့သည်။
  • ရှင်ဘုရင်ရှောလုသည် ဗင်္ယာမိန်အမျိုးနွယ်ဖြစ်သည်။
  • တမန်တော်ပေါလုသည်လည်း ဗင်္ယာမိန်အမျိုးနွယ်မှဖြစ်သည်။

ဗာနဗ

အချက်အလက်

ဗာနဗ သည်တမန်တော်များခေတ်တွင်ရှိခဲ့သော ကနဦးခရစ်ယာန်တစ်ယောက်ဖြစ်သည်။

  • ဗာနဗသည် ဣသရေလ မျိုးနွယ်ဖြစ်သော လေဝိအနွယ်ဖြစ်ပြီး ကုပရုကျွန်းတွင်နေထိုင်သည်။
  • ရှောလု(ပေါလု) ခရစ်ယာန်ဖြစ်လာချိန်တွင် ပေါလုကိုအခြားသူများလက်ခံလာစေရန် ဗာနဗတိုက်တွန်းပြောဆိုပေးခဲ့သည်။
  • ဗာနဗနှင့် ပေါလုတို့သည် ဧဝံဂေလိသတင်းကောင်းပြောကြားရန် အခြားမြို့များသို့ အတူတူခရီးပြုခဲ့ကြသည်။
  • အမည်ရင်းမှာယောသပ် ဖြစ်သည်၊ သို့သော် "ဗာနဗ" ဟုခေါ်ကြပြီး အဓိပ္ပာယ်မှာ "တိုက်တွန်းခြင်း၏သား" ဖြစ်ပါသည်။

ဗာဗုလုန်

အချက်အလက်

ဗာဗုလုန်မြို့သည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းရှိ ရှိနာ တွင်တည်ရှိသည်။ ရှိနာကိုနောက်ပိုင်းတွင် ဗာဗုလုန်ဟုခေါ်ဆိုခဲ့သည်။

  • ဗာဗုလုန်မြို့ကို ဟာမ၏မြေး ရှိနာဒေသကိုအုပ်ချုပ်ခဲ့သူ နိမ်ရောဒ တည်ထောင်ခဲ့သည်။
  • ရှိနာပြည်ရှိလူများတို့သည် စိတ်မြင့်လာကြပြီး ကောင်းကင်အထိရောက်နိုင်သော ရဲတိုက်ကိုတည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုအရာကို ဗာဗုလုန်ရဲတိုက်ဟု လူသိများလာခဲ့သည်။
  • ဘုရားသခင်က ပျံ့နှံ့စေဟုကတိတော်ပေးထားသော်လည်း ထိုသူများကငြင်းဆန်သောကြောင့် ထိုသူတို့၏ဘာသာစကားကို ဘုရားသခင်က ရှုတ်ထွေးစေခဲ့သည်။ ဤအကြောင်းကြောင့် လူများတို့သည် ကမ္ဘာ့နေရာအနှံ့သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြလေသည်။
  • ဗာဗုလုန်ဟူသောစကား၏မူရင်းအဓိပ္ပာယ်မှာ ရှုတ်ထွေးခြင်း ဖြစ်ပြီးဘုရားသခင်ကလူတို့၏ ဘာသာစကားရှုတ်ထွေးစေခဲ့ခြင်းကို ရည်ညွှန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ဗာဗုလုန်

အချက်အလက်

ဗာဗုလုန်မြို့သည် ရှေးဗာဗုလုန်ဒေသ၏ မြို့တော်ဖြစ်ပြီး ထိုနေရာသည် ဗာဗုလုန်နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်သည်။

  • ဗာဗုလုန်သည် ယူဖရေးတီးမြစ်တစ်လျှောက်၊ ဗာဗုလုန်ရဲတိုက်ကြီးတည်ဆောက်ခဲ့သောနေရာတွင် တည်ရှိသည်။
  • တစ်ခါတစ်ရံတွင် ဗာဗုလုန်ဟူသောစကားလုံးမှာ ဗာဗုလုန်နိုင်ငံတော်ကြီးကိုရည်ညွှန်းပါသည်။ ဥပမာ ဗာဗုလုန်ဘုရင်သည် မြို့ကိုသာမဟုတ်ဘဲ ဗာဗုလုန်နိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်သူဖြစ်သည်။
  • ဗာဗုလုန်လူမျိုးများသည် ခွန်အားကြီးသောသူများဖြစ်ပြီး ယုဒနိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်ပြီး ဗာဗုလုန်တွင် နှစ်ပေါင်း (၇၀) ကြာကျွန်ပြုခဲ့သည်။
  • အချို့သောနယ်မြေကို ခါလဒဲ ဟုခေါ်ဆိုပြီး ထိုနေရာတွင်နေထိုင်သူများကို ခါလဒဲလူများဟုခေါ်ဆိုသည်။ ထို့ကြောင့် ခါလဒဲ ဟူသောအမည်မှာ ဗာဗုလုန်ကိုရည်ညွှန်းခြင်းပင်ဖြစ်သည်။
  • ဓမ္မသစ်ကျမ်းစာတွင် ဗာဗုလုန် ဟူသောစကားမှာ ရုပ်ထုကိုးကွယ်ပြီး ဆိုးညစ်သောအရာများပြုလုပ်နေသော နေရာ၊ လူမျိုး၊ စဉ်းစားတွေးခေါ်မှုပုံစံ ကိုတင်စားခေါ်ဆိုခြင်းဖြစ်သည်။
  • ကြီးမြတ်သောဗာဗုလုန်၊ ကြီးမြတ်သောဗာဗုလုန်မြို့တော် ဟူသောအသုံးအနှုန်းမှာ ကြီးမားခြင်း၊ချမ်းသာခြင်း၊အပြစ်များခြင်း ဟူသော ရှေးခေတ်ဗာဗုလုန်မြို့တော်ကြီးကို ပုံပမာပေးတင်စားပြောဆိုခြင်းဖြစ်သည်။ (ရှု၊ Metaphor)

ဗာရဗ္ဗ

အချက်အလက်

ယေရှုအဖမ်းခံရချိန်တွင် ဗာရဗ္ဗ သည်ယေရုရှလင်ထောင်တွင်ရှိနေသော ထောင်သားဖြစ်သည်။

  • ဗာရဗ္ဗသည် လူသတ်၊ ရောမအစိုးရကိုတော်လှန်ပုန်ကန်သော ရာဇဝတ်သားတစ်ယောက်ဖြစ်သည်။
  • ပိလတ်မင်းက မည်သူကိုလွှတ်ရမည်ဟု လူထုကိုမေးသောအခါ လူထုက ဗာရဗ္ဗကိုလွှတ်စေခဲ့သည်။
  • ထို့ကြောင့် ပိလတ်မင်းသည် ဗာရဗ္ဗကိုလွှတ်ပြီး ယေရှုကိုသတ်ရန်အမိန့်ချခဲ့သည်။

ဗာရွာ

အချက်အလက်

ဗာရှာသည် ဣသရေလလူမျိုးများ ရုပ်ထုကိုးကွယ်စေရန် လွှမ်းမိုးခဲ့သော ဘုရင်ဆိုးတစ်ပါးဖြစ်သည်။

  • ဗာရှာသည် ဣသရေလတိုင်း၏ တတိယမြောက်ဘုရင်ဖြစ်ပြီး (၂၄) နှစ်တိုင်အုပ်စိုးခဲ့သည်။ ထိုအချိန်တွင် ယုဒတိုင်းပြည်တွင် အာသဘုရင်အုပ်စိုးချိန်ဖြစ်သည်။
  • သူသည် ဘုရင်နာဒပ်ကိုသတ်ဖြတ်ပြီး ဘုရင်ဖြစ်လာသော ဗိုလ်မှူးတစ်ယောက်ဖြစ်သည်။
  • ဗာရှာဘုရင်အုပ်စိုးချိန်တွင် ဣသရေလတိုင်းပြည်နှင့် ယုဒတိုင်းပြည်တို့ စစ်မက်များစွာဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ယုဒပြည်တွင် အာသဘုရင်အုပ်စိုးချိန်တွင်ဖြစ်သည်။
  • ဗာရှာ၏ မြောက်များစွာသောအပြစ်များကြောင့် ဘုရားသခင်သည် သူ့ကိုဖယ်ရှားခဲ့ရလေသည်။

ဗာရှန်

အချက်အလက်

ဗာရှန် သည်ဂါလိလဲပင်လည်အရှေ့ဖက်နေရာဖြစ်သည်။ ယခုခေတ် ဆီးရီးယားပြည်နှင့် ဂိုလန်ကုန်းမြင့် နေရာတွင်တည်ရှိပါသည်။

  • ဓမ္မဟောင်းကျမ်းစာရှိ ခိုလှုံရာမြို့ ဂိုလန် မှာဗာရှန်ပြည်တွင်တည်ရှိပါသည်။
  • ဗာရှန်ပြည်သည် မြေသြဇာကြွယ်ဝပြီး ဝက်သစ်ချပင်များ၊ တိရစ္ဆာန် စားကျက်များဖြင့်ကျော်ကြားခဲ့သည်။
  • ကမ္ဘာဦးကျမ်း (၁၄) တွင် ဗာရှန်ဟူသောနေရာသည် ဘုရင်များ၊ တိုင်းနိုင်ငံများ တစ်ဖက်နှင့်တစ်ဖက်စစ်ပွဲဖြစ်ပွားသောနေရာဖြစ်သည်။
  • အဲဂုတ္တုပြည်မှလွှတ်မြောက်ပြီး သဲကန္တာရထဲတွင်လှည့်လည်သွားလာချိန်၌ ဣသရေလလူများ သည် ဗာရှန်ပြည်၏တစ်စိတ်တစ်ဒေသကို အပိုင်သိမ်းယူခဲ့ကြသည်။
  • နှစ်ပေါင်းများစွာကြာချိန်တွင် ရှင်ဘုရင်ရှောလမုန်သည် ထိုပြည်တွင်အထောက်အပံ့များရယူခဲ့ရသည်။

ဗာရုတ်

အချက်အလက်

ဗာရုတ် ဟူသောအမည်မှာ ဓမ္မဟောင်းကျမ်းစာတွင် လူအများအပြား၏အမည်ဖြစ်သည်။

  • ဗာရုတ် (ဇေဗဲ သား) တစ်ဦးမှာ နေဟမိနှင့်အတူ ယေရုရှလင်မြို့ရိုးကိုပြန်လည်တည်ဆောက်ခဲ့သူဖြစ်သည်။
  • နေဟမိခေတ်တွင် အခြား ဗာရုတ် (ကိုဟိုဇဲ သား) တစ်ဦးမှာမြို့ရိုးတည်ဆောက်ပြီးချိန် ယေရုရှလင်မြို့တွင် ပြန်လည်အခြေချနေထိုင်သော ဣသလေရခေါင်းဆောင်တစ်ဦးဖြစ်သည်။
  • ဗာရုတ် (နေရိ သား) သည် ပရောဖက်ယေရမိ၏ လက်ထောက်ဖြစ်ပြီး ယေရမိကြားသိသောဘုရားသခင်၏တရားတော်များကိုရေးချပြီး လူထုကိုပြန်လည်ဖတ်ပြသောသူဖြစ်သည်။

ဗာလ

အချက်အလက်

ဗာလ၏ အဓိပ္ပာယ်မှာ သခင်၊ ဆရာ ဖြစ်ပြီး ထိုမှားယွင်းသောနတ်ဘုရားကို ခါနာန်လူများကိုးကွယ်ခဲ့ကြသည်။

  • အခြားသော ဗာလအမည်ပါရှိသော နတ်ဘုရားများလည်းရှိသည် ဥပမာ- ပီရာမှ ဗာလဘုရား။ တစ်ခါတစ်ရံတွင် ထိုနတ်ဘုရားများအားလုံးကို ဗာလဘုရားများဟုရည်ညွှန်းလေ့ရှိသည်။
  • အချို့လူများ၏နာမည်တွင် ဗာလဟူသောနံမည်ပါဝင်သည်။
  • ဗာလ ကိုးကွယ်မှုတွင် ကလေးယဇ်ပူဇော်ခြင်း၊ ပြည့်တန်ဆာများပါရှိခြင်း စသော ဆိုးယုတ်သောအမူအကျင့်များပါဝင်သည်။
  • ဣသရေလတို့၏သမိုင်းတွင်လည်း ပတ်ဝန်းကျင်နိုင်ငံများ၏ကိုးကွယ်မှုကိုလိုက်ပြီး ဗာလဘုရားကို ကိုးကွယ်မှုများရှိခဲ့သည်။
  • အာဟတ်ဘုရင်အုပ်စိုးသောအချိန်တွင် ဗာလဘုရားမရှိကြောင်း၊ ထာဝရဘုရားသာ စစ်မှန်သောဘုရားဖြစ်ကြောင်းကို ပရောဖက်ဧလိယသက်သေ ပြသနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် ဗာလပရောဖက်များဖျက်ဆီးခံခဲ့ရပြီး လူများသည် ဘုရားသခင်ကိုပြန်လည်ကိုးကွယ်ခဲ့ကြသည်။

ဗာလမ်

အချက်အလက်

ဗာလမ် ဆိုသည်မှာဣသရေလများ ခါနာန်ပြည်မဝင်ခင် မောဘပြည်မြောက်ပိုင်း ယောဒန်မြစ်နားမှာ စခန်းချစဉ်တွင် ထိုသူတို့ကိုကျိန်ဆဲရန် ဘုရင်ဗာလက်က ငှားရမ်းသော တိုင်းတစ်ပါးပရောဖက်ဖြစ်သည်။

  • ဗာလမ်သည် မောဘပြည်နှင့် မိုင်(၄၀၀) ကွာဝေးသော ယူဖရေးတီးမြစ်ဒေသရှိ ပေသော်မြို့မှဖြစ်သည်။
  • မိဒျန်ဘုရင် ဗာလက်သည် ဣသရေလလူများ၏အင်အားနှင့်အရေအတွက်ကိုကြောက်ရွံ့သောကြောင့် ဗာလမ်ကိုငှား၍ ကျိန်ဆဲခိုင်းခြင်းဖြစ်သည်။
  • ဗာလမ်သည် ဣသရေလလူများဆီသွားသောလမ်းတွင် ဘုရားသခင်၏ကောင်းကင်တမန် တားဆီးသောကြောင့် သူ၏မြည်း ရပ်တန့်သွားသည်။ ဘုရားသခင်က မြည်း၏နှုတ်ကိုဖွင့်ပြီး ဗာလမ်နှင့်စကားပြောစေခဲ့သည်။
  • ဘုရားသခင်က ဣသရေလလူမျိုးများကို မကျိန်ဆိုစေဘဲ ကောင်းချီးပေးစေခဲ့သည်။
  • သို့သော်လည်း နောက်ပိုင်းတွင် ဗာလမ်သည် ဣသရေလလူများအားပီရမှ ပါလဘုရားကို ကိုးကွယ်ကြရန်လွှမ်းမိုးခြင်းအားဖြင့် မကောင်းမှုကိုဖြစ်စေခဲ့လေသည်။

ဗာသရှေဗ

အချက်အလက်

ဗာသရှေဗသည် ဒါဝိဒ်ဘုရင်စစ်သူကြီး ဥရိယ၏မယားဖြစ်သည်။ ဥရိယ သေဆုံးပြီးချိန်တွင် ဗာသရှေဗသည် ဒါဝိဒ်မယားဖြစ်လာပြီး ရှောလမုန်၏မိခင်ဖြစ်လာခဲ့သည်။

  • ဗာသရှေဗသည် ဥရိယ၏မယားဖြစ်သော်လည်း ဒါဝိဒ်သည်မှားယွင်းခြင်းအမှုကိုပြုခဲ့လေသည်။
  • ဗာသရှေဗ ကိုယ်ဝန်ရှိလာသောအခါ ဒါဝိဒ်သည် ဥရိယကို စစ်မြေပြင်တွင်သေစေရန် ခိုင်းစေခဲ့လေသည်။
  • ထို့နောက် ဒါဝိဒ်သည် ဗာသရှေဗကို သိမ်းပိုက်ပြီး ထိုကလေးကိုမွေးခဲ့လေသည်။
  • ဘုရားသခင်ဆုံးမသောကြောင့် မွေးဖွားပြီးရက်အနည်းငယ်အကြာတွင် ထိုကလေးငယ် သေဆုံးခဲ့လေသည်။
  • နောက်တွင် ဗာသရှေဗသည် ဒါဝိဒ်ဘုရင်နေရာဆက်ခံမည်ဖြစ်သော သားတော် ရှောလမုန်ကိုမွေးဖွားခဲ့လေသည်။

ဗာသောလမဲ

အချက်အလက်

ဗာသောလမဲ သည်ယေရှု၏တပည့်တော် (၁၂) ပါးမှ တစ်ပါးဖြစ်သည်။

  • အခြားသောတမန်တော်များနည်းတူ ဗာသောလမဲသည်လည်း ဧဝံဂေလိဟောကြားခြင်း၊ ယေရှု၏နာမဖြင့် အံ့သြဖွယ်နမိတ်များလုပ်ဆောင်ခဲ့သည်။
  • ယေရှုကောင်းကင်သို့ပြန်တက်ကြွသွားခြင်းကို မြင်ခဲ့ရသူတစ်ဦးလည်းဖြစ်သည်။
  • ရက်သတ္တပတ်များအကြာ၌ ဗာသောလမဲနှင့်အခြားတမန်တော်များသည် ယေရုရှလင်မြို့ ပင်တေကုတ္တေပွဲ၌ သန့်ရှင်းသောဝိညာဉ်တော် သူတို့အပေါ်သက်ရောက်ခဲ့သည်။

ဗေနာယ

အချက်အလက်

ဓမ္မဟောင်းကျမ်းစာတွင် ဗေနာယဟူသောအမည်များစွာရှိသည်။

  • ယောယဒ၏သား ဗေနာယသည် အားကြီးသောသူရဲကောင်းဖြစ်ပြီး ဒါဝိဒ်၏ကိုယ်ရံတော်အဖြစ်အမှုထမ်းဆောင်ခွင့်ကိုရရှိသည်။
  • ရှောလမုန်ဘုရင်ဖြစ်ချိန်တွင် ရန်သူများကိုတိုက်ခိုက်နိုင်ရန် ဗေနာယ ကူညီခဲ့သည်။ ဗေနာယသည် ဣသရေလစစ်တပ်၏ တပ်မှူးဖြစ်လာခဲ့သည်။
  • ဓမ္မဟောင်းကျမ်းရှိ နောက်ထပ် ဗေနာယ (၃) ဦးမှာ လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ် ဗေနာယ၊ သီချင်းသည် ဗေနာယ၊ အာဟပ်အမျိုး ဗေနာယ တို့ဖြစ်သည်။

ဗေရရှေဘ

အချက်အလက်

ဓမ္မဟောင်းခေတ်တွင် ဗေရရှေဘမြို့မှာ ယေရုရှလင်မြို့၏ အနောက်တောင်ဖက် (၄၅) မိုင်ဝေးသော သဲကန္တာရဒေသ၊ ယနေ့ခေတ် နီဗက် နေရာဖြစ်သည်။

  • ဗေရရှေဘ သဲကန္တာရနေရာသည် အာဗြံဟံနှင်ထုတ်လိုက်သော ဟာဂရနှင့်ဣရှမေလ တို့လှည့်သွားလာသောနေရာဖြစ်သည်။
  • ဗေရရှေဘ အဓိပ္ပာယ်မှာ "ဂတိကျိန်ဆိုရာရေတွင်း" ဖြစ်သည်။ အဘိမလက်ဘုရင်၏လူများသည် အာဗြံဟံ၏ရေတွင်းများကိုသိမ်းယူသော်လည်း အာဗြံဟံသည် သူတို့ကိုအပြစ်မပေးကြောင်း ဂတိသစ္စာကျိန်ဆိုခြင်းဖြစ်သည်။

ဗေရိ

အချက်အလက်

ဓမ္မသစ်ကျမ်းစာ၌ ဗေရိမြို့သည် သက်သာလောနိတ်မြို့ တောင်ဘက် ကီလိုမီတာ (၈၀) အကွာတွင်ရှိသော၊ ကြွယ်ဝသော၊ မက်ဆီဒိုးနီးယား အရှေ့တောင်ဘက်တွင်ရှိသော ဂရိမြို့တစ်မြို့ဖြစ်သည်။

  • သက်သာလောနိတ်မြို့ရှိ ယုဒလူများ၏ဒုက္ခပေးမှုကို ခံရသော ပေါလုနှင့်သိလ တို့သည် အခြားခရစ်ယာန်များကူညီမှုကြောင်း ဗေရိမြို့သို့ပုန်းရှောင်နိုင်ခဲ့သည်။
  • ပေါလုဟောသောတရားတို့သည် ကျမ်းစာနှင့်ကိုက်ညီမှု ရှိ၊ မရှိကို ဗေရိမြို့သားတို့ စေ့စေ့ကြည့်ရှုခဲ့ကြသည်။

ဗေလဇေဗုလ

အချက်အလက်

ဗေလဇေဗုလ သည်စာတန် (သို့) နတ်ဆိုး၏အခြားအမည်ဖြစ်သည်။

  • အဓိပ္ပာယ်မှာ ပျံသန်းသူများ၏သခင်၊ နတ်ဆိုးများကိုအုပ်ချုပ်သူဖြစ်သည်။ အဓိပ္ပာယ်ကို ဘာသာပြန်ခြင်းထက် မူလအသံထွက်အတိုင်းအသုံးပြုခြင်းသည် ပို၍သင့်တော်ပါသည်။
  • ပိုပြီးရှင်းလင်းစေရန် ဗေလဇေဗုလနတ်ဆိုး ဟုဘာသာပြန်ဆိုသင့်သည်။
  • ဤနာမည်သည် ဗာလဘုရားနှင့်လည်း ဆက်နွယ်မှုရှိသည်။

ဗေသနိ

အချက်အလက်

ဗေသနိမြို့သည် ယေရုရှလင်မြို့၏အရှေ့ဘက် (၂) မိုင်အကွာ၊ သံလွင်၏ အရှေ့တောင်စောင်းတွင်တည်ရှိသည်။

  • ဗေသနိ သည် ယေရုရှလင်နှင့် ယေရိခေါမြို့သွားသော လမ်းအလယ်တွင်တည်ရှိပါသည်။
  • ဗေသနိတွင်ရှိသော အရင်းနှီးဆုံးမိတ်ဆွေ မာရိ၊ မာသ၊ လာဇရုတို့ထံ ယေရှုမကြာခဏသွားရောက်လေ့ရှိသည်။
  • ဗေသနိသည် ယေရှုမှ လာဇရုကို သေခြင်းမှရှင်ပြန်ထမြောက်စေသော နေရာသည် ဖြစ်သည်။

ဗေသလ

အချက်အလက်

ဗေသလမြို့သည် ယေရုရှလင်မြောက်ဖက်၊ ခါနာန်ပြည်တွင်တည်ရှိပါသည်။ အရင်နာမည်မှာ လုဇ် ဖြစ်သည်။

  • ဘုရားသခင်ထံမှာ ကတိတော်ကြားနာပြီးချိန်တွင် အာဗြံ(အာဗြံဟံ) သည် ဗေသလအရပ်တွင် ယဇ်ပလ္လင်တည်ခဲ့သည်။ ထိုအချိန်က ဗေသလအမည်မဟုတ်ပါ။ နောက်ပိုင်းတွင်မှ ဗေသလဟုလူသိလာခဲ့ခြင်းဖြစ်သည်။
  • ဧသောထံမှ ပြေးပြီးနောက် ယာကုပ်သည် ဗေသနမြို့အနီးတွင် ညအိပ်ခဲ့သည်။ ထိုနေရာတွင် ကောင်းကင်တမန်များ ကောင်းကင်သို့တိုင် လှေကားဖြင့်တက်ဆင်းကြောင်း အိပ်မက်မက်ခဲ့သည်။
  • ယာကုပ်က ဗေသလဟု အမည်မပေးခင်အထိ ထိုမြို့ကို ဗေသလဟု ခေါ်ဆိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် အချို့သောဘာသာပြန်များတွင် အာဗြံဟံလက်ထက်နှင့် ယာကုပ်ထိုနေရာသို့ မရောက်ခင်အထိ ထိုနေရာကို လုဇ် ဟုသာသုံးစွဲကြသည်။
  • ဓမ္မဟောင်းကျမ်းစာတွင် အရေးကြီးဖြစ်စဉ်များဖြစ်ပွားလေ့ရှိသော ဗေသလ ကိုမကြာခဏ ရည်ညွှန်းပြောဆိုလေ့ရှိသည်။

ဗေသွေလ

အချက်အလက်

ဗေသွေလသည် အာဗြံဟံအစ်ကို နာခေါ်၏သားဖြစ်သည်။

  • ဗေသွေလသည် ရေဗက္ကာနှင့် လေအာတို့၏ အဘဖြစ်သည်။
  • ဗေရရှေဘမြို့နှင့် မဝေးသော ယုဒတောင်ဘက်တွင်လည်း ဗေသွေလဟူသောမြို့တစ်မြို့ရှိသည်။

ဗောဇ

အချက်အလက်

ဗောဇသည် ရုသ၏ခင်ပွန်း ဣသရေလအမျိုး၊ ဘုရင်ဒါဝိဒ်၏ဘေးတော်၊ ယေရှုခရစ်တော်၏ဆွေစဉ်တော်ဖြစ်ပါသည်။

  • ဣသရေလပြည်တွင် တရားသူကြီးအုပ်စိုးသောကာလတွင် ဗောဇ နေထိုင်အသက်ရှင်ခဲ့ပါသည်။
  • ဗောဇသည် နောမိနှင့်ဆွေမျိုးဖြစ်ပြီး နောမိဆိုသူမှာ ခင်ပွန်းနှင့်သားများသေဆုံးသောအခါတွင် မောဘပြည်မှပြန်လာသော ဣသရေလအမျိုးသမီး ဖြစ်ပါသည်။
  • ဗောဇသည် နောမိ၏ချွေးမဖြစ်သူ ရုသကိုလက်ထပ်ပြီး သားသမီးများထွန်းကားခဲ့သူဖြစ်သည်။
  • ဗောဇ၏ ဘဝဇာတ်လမ်းမှာ ယေရှုက ကျွနု််ပ်တို့ကို အပြစ်မှရွေးနုတ်ကယ်တင်သောပုံပမာနှင့် တူနေပါသည်။

ဘုရားသခင်၏လူ

အချက်အလက်

ထာဝရဘုရား၏ ပရောဖက်ကို ဖွင့်ပြသောသောသူကို ဘုရားသခင်၏လူဟုခေါ်သည်။ထာဝရဘုရား၏ကောင်းကင်တမန် ကိုလည်းဆိုလိုသည်။

  • ပရောဖက်ကိုရည်ညွန်းသောအခါ "ဘုရားသခင်ပိုင်ဆိုင်သူ" သို့မဟုတ် "ဘုရားရွေးကောက်ခြင်းခံသူ" သို့မဟုတ် "ဘုရားစေခံသူ" ဟူ၍လည်း အနက်ဖွင့်သည်။
  • ကောင်းကင်တမန်အဖြစ်ဘာသာပြန်ပါက "ဘုရားသခင်၏သတင်းကိုသယ်ဆောင်သူ" သို့မဟုတ် " သင်၏သံတမန်" သို့မဟုတ် "လူကဲ့သို့သော ကောင်းကင်သား" ဟုရသည်။

မဂဒလမာရိ

အချက်အလက်

မဂဒလမာရိ သည် ယေရှု၏သာသနာတော်လုပ်ဆောင်စဥ်တွင် ယေရှုနောက်တော်လိုက်ကြသောအမျိုးသမီးများထဲမှ တစ်ဦး ဖြစ်သည်။ နတ်ဆိုးခုနှစ်ယောက်၏၀င်ပူးခြင်းမှ ခရစ်တော်အားဖြင့်သက်သာခြင်းရရှိကြောင်း လူသိများသည်။

  • မဂဒလမာရိနှင့်အချို့သောအမျိုးသမီးများသည် ယေရှုနှင့်သူ၏တပည့်တော်များအားအမှုတော်ဆောင်ရာတွင် ပံ့ပိုးကူညီသူများဖြစ်သည်။
  • သူမသည် သခင်ယေရှုသချ်ိုင်းတွင်းမှ ထမြောက်သည့်အကြောင်းကို ဦးစွာတွေ့မြင်သိရှိသော အမျိုးသမီးဖြစ်သည်။
  • မဂဒလမာရိသည် ပွင့်နေသောသင်္ချိုင်းဂူ၏အပြင်တွင်ရပ်နေသောအချိန်တွင် ခရစ်တော်ကိုတွေ့ပြီး ခရစ်တော်က သူ့တပည့်တော်များအားပြောပြရန်နှင့် သူသည်ထမြောက်ပြီးဖြစ်ကြောင်းကိုပြောခိုင်းသည်။

မင်ဖိ

အချက်အလက်

မင်ဖိ သည် နိုင်းမြစ်ဝှမ်းတစ်လျှောက်တွင်ရှိသော အီဂျစ်နိုင်ငံရှိ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည်။

  • မင်ဖိသည် မြဩဇာကောင်းပြီး သစ်သီးဝလံပေါများသော နိုင်းတောင်ဘက်မြစ်ဝကျွန်းပေါ်၊ အီဂျစ်နိုင်ငံအောက်ပိုင်းတွင်တည်ရှိသည်။
  • ၎င်း၏မြေဩဇာကောင်းမှုနှင့် အီဂျစ်နိုင်ငံ၏ အောက်ပိုင်းနှင့် အထက်ပိုင်း ကြားတွင်တည်ရှိမှုကြောင့် ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် အဓိကမြို့တစ်မြို့ဖြစ်လာခဲ့သည်။

မနာရှေ

အချက်အလက်

ဓမ္မဟောင်းကျမ်းထဲ၌ မနာရှေဟူသောအမည် ငါးမျိုးရှိသည်။

  • မနာရှေသည် ‌ယောသပ်၏ ပထမဆုံးဘွားမြင်သော သားနာမည်ဖြစ်သည်။
  • မနာရှေနှင့်သူ၏ညီ ဧဖရိမ်တို့သည် ယောသပ်၏ဖခင်ယာကုပ်ဆီမှ ဣသရေလမျိုးနွယ်စု ဆယ့်နှစ်မျိုးစာရင်း၌ထည့်သွင်းရန် မွေးစားသူများဖြစ်ကြသည်။
  • မနာရှေအမျိုးဆင်းသက်လာပုံမှာ ဣသရေလမျိုးနွယ်စုတစ်ခုမှဖြစ်သည်။
  • မနာရှေ မျိုးနွယ်စုအား မနာရှေမျိုးနွယ်မှသွေးတစ်၀က်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခါနန်မျိုးနွယ်စုမှတစ်၀က်ပါသောကြောင့်ဖြစ်ပြီး ဂျော်ဒန်မြစ်၏အနောက်ပိုင်းတွင်တည်ရှိသောကြောင့်ဖြစ်သည်။ ကျန်တစ်၀က်မှာ ဂျော်ဒန်မြစ်၏အရှေ့ဘက်တွင်တည်ရှိသောကြောင့်ဖြစ်သည်။
  • ယုဒပြည်ရှင်ဘုရင်တစ်ယောက်၏ အမည်လည်း မနာရှေဖြစ်သည်။
  • ရှင်ဘုရင်မနာရှေသည် ဆိုးသွန်းသောဘုရင်ဖြစ်ပြီး သူ့၏သားအား မှားယွင်းသောဘုရားများထံသို့ ယဇ်ပူဇော်သူလည်းဖြစ်သည်။
  • ဘုရားသခင်က ဘုရင်မနာရှေအား ရန်သူလက်သို့ဖမ်းဆီးစေရန်အတွက် ပြစ်ဒဏ်ပေးခဲ့သည်။ ဘုရင်မနာရှေမှ ဘုရားသခင်ဆီသို့ပြန်လှည့်လာပြီး ရုပ်တုကိုးကွယ်ပူဇော်မှုတို့ကိုစွန့်လွတ်ခဲ့သည်။
  • မနာရှေအမည်ရှိ ယောက်ကျ်ားနှစ်ယောက်သည် ဧဇရခေတ်ချိန်တွင် အသက်ရှင်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦး၏မိန်းမများသည် ဘုရားအများကိုးကွယ်ပြီးအသက်ရှင်သောကြောင့် ကွာရှင်းချင်ခဲ့ကြသည်။
  • အခြားသော မနာရှေအမည်မှာ နတ်ဘုရားများကို ကိုးကွယ်သော ဒန်အမျိုးသားတို့၏ဘိုးဘေးဖြစ်သည်။

မဿဲ၊ လေ၀ိ

အချက်အလက်

မဿဲ သည် ယေရှုရွေးကောက်တော်မူသော တပည့်တော်ဆယ့်နှစ်ပါးမှ တစ်ယောက်ဖြစ်သည်။ အလဖ၏သားလေ၀ိ ဟုလည်း သိကြသည်။

  • လေ၀ိ(မဿဲ) သည် ယေရှုနှင့်မတွေ့ဆုံမီ အခွန်ခံတစ်ယောက်ဖြစ်ပြီး ကပေရနောင်သားဖြစ်သည်။
  • မဿဲသည် သူ၏ အမည်နာမဖြင့် ခရစ်၀င်ကျမ်းကို‌ရေးခဲ့သည်။
  • သမ္မာကျမ်းစာထဲတွင် လေ၀ိ ဟူသောအမည်နာမ အများစွာဖော်ပြထားသည်။
  • သမ္မာကျမ်းစာထဲတွင် လေ၀ိအမည်နာမ အ‌‌မြာက်အမြားရှိသည်။

မာကေဒေါနိပြည်

အချက်အလက်

ဓမ္မသစ်ကျမ်းရေးချိန်တွင် မာကေဒေါနိပြည်သည် ရောမတို့လက်အောက်၌ ရှေးကျသော မြောက်ပိုင်းဂရိလူမျိုးတို့နေထိုင်ရာဒေသဖြစ်သည်။

  • မာကေဒေါနိပြည်၏ အချို့သော အမည်နာမများကို သမ္မာကျမ်းစာ၌ ဘေရိယ၊ ဖိလိပ္ပိနှင့် သက်သာလောနိတ်စသော မြို့တို့ဖော်ပြလေ့ရှိသည်။
  • ရူပါရုံအားဖြင့် ရှင်ပေါလုအား ဘုရားသခင်က မာကေဒေါနိပြည်သားတို့အား ဧ၀ံဂေလိသတင်းကောင်း ဟောကြားရန်ပြောခဲ့သည်။
  • ရှင်ပေါလုနှင့်သူ့လုပ်ဖော်ကိုင်ဖက်တို့သည် မာကေဒေါနိပြည်သို့သွား၍ ခရစ်တော်၏အကြောင်းကို သင်ကြားခြင်းနှင့် ယုံကြည်သူသစ်များ ယုံကြည်ခြင်း၌ ကြီးထွားရန် ကူညီခဲ့သည်။
  • သမ္မကျမ်းစာထဲ၌ ရှင်ပေါလုသည် မာကေဒေါနိပြည်ရှိ ယုံကြည်သူဖိလိပ္ပိမြို့သူ၊သားများနှင့် သက်သာလောနိမြို့သူ၊သားများသို့ရေးသားသော စာစောင်များရှိသည်။

မာခါ

အချက်အလက်

" မာခါ " သည်အာဗြဟံ၏အစ်ကို နာခေါ် ၏သားများအထဲမှတစ်ဦးဖြစ်သည်။ နာမည်နှင့် ဆင်တူသောနာမည်များကိုဓမ္မဟောင်းကျမ်းစာထဲတွင်တွေ့ရသည်။

  • ဗက်မာခါ (သို့မဟုတ်) မာခါမြို့သည်ဣသရေလ၏ နာသလိမျိုးနွယ်စုများသိမ်းပိုက်ထားသောဣသရေလမြောက်ဖက်စွန်းရှိသောနယ်မြေမှဖြစ်သည်။
  • ဤမြို့သည်ရန်သူတော်များ၏အကြိမ်ကြိမ်တိုက်ခိုက်ထိုးနှက်ခြင်းကိုခံရသောအရေးပါသည့်မြို့ဖြစ်သည်။
  • ဒါဝိဒ်မင်းကြီး၏သားတစ်ဦးဖြစ်သူ အဗရှလုံ၏မိခင် မာခါ သည်လည်းသမ္မာကျမ်းစာထဲမှများစွာသောမိန်းမထဲမှတစ်ဦးအပါအဝင်ဖြစ်သည်။
  • ရှင်ဘုရင် အာသ၏အဖွားတော်သူ မာခါ မိဖုရားဖြစ်စဥ်အချိန် နတ်ဘုရားအာရှရကိုးကွယ်သူဖြစ်သောကြောင့်မိဖုရားအရာမှရပ်နားစေခဲ့သည်။

မာရိ (မာသ၏ညီမ)

အချက်အလက်

မာရိသည် ‌ယေရှုနောက်လိုက်သော ဗေသနိအမျိုးသမီးတစ်ဦးဖြစ်သည်။

  • မာရိ၏အစ်မအမည်မှာ မာသဖြစ်ပြီး မောင်မှာ လာဇရုဖြစ်သည်။ သူတို့လည်းခရစ်တော်နောက်လိုက်တွေဖြစ်ကြသည်။
  • တစ်ခါက ခရစ်တော်ပြောသည်မှာ မာရိသည် သူမအတွက်ခရစ်တော်၏ ဟောပြောချက်များကိုအကောင်းဆုံးကိုရွေးချယ်ပြီဖြစ်ကြောင်း မာသမူ၀ယ် စိုးရိမ်ခြင်းရှိသော အစားအစာပြင်ဆင်ခြင်းအလုပ်ကိုရွေးချယ်ကြောင်းပြောခဲ့ကြသည်။
  • ယေရှုက မာရိ၏မောင်ဖြစ်သူ လာဇရုကိုအသက်ပြန်ရှင်ခွင့်ပေးခဲ့သည်။
  • တစ်ခါက ဗေသနိမြို့ရှိအိမ်တစ်အိမ်၌ ယေရှုသည်အစာစားနေစဥ်မာရိသည် မိမိ၌တန်ဖိုးအရှိဆုံး နံ့သာဆီကို ခရစ်တော်၏ခြေတွင်လောင်းလျက် ပြပ်၀ပ်ကိုးကွယ်ခဲ့သည်။
  • ယေရှုသည် သူမအားချီးမြောက်တော်မူပြီး သူမသည် မိမိခန္ဓာကိုယ်အတွက် တန်ဖိုးရှိသောအရာဖြင့်၀ယ်ယူပြီဖြစ်ကြောင်းပြောခဲ့သည်။

မာရိ၊ ယေရှု၏မိခင်

အချက်အလက်

မာရိသည်ငယ်ရွယ်နုပျိုသောအမျိုးသမီးဖြစ်ပြီးနာဇရက်မြို့ရှိ ယောသပ်အမည်ရှိအမျိုးသားနှင့်စေ့စပ်ထားသူဖြစ်သည်။ ဘုရားသခင်သည် မာရိအား ဘုရားသားတော်၏မိခင်၊ မေရှိယယေရှု၏မိခင်အဖြစ်ရွေးကောက်သူဖြစ်သည်။

  • သန့်ရှင်းသော်၀ိညာဥ်တော်သည် အပျိုစင်မာရိအားပဋိသန္ဓေစွဲယူစေခဲ့သည်။
  • ကောင်းကင်တမန်က မာရိအား ဘုရား၏သားကိုမွေးရန်ပြောခဲ့ပြီး ယေရှုအမည်ဖြင့်မှည့်ရန်ပြောခဲ့သည်။
  • မာရိသည် သူမအပေါ်သနားကရုဏပြည့်စုံတော်မူသော ဘုရားကိုချစ်တယ် ပြီးတော့ ကျေးဇူးတော်ကိုချီးမွမ်းခဲ့သည်။
  • ယောသပ်သည်မာရိအား ထိမ်းမြားပြီးသော်လည်း သူငယ်မမွေးမီတိုင်အောင် အပျိုစင်ကဲ့သို့‌မရှက်တင်ဘဲနေလေ၏။
  • မာရိသည် သူငယ်ယေရှုအကြောင်းကိုကြိုဆိုသော ပညာရှိတို့နှင့် သိုးထိန်းတို့ကြောင့်လွန်စွာအံသြခြင်းသို့ရောက်လေ၏။
  • မာရိနှင့်ယောသပ်တို့သည် သူငယ်ယေရှုအား ဗိမ္မာန်တော်သို့ ဆပ်ကပ်ရန်ခေါ်ဆောင်ခဲ့ကြသည်။ ထို့နောက် ဟေရုဘုရင်၏သတ်ဖြတ်ခြင်းမှ လွတ်ခြင်းငှါ အီဂျစ်ပြည်သို့ထွက်ပြေးတိမ်းရှောင်ပြီး အချိန်ကြာမှ နာဇရက်မြို့သို့ပြောင်းရွေ့နေထိုင်ခဲ့သည်။
  • ယေရှုသည်အရွယ်ရောက်လာသောအခါ ခါနန်ပြည်၏မင်္ဂလာပွဲတွင် ရေအား စပျစ်ရည်အဖြစ်သို့ပြောင်းခြင်းနမိတ်လက္ခဏာပြုလုပ်သောအခါတွင် မိခင်မာရိသည်လည်း ယေရှုနှင့်အတူရှိနေခဲ့သည်။
  • ခရစ်၀င်ကျမ်းများသည် သခင်ယေရှုလက်၀ါးကားတိုင်ပေါ်အသေခံချိန်တွင် မာရိသည် အနားတွင်ရှိသည်ဟုဖော်ပြခဲ့ကြသည်။ ယေရှုက သူ့ရဲ့တပည့်တော် ယောဟန်အား မယ်တော်မာရိအား ဂရုစိုက်စောင့်ရှောက်ရန်မှာထားခဲ့သည်။

မာလခိ

အချက်အလက်

မာလခိသည် ယုဒပြည်၌ ဘုရားသခင်၏ ပရောဖက်တစ်ပါးဖြစ်သည်။ ခရစ်တော်မတိုင်မီ ဘီစီ ၅၀၀ ၀န်းကျင်အသင်ရှင်သူဖြစ်သည်။

  • မာလခိသည်ဣသရေလူမျိုးများ ဗာဗုလုန်ကျွန်ခံရာပြည်မှ ပြန်လာပြီး ယေရုဆလင်မြို့ကိုပြန်လည်တည်ဆောက်သောအချိန်တွင် ပရောဖက်ပြုခဲ့သည်။
  • မာလခိကဲ့သို့ ဧဇရနှင့် နေဟမိတို့အသက်ရှင်ချိန်၀န်းကျင်တူညီသည်။
  • မာလခိ ကျမ်းစာအုပ်သည် ဓမ္မဟောင်းကျမ်း၏ နောက်ဆုံးကျမ်းဖြစ်သည်။
  • ဓမ္မဟောင်းကျမ်းရှိအခြားသော ပရောဖက်များကဲ့သို့ မာလခိသည် လူသားများမိမိတို့အပြစ်မှနောင်တရပြီး ထာဝရဘုရားကို ပြန်လည် ၀တ်ပြုရန် တိုက်တွန်းထားသည်။

မာသ

အချက်အလက်

မာသသည် ဗေသနိရွာမှ ခရစ်တော်နောက်လိုက်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။

  • မာသတွင်မာရိအမည်ရှိညီမတစ်ယောက်နှင့် လာဇရုအမည်ရှိ မောင်တစ်ယောက်ရှိပြီး သူတို့လည်း သခင်ယေရှုနောက်လိုက်များဖြစ်ကြသည်။
  • ယေရှုသည်သူတို့အိမ်သို့လာလည်သောအခါ မာသသည် အစားအသောက်များအတွက်ပြင်ဆင်ရန်အလုပ်များနေစဥ် သူ့ညီမမာရိကယေရှု၏တရားစကားကိုထိုင်လျက်နားထောင်နေသည်။
  • လာဇရုသေသောအခါ ယေရှုသည်ဘုရားသခင်၏သားဖြစ်ကြောင်းကို ယုံကြည်ကြောင်း မာသက ယေရှုကိုပြောခဲ့သည်။

မိက္ခာ

အချက်အလက်

မိက္ခာ သည်ခရစ်တော်မတိုင်မှီ နှစ်ပေါင်း ၇၀၀ ခန့်က ယုဒပြည်၏ ပရောဖက်တစ်ပါးဖြစ်ပြီး ယုဒပြည်တွင် ပရောဖက်ဟေရှာယသည်လည်း သာဿနာပြုနေသောအချိန်ဖြစ်သည်။ မိက္ခာ ဟုခေါ်သော နောက်ထပ်တစ်ယောက်လည်း တရားသူကြီးအချိန်ကာလတွင် အသက်ရှင်ခဲ့သည်။

  • မိက္ခာကျမ်းသည် ဓမ္မဟောင်းကျမ်း၏ အဆုံးပိုင်းတွင်ရှိသည်။
  • ပရောဖက်မိက္ခာသည် ရှမာရိမြို့ ကို ဖိလိတ္တိလူမျိုးများဖျက်ဆီးမည့်အကြောင်းကိုလည်း ပရောဖက်ပြုသောသူဖြစ်သည်။
  • မိက္ခာသည် ယုဒလူမျိုးများကိုလည်း ဘုရားသခင်ကို နာမခံခြင်းအတွက်ပြစ်တင်ပြီး ရန်သူများမှတိုက်မည့်အကြောင်းကိုလည်း သတိပေးသောသူဖြစ်သည်။
  • သူ့ပရောဖက်ပြုခြင်းသည် သစ္စာရှိပြီး မိမိလူများကိုကယ်တင်သော ဘုရားသခင်၌ မျှော်လင့်ခြင်းဖြင့်နိဂုံးချုပ်သည်။
  • တရားသူကြီးမှတ်စာတွင် ငွေဖြင့်ရုပ်တုထွင်း၍ ဧဖရိမ်တွင်နေထိုင်သော မိက္ခာဟုခေါ်သော လူတစ်ယောက်အကြောင်းတွေ့ရသည်။ လေဝိလူငယ်ယဇ်ပရောဟိတ်တစ်ယောက် မှသူ့ဆီလာနေပြီး သူ့ရုပ်တုနှင့်အခြားအရာများကို ခိုးပြီး ဒန်လူမျိုးတစ်စုနဲ့ထွက်သွားကြောင်းလည်းတွေ့ရသည်။ နောက်ဆုံးတွင် ၎င်းယဇ်ပရောဟိတ်နှင့် ဒန်လူမျိုးများသည် လဲရှမြို့တွင်အခြေချပြီး ၎င်းငွေရုပ်တုကိုလည်း ကိုးကွယ်ဖို့တည်ထားကြသည်။

မိက္ခေလ

အချက်အလက်

မိက္ခေလ သည်ဘုရားသခင်၏ သန့်ရှင်းသော၊ နာခံမှုရှိသော ကောင်းကင်တမန်အားလုံး၏ အကြီးအကဲဖြစ်သည်။ သူသည်တစ်ဦးတည်းသော ဘုရားသခင်၏ "ကောင်းကင်တမန်ချုပ်" ဟုခေါ်ဝေါ်ခြင်းခံရသောသူဖြစ်သည်။

  • "ကောင်းကင်တမန်ချုပ်" ဟူသောဝေါဟာရသည် "ကောင်းကင်တမန်အကြီးအကဲ သို့မဟုတ် အုပ်ချုပ်သော ကောင်းကင်တမန်" ဟုအဓိပ္ပါယ်ရှိသည်။
  • မိက္ခေလ သည်ဘုရားသခင်၏ရန်သူများနှင့်တိုက်ခိုက်ပြီး ဘုရားသခင်၏လူများကို ကာကွယ်သောစစ်သူရဲ ဖြစ်သည်။
  • သူသည် ပေရသိစစ်တပ်ကို တိုက်ခိုက်ချိန်တွင် ဣသရေလလူမျိုးများကို ဦးဆောင်ခဲ့သည်။ ဒံယေလကျမ်းစာတွင်ကြိုတင်ပြောထားသည့်အတိုင်း နောက်ဆုံးသောကာလတွင် မကောင်းဆိုးဝါးများနှင့်တိုက်ခိုက်ရာတွင် သူသည်ဣသရေလတပ်များကို ဦးဆောင်မည်ဖြစ်သည်။
  • မိက္ခေလ အမည်ရှိသောပုဂ္ဂိုလ်များစွာ ကျမ်းစာထဲတွင်ရှိသည်။ အများစုကို မိက္ခေလ၏ သားဟုသိရသည်။

မိဇပါ

အချက်အလက်

မိဇပါ သည်ဓမ္မဟောင်းကျမ်းရှိ မြို့များစွာ၏ နာမည်ဖြစ်ပြီး "စောင့်ကြည့်ရန်နေရာ" သို့မဟုတ် "ကင်းမျှော်စင်" ဟုအဓိပ္ပါယ်ရှိသည်။

  • ရှောလုမင်းက ဒါဝိဒ်ကိုလိုက်ချိန်တွင် ဒါဝိဒ်သည် သူ့မိဘများကို မိဇပါတွင် မောဘဘုရင်၏ ကာကွယ်မှုအောက်တွင် ထားခဲ့သည်။
  • မိဇပါလို့ခေါ်တဲ့ မြို့တစ်မြို့သည် ယုဒနိုင်ငံနှင့် ဣသရေလနိုင်ငံကြားတွင် ရှိသောမြို့ဖြစ်သည်။ အဲဒီမြို့သည် အဓိကစစ်တပ်နေရာတစ်နေရာဖြစ်ခဲ့သည်။

မိဒျန်၊ မိဒျန်လူများ

အချက်အလက်

မိဒျန် သည်အာဗြဟံနှင့်သူ့ဇနီး ကေတုရ၏သားဖြစ်သည်။ ၎င်းသည် အာရပ်သဲကန္တာရမြောက်ပိုင်းမှ ခါနန်ပြည်တောင်ပိုင်းတွင်ရှိသော နေရာနှင့်လူစုများ၏ အမည်လည်းဖြစ်သည်။ ၎င်းလူစုများကို မိဒျန်လူများ ဟုခေါ်သည်။

  • မောရှေ သည်အီဂျစ်ပြည်မှ စတင်ထွက်ခွာချိန်တွင် သူယေသရော၏ သမီးများနဲ့တွေ့ဆုံခဲ့ပြီး သူတို့မြင်းများကိုရေတိုက်ကူရာ မိဒျန်ဒေသကို ရောက်ရှိခဲ့သည်။ နောက်တွင် သူယေသရော၏ သမီးတစ်ယောက်ကို သူလက်ထပ်ခဲ့သည်။
  • မိဒျန်ကျွန်ကုန်သည်တစ်စုမှ ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်သွားကြသည်။
  • နှစ်ပေါင်းများစွာကြာပြီးနောက် မိဒျန်လူများက ဣသရေလလူမျိုးများကို ခါနန်ပြည်တွင်တိုက်ခိုက်ခဲ့သည်။ ဣသရေလလူမျိုးများအနိုင်ရရှိအောင် ဂိဒေါင်က ဦးဆောင်ခဲ့သည်။
  • ယနေ့အာရပ်လူမျိုးများစွာသည် ဤလူမျိုးမှ ဆင်းသက်လာသူများဖြစ်သည်။

မိရှေလ

အချက်အလက်

မိရှေလ သည်ဓမ္မဟောင်းကျမ်းရှိ လူသုံးဦး၏အမည်ဖြစ်သည်။

  • တစ်ယောက်သည် အာရုန်၏ ဝမ်းကွဲအစ်ကိုဖြစ်သည်။ အာရုန်၏သား နှစ်ယောက်သည် ဘုရားသခင်ညွှန်ကြားသည့်အတိုင်းအမွှေးအကြိုင်ကို မပူဇော်ကြသောကြောင့် ဘုရားသခင်မှ သေစေသည့်အချိန်တွင် ၎င်းအလောင်းများကိုဣသရေလစခန်းအပြင်သို့ သယ်ဖို့ မိရှေလနှင့်သူ့အစ်ကိုသည် တာဝန်ပေးခြင်းခံခဲ့ရကြသည်။
  • ‌နောက်တစ်ယောက် မိရှေလသည် ဧဇရမှပြန်လည်တွေ့ရှိသောပညတ်တော်ကို ဖတ်ကြားချိန်တွင် ဘေးနားရပ်နေသောသူဖြစ်သည်။
  • ဣသရေလလူမျိုးများ ဗာဗုလုန်နိုင်ငံသို့ နယ်နှင်ဒဏ်ခံချိန်တွင် မိရှေလ ဟုခေါ်သောလူငယ်တစ်ယောက်ကိုလည်းဖမ်း၍ ဗာဗုလုန်တွင်အတင်းနေစေခဲ့ကြသည်။ ဗာဗုလုန် လူများက မေရှက် ဟု အမည်ပြန်ပေးကြသည်။ သူ့အဖော်များဖြစ်သော အာဇရိ (အဗေဒနေဂေါ) နှင့် ဟာနနိ (ရှာဒရက်) တို့နှင့်အတူ ဘုရင့်ရုပ်တုကို ကိုးကွယ်ဖို့ငြင်းဆန်သဖြင့် မီးထဲသို့ပစ်ချခြင်းခံရသည်။

မိရိအံ

အချက်အလက်

မိရိအံ သည်အာရုန်နှင့်မောရှေ၏ အစ်မဖြစ်သည်။

  • သူငယ်ရွယ်သည့်အချိန်တွင် နိုင်းမြစ်တစ်လျှောက်ကျူပင်များကြားရှိ တောင်းလေးထဲတွင်ရှိသော မိမိမောင်ငယ်မောရှေအားစောင့်ကြည့်ဖို့ မိရိအံကို သူ့မိခင်ကမှာကြားခဲ့သည်။ ဖာရောဘုရင်၏ သမီးတော်မှ ကလေးငယ်ကိုတွေ့၍ပြုစုမည့်သူလိုအပ်နေချိန်တွင် ကလေးကိုထိန်းဖို့ မိရိအံက သူ့မိခင်ကိုခေါ်လာခဲ့သည်။
  • ပင်လယ်နီကိုကျော်ဖြတ်ပြီး အီဂျစ်လူမျိုးများလက်မှထွက်လာချိန်တွင် ဝမ်းမြောက်ခြင်းနှင့်ကျေးဇူးတော်ချီးမွမ်းခြင်းအကဖျော်ဖြေမှုတွင် မိရိအံသည် ဣသရေလလူမျိုးများကို ဦးဆောင်ခဲ့သည်။
  • ဣသရေလလူမျိုးများသဲကန္တာရတောတွင်လှည့်လည်လာပြီးနောက်တွင် မိရိအံနှင့် အာရုန်သည်မောရှေအား ကုရှအမျိုးမိန်းမကိုယူသောကြောင့် ပြစ်တင်ပြောလာကြသည်။
  • မောရှေကိုထိုသို့ပုန်ကန်မှုကြောင့် ဘုရားသခင်က မိရိအံကို နူနာရောဂါဖြင့်ဖျားနာစေသည်။ သို့သော် မောရှေ၏တောင်းပန်မှုကြောင့်ဘုရားသခင်က ပြန်လည်ကျန်းမာစေခဲ့သည်။

မေရှက်

အချက်အလက်

မေရှက် သည်ဓမ္မဟောင်းကျမ်းစာတွင် လူနှစ်ဦး၏ အမည်ဖြစ်သည်။

  • မေရှက် တစ်ဦးသည် ယေဖသ၏သားဖြစ်သည်။
  • နောက်တစ်ယောက်မေရှက်သည် ရှေမ၏ မြေးဖြစ်သည်။
  • မေရှက် သည် ၎င်းလူနှစ်ဦးထဲမှတစ်ယောက်ယောက်အမည်ဖြင့်ပေးထားသော ဒေသတစ်ခု၏ အမည်လည်းဖြစ်သည်။
  • မေရှက်ဒေသသည် ယနေ့ တူရကီနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုတွင် တည်ရှိခဲ့ခြင်းဖြစ်နိုင်သည်။

မေလခိဇေတက်

အချက်အလက်

အာဗြံအသက်ရှင်သည့်အချိန်တွင် မေလခိဇေတက် သည် ဆလင်မြို့ တွင်နေထိုင်သည် (နောက်တွင်‌‌‌‌ယေရုရှလင် ဖြစ်လာသည်)

  • မေလခိဇေတက် ဟူသောနာမည်သည် "ဖြောင့်မတ်ခြင်းဘုရင်" နှင့် သူ့ရဲ့ ရာထူးဖြစ်တဲ့ "ဆလင်ဘုရင်" သည် "ငြိမ်းချမ်းရေးဘုရင်" ဟုအဓိပါယ်ရှိသည်။
  • သူ့ကို အမြင့်ဆုံးသောဘုရား၏ယဇ်ပရောဟိတ် ဟုလည်းခေါ်သည်။
  • သူ့တူ လောတကို တန်ခိုးကြီးဘုရင်များလက်မှ အာဗြံကယ်သောကြောင့် အာဗြံကိုမုန့်နဲ့ဝိုင်ဖြင့်ပြုစုရာတွင် မေလခိဇေတက် ကိုကျမ်းစာတွင်ပထမဆုံးတွေ့ရသည်။ အာဗြံသည် အောင်မြင်သိမ်းပိုက်ရရှိသော ပစ္စည်းများထဲမှ ဆယ်ပုံတစ်ပုံကို မေလခိဇေတက်အား ပေးသည်။
  • မေလခိဇေတက် သည်မိဘမရှိသောသူအဖြစ် ဓမ္မသစ်ကျမ်းစာတွင်ဖော်ပြထားသည်။ သူ့ကို ထာဝရအုပ်စိုးမည့်သူ ဟုလည်းခေါ်ခြင်းခံရသည်။
  • ယေရှု သည် မေလခိဇေတက်၏ ယဇ်ပရောဟိတ်ဆိုင်ရာအမိန့်အတိုင်း ယဇ်ပရောဟိတ် ဖြစ်သည်ဟုလည်း ဓမ္မသစ်ကျမ်းစာကပြောသည်။ ယေရှုသည် ‌ဣသရေလ ယဇ်ပရောဟိတ်များကဲ့သို့ လေဝိလူမျိုးမှဆင်းသက်လာသည်မဟုတ်။ မေလခိဇေတက် ကဲ့သို့ပဲ ယေရှု၏ ယဇ်ပရောဟိတ်ဖြစ်ခြင်းသည် ဘုရားသခင်ထံမှ တိုက်ရိုက်လာသည်။
  • ကျမ်းစာတွင်ဖော်ပြသည့်၎င်းအချက်များပေါ်အခြေခံ၍ မေလခိဇေတက် သည် ကျွန်ုပ်တို့၏ကြီးမြတ်သောယဇ်ပရောဟိတ် နှင့် ထာဝရငြိမ်းချမ်းရေးဘုရင် ယေရှုကို ရှေးရှုရန် သို့မဟုတ် ရည်ညွှန်းရန် ဘုရားသခင်ရွေးချယ်ထားသော လူသားယဇ်ပရောဟိတ် တစ်ပါးဖြစ်ကြောင်းတွေ့ရသည်။

မေသောပေါဘာမိပြည်၊ Aram Naharaim (နာခေါ်မြို့)

အချက်အလက်

မေသောပေါဘာမိပြည် သည် ဟိဒကေလမြစ်နှင့် ဥဖရတ်မြစ်ကြားရှိနေရာကိုခေါ်ခြင်းဖြစ်သည်။ တည်နေရာမှာ လက်ရှိ အီရတ်နိုင်ငံဒေသဖြစ်သည်။

  • ဓမ္မဟောင်းကျမ်းစာတွင် ဤဒေသကို Aram Naharaim (နာခေါ်မြို့) ဟုခေါ်သည်။
  • "မေသောပေါဘာမိ" ဟူသောဝေါဟာရသည် "မြစ်များကြား" ဟုအဓိပ္ပါယ်ရှိပြီး Aram Naharaim သည် "မြစ်နှစ်စင်း၏ အာရံ" ဟုအဓိပ္ပါယ်ရသည်။
  • အာဗြဟံသည် ခါနန်ပြည်သို့မပြောင်းခင်တွင် မေသောပေါဘာမိပြည်ရှိ ဥရမြို့နှင့် ခါရန်မြို့များတွင်နေထိုင်ခဲ့သည်။
  • ဗာဗုလုန်မြို့သည်လည်း မေသောပေါဘာမိပြည် တွင်ထင်ရှားသောမြို့တစ်မြို့ဖြစ်သည်။
  • ကာဒေရှပြည် ဟုခေါ်သောဒေသသည်လည်း မေသောပေါဘာမိပြည်၏ အစိတ်အပိုင်းဖြစ်သည်။

မောဘ၊ မောဘအမျိုးသား၊ မောဘပြည်သူ

အချက်အလက်

မောဘ သည်လောတအစ်မ၏သားဖြစ်သည်။ သူနှင့်သူ့မိသားစုနေထိုင်ရာနေရာ၏ အမည်လည်းဖြစ်လာသည်။ "မောဘအမျိုးသား" အသုံးအနှုန်းသည် မောဘအမျိုးမှဆင်းသက်လာသူ သို့မဟုတ် မောဘပြည်တွင်နေထိုင်သူဖြစ်သည်။

  • မောဘပြည်သည် ပင်လယ်သေ (ဆားငန်အိုင်) အရှေ့ဘက်တွင် တည်ရှိသည်။
  • မောဘပြည်သည် နေဧမိသားစုနေထိုင်ခဲ့ရာ ဗက်လင်မြို့၏ အရှေ့တောင်ဘက်တွင် ရှိသည်။
  • ဗက်လင်မြို့ရှိလူများက ရုသ ကို မောဘပြည်ကဖြစ်သောကြောင့် "မောဘပြည်သူ" ဟုခေါ်ကြသည်။ "မောဘပြည် အမျိုးသမီး" သို့မဟုတ် "မောဘပြည်မှ အမျိုးသမီး" ဟုလည်းပြန်နိုင်သည်။

မောရှေ

အချက်အလက်

မောရှေ သည်ပရောဖက်တစ်ပါးဖြစ်၍ နှစ်ပေါင်း လေးဆယ် ဣသရေလလူမျိုးများ၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။

  • မောရှေ ကလေးလေးအရွယ်တွင် အဲဂုတ္တုပြည်သား ဖာရောဘုရင်မသိအောင် သူ့မိဘများမှ တောင်းထဲတွင်ထား၍ နိုင်းမြစ်တစ်လျှောက်ရှိကျူပင်များကြားတွင် ထားကြသည်။ မောရှေအစ်မ မိရိအံသည်သူ့ကိုစောင့်ကြည့်သည်။ ဖာရောဘုရင်၏သမီးတော်မှ မောရှေကိုတွေ့ ၍ မိမိသားအဖြစ်မွေးစားရန် နန်းတော်သို့ခေါ်သွားသောကြောင့်မောရှေအသက်လွတ်လေသည်။
  • ဘုရားသခင်သည် အဲဂုတ္တုပြည်ကျွန်ဘဝမှ ဣသရေလလူမျိုးများကိုကယ်တင်ပြီး ဂတိတော်ထားရာပြည်ကိုခေါ်ဆောင်ဖို့ မောရှေကို ရွေးခဲ့သည်။
  • ဣသရေလလူမျိုးများ အဲဂုတ္တုပြည်မှထွက်လာပြီး သဲကန္တာရတွင်တောလည်နေစဉ်တွင် ဘုရားသခင်သည် မောရှေအား ပညတ်တော် ဆယ်ပါးရေးထားသော ကျောက်ပြားနှစ်ပြားပေးခဲ့သည်။
  • အသက်ဆုံးခါနီးတွင် မောရှေသည် ဂတိတော်ထားရာပြည်ကိုမြင်ခဲ့သော်လည်း ဘုရားသခင်ကို မနာခံမှုကြောင့် မဝင်ခဲ့ရပေ။

မောလုတ်၊ မောလုပ်

အချက်အလက်

မောလုတ်သည် ခါနန်လူမျိုးများကိုးကွယ်သော မှားယွင်းသော ဘုရားတစ်ပါး၏ အမည်ဖြစ်သည်။ အခြားစာလုံးပေါင်းများမှာ "မောလုပ် နှင့် မောလက်"ဖြစ်သည်။

  • မောလုတ်ဘုရားကို ကိုးကွယ်သောသူတို့သည် မိမိတို့ကလေးများကို မီးရှို့၍ သူ့ကိုယဇ်ပူဇော်ကြသည်။
  • စစ်မှန်သောဘုရားသခင် ထာဝရဘုရား အစား မောလုတ် ဘုရားကို ကိုးကွယ်သောဣသရေလလူမျိုး အချို့ရှိသည်။ သူတို့သည် မိမိကလေးများဖြင့် ယဇ်ပူဇော်ခြင်းအပါအဝင် မောလုတ်ဘုရားကိုးကွယ်သူများကဲ့သို့ပြုလုပ်လာကြသည်။

မော်ဒကဲ

အချက်အလက်

မော်ဒကဲ သည် ဂျူးလူမျိုးဖြစ်၍ ပေရသိပြည်တွင်နေထိုင်သည်။ သူသည် နောက်တွင် ပေရသိဘုရင် အာရွှေရု ၏မိဖုရားဖြစ်လာသော သူ့ဝမ်းကွဲညီအစ်မ ဧသတာ၏ အုပ်ထိန်းသူလည်းဖြစ်သည်။

  • နန်းတော်တွင်းအမှုထမ်းစဉ်တွင် မော်ဒကဲသည် ရှင်ဘုရင် အာရွှေရု အားလုပ်ကြံမည့်အကြာင်းကိုကြား၍ ဘုရင်ကိုပြောသဖြင့် ဘုရင်သည်အသက်ချမ်းသာရ၏။
  • ကာလအနည်းငယ်ကြာပြီးနောက် ပေရသိပြည်ရှိဣသရေလလူမျိုးအားလုံးကို သတ်မည့်အကြောင်းကိုလည်း ကြားသိလာခဲ့သည်။ သူသည် သူတို့လူမျိုးများကို ကယ်တင်ဖို့ ဘုရင်ကိုဖျောင်းဖျဖို့ရန် ဧသတာ အားတိုက်တွန်းခဲ့သည်။

ယွာဘ

အချက်အလက်

ဒါဝိဒ်ဘုရင် အုပ်ချုပ်သောကာလတလျှောက်လုံးတွင် ယွာဘသည် အလွန်အရေးပါသော စစ်တပ်ခေါင်းဆောင်တယောက်ဖြစ်သည်။

  • ဒါဝိဒ်ဘုရင်မဖြစ်ခင်ကပင် ယွာဘသည် ဒါဝိဒ်၏ သစ္စာရှိသော နောက်လိုက်ကောင်းတယောက်ဖြစ်သည်။
  • နောက်ပိုင်းတွင် ဣသရေလနိုင်ငံကို ဒါဝိဒ်ရှင်ဘုရင်အဖြစ်အုပ်ချုပ်ချိန်၌ ယွာဘသည် ဒါဝိဒ်မင်း၏ စစ်တပ်တွင် တပ်မှုးဖြစ်လာသည်။
  • ယွာဘသည် ဒါဝိဒ်မင်း၏ တူလဲဖြစ်သည်။ ယွာဘ၏ မိခင်မှာ ဒါဝိဒ်မင်း၏ ညီအစ်မတဦးဖြစ်သည်။
  • ဒါဝိဒ်မင်း၏သား အဗရှလုံသည် သစ္စာဖောက်ပြီး ဒါဝိဒ်ဘုရင်၏ နေရာကိုလုယူသောအခါ ယွာဘသည် ဘုရင်ကို ကာကွယ်သောအားဖြင့် အဗရှလုံကို သတ်ခဲ့သည်။
  • ယွာဘသည် ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်သူတယောက်ဖြစ်ပြီး ဣသရေလ ရန်သူများစွာကို သတ်ဖြတ်ခဲ့သည်။

ယဟောရံ, ဟောရံ

အချက်အလက်

ယဟောရံသည်ဓမ္မဟောင်းတွင်ဘုရင်နှစ်ပါး၏နာမည်ဖြစ်သည်။ ဘုရင်နှစ်ပါးစလုံးကိုယဟောရံဟုသိကြသည်။

  • ဘုရင်တစ်ပါးယဟောရံသည်ယုဒပြည်ကို ရှစ်နှစ်အုပ်စိုးသည် သူသည်ဘုရင်ယောရှဖတ်၏သားဖြစ်သည် ဤဘုရင်ကိုအများအားဖြင့် ယဟောရံဟု သိကြသည်။
  • နောက်ထပ်ဘုရင်တစ်ပါးယဟောရံသည်ဣသရေလပည်ကို ၁၂ နှစ် အုပ်စိုးသည်။ သူသည်ဘုရင်အာဟပ်၏သားဖြစ်သည်။
  • ယေဟောယကိမ်မင်းကြီးသည် ပရောဖက် ယေရမိ၊ ဒံယေလ၊ သြဗဒိ၊ နှင့် ယေဇကျေလ တို့ ခေတ်ကာလ၌ ယုဒနိုင်ငံကို ပရောဖက်ပြုသောသူများဖြစ်ကြသည်။
  • ယဟောရံ သည် သူ့ခမည်းတော် ယေဟောရှဖတ် ယုဒကို အုပ်စိုးခဲ့စဥ်က စိုးစံခဲ့သောသူလည်းဖြစ်သည်။
  • "တချို့ဘာသသာပြန်များက "ယေဟောရံ" ဟူသောနာမည်ကို ယုဒနိုင်ငံအတွက် "ယောရံ" ဟူသောနာမည်ကို ဖော်ပြရာတွင် အသုံးပြုထားသောနာမည် အဖြစ်ရွေ့ချယ်ထားနိုင်သည်။
  • တခြားပို၍သေချာသော နည်းတစ်မျိုးမှာ စကားလုံးတစ်ခုစီသည် သူ့ဖခမည်းတော်၏ နာမည်ကို ပါဝင်စေသည်။

ယာ ကုပ်

အချက်အလက်

ယာကုပ် (အာ ကဲ ဖိတ် ၏သား)

  • အကဲဖိတ် ၏သား ယာကုတ်သည် ယေရှု၏တပည့်တော်ဆယ်နှစ်ပါးထဲမှ တပါးဖြစ် ခဲ့ ပါသည်။
  • ရှင်မသဲ၊ ရှင်မာကုနှင့် ရှင်လုကာ ခရစ်၀င်ကျမ်းများ၌ယာကုပ်ကို ယေရှု၏တပည့်တော်များ စာရင်း ၌ ထည့်သွင်းဖော်ပြပါသည်"
  • ယေရှုသည်ကောင်းကင်သို့ကြွသွားပြီးနောက် ယေရုရှလင်မြို့ ၌အတူတကွ ဆုတောင်းပဌာနာပြုကြသော တပည့်တော်ဆယ့်နှစ်ပါးတွင်ယာကုတ်၏ နာမည်ကိုဖော်ပြ ထား သည်။
  • ဇေဗဒဲ၏ သားယာကုပ်သည် ယေ ရှု ၏ တ ပည့် တော်တပါး ဖြစ် သည်။
  • သူ့ ညီငယ် ယော ဟန် သည်လည်း ယေရှု၏ တပည့်တော်တပါး ဖြစ် ခဲ့ပါသည်။ ယာကုပ်နှင့် သူ့ ညီ ယောဟန် တို့ သည် သူတို့ ၏ ဖခင်ဖြစ်သူဇေဗဒဲနှင့် အတူငါးဖန်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။ ယာကုပ်နှင့်ယော ဟန်တို့ကိုမိုး ကြိုး၏သားများ ဟုချစ်စနိုးခေါ် ခဲ့ကြသည်" အဘယ့်ကြောင့် ဆို သော်သူ တို့ သည် ဒေါ သထွက်မြန်သောကြောင့်ဖြစ်သည်။
  • ပေတရု၊ယာ ကုပ်နှင့် ယောဟန် တို့ သည် ယေရှု ၏ အ ရင်း နှီးဆုံးသော ပည့် တော်များ ဖြစ် ခဲ့ကြ သည်။ တောင် ထိပ် ပေါ်် တွင် ဧလိယ နှင့် မော ရှေ တို့ နှင့်တွေ့ ဆုံခြင်း ဖြစ်ရပ်၌သေနေသောမိန်းကလေးငယ် ကို အ သက် ပြန် ရှင် စေ သော အံ့ ဘွယ် ဖြစ် ရပ်များတွင်လည်းသူတို့သည် ယေရှု နှင့်အတူရှိ့နေ ခဲ့ ကြ သည်။
  • ဤ ယာ ကုပ် သည် ရှင် ယာ ကုပ် ဩ ၀ါ ဒ စာ စောင် ကို ရေး သား ခဲ့ သူ မ ဟုတ် ပါ။ ဇေဗဒဲ၏ သားယာကုပ်သည် ယာကုပ်ဩ၀ါ ဒစာကိုရေးသားခဲ့သောယာကုပ်မဟုတ်ကြောင်း ထင်ရှားစွာတချို့သောဘာသာစကားများ တွင်ရေးသား ခဲ့ကြသည်။

ယာကုပ် (ဇေဗေဒဲ၏သား)

အချက်အလက်

ဇေဗေဒဲ၏သား ယာကုပ်သည် ယေရှု၏ တမန်တော် ၁၂ ပါးတွင် တပါးဖြစ်သည်။ ယေရှု၏ တမန်တော်တပါးဖြစ်သည့် ယောဟန်သည် သူ၏ညီဖြစ်သည်။

  • ယာကုပ်နှင့် ယောဟန်တို့သည် သူတို့၏ ဖခင်ဇေဗေဒဲနှင့် အတူ ငါးဖမ်းသောအလုပ်လုပ်ကြသည်။
  • ယာကုပ်နှင့် ယောဟန်တို့ကို "မိုးကြိုး၏သားများ" ဟု နောက်ပြောင်ခေါ်လေ့ရှိသည်။ အကြောင်းမှာ သူတို့သည် ဒေါသထွက်မြန်သောသူများဖြစ်ကောင်း ဖြစ်လိမ့်မည်။
  • ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ယေရှုနှင့် အနီးကပ်ဆုံးနေသောသူများဖြစ်ပြီး ဧလိယ၊ မောရှေတို့နှင့်အတူ ယေရှုတောင်ပေါ်တွင် ရှိနေချိန်၌သော၎င်း၊ သေသွားသော မိန်းကလေးတယောက်ကို ပြန်ရှင်စေသော အံ့ဖွယ်အမှုများပြုသော အချိန်၌သူတို့သည် ယေရှုအနားတွင်ရှိနေကြသည်။

ယာကုပ် (ယေရှု၏ညီ)

အချက်အလက်

ယာကုပ်သည် မာရိနှင့် ယောသပ်၏ သားဖြစ်သည်။ ယေရှု၏ညီဖြစ်သည်။

  • ယေရှု၏ အခြားညီအစ်ကိုများမှာ ယောသပ်၊ ယုဒနှင့် ရှိမုန်ဖြစ်သည်။
  • ယေရှုသက်ရှိထင်ရှားရှိစဉ်က ယာကုပ်နှင့် အခြားသော ညီအစ်ကိုများက ယေရှုသည် မေရှိယဖြစ်ကြောင်း မယုံကြည်ခဲ့ကြပေ။
  • ယေရှုက သေသောသူကို ပြန်ရှင်စေပြီးနောက်တွင် ယာကုပ်က ယေရှုကို ယုံကြည်လာပြီး ယေရုရှလင် အသင်းတော်တွင် ခေါင်းဆောင်ဖြစ်လာခဲ့သည်။
  • ဓမ္မသစ်ကျမ်းတွင်ရှိသော ရှင်ယာကုပ်ဩဝါဒစာစောင်သည် ညှင်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက်ရန် တိုင်းတပါးသို့ ထွက်ပြေးသွားသော ယုံကြည်သူများသို့ ရှင်ယာကုပ်ရေးသောစာဖြစ်သည်။

ယာကုပ် (အလဖဲ၏သား)

အချက်အလက်

အလဖဲ၏သား ယာကုပ်သည် ယေရှု၏ တမန်တော် ၁၂ ပါးတွင် တပါးဖြစ်သည်။

  • ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာခရစ်ဝင်ကျမ်းများတွင်ရှိ ယေရှု၏ တပည့်တော် ၁၂ ပါးတွင် တပါးဖြစ်သည်။
  • ယေရှု ကောင်းကင်တက်ကြွပြီးနောက် ယေရုရှလင်မြို့တွင် ဆုတောင်းနေကြသော တပည့်တော် ၁၁ ပါးတွင် သူလဲပါဝင်ကြောင်း တမန်တော်ဝတ္တုတွင် ရေးထားသည်။

ယာကုပ်၏သားယုဒ

အချက်အလက်

ယာကုပ်၏သားယုဒသည် ယေရှု၏ တမန်တော်ဆယ့်နှစ်ပါးထဲက တစ်ယောက်ဖြစ်ပါသည်။ သူသည် ယုဒရှကာရုတ်နှင့်မတူပါ။

  • ကျမ်းစာထဲမှာ မကြာခဏဆိုသကဲ့သို့ နာမည်တူသောလူပုဂ္ဂိုလ်များကို တွေ့မြင်ရပါသည်။ ယုဒသည် ယာကုပ်၏သားဖြစ်ကြောင်းကို ခွဲခြားသိမြင်ရန်ဖြစ်သည်။
  • ယုဒ နောက်တစ်ယောက်မှာ ယေရှု၏ ညီဖြစ်ပြီး၊ သူကို ယုဒဟုခေါ်ကြသည်။
  • ဓမ္မသစ်ကျမ်းက ယုဒသည် ယေရှု၏ညီ ယုဒ ဖြစ်နိုင်သည်။ သူကိုယ်တိုင် ယာကုပ်၏သား ယုဒဟု ဖော်ပြပါသည်။ ယာကုပ်သည် ယေရှုနောက်ထပ်တယောက်၏ ညီအစ်ကိုဖြစ်သည်။
  • ရှင်ယုဒဩဝါဒစာအုပ်သည် ယာကုပ်၏သား ယုဒဖြစ်သော ခရစ်တော်၏ တပည့်တော်ယုဒမှ ရေးသားခြင်း ဖြစ်နိုင်ပါသည်။

ယာဖတ် (Japheth)

အချက်အလက်

ယာဖတ်သည် နောဧ၏သားသုံးယောက်ထဲ မှတဦးဖြစ်သည်။ နောဧခေတ် ကမ္ဘာကြီးရေလွှမ်းမိုးခဲ့ချိန်တွင် ယာဖတ်သည်သူ၏ညီအစ်ကိုနှစ်ယောက်နှင့်ဖခင်နောဧတို့နှင့်တကွသူ တို့ ၏ မိန်းမများနှင့်အတူသဘော်၌ ရှိ့ ခဲ့ ကြ သည်။

နောဧ သား တို့ ၏ အ မည် များ မှာ ရှမ၊ ဟာ မ နှင့် ယာ ဖထ် တည်း။ အစဉ်လိုက်ရေးသားထားသောနာမည်စာရင်းတွင် ယာဖတ်သည်ညီအငယ်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။


ယုဒ

အချက်အလက်

ယုဒသည် ယာကုပ်၏သားကြီးတစ်ပါးဖြစ်သည်။ သူ၏ မိခင်မှာ လေအာ ဖြစ်သည်။ သူသည် ယုဒမျိုးနွယ်ကနေ ဆင်းသက်လာပါသည်။

  • ယုဒ သူ၏ညီအစ်ကိုများကို ပြောထားသည့်အရာမှာ သူတို့ညီကိုများအနက် အငယ်ဆုံးဖြစ်သော ယောသပ်ကို ကျွန်အဖြစ် ရောင်းစားရန် အလွန်နက်သော တွင်းထဲထည့်ထားကြရအောင်ဟု ပြောခဲ့ပါသည်။
  • ဒါဝိဒ်မင်းကြီးနှင့် ဘုရင်အားလုံးသည် ယုဒမျိုးနွယ်စုမှ ဆင်းသက်လာပြီး၊ ယေရှုသည်လည်း ယုဒမျိုးနွယ်စုမှ ဆင်းသက်လာခဲ့ပါသည်။
  • ရှောလမုန် အုပ်ချုပ်သော အဆုံးပိုင်းလေးတွင် အစ္စရေးနိုင်ငံဟာ နှစ်ပိုင်းဖြစ်သွားပါသည်။ မြောက်ပိုင်းယုဒပြည်နှင့် တောင်ပိုင်းဟူ၍ ဖြစ်သွားခဲ့ပါသည်။
  • ဓမ္မသစ် ဗျာဒိတ်ကျမ်းမှာ ယေရှု ခရစ်တော်ကို ယုဒ၏ ခြင်္သေ့ဟု ခေါ်ဆိုခြင်းခံရပါသည်။
  • "ဂျူး" နှင့် "ယုဒပြည်"ဟူသော စကားလုံးမှာ ယုဒမှ ဆင်းသက်လာသော စကားလုံးဖြစ်ပါသည်။

ယုဒ၊ ယုဒနိုင်ငံ

အချက်အလက်

ယုဒမျိုးနွယ်စုသည် ဣသရေလအမျိုး (၁၂) ထဲတွင် လူဦးရေအများဆုံးသော လူမျိုးနွယ်စုဖြစ်သည်။ ယုဒနိုင်ငံကို မျိုးနွယ်စု (၂) ခုဖြစ်သော ယုဒနှင့် ဗင်္ယာမိန်တို့ဖြင့် ဖွဲ့စည်းထားသည်။

  • ရှင်ဘုရင်ရှောလမုန် ကွယ်လွန်ပြီးနောက် ဣသရေလမျိုးနွယ်စုများသည် နိုင်ငံ (၂) ခုအဖြစ် ကွဲသွားကြသည်။ တောင်ပိုင်းရှိ ပင်လယ်သေ၏ အနောက်ပိုင်းတွင်ရှိဒေသကို ယုဒနိုင်ငံ ဟုခေါ်သည်။
  • ယုဒနိုင်ငံ၏မြို့တော်မှာ ဂျေလုဆလင်မြို့ဖြစ်သည်။
  • ယုဒ ရှင်ဘုရင် (၈) ပါးသည် ယာဝေကို နာခံကြပြီး သူ့ကို ကိုးကွယ်ရန် လူများကိုလည်း ဦးဆောင်ခဲ့ကြသည်။ တခြားယုဒ ရှင်ဘုရင်များသည် ဆိုးသွမ်းကြပြီး၊ လူများကို ရုပ်တုကိုးကွယ်ရန် ဦးဆောင်ခဲ့ကြသည်။
  • နှစ်ပေါင်း (၁၂၀) ကျော်သည် အထိ အာရှုရိလူများက ဣသရေလ (မြောက်ပိုင်းနိုင်ငံ) ကို အနိုင်ကျင့်ကြပြီး၊ ယုဒနိုင်ငံကို ဗာဗုလုန်နိုင်ငံမှ သိမ်းပိုက်ခဲ့သည်။ ဗာဗုလုန်လူမျိုးများသည် မြို့များနှင့် ဗိမာန်တော်ကို ဖျက်ဆီးကြပြီး ယုဒလူများကို ကျွန်အဖြစ် ခေါ်ဆောင်ခဲ့ကြသည်။

ယုဒမြို့

အချက်အလက်

ယုဒမြို့သည် ရှေးအစ္စရေး၏ မြို့တမြို့ဖြစ်သည်။ တခါတရံမှာ အသုံးနည်းပြီး၊ တခါတရံအသုံးများပါသည်။

  • ယုဒမြို့သည် ပင်လယ်သေ၏ အနောက်ဘက် ရှိသည်။ အချို့သောနေရာတွင် ယုဒပြည်နယ်ဟု ခေါ်ဆိုကြသည်။
  • ယုဒပြည်သည် ရှေးအစ္စရေးနိုင်ငံ၏ ဂါလိလဲပြည်၊ ရှမာရိနယ်၊ ပါရီယား၊ အိဒုံမိ၊ ယုဒပြည်ဟူ၍ သုံးနှုန်းကြပါသည်။
  • ရှင်လုကာခရစ်ဝင်ကျမ်း ၁း၅ မှာ ယုဒတိုင်းပြည်၊ ရှင်လုကာခရစ်ဝင်ကျမ်း ၁း၃၉ မှာ ယုဒပြည်နယ်အဖြစ် သုံးနှုန်းပြီး၊ ယုဒလူမျိုးများ၏ မူရင်းဒေသဖြစ်သည်။

ယုဒရှကာရုတ်

အချက်အလက်

ယုဒရှကာရုတ်သည် သခင်ခရစ်တော်၏ တမန်တော်တပါးဖြစ်ပါသည်။ သူသည် သခင်ယေရှုကို သစ္စာဖောက်သူတစ်ယောက်လည်း ဖြစ်ပါသည်။

  • "ရှကာရုတ်" ဟူသော စကားလုံးသည် "ကေရုတ်မြို့" ဟူသော စကားလုံးမှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ ယုဒရှကာရုတ်သည် ကေရုတ်မြို့တွင် ကြီးပြင်းခဲ့သည်။
  • ယုဒရှကာရုတ်သည် တမန်တော်များ၏ ငွေကို စီမံခန့်ခွဲပြီး ပုံမှန်အားဖြင့် ထိုငွေများကို ခိုးယူလေ့ရှိသည်။
  • ယုဒရှကာရုတ်သည် ယေရှုကို သစ္စာဖောက်ခဲ့သည်ဟု ဘာသာရေးခေါင်းဆောင်များက ပြောဆိုပါသည်။ ထို့ကြောင့် သခင်ယေရှု ဖမ်းဆီးခြင်းခံခဲ့ရပါသည်။
  • ထို့နောက် ဘာသာရေးခေါင်းဆောင်များက ယေရှုကို သေစေရန် ရှုတ်ချကြပါသည်။ ယုဒရှကာရုတ်သည် ထိုအဖြစ်အပျက်အတွက် နောင်တရပါသည်။ ထို့ကြောင့် ယေရှုသေပြီးနောက် သူသည် ဂျူးဘာသာခေါင်းဆောင်များထံသို့ သူယူထားသော ငွေကို ပြန်အမ်းပေးပါသည်။
  • တခြားသော တမန်တော်များကိုလည်း ယုဒဟုခေါ်ဆိုကြသည်။ ယေရှု၏ ညီကိုများနှင့် ကျမ်းစာမှာ ယုဒအမည်ရှိသော လူများစွာပါရှိပါသည်။

ယုပွေ

အချက်အလက်

သမ္မာကျမ်းစာရေးချိန်၌ ယုပွေမြို့သည်တောင်ဘက် ရှရုန်လွင်ပြင်မြေထဲပင်လယ်တွင်တည်ရှိပြီး ကူးသန်းရောင်း၀ယ်ရေးအတွက်အရေးပါသော ကမ်းခြေဖြစ်သည်။

  • ရှေးခေတ်ယုပွေမြို့သည် ယနေ့ချိန်တွင် ဂျာဗာမြို့ဖြစ်ပြီး တစ်အာဗိမြို့၏အစိတ်ပိုင်းအဖြစ်ပါ၀င်သည်။
  • ဓမ္မဟောင်းချိန်၌ ယုပွေသည်ယောနမှတာရှုမြို့သို့သွားသောအခါစီးသောမြို့ဖြစ်သည်။
  • ဓမ္မသစ်ချိန်၌ ခရစ်တော်ကိုယုံကြည်သူအမျိုးသမီးတစ်ယောက်ဖြစ်သော တာဗိတသေပြီး ရှင်ပေတရုမှပြန်လည်ထမြောက်ပေးသောသူ ရှိသောယုပွေမြို့ဖြစ်သည်။

ယေခေါနိ

အချက်အလက်

ယေခေါနိသည်ယုဒပြည်ကိုအုပ်ချုပ်ခဲ့သောဘုရင်တစ်ပါးဇြစ်သည်။

  • ယောယကိမ်သည် အသက် ၁၈ နှစ်တွင်နန်းတက်သည် သူသည် သုံးလသာ နန်းစံခဲ့ပြီးနောက် စစ်သုံပန်းအဖြစ် ဗာဗုလုန်ပြည်သို့ခေါ ဆောင်သွားခြင်းခံခဲ့ရသည်။
  • တိုတောင်းသောအုပ်ချုပ်သာလ၌ သူ၏ယခင်ယောယကိမ်မင်းကြီးနှင့်သူ၏အဖိုး မနာရှေမင်းကြီးကဲ့သို့ဆိုးယုတ်သောအမူ့တို့ကိုပြုခဲ့သည်။

ယေဇကျေလ

အချက်အလက်

ယေဇကျေလ သည် ဣသရေလလူမျိုးများ ဗာဗုလုန်သို့ အသိမ်းခံသည့်ကာလအတွင်း ဘုရားသခင်၏ ပရောဖက်တစ်ပါး ဖြစ်သည်။

  • ယေဇကျေလသည် ဗာဗုလုန်တပ်မှ သူနှင့်အခြားဣသရေလလူများစွားကို ဖမ်းဆီးချိန်တွင် ယုဒပြည်တွင်နေထိုင်သော ယဇ်ပရောဟိတ်တစ်ပါးဖြစ်သည်။
  • နှစ်ပေါင်းများစွာ သူနှင့်သူ့ဇနီးသည် မြစ်တစ်စင်းအနီး ဗာဗုလုန်တွင်နေထိုင်ကြပြီး ဣသရေလလူများသည် သူဟောပြောမည့် ဘုရားသခင်၏စကားတော်ကို ကြားနာဖို့သူ့ထံသို့လာကြသည်။
  • အခြားအရာများစွာထဲမှ ယေဇကျေလ သည် ယေရုရှလင်နှင့်ဗိမာန်တော်ပျက်စီးမည့်အကြောင်းနှင့် ပြန်လည်တည်ဆောက်မည့်အကြောင်းများကို ပရောဖက်ပြုခဲ့သည်။
  • မေရှိယ၏ အနာဂတ်နိုင်ငံတော်အကြောင်းကိုလည်း ပရောဖက်ပြုခဲ့သည်။

ယေဇဗေလ

အချက်အလက်

ယေဇဗေလသည် ဣသရေလဘုရင် အာဟတ်မင်း၏ ဆိုးညစ်သောဇနီးဖြစ်သည်။

  • ယေဇဗေလသည် ရှင်ဘုရင်အာဟတ်နှင့် ကျန်သော ဣသရေလများကို ရုပ်တုကိုးကွယ်ရန် လွှမ်းမိုးနိုင်သည်။
  • ဘုရားသခင်၏ ပရောဖက်များစွာကိုလည်း သတ်ခဲ့သည်။
  • နာဗုတ်၏ စပျစ်ခြံကို အာဟတ်မင်း အသုံးပြုနိုင်ရန်အတွက် အပြစ်မဲ့သောနောဗုတ်သေအောင် ယေဇဗေလလုပ်ခဲ့သည်။
  • ယေဇဗေလသည် သူပြုခဲ့သော မကောင်းမှုများကြောင့် နောက်ဆုံးတွင် အသတ်ခံရသည်။ သူမမည်သို့သေမည်ဟု ပရောဖက်ဧလိယကြိုတင်ပြောခဲ့အတိုင်းအတိအကျ ဖြစ်ပျက်ပြီး သေဆုံးသွားသည်။

ယေဇရေလ

အချက်အလက်

ယေဇရေလသည် ဣသရေလနိုင်ငံတွင် ဣသခါနယ်ပယ်၌ရှိသော အရေးပါသော မြို့တမြို့ဖြစ်ပြီး ဆားငံပင်လယ်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။

  • ယေဇရေလမြို့သည် မဂ္ဂဒုန်လွင် ပြင်၌ရှိသော အနောက်ပိုင်းစွန်းဒေသတခုဖြစ်ပြီး ယေဇရေလလွင်ပြင်ဟုလည်း ခေါ်ကြသည်။
  • ယေဇရေလမြို့တွင် ဣသရေလဘုရင် အချို့၏ နန်းတော်များရှိသည်။
  • နာဗုတ်၏ စပျစ်ဉယျာဉ်သည် အာဟတ်မင်း၏ နန်းတော်အနီး၌ ရှိပြီး ယေဇရေလမြို့တွင် ရှိသည်။ ပရောဖက်ဧလိယက ထိုနေရာတွင် အာဟတ်မင်းကို ဆန့်ကျင်ပြောဆိုသည်။
  • အာဟတ်မင်း၏ ဆိုးညစ်သောမယားယေဇဗေလသည် ယေဇရေလမြို့၌ အသတ်ခံရသည်။
  • တိုက်ပွဲများ အပါအဝင်အခြားအရေးပါသော အဖြစ်အပျက်များစွာ ယေဇရေလမြို့၌ ဖြစ်ပျက်ခဲ့သည်။

ယေဖသ

အချက်အလက်

ယေဖသသည် ဂိလဒ်ပြည်မှစစ်သူရဲဖြစ်ပြီး ဣသရေလလးမျိုးအပေါ်တရားသူကြီးအဖြစ်အမူ့ ထမ်းခဲ့သည်။

  • ဟေဗြဲ ၁၁း ၃၂ တွင် ယေဖသသည် သူ၏ရန်သူများလက်မှ သူလူမျိုးများကို ကယ်တင်ခဲ့သောအရေးကြီးသောခေါင်းဆောင်အဖြစ် ချီးမွမ်းခြင်းခံရသည်။
  • သူသည် ဣသရေလူမျိုးများကို အာမ္မုန်လူတို့လက်မှ ကယ်တင်ပြီး ဧဖရိမ်လူမျိုးကို တိုက်ခိုက်ရာ၌ဦးဆောင်ခဲ့သည်
  • ယေဖသသည် လူမိုက်တစ်ယောက်ကဲ့သို့သူ၏သမီးကို ပူဇော်ရန်အလျင်စလိုသံဓိဌာန်ချခဲ့သည်။

ယေဗုသိလူ

အချက်အလက်

ယေဗုသိလူမျိုးသည် ခါနန်ပြည်၌နေသော လူမျိုးစုတခုဖြစ်သည်။ ဟာမတ်သား ခါနန်မှ ဆင်းသက်သောသူများဖြစ်သည်။

  • ယေဗုသိလူများသည် ယေဗုမြို့တွင် နေထိုင်ကြပြီး ထိုမြို့ကို ဒါဝိဒ် သိမ်းပိုက်ပြီးနောက်တွင် ယေရုရှလင်ဟု အမည်ပြောင်းလိုက်သည်။
  • ရှာလင်မင်းကြီး မေလခိဇေဒက်သည် ယေဗုသိမှ လာသည်။

ယေရမိ

အချက်အလက်

ယေရမိသည် ယုဒပြည်၌ပရောဖက်ဖြစ်သည် ဓမ္မဟောင်းကျမ်းတွင်ယေရမိ၏ ပရောဖက်ပြုချက်များပါဝင်သည်။

  • ဘုရားသခင်သည် ဣသရေလလူမျိုးအပေါ်သူတို့၏အပြစ်ကြောင့် အပြစ်ဒဏ်ပေးမည့်အကြောင်းကို အခြားသောပရောဖက်ကဲ့သို့ သတိပေးလေ့ရှိခဲ့သည်။
  • ယေရမိသည် ယေရုရှလင်မြို့ကို ဗာဗုလုန်တွေ သိမ်းဆည်းမည့်အကြောင်းကို ပရောဖက်ပြုသော‌ ကြောင့် ယုဒလူတို့သည် သူ့ကိုအမျက်ဒေါသထွက်ခဲ့သည်။ ထိုကြောင့် သူတို့သည် ယေရမိကိုသေစေရန် နက်၍ခြောက်သွေ့သောရေတွင်း၌ထည့်ထားခဲ့သည်။ သို့ သော်လည်း ယုဒဘုရင်သည်ယေရမိကို ရေတွင်းမှနုတ်ယူရန် သူ့လူကိုအမိန့်ပေးခဲ့သည်။
  • ယေရမိသည် သူ၏လူမျိုးများ ပုံကန်ခြင်း ဆင်းရဲဒုက္ခကြုံတွေ့မူ့အပေါ် အလွန်ဝမ်းနည်းကြေကွဲပြီး သူ၏မျက်စိမှထွက်သော မျက်ရည်များသည် စမ်းရေတွင်းကဲ့သို့ ဖြစ်ကြောင့် ရေးသားဖော်ပြခဲ့သည်။

ယေရှဲ

အချက်အလက်

ယေရှဲသည် ဒါဝိဒ်သားဖြစ်ပြီး ဗောဇနှင့် ရုသတို့၏ မြေးဖြစ်သည်။

  • ယေရှဲသည် ယုဒအမျိုးဖြစ်သည်။
  • သူသည် ဧဖရတ်မြို့ (ဗက်လင်မြို့) မှလာသော ဧဖရတ်မြို့သား ဖြစ်သည်။
  • ပရောဖက်ဟေရှာယက ယေရှဲ၏အမြစ် (သို့ ) အကိုင်းခက်မှ အသီးသီးမည်ဟု ပရောဖက်ပြု ပြောဆိုခဲ့သည်။

ယေရိခေါ

အချက်အလက်

ခါနန်ပြည် ယေရိခေါမြို့သည် အင်အားကြီးမားသောမြို့ဖြစ်ခဲ့သည်ထိုသည် ယောဒန်မြစ်အနောက်ပိုင်းနှင့်(ပင်လယ်သေ) ဆားငန်ပင်လယ်မြောက်ပိုင်းကြားတွင်တည်ရှိသည်။

  • ယေရိခေါလူတို့သည် ခါနန်လူများများကဲ့သို့ မှားယွင်းသောဘုရားများကိုဝတ်ပြုခဲ့ကြသည်။
  • ဘုရားသခင်သည်ဣသရေလလူမျိုးများကို ခါနန်ပြညိမှ ယေရိခေါမြို့သို့ ပထမဆုံးသိမ်းယူနန်မှာကြားခဲ့သည်။
  • ယောရူသည် ဣသရေလလူမျိုးကို ဦးဆောင်ပြီးယေရိခေါမြို့ကိုတိုက်ခိုက်စဥ် ဘုရားသခင်သည်ကြီးမားသောနိမိတ်လက္ခဏာပြုခြင်းဖြင့် အနိုင်ရအောင်ကူညီခဲ့သည်။

ယေရုရှလင်

အချက်အလက်

ယေရုရှလင်သည် မူလရှေ့‌ဟောင်းခါနန်မြို့ ဖြစ်ခဲ့ပြီးနောက် ဣသရေလပြည်၌ အလွန်အရေးကြီးဆုံးသောမြို့ တစ်မြို့ဖြစ်ခဲ့သည်။ ဤမြို့သည် ပင်လယ်သေ အနောက်ပိုင်းနှင့် ဗက်လင်မြို့၏ မြောက်ပိုင်း၌ တည်ရှိသည်။ ယနေ့ထိတိုင်အောင် ဤမြို့သည် ဣသရလ ပြည်၏ မြို့တော်ဖြစ်သည်။

  • ယောရူမှတ်စာတွင် ယေရုရှလင်အမည်ကို ပထမဦးဆုံးဖော်ပြခဲ့သည်။ ဓမ္မဟောင်းကျမ်းတွင် ဤမြို့အမည်ကို "ရှာလင်၊ ယေဗု "မြို့နှင့်" ဇီးအုန်" ဟုခေါသည်။ ယေရုရှလင် နှင့် ရှလင် နှစ်ခုစလုံးသည်
  • ငြိမ်းချမ်းခြင်းဟု အဓိပ္ပါယ်ရှိသည်။
  • ဘုရင်ဒါဝိဒ်သည် မူလယေဗု သိတော (ဇိအုန်) သိမ်းပိုက်ပြီး ယေရုရှလင် ကိုမြို့တော်ပြုလုပ်ခဲ့သည်။
  • ယေရုရှလင်မြိ့သည် ဘုရင်ဒါဝိဒ်၏သားတော် ရှောလမုန် ပထမဗိမ္မာန်တော် တည်ဆောက်သောနေရာနှင့် အဗြံဟံသည် သူ၏သားဣဇက်ကို ဘုရားသခင်အား ယစ်ပူဇော်သော မောရိတောင်
  • နေရာဖြစ်သည်။ ဤဗိမ္မာန်တော်သည် ဗာဗုလုန်များ ဖျက်ဆီးခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ခဲ့သည်။
  • ယေရုရှလင်မြို့၌ ဗိမ္မာန်တော်ရှိသောကြောင့် ယုဒဘာသာ၏အရေးကြီးသော ပွဲတော်များကို ကျင်းပလေ့ရှိသည်။
  • ယေရုရှလင်မြို့သည် တောင်ပေါ်တွင်တည်ရှိသောကြောင့်ပုံမှန်အားဖြင့် အပေါ် သို့တက်သည်ဟုရည်ရွယ်ပြောဆိုကြသည်။

ယေရောဗောင်

အချက်အလက်

ဘီစီ ၉၀၀-၉၁၀ တွင်နေဗက်၏သား ယေရောဗောင်သည် ဣသရေလ ပြည်မြောက်ပိုင်း၌ ပထမဦးဆုံးဘုရင်ဖြစ်ခဲ့သည် ထိုနောက်ဘုရင် ယောရှ၏သား ယေရောဗောင်သည် ဣသရေလပြည်ကို နှစ် ပေါင်း ၁၂၀ အုပ်ချုပ်ခဲ့သည်။

  • ဘုရားသခင်သည် နေဗက်၏သားယေရောဗောင်အား ဣသရေလ မျိုးနွယ်စု ၁၀ စုကို အုပ်စိုးမည့်အကြောင်းနှင့် ဘုရင်ရှောလမုန်နောက်ဘုရင် ဖြစ်မည့်ကြောင်းကို ပရောဖက်ပြု ခဲ့သည်။
  • ဘုရင်ရှောလမုန်သေပြီးနောက် ယေရောဗောင်ကို သူတို့၏ဘုရင်အရာ တင်မည့်အစား မြောက်ပိုင်းဣသရေလ လူမျိုးနွယ် ၁၀ မျိးသည်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည် ထိုကြောင့်ဣသရေလ တောင်
  • ပိုင်းမျိုးနွယ်စု နှစ်စုဖြစ်သော ယုဒနှင့်ဗင်္ယာမိန် နှစ်မျိုးသာ ယေရောဗောင်အုပ်ချုပ်ရန် ချန်ထားခဲ့သည်။
  • ယေရောဗောင်သည် ရုပ်တုဆင်းတုကို ကိုးကွယ်ရန်ပြုပြီး ဘုရားသခင်( ယေဟောဝါ )ကို ဝတ်ပြုခြင်းမှ ဝေးကွာစေရန် ဦးဆောင်ခဲ့သည့် မိုက်မဲသော ဘုရင်ဖြစ်ခဲ့သည်။ အခြားသော ဣသရေလဘုရင်များ သည်မိုက်မဲသောဘုရင် ယေရောဗောင်နောက်လိုက်ခဲ့ကြသည်။
  • နှစ်ပေါင်း ၁၂၀ နှစ်နောက် အခြားသောဘုရင် ယေရောဗောင်သည် ဣသရေလပြည်မြောက်ပိုင်းကို အုပ်ချုပ်ခဲ့သည်။ ဤဘုရင်ယောရှ၏သား ယေရောဗောင်သည်လည်း ယခင်ကဣသရေလ ဘုရင်များကဲ့သို့ မိုက်မဲ ခဲ့သည်။
  • ဣသရေလ လူမျိုးသည် မိုက်မဲသောလည်း ဘုရားသခင်သည်သူတို့အပေါ် ဂရုဏာစိတ်ရှိသောကြောင့် ဘုရင်ယေရောဗောင်ကို သူတို့၏ ပိုင်နက်နယ်မြေနယ်နိမိတ်ကို သတ်မှတ်တည်ထောင်ခဲ့သည်။

ယေသရော၊ ရွေလ

အချက်အလက်

ယေသရောနှင့်ရွေလ နံမည် ၂ ခုလုံးသည် မောရှေဇနီးဇိပေါရ၏ ဖခင်နံမည်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် နောက်ထပ် 'ရွေလ' ဟူသော အမျိုးသား ၂ ယောက် ရှိသည်။

  • မောရှေသည် မိဒျဉ်ပြည်၌ သိုးကျောင်းသောအချိန်တွင် မိဒျဉ်အမျိုးသား ရွေလ၏ သမီးနှင့် စုံဘက်သည်။
  • နောက်ပိုင်းတွင် ရွေလကို မိဒျန်ယဇ်ပုရောဟိတ် ယေသရောဟု ခေါ်သည်။ "ရွေလ" သည် သူ၏ အမျိုးနာမည် ဖြစ်နိုင်သည်။
  • မောရှေသည် ယေသရော၏ သိုးများကို ထိန်းကျောင်းနေစဉ် ဘုရားသခင်သည် မောရှေကို မီးမကျွမ်းသောချုံ၌ စကားပြောခဲ့သည်။
  • ဣသရေလလူမျိုးများကို အဲဂုတ္တုပြည်မှ ဘုရားသခင်ကယ်ထုတ်ပြီးနောက် တချိန်တွင် သဲကန္တရ၌ရှိသော ဣသရေလလူမျိုးများထံသို့ ယေသရောရောက်ရှိလာပြီး လူတို့၏ အမှုပြဿနာအမျိုးမျိုး ဖြေရှင်းရန် မောရှေကို အကြံဉာဏ်ကောင်းများ ပေးခဲ့သည်။
  • အဲဂုတ္တုပြည်၌ ဘုရားသခင်ပြုတော်မူသော နမိတ်လက္ခဏာများအကြောင်း သူကြားသောအခါ ဘုရားသခင်ကို ယုံကြည်သည်။
  • ဧသော၏သား တယောက်နာမည်မှာလဲ ရွေလဖြစ်သည်။
  • ဗာဗုလုန်သို့ သိမ်းသွားခံရပြီးနောက် ယုဒပြည်၌ ပြန်လည်အခြေချနေထိုင်ကြသောအခါ ဣသရေလလူမျိုးများ၏ ဆွေစဉ်မျိုးဆက်စာရင်းတွင် ရွေလဟူသော အမျိုးသားတဦး၏ နံမည်ကို တွေ့ရသည်။

ယေဟု

အချက်အလက်

ယေဟုသည် ဓမ္မဟောင်း၌ ရှိသောလူနှစ်ဦး၏ နာမည်ဖြစသည်။

  • ယေဟုသည် ဟာနနိတ်သားဖြစ်ပြီး ဣသရေဘုရင် အာဟတ်မင်းနှင့် ယုဒရှင်ဘုရင်ယဟောရှဖတ်တို့ အုပ်စိုးချိန်၌ရှိသော ပရောဖက်တပါးဖြစ်သည်။
  • ယေဟု၏သား ယဟောရှဖတ်သည် ပရောဖက်ဧလိရှဲအားဖြင့် ဘိသိတ်ပေးခံရသော စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သည်။
  • ယေဟုသည် ဆိုးသောဘုရင် ၂ ပါးကို သတ်ဖြတ်ခဲ့သည်။ ဣသရေလရှင်ဘုရင် ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ဖြစ်သည်။
  • ယေဟုသည် မိဖုရားယေဇဗေလနှင့် အာဟတ်မင်း၏ ဆွေမျိုးအားလုံးကိုလဲ သတ်ဖြတ်ခဲ့သည်။
  • ဟေဟုသည် ဗာလပရောဖက်များအားလုံးနှင့် ရှမာရိတွင်ရှိ ဗာလဘုရားကိုးကွယ်ရာနေရာအားလုံးကို ဖျက်ဆီးခဲ့သည်။
  • ဘုရင်ယေဟုသည် စစ်မှန်သောတစ်ဆူတည်းသောယဟောဝါဘုရားကိုသာ အစေခံပြီးဣသရေလနိုင်ငံကို ၂၈ နှစ် အုပ်စိုးခဲ့သည်။

ယောန

အချက်အလက်

ယောနသည် ဓမ္မဟောင်းကျမ်းတွင်ရှိသော ဟေဗြဲပရောဖက်တစ်ပါးဖြစ်သည်။

  • ယောန၀တ္ထုသည် ဘုရားသခင်မှယောနအား နိနေဝေ မြို့သူ၊ သားများဆီသို့ တရားဟောရန်စေလွတ်သော အကြောင်းကိုဖော်ပြချက်ဖြစ်သည်။
  • ယောနသည် နိနေဝေမြို့ သို့သွားရန်ငြင်းဆိုပြီး သဘော်ဖြင့်အခြားသို့ထွက်သွားခဲ့သည်။
  • ဘုရားသခင်သည်သင်္ဘောအား ကြီးမားသောလေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကိုဖြစ်စေသည်။
  • သင်္ဘောသမားများမှ ယောနသည် ဘုရားသခင်ကိုမနာခံကြောင့်သိသောအခါ မုန်တိုင်းတိုက်ခတ်သောပင်လယ်ထဲသို့ လွင့်ပစ်လိုက်ကြသည်။
  • ငါးကြီးမှယောနအား၀ါးမြိုပြီး ငါးကြီး၀မ်းဗိုက်ထဲ၌ သုံးရက်သုံးညနေခဲ့သည်။
  • ၎င်းနောက်တွင် ယောနသည် နိနေဝေ မြို့သို့သွားပြီး အပြစ်မှနောင်တရပြီး ဘုရားထံလှည့်လာရန်ဟောပြောခဲ့သည်။

ယောနသန်

အချက်အလက်

ယောနသန်၏အမည်သည် ဓမ္မဟောင်းကျမ်းတွင်အနည်းဆုံး ဆယ်ရောက်ရှိသည်။ အဓိပ္ပါယ်မှာ "ဘုရားသခင်ပေးသနားတော်မူသည်" ဟူ၍ဖြစ်သည်။

  • ကျမ်းစာ၌ ယောနသန်သည် ဒါ၀ိဒ်၏အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး ရှင်ဘုရင်ရှောလု၏ အငယ်ဆုံးသားလည်းဖြစ်သည်။
  • ဓမ္မဟောင်းကျမ်း၌အခြားသော ယောနသန်အမည်ရှိသောသူများမှာ မောရှေမှ ဆင်းသက်လာသူ၊ ရှင်ဘုရင်ဒါ၀ိဒ်၏မြေးတော်၊ ယဇ်ပရောဟိတ်များ၊အဘိသ၏သားနှင့် ပရောဖက်ယေရမိထောင်ကျ စဥ် သူ့အိမ်၌နေသူ စသည်တို့ဖြစ်သည်။

ယောဘ

အချက်အလက်

ယောဘသည် သမ္မာကျမ်းစာထဲ၌ ဘုရားသခင်၏ရှေ့တော်မှောက်တွင် အပြစ်ကင်းစင်ပြီး ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်။ သူသည်ကြောက်မက်ဘွယ်ကောင်းသော ဘ၀၏အခက်ခဲဆုံးချိန်တွင်လည်း ဘုရားသခင်၌ယုံကြည်ခြင်းခိုင်မာသူအဖြစ် လူသိများသည်။

  • ယောဘသည် အိဒုံဒေသအနီးရှိ ခါနန်ပြည်၏အရှေ့ဘက် ဥဇမြို့တွင်နေထိုင်သည်။
  • သူအသက်ရှင်စဥ်အချိန်ကာလသည် ဧသောနှင့်ယာကုပ်တို့သက်ရှိစဥ်ကာလခေတ်ပြိုင်ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယောဘ၏မိတ်ဆွေတစ်ယောက်သည် ဧသော၏မြေးတို့အုပ်စုမှမြေးဖြစ်သော တေမန်အမျိုးသားဖြစ်သည်။
  • ဓမ္မဟောင်းကျမ်း၌ ယောဘ၀တ္ထုသည် ယောဘ၏‌၀ဒနာခံစားမှုကို အခြားသောသူများ၏ပြောဆိုချက်များအား မည်ကဲ့သို့သူတုံ့ပြန်ခဲ့သလဲဆိုကိုဖော်ပြပေးသည်။ ၎င်းတုံ့ ပြန်ချက်များက ဘုရားသခင်အား ဖန်ဆင်းရှင်နှင့်စကြဠာကိုအုပ်စိုးသူအဖြစ်ရှုမြင်စေသည်။
  • ပျက်စီးဆုံးရှုံးမှုလွန်ပြီးနောက် ဘုရားသခင်မှ ယောဘအား ကျန်းမာခြင်း၊ ချမ်းသာကြွယ်၀ခြင်းနှင့် သားသမီးများကောင်းကြီးပေးခဲ့သည်။
  • ယောဘ၀တ္ထု၏ ဖော်ပြချက်မှာ ယောဘသည်အလွန်အိုသောအခါ၌သာ သေကြောင့်ပြောပြသည်။

ယောယကိမ်

အချက်အလက်

BC-600 လောက်တွင် ယောယကိမ်သည် ယုဒပြည်ကိုအုပ်စိုးသော ယုတ်မာသောဘုရင်ဖြစ်သည်။ သူသည်ဘုရင်ယောရှိ၏သားဖြစ်သည် သူ၏နာမည်အရင်းသည်ဧလျာကိမ်ဖြစ်သည်။

  • အဲဂုတ္တုဖါရောဘုရင် နေခေါသည်ဧလကိမ်ကိုယောယကိမ်ဟုအမည်သစ်ပေးပြီးယုဒပြည်ဘရင်အဖြင့်နန်းတင်ခဲ့သည်။
  • နေခေါသည် ယောယကိမ်အားအဲဂုတ္တုပြည်ကိုကြီးမားသောအခွန်အကောက်များကောက်ခံဆက်သရန် အတင်းအကြပ်စေခိုင်းခဲ့သည်။
  • ယုဒပြည်သည် ရှင်ဘုရင်နေဗုခဒ်နေဇာ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ယောယကိမ်သည် ဗာဗုလုန်သို့ဖမ်းဆီးခေါဆောင်ခြင်းခံရသည်။
  • ယောယကိမ်သည်ယုဒလူမျိုးကိုဘုရားသခင်ထံမှဝေးကွာအောင်

ဦးဆောင်သော အလွန်ဆိုးညစ်သည့်ဘုရင်ဖြစ်သည်။ ပရောဖက်ယေရမိသည်သူ့ကိုဆန့်ကျင်ပရောဖက်ပြုခဲ့သည်။


ယောယဒ

အချက်အလက်

ယောယဒသည် ယစ်ပရောဟိတ်ဖြစ်ပြီး ဘုရင်အာခဇိသားယောရှကိုနန်းစံမည့်အရွယ်ရောက်သည်အထိကာကွယ်စောင့်ရှောက်ပေးခဲ့သည်။

  • ယောယဒသည် ယောရှကိုကာကွယ်ရန် လူတစ်ရာအုပ်စီစဥ််ပြီး ဗိမ္မာန်တော်၌သူ့ကို လူတွေကဘုရင်အဖြစ်ကြေငြာနိင်သည်အထိ စောင့်ရှောက်ပေးခဲ့သည်။
  • ယောယဒသည် မှားယွင်းသောဘုရား ဗာလမ်၏ယစ်ပလ္လင်များကိုပယ်ရှားရာ၌လူတွေကိုဦးဆောင်ခဲ့သည်။
  • သူ၏အသက်ရှင်ကာလပတ်လုံး ယစ်ပရောဟိတ်ယောယဒသည် ဘုရင်ယောရှကိုဘုရားသခင်၏စကားနားထောင်ရန် လူတွေကိုကောင်းမွန်စွာအုပ်ချုပ်ရန်အကြံပေးလုပ်ဆောင်ခဲ့သည်။
  • သူ၏အခြားနာမည်မှာ ယောယဒဖြစ်သည်။ သူသည်ဗာနာယ၏ဖခင်ဖြစ်သည်။

ယောရံ

အချက်အလက်

ယောရံသည် ဣသရေဘုရင်အာဟပ်၏ သားဖြစ်သည်။ တစ်ခါတစ်ရံ "ယဟောရံ" အနေဖြင့်လည်း ဖော်ပြကြသည်။

  • ဘုရင် ယဟောရံမှ ယုဒပြည်အုပ်စိုးသောချိန် ယောရံသည်လည်း ဣသရေလပြည်အားရှင်ဘုရင်အဖြစ်အုပ်စိုးချိန်ဖြစ်သည်။
  • ရှင်ဘုရင်ယောရံသည် မှားယွင်းသောဘုရားများကို ကိုးကွယ်သည့်ဘုရင်တစ်ပါးဖြစ်ပြီး ဣသရေလများအား အပြစ်ပြုစေသူဖြစ်သည်။
  • ဣသရေဘုရင်ယောရံသည် ပရောဖက်ဧလိယနှင့် သြဗဒိတို့ခေတ်ချိန်တွင် မင်းပြုသောသူဖြစ်သည်။
  • အခြားသော ယောရံအမည်မှာဒါ၀ိဒ်ခေတ်ချိန်၌ဟာမတ်၏ဘုရင်သောဝ်မှ သား ဖြစ်သည်။

ယောရှ

အချက်အလက်

ဓမ္မဟောင်းကျမ်းတွင် ယောရှအမည်ရှိသော အမျိုးသားတချို့တွေ့ရသည်။

  • ဣသရေလလူများကို ကယ်နုတ်သော ဂိဒေါင်၏အဘဖြစ်သည်။
  • ယောရှနောက်တဦးမှာ ယာကုပ်၏ ညီအငယ်ဆုံးဖြစ်သော ဗင်ယာမိန်၏ မျိုးဆက်ဖြစ်သည်။
  • လူသိများသောယောရှတဦးမှာ အသက်ခုနှစ်နှစ်အရွယ်တွင် ရှင်ဘုရင်ဖြစ်သော ယုဒဘုရင်ယောရှဖြစ်သည်။ အသတ်ခံရသော ယုဒရှင်ဘုရင် အာခဇိ၏သားဖြစ်သည်။
  • ယောရှ ကလေးဘဝတွင် သူအသတ်မခံရဘို့ သူ၏ အဒေါ်ဖြစ်သူက ယောရှကို ဘုရင်တယောက်ဖြစ်လာနိုင်သည့် အရွယ်ထိ ရောက်အောင် ဝှက်ထားပေးခဲ့သည်။
  • အစပိုင်းတွင် ယောရှဘုရင်သည် ဘုရားစကားနားထောင်ပြီး ကောင်းသောဘုရင်တဦးဖြစ်ခဲ့သည်။ သို့ရာတွင် မြင့်သောအရပ်တို့ကို မဖယ်ရှားခဲ့သောကြောင့်ဣသရေလလူမျိုးများသည် ရုပ်တုကို တဖန်ကိုးကွယ်ကြပြန်သည်။
  • ယောရှ ဘုရင်သည် ဣသရေလကို အုပ်ချုပ်နေချိန်တွင် ဘုရင်ယောရှသည် ယုဒပြည်ကို နှစ်အတော်အတန် အုပ်ချုပ်ခဲ့သည်။ ဘုရင် ၂ ပါး မတူကြပါ။

ယောရှဖတ်

အချက်အလက်

ယောရှဖတ်၏နာမည်ကို ဓမ္မဟောင်း၌အနည်းဆုံး နှစ်ဦးတွေ့ရသည်။

  • ဘုရင်ယောရှဖတ်ကိုယုဒပြည်၌ စတုထ္ထဘုရင်အဖြင့် လူသိများကြသည်။
  • သူသည်ယုဒပြည်နှင့် ဣသရေလပြည်နှစ်ခုကြား ငြိမ်းချမ်း‌ရေးတည်ထောင်ခဲ့သည်။ မှားယွင်းသောဘုရားများ၏ယစ်ပလ္လင်များကိုဖျက်ဆီးခဲ့သည်။
  • အခြားတစ်ဦးဖြစ်သောယောရှဖတ်သည် ဘုရင်ဒါဝိဒ်နှင့် ရှောလမုန်တို့အတွက် "မှတ်တမ်းတင်သူ" ဖြစ်သည်။ သူ၏အလုပ်သည် ဘုရင်လက်မှတ်ရေးထိုးရန် စာချုပ်စာတန်းရေးသားခြင်းနှင့် တိုင်းပြည်၌ အရေးကြီးသောဖြစ်ရပ်များ၊ သမိုင်းများကိုမှတ်တမ်းတင်ရန်ဖြစ်သည်။

ရန်ဖြစ်သည်။


ယောရှိ

အချက်အလက်

ယောရှိဟာဘုရားတရား ကြည်ညိုသောဘုရင်ဖြစ်ပြီး၊ သူဟာယုဒပြည်ကို သုံးဆယ့်တစ်နှစ်တိုင်တိုင်အုပ်ချုပ်ခဲ့သည်။ သူဟာ ယုဒပြည်သူလူထုများ နောင်တတရားနှင့် ယာဝေဘုရားကို ဝတ်ပြုကိုးကွယ်ဖို့ရန် ဦးဆောင်ခဲ့သည်။

  • ယောရှိ၏ ဖခင်အသတ်ခံရပြီးနောက်၊ ယောရှိဟာ အသက်ရှစ်နှစ်အရွယ်မှာပဲ ဘုရင်နန်းတက်ခဲ့သည်။
  • ဆယ့်ရှစ်နှစ်အုပ်ချုပ်ပြီးနောက်၊ ဘုရင်ယောရှိဟာ ယဇ်ပုရောဟိတ် ဟိလခိကို ဘုရား၏ ဗိမ္မာန်တော် ပြန်လည်တည်ဆောက်ရန် မိန့်မှာခဲ့ပါသည်။ ဗိမ္မာန်တော် ပြီးတဲ့အခါမှာ ဉပဒေစာအုပ်ကို တွေ့ရှိခဲ့သည်။
  • ယောရှိဟာ ဉပဒေစာအုပ်ကို ဖတ်သောအခါ၊ သူ၏လူတွေဟာ ဘုရားစကားနာခံနေပြီးသကာလ သူဟာ သောကဒုက္ခရောက်ခြင်းခံခဲ့ရပါသည်။ သူမိန့်ဆိုတာက နေရာအနှံ့မှာ ကိုးကွယ်နေတဲ့ ရုပ်တုဘုရားများကို ဖျက်ဆီးရန်နှင့် မှားယွင်းသောဘုရားကို ကိုးကွယ်နေသော ဘုန်းကြီးများကို သတ်စေ ဆိုပြီး မိန့်ဆိုခဲ့သည်။
  • ထို့နောက် ယောရှိဟာ သူ့ပြည်သူလူထုများကို ထူးခြားသော အောင်ပွဲအခန်းအနား ကျင်းပဖို့ရန် မိန့်ဆိုခဲ့ပါသည်။

ယောရှု

အချက်အလက်

သမ္မာကျမ်းစာ၌ ယောရှုဟူသော အမည်နာမများစွာရှိသည်။ မောရှေအားကူညီသူနှင့် နှောင်တွင် ဘုရားသခင်၏လူမျိုးတော်များအား ခေါင်းဆောင်ဖြစ်လာသူ နုန်၏သားယောရှုမှာ လူသိအများဆုံးဖြစ်သည်။

  • ယောရှုသည် ဂတိတော်ထားရာပြည်သို့ ဆယ့်နှစ်ယောက်မြောက်သောသူလျှို လည်းဖြစ်သည်။
  • ယောရှုနှင့်ကာလတ်သည် ဂတိတော်ထားရာ ခါနန်ပြည်အား သိမ်းပိုက်ပြီး၀င်ရန်အတွက် ဣသရေလူမျိုးများအား ဘုရားသခင်၏ ပညတ်တော်ကို နာခံရန်တိုက်တွန်းသူများဖြစ်သည်။
  • မောရှေသည်ပြီးနောက်ပိုင်း ဘုရားသခင်သည် ယောရှုအား ဂတိတော်ထားရာပြည်သို့ခေါ်ဆောင်ရန် ဘိသိပ်ပေးခံရသူဖြစ်သည်။
  • အရင်ဦးဆုံးနှင့်အကျော်ကြားဆုံး ခါနန်လူမျိုးတို့အားတိုက်ခိုက်သည့် စစ်ပွဲမှာ ယေရိခေါမြို့အားသိမ်းပိုက်ခြင်းဖြစ်သည်။
  • ဓမ္မဟောင်းကျမ်း၌ ယောရှုမှတ်စာသည် ဂတိတော်ထားရာပြည်ကိုသိမ်းပိုက်ခြင်းနှင့် ဣသရေမျိုးနွယ်စုများ နယ်မြေခွဲ‌‌‌ဝေခြင်းကို ဦးဆောင်ပေးခြင်းအမှုတို့ကို ဖော်ပြသည်။
  • ယောဇဒ၏သား ယောရှုသည် ဟဂ္ဂဲအနာဂတ္တိကျမ်းနှင့် ဇာခရိအနာဂတ္တိကျမ်းတို့တွင်ဖော်ပြသောသူဖြစ်သကဲ့သို့ ယေရုဆလင်မြို့ပြန်လည်တည်ဆောက်ခြင်း၌ ကူညီသော ယဇ်ပရောဟိတ်ကြီးတစ်ယောက်လည်းဖြစ်သည်။
  • ယောရှုအမည်သည်သမ္မာကျမ်းစာထဲ၌ မျိုးရိုးဆင်းသက်ပုံစာရင်းအရ အမည်များစွာဖော်ပြခြင်းခံသူများလည်းဖြစ်စေသည်။

ယောလ

အချက်အလက်

ယောလသည် ပရောဖက်တစ်ပါးဖြစ်ပြီး ယုဒပြည်၏ရှင်ဘုရင်ယောရှအုပ်စိုးချိန်တွင် အသက်ရှင်သူဖြစ်နိုင်ချေများသည်။ ဓမ္မဟောင်းကျမ်းထဲတွင် အခြားသောယောလအမည်များလည်းရှိသည်။

  • ယောလအနာဂတ္တိကျမ်းသည် ဖရောဖက်များစာအုပ်တို တို့၏နောက်ဆုံးအပိုင်းတွင်တည်ရှိသော ကျမ်းတစ်ခုဖြစ်သည်။
  • ဖရောဖက်ယောလ၏ပုဂ္ဂိုလ်ရေးကိစ္စနှင့်ပတ်သောအကြောင်းအရာ ဖော်ပြထားသည်မှာ သူ၏ဖခင်အမည်ဖြစ်သော ပေသွေလဖြစ်သည်။
  • ပီတာသည်ပင်တေက္ကုနေ့ တွင်သူ၏တရားဟောချက်၌ ယောလအနာဂတ္တိကျမ်းကိုကူးကားခဲ့သည်။

ယောသံ

အချက်အလက်

ဓမ္မဟောင်းကျမ်းတွင် ယောသံအမည်ရှိသော လူပုဂ္ဂိုလ် သုံးဦးရှိပါသည်။

  • ယောသံဟာ ဂိဒေါင်၏သားအငယ်ဆုံးဖြစ်သည်။ ယောသံဟာ သူ၏ အစ်ကိုကြီးဖြစ်သော အဘိမလက်မင်း၏ စစ်ရှုံးခြင်းကို ကူညီခဲ့သည်။ ကျန်ရှိသောသူ၏ ညီကိုများအားလုံး အသတ်ခံခဲ့ရသည်။
  • ယောသံအမည်ရှိနောက် တယောက်ဟာသူ၏ ဖခင်ဩဇိသေဆုံးပြီးနောက်၊ ယောသံဟ ယုဒပြည်ကို ဆယ့်ခြောက်နှစ်တိုင် ဘုရင်နိစ္စထာဝရပလ္လင်ကို ဆက်ခံခဲ့သည်။
  • ယောသံသည် သူ၏ ဖခင်ကဲ့သို့ မွန်မြတ်တဲ့ဘုရင်ဖြစ်ပြီး ဘုရားသခင်ကို ကိုးစားနာခံသော ရှင်ဘုရင်ဖြစ်ခဲ့သည်။
  • သို့သော်လည်းသူဟာ ရုပ်တုဆင်းတုများကို မဖယ်ရှားနိုင်ခဲ့သော်လည်း ယုဒလူထုကို ဘုရားသခင်ထံ ခေါ်ဆောင်သွားနိုင်ခဲ့သည်။
  • ယောသံဟာ ရှင်မဿဲခရစ်ဝင်ကျမ်းမှာ ယေရှု၏ ဆွေစဉ်မျိုးဆက် ဘိုးဘေးဘီဘင်သမိုင်းတွင် ပါဝင်နေသူဖြစ်သည်။

ယောသပ်(ဓမ္နဟောင်း)

အချက်အလက်

ယောသပ်သည် ယာကုပ်၏ ဆယ့်နှစ်ယောက်မြောက်သားဖြစ်ပြီး မိခင် ရာခေလ၏ သားဦးလည်းဖြစ်သည်။

  • ယောသပ်သည် ဖခင်၏အနှစ်ဆုံးသားဖြစ်သည်။
  • သူ့အစ်ကိုများက မနာလိုသောကြောင့် သူအားကျွန်အဖြစ်ရောင်းစားခဲ့သည်။
  • ခက်ခဲမှုများရှိသော်လည်း ယောသပ်သည် ဘုရားသခင်အား သစ္စာရှိသူဖြစ်သည်။
  • ဘုရားသခင်မှ အီဂျစ်ပြည်၏ ဒုတိယအာဏာအရှိဆုံးသူအဖြစ်သာမက သူ့၏လူမျိုးတော်များ အစာရေစာ နည်းသောအခါတွင် ကယ်တင်ပေးသူလည်းဖြစ်သည်။ သူ့ကြောင့်အီဂျစ်လူမျိုးများကသာ သူ၏လူမျိုးတော်များ အစာရေစာခေါင်းပါးခြင်းဘေးမှ ကယ်လွတ်ခဲ့သည်။

ယောသပ်(ဓမ္မသစ်)

အချက်အလက်

ယောသပ်သည် ယေရှု၏ဖခင်ဖြစ်ပြီး သူ့ သားရှင်သန်ကြီးထွားလာစေရန် ပြုစုပေးသူလည်းဖြစ်သည်။ သူသည်လက်သမားတစ်ယောက်လည်းဖြစ်သည်။

  • ယောသပ်သည် မေရှိယ ယေရှုမွေးဖွားလာစေရန် ဘုရားသခင်ရွေးကောက်သော ယုဒအပျိုစင် မာရိနှင့်စေ့စပ်သူ ဖြစ်သည်။
  • ကောင်းကင်တမန်က ယောသပ်အား မာရိသည် သန့်ရှင်းသော်၀ိညာဥ်တော်၏ပဋိသန္ဓ တည်စေသဖြင့် မာရိမှ ဘုရားသခင်၏သားယောကျ်ားမွေးလာရန် ပြောပြခဲ့သည်။
  • ယောသပ်သည်ဂါလိလဲနယ် နာဇရက်မြို့တွင် လက်သမားအလုပ်ဖြင့်လုပ်ကိုင်နေထိုင်သည်။

ယောဟန် (တမန်တော်)

အချက်အလက်

ယောဟန်သည် ယေရှု၏တပည့်တော်ဆယ့်နှစ်ဖော်ထဲမှ တစ်ယောက်ဖြစ်ပြီး ခရစ်တော်နှင့်အကျွမ်း၀င်ဆုံးသူငယ်ချင်းတစ်ယောက်လည်းဖြစ်သည်။

  • ယောဟန်နှင့်ယာကုပ်တို့ညီအစ်ကိုတို့သည်ဇေဗေဒဲအမည်ရှိတံငါတည်၏သားများဖြစ်ကြသည်။
  • သူ၏ခရစ်၀င်ကျမ်းတွင် ခရစ်တော်၏အသက်တာပိုင်း၊ သူကိုယ်တိုင်ကခရစ်တော်ချစ်တော် တပည့်တော်အဖြစ်ဖော်ပြသည်။ ဤအချင်းအရာသည် ယောဟန်အား ခရစ်တော်နှင့်အလွန်ရင်းနှီးသောတပည့်တော်ဖြစ်သည်ကို ရည်ညွန်းသည်။
  • တမန်တော် ယောဟန်သည် ဓမ္မသစ်ကျမ်း၌ စာစောင် ငါးအုပ်ရေးသားပြီး၎င်းတို့မှာ ရှင်ယောဟန်ခရစ်၀င်ကျမ်း၊ ဗျာဒိတ်ကျမ်း၊ ရှင်ယောဟန်သြ၀ါဒစာစောင်သုံးစောင်တို့ဖြစ်သည်။
  • တမန်တော်ရှင်ယောဟန်သည်ဗတ္တိဇံယောဟန်နှင့်မတူခြားနားသောသူဖြစ်သည်။

ယောဟန်(နှစ်ခြင်းဆရာ)

အချက်အလက်

ယောဟန်သည် ဇာခရိနှင့်ဧလိဇဘတ်တို့၏သားဖြစ်သည်။ ယောဟန်အမည်နာမသည် ဘုံဖြစ်သည်အလျောက် သူ့ကို နှစ်ခြင်းဆရာယောဟန်အဖြစ် အခြားသောနာမည်များနှင့်မတူ ခေါ်ဆိုထားသည်။

  • ယောဟန်သည် ဘုရားသခင်မှ မေရှိယကြွလာရန်အတွက် လူများမိမိယုံကြည်မှုကိုပြင်ဆင်ကြရန် စေလွတ်သော ပရောဖက်တစ်ပါးဖြစ်သည်။
  • လူတွေမိမိတို့အပြစ်များ၀န်ချတောင်းပန်ရန်၊ ဘုရားဆီသို့ပြန်လှည့်လာရန်၊ အပြစ်မပြုတော့ရန်ဟောကြားသည်။ သို့မှသာ သူတို့သည် မေရိယကိုလက်ခံကြလိမ့်မည်ဖြစ်သည်။
  • ယောဟန်သည်လူများစွာကိုသူတို့အပြစ်မှနောင်တရပြီးအပြစ်နှင့်‌‌‌‌ေ၀းသော အသက်တာတည်ရှိရန် ရေ၌နှစ်ခြင်းမဂ်လာကိုပေးခဲ့သည်။
  • ယောဟန်ကို "နှစ်ခြင်းဆရာယောဟန်" ဟုခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာကိုရေနှစ်ခြင်းမင်္ဂလာပေးသောကြောင့်ဖြစ်သည်။
  • "နှစ်ခြင်းဆရာ" ဟုဆိုရာတွင် အသင်းတော်ကိုဆိုလိုခြင်းမဟုတ်ဘဲ "ရေ၌နှစ်ခြင်းမဂ်လာပေးခြင်း" ကြောင့်ဖြစ်သည်။

ယောဟန်မာကု

အချက်အလက်

ယောဟန်မာကုအား ရှင်ပေါလု၏သာသနာခရီးစဥ်တွင်လိုက်ပါလာသော "မာကု"အမည်ဖြင့်သိကြသည်။ သူသည် ရှင်မာကုခရစ်၀င်ကျမ်းအား ရေးသားသူအဖြစ်ထင်မြင်ကြသည်။

  • ယောဟန်မာကုသည် ရှင်ပေါလု၏ပထမသာသနာခရီးစဥ်တွင် ဗာနဗနှင့်ခရီးသွားဖော်ဖြစ်သည်။
  • ပီတာသည် ယေရုဆလင်ထောင်တွင် ရှိနေစဥ်ယုံကြည်သူများသည် ယောဟန်မာကုမိခင်၏နေအိမ်တွင် ပီတာအတွက်ဆုတောင်းပေးကြသည်။
  • မာကုသည် ကနဦးတမန်တော်မဟုတ်သော်လည်း ပေါလုနှင့်ပီတာတို့၏သင်ကြားမှုကိုခံယူပြီး သူတို့နှစ်ယောက်စလုံး၏သာသနာခရီးစဥ်တွင်အတူတကွပါ၀င်လုပ်ဆောင်သည်။

ရဗ္ဗတ်မြို့

အချက်အလက်

ရဗ္ဗတ်မြို့သည် အာမွန်ပြည်၏ အရေးပါသောမြို့ဖြစ်သည်။

  • အာမွန်ပြည်နှင့် တိုက်ပွဲဆင်နွဲချိန်တွင် ဣသရေလလူမျိုးတို့သည် ရဗ္ဗတ်မြို့အား တိုက်ခိုက်ခဲ့သည်။
  • ဣသရေလဘုရင် ဒါဝိဒ်သည် သူ၏နောက်ဆုံး အောင်နိုင်ခြင်းအဖြစ် ရဗ္ဗတ်မြို့ကို သိမ်းပိုက်ခဲ့သည်။
  • ယနေ့မျက်မှောက်ကာလရှိ အာမန်ယော်ဒန်မြို့သည် ရဗ္ဗတ်မြို့တည်ထောင်ခဲ့ဘူးသော နေရာဖြစ်သည်။

ရှံဆုံ

အချက်အလက်

ရှံဆုံသည် တရားသူကြီးများထဲက တပါးဖြစ်သည် (သို့) ဣသရေလလူမျိုးများကို လွတ်မြောက်စေသောသူဖြစ်သည်။

  • ဘုရားသခင်က ရှံဆုံကို သဘာဝထက်သာလွန်သော ခွန်အားဗလကို ပေးခဲ့ပြီး ဣသရေလလူမျိုးများ၏ ရန်သူ ဖိလိတ္တိလူများကို ပြန်လည်တိုက်ခိုက်ဖို့ရန်အသုံးပြုခဲ့သည်။
  • ရှံဆုန်သည် မူးယစ်နိုင်သောအရာ (သို့) ဝိုင်ကို မသောက်သုံးဖို့နှင့် ဆံပင်ညှပ်ခြင်းမပြုရန် ကတိသစ္စာပြုထားခဲ့သည်။ ထိုကတိသစ္စာကို စောင့်ထိန်းသဖြင့် ဘုရားသခင်က ခွန်အားဗလကို ဆက်လက်ပေးနေခဲ့သည်။
  • သူသည်နောက်ဆုံးတွင် ထိုကတိသစ္စာကို ဖျက်ဆီးခဲ့ပြီး ဆံပင်ညှပ်ခြင်းကို ပြုခဲ့သည်။ ထိုအရာအားဖြင့် ဖိလိတ္တိလူများ သူ့ကိုဖမ်းဆီးဖို့ရန် စွမ်းဆောင်ခဲ့သည်။
  • ရှံဆုံသည် ချုပ်နှောင်ခြင်းခံနေခဲ့ချိန်တွင် ဘုရားသခင်သည် သူ့၏ခွန်အားဗလအား ပြန်ရရှိဖို့ စွမ်းဆောင်ခဲ့သည်။ ဖိလိတ္တိလူများနှင့် မှားယွင်းတဲ့ဘုရားကို ကိုးကွယ်ကြသောနေရာကို ဖျက်ဆီးဖို့ရန် အခွင့်အရေးကို ပေးခဲ့သည်။

ရှမွေလ

အချက်အလက်

ရှမွေလသည် ယဇ်ပုရောဟိတ်တပါးဖြစ်ပြီး ဣသရေလလူမျိုးများ၏ နောက်ဆုံးတရားစီရင်သူဖြစ်သည်။ သူသည် ဣသရေလဘုရင်အဖြစ် ရှောလုနှင့် ဒါဝိတ်မင်းကို ဘိတ်သိပ်ပေးသူဖြစ်သည်။

  • ရှမွေလသည် ရောမမြို့၌ ဧလကာနက နှင့် ဟန္ဒအားဖြင့် မွေးဖွားခဲ့သည်။
  • ဟန္ဒသည်မြုံသောသူဖြစ်ပြီး ဘုရားသခင်သည် သူ့ကို ကလေးပေးမည့်အကြောင်းလုံလဝီရိယရှိစွာ ဆုတောင်းခဲ့သည်။ ရှမွေလသည် ထိုဆုတောင်းခြင်း၏ အဖြေဖြစ်ခဲ့သည်။
  • ဟန္ဒသည် ဘုရားသခင့်ထံ စိတ်နှလုံးသွင်းလျက် ဆုတောင်းသော သားယောကျ်ားကို ပေးခဲ့လျှင် ဘုရားအတွက် ဆက်လက်ပူဇော်မည်ဟု ဘုရားသခင့်အား ကတိပေးခဲ့သည်။
  • ရှမွေလ ငယ်ရွယ်တဲ့အချိန်တွင် ဟန္ဒသည် ဘုရားသခင်ထံ ကတိပြုထားသောအရာကို ပြည့်စုံစေရန် ဗိမာန်တော်ထဲသို့ ယဇ်ပရောဟိတ်ဧလိထံကို အကူအညီပေးရန် ရှမွေလအားပို့ဆောင်ခဲ့သည်။
  • ဘုရားသခင်သည် ကြီးမြတ်သော ယဇ်ပရောဟိတ်အဖြစ် ရှမွေလအား ချီးမြောက်ခဲ့သည်။

ရှမာရိမြို့၊ ရှမာရိလူမျိုး

အချက်အလက်

ရှမာရိသည် ဣသရေလတိုင်း၏ မြောက်ဘက်ဒေသတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ထိုအရပ်သည် အရှေ့ဘက် ယောဒန်မြစ်နှင့် အနောက်ဘက် ရှာရှန်လွင်ပြင်ကြားတွင် တည်ရှိသည်။

  • ဓမ္မဟောင်းကျမ်းထဲတွင် ရှမာရိမြို့သည် မြောက်ဘက်ဣသရေလနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ နောက်မှထိုနေရာကို ရှမာရိမြို့လို့ ခေါ်ခဲ့ခြင်းဖြစ်သည်။
  • အာရှုရိများသည် မြောက်ဘက်ဣသရေလနိုင်ငံကို အနိုင်ယူပြီးတဲ့ချိန်မှာ ရှမာရိမြို့ကို ဖမ်းဆီးခဲ့ကြသည်။ ထိုအရာအားဖြင့် မြောက်ဘက် ဣသရေလလူမျိုးများ ထိုဒေသမှ အရှုရိမြို့နဲ့ ဝေးရာသို့ ထွက်သွားဖို့ ရွေ့ပြောင်းဖို့ ဖိအားပိုမို များလာခဲ့သည်။
  • အရှုရိလူတွေကလည်း ရွေ့ပြောင်းခဲ့သော ဣသရေလလူများနေရာတွင် အစားထိုးနေထိုင်ဖို့ ရှမရိဒေသထဲကို များစွာသော နိုင်ငံသားများ သယ်ဆောင်ခဲ့ကြသည်။
  • အချို့သော ဣသရေလလူမျိုးများ နိုင်ငံခြားသားများနှင့် အိမ်ထောင်ပြုသောသူများကို ထိုနေရာကနေ နှင်ထုတ်ကြသည်။ ထိုသူတို့ကို ရှမာရိလူများဟူ၍ ခေါ်ခဲ့ကြသည်။
  • ဂျူးလူမျိုးများသည် ရှမရိလူများကို စက်ဆုပ်ရွံရှာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဂျူးတစ်ဝက်သာဖြစ်ပြီး ဘိုးဘေးများက ရုပ်တုဆင်းတုကို ကိုးကွယ်ကြသောသူများ ဖြစ်သောကြောင့်ဖြစ်သည်။
  • ဓမ္မသစ်ခေတ်တွင် ရှမာရိဒေသသည် မြောက်ဘက်ဂါလိလဲဒေသနှင့် တောင်ဘက်ယုဒပြည် ဒေသတို့နှင့် နယ်စပ်ဖြစ်ခဲ့ကြသည်။

ရှာရုန်မြို့၊ ရှာရုန်မြို့၏လွင်ပြင်

အချက်အလက်

ရှာရုန်မြို့သည် မြေထဲပင်လယ်၏ ကမ်းရိုးတန်းတစ်ရှောက် စိုက်ပျိုးရေးလုပ်ကိုင်ရာ ကျယ်ပြန့်သောလွင်ပြင်အမည်ရှိသော၊ ကရမေရတောင်တောင်အရပ်တွင် ရှိသည်။ ၎င်းကို ရှာရုန်လွင်ပြင်ဟု သိရသည်။

  • သမ္မာကျမ်းစာထဲတွင် ပြောခဲ့သော မြို့များကို ရှာရုန်လွင်ပြင်တွင် တည်ရှိပြီး ယာဖေါမြို့၊ လုဒ္ဒမြို့ နှင့် သရိမြို့တို့ အပါအဝင်ဖြစ်သည်။
  • ရှာရုန်အမည်ရှိသောလွင်ပြင်" (သို့) "ရှာရုန်လွင်ပြင်" ဟူ၍ ဘာသာပြန်နိုင်သည်။
  • ရှာရုန်နယ်ပယ်တွင် နေထိုင်သော လူများကို ရှာရုန်လူမျိုး ဟုခေါ်သည်။

ရှိနာ

အချက်အလက်

ရှိနာ၏အဓိပ္ပာယ်မှာ "မြစ်နှစ်မြစ်၏နိုင်ငံ" ဟုအဓိပ္ပာယ်ရသည်။ မြေထဲပင်လယ်တောင်ဘက်ခြမ်းရှိ နိုင်ငံ (သို့) လွင်ပြင်၏ အမည်တွင်ခဲ့သည်။

  • နောက်ပိုင်းတော့ ရှိနာဟာ ဗာဗုလုန်နှင့်ခါလဒဲဟု အမည်သွင်ပြီး လူသိများလာခဲ့သည်။
  • ရှေးခေတ်လူတွေဟာ ရှိနာလွင်ပြင် ဗာဗုလုန်မြို့တွင်နေထိုင်ပြီး သူတိုကိုသူတို့ ကြီးမြတ်ကြောင်းသိစေရန် မြို့ရိုးတာဝါတွေကို တည်ဆောက်ခဲ့သည်။
  • မျိုးဆက်သစ်နောက်ပိုင်း ဂျုံးလူမျိုးတွေ၏အဘ အာဗြံဟံသည်လည်း ခါလဒဲပြည်သားတို့နေသော ဥဇမြို့မှဖြစ်သည်။

ရှိဖိရေ

အချက်အလက်

ရှိဖိရေနှင့် သူ့ယောင်္ကျား အာနနိ တို့သည် ဂျူးခရစ်ယာန် ယုံကြည်သူများဖြစ်ကြ၍ ရှင်ပေါ်လုနှင့် အတူ သာသနာလအလုပ်လုပ်ကြသည်။

  • ရှိဖိရေနှင့် အာနနိတို့သည် ရောမ ဧကရာဇ်မင်းများ၏ ခရစ်ယာန်များကို ရက်စက်မှုကြောင့် ရောမမြို့ကို စွန့်ကြသည်။
  • ပေါလုသည် ရှိဖိရေနှင် အာနနိတို့ကို ကောရိန္သုမြို့၌ တွေ့သည်။ သူတို့သည် သဲဆောက်သောသူများဖြစ်ကြ၍ ပေါလုသည်လည်း သူတို့နှင့်အတူ အလုပ်လုပ်သည်။
  • ပေါလုသည် ဆီးရီးယာသို့ သွားသောအခါ ရှိဖိရေနှင် အာနနိတို့သည် ပေါလုနောက်သို့ လိုက်ကြသည်။
  • ဆီးရီးယားမှ ထိုသုံးဉီးသည် ဧဖက်သို့ သွားကြသည်။ ပေါလု ဧဖက်မြို့မှ ထွက်သွားလျှင် ရှိဖိရေနှင် အာနနိတို့သည် သတင်းကောင်းကို ဆက်၍ ဟောပြောကြသည်။
  • သူတို့သည် အဓိကအားဖြင့် အာပေါလု အမည်ရှိသောသူကို သင်ပေးကြသည်။

ရှိမိ

အချက်အလက်

ဓမ္မဟောင်းကျမ်းထဲတွင် ရှိမိ ဟုဆိုတဲ့လူတစ်ယောက် ပါရှိသည်။

  • ဗင်္ယာမိန်အမျိုး ဂေရသားရှိမိက ရှင်ဘုရင်ဒါဝိဒ်မင်းနှင့်ကျွန်တော်မျိုးအပေါင်းတို့ကိုကျိန်ဆဲလျက်နှင့်ကျောက်ခဲပစ်လေ၏။ ဒါဝိဒ်၏ သား အဗရှလုံ လုပ်ကြံခြင်းမှ လွတ်ဖို့ရန်ယေရုရှလင်သို့ ရောက်လာခဲ့သည်။
  • ဓမ္မဟောင်းကျမ်းထဲတွင် လေဝိလူမျိုးယဇ်ပုရောဟိန်းအနွယ်အထဲမှာ ရှိမိ နာမည်ပါရှိသည်။

ရှိမုန် (ဇေလုပ်)

အချက်အလက်

ရှိမုန်ဇေလုပ်သည် ယေရူခရစ်တော်၏ တပည့်တော်တစ်ဆယ့်နှစ်ပါးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

  • ရှိမုန်အား ယေရူခရစ်တော်၏တပည့်တော်အဖြစ် သုံးကြိမ်သာတွေ့ရှိရသည်။ ထို့ကြောင့် လူများက သူအားအနည်းငယ်သာသိကြသည်။
  • ရှိမုန်သည် ယေရူခရစ်တော်ကောင်းကင်သို့တက်ကြွသွားပြီးနောက် ယေရုရှလင်မြို့တွင် အတူတကွဆုတောင်းကြရန် တွေ့ဆုံခဲ့သူဆယ့်တစ်ယောက်မြောက်တပည့်တော်ဖြစ်သည်။
  • ရှိမုန်၏ "ဇေလုပ်" ဟူသောအမည်သည် သူအားဇေလုပ်အဖွဲ့ဝင်တစ်ဦးအဖြစ်ထင်ရှားစေသည်။ ထိုအဖွဲ့ဝင်တို့သည် ဂျူးဘာသာရေးခေါင်းဆောင်များဖြစ်ပြီး စိတ်အားထက်သန်စွာဖြင့် ရောမအင်ပါယာ၏အုပ်ချုပ်မူ့ကို လက်မခံပဲ မောရှေ၏ပညတ်တရားကို လက်ဝယ်ကိုင်ထားသူများလည်းဖြစ်သည်။
  • "ဇေလုပ်" ကို ရိုးရှင်းစွာအနက်ပြန်ရလျှင် "စိတ်အားထက်သန်သောသူတစ်ဦး" ဘာသာရေးတွင် ဇွဲရှိသူ ဟူ၍ဖြစ်သည်။

ရှိလောမြို့

အချက်အလက်

ရှိလောမြို့သည် ယောရှုဦးဆောင်တဲ့ ဣသရေလလူမျိုးများ အောင်နိုင်ခဲ့သော ခါနာနိမြို့၏ မြို့ရိုးဖြစ်သည်။

  • ရှိလောမြို့သည် အနောက်ဘက်ခြမ်းယော်ဒန်မြစ်နှင့် မြောက်ဘက်ခြမ်း ဗေသလမြို့တွင် တည်ရှိသည်။
  • ဣသရေလလအား ယောရှုဦးဆောင်နေစဉ်အတော့အတွင်း
  • ရှိလောမြို့သည် ဣသရေလလူမျိုးတွေအတွက် ​မိတ်ဆွေအစည်းအဝေးပြုလုပ်ရာ နေရာတစ်ခုဖြစ်သည်။
  • ယောရှုသည် ဣသရေလလူမျိုးဆယ်နှစ်နွယ်အား ရှိလောမှာ တွေ့ဆုံပြီး ခါနာန်ပြည်မြေကို အနွယ်အသီးသီ ခွဲဝေပေးခဲ့သော နေရဦဖြစ်သည်။
  • ယေရုရှလင်မြို့တွင် ဗိမာန်တော် မတည်ဆောက်ချိန်မှာ ဣသရေလလူမျိုးများသည် ရှိလောအရက်၌ လာ၍ ဘုရားအခင်အား ယဇ်ပူဇော်ရသောနေရာဖြစ်သည်။
  • ရှမွေလငယ်ရွယ်စဉ်အချိန်တွင် သူ့အမေ ဟာနက ရှိလောအရက် ဘုရားသခင်၏အစေခံယဇ်ပုရောဟိန်းဧလိထံ သင်ကြားခံရန် ခေါ်ဆောင်ခဲ့သော နေရာလည်းဖြစ်သည်။

ရှုမောင်

အချက်အလက်

သမ္မာကျမ်းစာထဲတွင် ရှုမောင်ဟူသောနာမည်ကို အကြိမ်များစွာဖော်ပြထားသည်။

  • ဓမ္မာဟောင်းထဲတွင် လေအာနှင့်ယာကုပ်၏ ဒုတိယသားအမည်မှာ ရှိမောင်ဖြစ်သည်။ သူသည်ဣသရေလအမျိုးဆယ်နှစ်စုထဲတွင် မျိုးနွယ်စုတစ်ခုထဲတွင်ဆင်းသက်လာသည်။
  • ရှိမောင်၏မျိုးနွယ်စုတို့သည် ကတိတော်မြေဖြစ်သောခါနန်ပြည် တောင်ဖက်ပိုင်းကျသောပိုင်နက်ထဲတွင် နေထိုင်ခဲ့ကြသည်။ ယုဒလူမျိုးစုတို့၏မြေပိုင်နက်လည်းဖြစ်သည်။
  • ယောသပ်နှင့်မာရိတို့သည် သူငယ်တော်ယေရူခရစ်တော်ကို ယေရုရှလင်မြို့ဗိမာန်တော်တွင် ဘုရားသခင်ထံအပ်နှံချိန်တွင် အသက်ကြီးရင့်သူ ရှိမောင်အမည်ရှိသောသူက ဘုရားသခင်သည်အကျွန်ုပ်အား မေရှိယကို ဖူးမြင်စေပြီဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလေ၏။

ရှေခင်ပြည်

အချက်အလက်

ယေရုရှလင်မြို့ မြောက်ဘက်ခြမ်း မိုင်လေးဆယ်အကွာတွင် ခါနန်ပြည်မြို့လေးမှာ ရှေခင်ဒေသလေ တည်ရှိသည်။ ရှေခင်ဟုဆိုတဲ့ လူနာမည်တစ်ယောက်ကို ဓမ္မဟောင်းကျမ်းထဲမှာ ပါရှိသည်။

  • ရှေခင်အရက်လေးဟာ ယာကုပ်နှင့်သူ့အစ်ကိုဧသော ပြန်လည်သင့်မြတ်စေသော နေရာအရက် ဖြစ်သည်။
  • ရှေခင်အရက် ဟိဝိအနွယ် ဟာမော်၏သားထံမှ ယာကုပ်သည် မြေဝယ် ခဲ့သည်။ ထိုမြေဟာ ယာကုပ်မိသားစုအတွက် သင်ချိုင်း ဖြစ်လာခဲ့ပြီး နောက်တော့ ယာကုပ်၏သားများက ယာကုပ်ကိုလည်း ဒီနေရာတွင် မြှုပ်နုံခဲ့သည်။
  • ဟာမော်၏သား ရှေခင်က ယာကုပ်ရဲ့သမီး ဒိနကို အဓမ္မကျင့်၏အကျိုးရလပ်ကြောင်း ယာကုပ်၏သားများက ရှေခင်အရက်ရှိ လူအားလုံးများအား သတ်ခဲ့သည်။

ရှေဘပြည်

အချက်အလက်

လွန်လေပြီးသောအခါ ရှေဘပြည်ဟာ တိုးတက်မူနယ်ပယ်ဒေသ ဖြစ်သည်။ ထိုပြည်ဟာ တောင်ဘက်ခြမ်း အာရေဗျာနိုင်ငံတွင် တည်ရှိသည်။

  • ရှေဘပြည်ဟာ သေချောသလောက် ယုခုချိန်မှာ ယီမင်နိုင်ငံ (သို့) အီသီယိုးပီးယာနိုင်ငံ၏ အနီးနာမှာ တည်ရှိခဲ့သည်။
  • ရှေဘပြည်၌နေထိုင်သူများသည် သေချောသလောက် ဟန်အနွယ်မှ ဆင်သက်လာခဲ့သည်။
  • ရှေဘဘုရင်မသည် ရှောလမုန်မင်းကြီး၏ ညဏ်ပညာနှင့်စည်းစိမ်းချမ်းသာ ကျော်ကြားမူကြောင်းကို သူမကြားသောအခါ လာလည်ခဲ့ပါသည်။
  • ဓမ္မဟောင်းကျမ်း၏ ဆွေစဉ်မျိုးဆက်စာရင်းမှာ ရှေဘဆိုတဲ့ လူနာမည်ပါရှိသည်။ ရှေဘဒေသဟု ဆိုတဲ့နာမည်ဟာ ဖြစ်နိုင်ချေကတော့ အဲဒီလူဆီမှ လာခဲ့သည်။
  • ဗေရရှေဘမြို့သည် ဓမ္မဟောင်းထဲမှာ ရှေဘဟု ဆိုတဲ့ နာမည်အတို့ ကောက်အနေဖြင့် တစ်ကြိမ်တွေ့ရသည်။

ရှေမ

အချက်အလက်

ကမ္ဘာဉီးကျမ်းထဲမှာ တစ်လောကလုံးကို ရေလွမ်းမိုးစဉ်အချိန်တွင် နောဧ၏သားသုံးယောက်ထဲကမှ တစ်ယောက်အပါအဝင် ရှေမသည် သင်ဘော်ကြီးနှင့်အတူ ထွက်ခွာခဲ့သည်။

  • ရှေမအနွယ်သည် အာဗြဲဟံ၏ ဘိုးဘွားဘီဘင်ဖြစ်သည် သာမက သူ့ထံမှလည်း ဆင်းသက်လာသည်။
  • ရှေမအနွယ်မှ ဆင်းသက်သော ဟေဗြဲနှင့်အရဗီအဖြစ် ဆီးမိုက်ဘာသာစကားများ "ဆီမိုက်" အဖြစ်လူသိမျာခဲ့သည်။
  • ဓမ္မကျမ်းစာတွင် ရှေမ၏အသက် ခြောက်ရာ နီးပါးရှည်လျားသည်ကို မှတ်တမ်းသင်ထားပါသည်။

ရှေသ

အချက်အလက်

ကမ္ဘာဦးကျမ်း ထဲတွင် ရှေသသည် အာဒံနှင့် ဧဝတို့၏ တတိယ မြောက်သားဖြစ်သည်။

  • ဧဝသည် သူ့အကိုကာဣနသတ်သော အာဗေလကိုယ်စား ရှေသကို ပေးပြီးဟုဆိုသည်။
  • နောဧသည် ရှေသ၏ အမျိုးနွယ်မှ ဆင်းသက်သူတစ်ဦးဖြစ်သောကြောင့် ရေလွှမ်းမိုးချိန်ကတည်းကရှိသော သူအားလုံးသည်လည်း ရှေသ၏ အနွယ်မှ ဆင်းသက်လာသောသူများ ဖြစ်ကြသည်။
  • ရှေသနှင့် သူ၏မိသားစု တို့သည် ပထမဦီးဆုံးသော ထာဝရဘုရား၏နာမတော်ကို အမှီပြု ခေါ်သောသူများဖြစ်သည်။

ရှောလမုန်

အချက်အလက်

ရှောလမုန်သည် ရှင်ဘုရင်ဒါဝိဒ်၏သားတစ်ဦးဖြစ်သည်။ သူ၏မိခင်မှာ ဗာသရှေဘဖြစ်သည်။

  • ရှောလမုန်ဘုရင်ဖြစ်လာချိန်တွင် ထာဝရဘုရားကသူ့အားလိုချင်တောင်းတသောအရာကို ပေးမည်ဟုမိန့်တော်မူခဲ့သည်။ ထိုကြောင့် ရှောလမုန်သည် ထာဝရဘုရားထံတော်မှ လူတို့အားသမ္မာသမတ်ကျကျအုပ်ချုပ်နိုင်သော ဉာဏ်ပညာကိုတောင်းလျှောက်ခဲ့သည်။ ထာဝရဘုရားကလည်းသူ၏ဆန္ဒဖြစ်သော ဉာဏ်ပညာနှင့် ကြွယ်ဝမူ့ကို ပေးတော်မူခဲ့သည်။
  • ရှောလမုန်မင်းကြီးအားအများစုက ယေရုရှလင်မြို့တော်တွင် ခမ်းနားထယ်ဝါသောဗိမာန်တော်ကို တည်ဆောက်သူအဖြစ် သိထားကြသည်။
  • အစပိုင်းသူ၏အုပ်ချုပ်ရာနှစ်များတွင် ဉာဏ်ပညာရှိစွာအုပ်ချုပ်သောလည်း နောက်ပိုင်းတွင် တစ်ပါးအမျိုးသမီးများနှင့် မိုက်မဲစွာ ထိမ်းမြားခဲ့ခြင်းနှင့် နတ်ဘုရားများကို ကိုးကွယ်ခြင်းတို့ကို မိုက်မဲစွာစတင်လုပ်ဆောင်ခဲ့သည်။
  • ရှောလမုန်၏အဖြောင့်မတ်ခြင်ကြောင့်ဖြစ်ကာ သူအနိစ္စရောက်သောနောက်တွင် ထာဝရဘုရားက တိုင်းပြည်ကို နှစ်ခြမ်းခွဲစေခဲ့သည်။ ထိုတိုင်းပြည်နှစ်ခုသည် အချင်းချင်းတိုက်ခိုက်ခြင်းများကို ပြုခဲ့ကြသည်။

ရှောလု

အချက်အလက်

ရှောလုသည် ဣသရေလလူမျိုးဖြစ်ပြီး ဣသရေလဘုရင် ပထမဆုံးသောသူ ဖြစ်လာဖို့ရန် ဘုရားသခင်ရွေးချယ်ခဲ့သောသူ ဖြစ်သည်။

  • ရှောလုသည် အဆင်းလှသောသူ၊ အရပ်ရှည်သောသူ၊ စစ်ရေးကျွမ်းကျင်သောသူဖြစ်သည်။ သူသည် ဣသရေလလူမျိုးများက သူတို့၏ဘုရင်ဖြစ်ဖို့ရန် လိုချင်ခဲ့သော ပုံစံလူမျိုးဖြစ်ခဲ့သည်။
  • ပထမမှာ ဘုရားကိုအစေခံသောသူ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှောလုသည် မာနကြီးလာပြီး ဘုရားကို နာမခံသောသူဖြစ်လာခဲ့သည်။ ရလဒ်ကဆိုရင် ဘုရားသခင်က ရှောလုနေရာကို ဘုရင်အဖြစ် နေရာယူဖို့ရန် ဒါဝိတ်ကို ခန့်အပ်ခဲ့ပြီး ရှောလုကိုစစ်ပွဲထဲ၌ အသက်ဆုံးဖို့ရန် ခွင့်ပေးခဲ့သည်။
  • ဓမ္မသစ်ကျမ်းထဲတွင် ယေရှုခရစ်တော်၏ တပည့်တော်ဖြစ်လာခဲ့သော ရှင်ပေါလုဟူသော အမည်ဖြင့် သိရှိခဲ့သော ဂျူးလူမျိုးတစ်ဦး ရှောလုရှိခဲ့ပါသည်။

ရာခပ်

အချက်အလက်

ရာခပ်သည် ဣသရေလများ ယေရိခေါမြို့ကို တိုက်ခိုက်စဉ် ယေရိခေါမြို့တွင် နေထိုင်သောသူ အမျိုးသမီးဖြစ်သည်။ သူမသည် ပြည့်တန်ဆာတစ်ဦးလည်း ဖြစ်သည်။

  • ရာခပ်သည် ဣသရေလလူမျိုးများ ယေရိခေါမြို့ကို မတိုက်ခိုက်မီ ဣသရေလမှ သူလျှိုနှစ်ဦးအား ဝှက်ထားသူဖြစ်သည်။ သူမသည် သူလျှိုနှစ်ဦးအား ဣသရေလသို့ ပြန်လည်လွှတ်မြောက်ရန်လည်း ကူညီခဲ့သည်။
  • ရာခပ်သည် ယေဟောဝါအား ယုံကြည်လာ တစ်ဦးဖြစ်လာသည်။
  • ရာခပ်နှင့် သူမ၏ မိသားစုသည် ယေရခေါမြို့ဖျက်ဆီးခြင်းခံရချိန်၌ လွှတ်ငြိမ်းချမ်းသာခွင့်ရပြီး ဣသရေလလူမျိုးများနှင့် အတူနေထိုင်ရန် အခွင့်ရခဲ့ကြသည်။

ရာခေလ

အချက်အလက်

ရာခေလသည် ယာကုပ်၏ အမျိုးသမီးဖြစ်သည်။ ရာခေလနှင့် သူမ၏ အမလေအာတို့သည် ယာကုပ်၏ ဦးလေး လာဗန်၏ သမီးများဖြစ်ကြသည်။

  • ရာခေလသည် ယောသပ်နှင့်ဗင်္ယာမိန် တို့၏ အမေဖြစ်၏။ ဣသရေလမျိုးနွယ်စု ဖြစ်လာမည့် ညီအစ်ကိုနှစ်ယောက်ဖြစ်သည်။
  • နှစ်ပေါင်းကြာသည့်တိုင် ရာခေလသည် သန္ဓေမတည်နိုင်ခဲ့ပေ။ ထို့နောက် ယောသပ်အား ဖွားမြင်သောအခွင့်ကို ထာဝရဘုရားပေးတော်မူ၏။
  • နှစ်အနည်းငယ်ပြီးနောက် ဗင်္ယာမိန်အား ဖွားချိန်တွင် ယာခေလ သေဆုံးလေ၏။ သူမအား ယာကုပ်သည် ဗက်လင်မြို့အနီး၌ သင်္ဂြိုဟ်၏။

ရာမမြို့

အချက်အလက်

ရာမမြို့သည် ဣသရေလ တိုင်းပြည်၏ ရှေးကျသော မြို့တစ်မြို့ဖြစ်ပြီး ယေရုရှလင်မြို့နဲ့ ရှစ်ကီလိုမီတာ အကွာခန့်တွင် တည်ရှိသည်။

  • ရာမမြို့သည် ဗင်္ယာမိန်အား ဖွားမြင်ပြီးနောက် ရာခေလ သေဆုံးခဲ့သောနေရာလည်း ဖြစ်သည်။
  • ဘာဘုလုန်သို့ ဣသရေလ လူမျိုးများ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော အချိန်တွင် ဘာဘုလုန်သို့မတိုင်မီ ရာမမြို့သို့ ပထမဦးဆုံး ခေါ်ဆောင်ခဲ့ကြသည်။
  • ရာမမြို့သည် ရှာမွေလ၏ ဖခင်နှင့် မိခင် နေထိုင်ရာ နေရာလည်းဖြစ်သည်။

ရာမုတ်

အချက်အလက်

ရာမုတ်မြို့သည် ယော်ဒန်မြစ်အနားတွင် တည်ရှိသော ဂိလဒ်တောင်ရှိ အရေးကြီးသော မြို့တစ်မြို့ဖြစ်သည်။ ရာမုတ်ရှိရာ ဂိလဒ်ဟူ၍လည်း ခေါ်တွင်သည်။

  • ရာမုတ်မြို့သည် ဂဒ်၏အမျိုးအနွယ်ဖြစ်သော ဣသရေလလူမျိုးများ ပိုင်ဆိုင်ရာ မြို့ဖြစ်ပြီး ဣသရေလလူမျိုးများ ခိုလှုံရာမြို့အဖြစ် ပုံဖော်ထားသည်။
  • ဣသရေလဘုရင် အဟပ်နှင့် ယုဒဘုရင်ယောရှဖက်တို့သည် ရာမုတ်၌ ရှိသော အာရံမင်းကြီးအား စစ်တိုက်ကြ၏။ အာဟတ်မင်းကြီးသည် တိုက်ပွဲ၌ပင် ကွပ်မျက်ခြင်းခံရလေ၏။
  • များမကြာမီတွင် အဟာဇိဘုရင်နှင့် ယောရံဘုရင်တို့သည် အာရံဘုရင်ထံမှ ရာမုတ်မြို့ကို သိမ်းပိုက်ရန် ကြိုးစား၏။
  • ရာမုတ် ဂိလဒ်သည် ယေဟုကို ဣသရေလ၏ ရှင်ဘုရင်အဖြစ် ဘိသိက်ခံရာ နေရာဖြစ်သည်။

ရိမ္မုန်

အချက်အလက်

ရိမ္မုန်ဆိုသည့် အမည်မှာလူတစ်ယောက်၏ အမည်ဖြစ်သည်။ ဤအမည်သည် နတ်ဘုရား အမည်လည်းဖြစ်သည်။

  • ရိမ္မုန်ဆိုသောသူသည် ဗင်္ယာမိန်အမျိုးမှဖြစ်သည်။ ဇေဘုလုန်ပြည် ဗေရုတ်မြို့မှ လာသည်။ ရိမ္မုန်ရဲ့သားများသည် ယောနသန်၏သား ခြေထောက် မကောင်းသော ဣရှဗောရှက်ကိုသတ်သည်။
  • ရိမ္မုန်မြို့သည် ယုဒ၏တောင်ပိုင်းတွင် ရှိသည့် ဗင်္ယာမိန်အမျိုးနွယ်များ နေထိုင်သည့် မြို့ဖြစ်သည်။
  • "ရိမ္မုန်ကျောက်" သည် လုံခြုံသောနေရာဖြစ်ကာ စစ်ပွဲကာလအတွင်း ဗင်္ယာမိန်လူမျိုးများ၏ လွတ်မြောက်နေရာဖြစ်သည်။
  • ရိမ္မုန်ဖါရက်သည် ယုဒတောတွင် လူသိနည်းသည့် ဒေသဖြစ်သည်၊၊
  • ရှုရိပြည်သား စစ်ဗိုလ်ချုပ်နေမန်သည် ရှုရိလူမျိုးများ ကိုးကွယ်သည့် နတ်ဘုရားရိမ္မုန်၏ ဗိမ္မာန်တော် အကြောင်းကို ပြောခဲ့သည်။

ရုဗင်

အချက်အလက်

ရုဗင်သည် ယာကုပ်၏ သားဉီးဖြစ်သည်။ သူ၏ မိခင်သည်လေအာဖြစ်သည်။

  • သူတို့၏ ညီငယ်ယောသပ်ကို သူ့အကိုတွေက သတ်ဖို့အစီအစဉ်ဆွဲထားသည့်အချိန်တွင် ရုဗင်က သူ့ညီယောသပ်ကို သတ်မည့်အစား မြေကျင်းထဲတွင် ထားရန် ပြောခဲ့သည်။
  • ရုဗင်သည် ညီယောသပ်ကို ကယ်ဖို့ပြန်ရောက်လာခဲ့သည်။ သို့သော်လည်း သူတို့သည် ယောသပ်ကို ကျွန်အဖြစ် ကုန်သည်များထံ ရောင်းစားလိုက်သည်။
  • ရုဗင်ရဲ့မျိုးနွယ်သည် ဣသရေလဆယ့်နှစ်မျိုးထဲမှတစ်ခုဖြစ်သည်။

ရုသ

အချက်အလက်

ရုသ သည်ဣသရေလတိုင်းပြည်ကို တရားသူကြီးများအုပ်စိုးစဉ်အချိန်သူ့မိသားစုနှင့်အတူ မောဘပြည်သို့ပြောင်းရွေ့သွားသူ ဣသရေလလူတစ်ယောက်ကို လက်ထပ်ယူခဲ့သောမောဘအမျိုးသမီးတစ်ယောက်ဖြစ်သည်။

  • ရုသယောင်္ကျားကွယ်လွန်ပြီးနောက်ဣသရေလတိုင်းပြည်ရှိသူမ၏မြို့တော်ဗက်လင်မြို့သို့ ပြန်မည့်သူ့ယောက္ခမနောမိနှင့်အတူလိုက်သွားရန်မောဘပြည်ကို သူမစွန့်ခွာခဲ့သည်။
  • ရုသသည် ယောက္ခမနောမိအပေါ်သစ္စာရှိပြီး သူမကိုလုပ်ကျွေးဖို့ရန်ကြိုးစားခဲ့သူဖြစ်သည်။
  • သူမသည်ဣသရေလတို့၏ စစ်မှန်သောဘုရားတစ်ပါးကိုသာ အစေခံခြင်းငှါ အပ်နှံထားသူလည်းဖြစ်သည်။
  • ရုသသည် ဘောဇဟုအမည်ရသော ဣသရေလအမျိုးသားတစ်ယောက်ကိုလက်ထပ်ယူခဲ့ပြီး ယေရှု၏ဆွေစဉ်မျိုးဆက်နှင့်ဒါဝိဒ်မင်း၏ အဘိုးဖြစ်လာခဲ့သူသားတစ်ယောက်ကိုလည်းမွေးဖွားပေးနိုင်ခဲ့သည်။

ရေဗက္ကာ

အချက်အလက်

ရေဗက္ကာသည် အာဗြဟံ၏ အစ်ကို နာခေါ၏ သမီးဖြစ်လေသည်။

  • ဘုရားသခင်သည် ရေဗက္ကာအား အာဗြဟံ၏သား ဣဇာက်၏ ဇနီးအဖြစ်ရွေးချယ်ခဲ့သည်။
  • ရေဗက္ကာသည် သူမနေထိုင်ရာ မေသောပေါဘာမိတိုင်းကို ထားခဲ့ပြီး အာဗြဟံ၏တပည့်နှင့်အတူ ဣဇာက်ရှိရာ ခါနန်ပြည်တောင်ပိုင်းသို့ သွားခဲ့သည်။
  • အချိန်အတော်ကြာသည့်တိုင် ရေဗက္ကာသည် ကလေးမရရှိနိုင်ပါ။ သို့သော်နောက်ဆုံး၌ ဘုရားသခင်သည် သူမအား အမွှာညီအစ်ကိုဖြစ်သည့်ဧသောနှင့် ယာကုပ်နှစ်ဦးအားဖြင့် ကောင်းကြီးပေးလေသည်။

ရောဗောင်

အချက်အလက်

ရောဗောင်သည် ရှောလမုန်မင်းကြီး၏ သားတော်ဖြစ်ပြီး ရှောလမုန်မင်းကြီး နတ်ရွာစံပြီးနောက် ဣသရေလလူမျိုးတို့၏ ရှင်ဘုရင် ဖြစ်လာသူဖြစ်သည်။

  • သူ၏ အုပ်ချုပ်ခြင်းအစ၌ ရောဗောင်မင်းကြီးသည် သူ၏လူများကို မညှာမတာပြုသောကြောင့် ဣသရေလ၏ မျိုးနွယ်စု (၁၀) စုသည် သူ့အားပုန်ကန်ပြီး မြောက်ပိုင်းအရပ်တွင် ဘုရင်နိုင်ငံ အစပြုကာ ဣသရေလတိုင်းပြည် ထူထောင်လေ၏။
  • ရောဗောင်သည် တောင်ပိုင်းတိုင်းပြည်၏ ဘုရင်အဖြစ် ဆက်လက်အုပ်ချုပ်သည်။ ယုဒနှင့် ဗင်္ယာမင်မျိုးနွယ်စုနှစ်စု ပါဝင်သော ယုဒပြည်ကို အုပ်ချုပ်သည်။
  • ရောဗောင်သည် လွဲမှားသော နတ်ဘုရားများကို ကိုးကွယ်ပြီး ဘုရားသခင်အားဆန့်ကျင်သော ရက်စက်သည့် ဘုရင်တစ်ပါးဖြစ်သည်။

ရောမ

အချက်အလက်

ဓမ္မသစ်ကျမ်းအချိန်တွင် ရောမမြို့သည် ရောမအင်ပါယာနိုင်ငံ၏ ဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင် အီတလီနိုင်ငံဖြစ်သည်။

  • ရောမအင်ပါယာသည် ဣသရေလနိုင်ငံအပါအဝင် မြေထဲပင်လယ်အနီးတဝိုက် နေရာဒေသအားလုံးကို အုပ်စိုးခဲ့သည်။
  • "ရောမ" ဟူသည် ရောမအစိုးရနှင့် သက်ဆိုင်သည့် ဒေသများ၊ရောမနိုင်ငံသားများနှင့် စပ်ဆိုင်သည့် ကိစ္စရပ်များကို ဆိုလိုသည်။
  • ရှင်ပေါလုသည်ခရစ်တော်၏ သတင်းကောင်းကို ဟောပြောဝေမျှသောကြောင့် ရောမနိုင်ငံသို့ ထောင်သားအနေဖြင့် ဖမ်းဆီးခံရသည်။
  • "ရောမသြဝါဒစာစောင်" ကို ရှင်ပေါလုသည် ရောမနိုင်ငံတွင် ရှိနေစဉ် ရေးသားခဲ့သည်။

လဝိသန်

အချက်အလက်

"လဝိသန်" သည် ကိုယ်ထည်အလွန့်အလွန်ကြီးမာ၍ မျိုးတုန်းသွားပြီဖြစ်သောတိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ၄င်းတိရစ္ဆာန်နှင့်ပတ်သတ်၍ ယောဘဝတ္ထု၊ ဆာလံကျမ်း နှင့် ဟေရှာယအနာဂတ္တိကျမ်း တို့တွင်ဖော်ပြထားသည်။

  • "လဝိသန်" သည် မြွေသဏ္ဍာန်ရှိ၍ အားသန်ကြမ်းကြုတ်သောအကောင်ဖြစ်သည်။ ရေပွေဖြစ်အောင်လည်းလုပ်ဆောင်နိုင်သည်။ သမ္မာကျမ်းစာဖော်ပြချက်အရ ဒိုင်နို‌ဆောတစ်ကောင် နှင့်အင်မတန်ဆင်တူလေသည်။
  • ပရောဖက်ဟေရှာယသည် "လျှောပြေးတတ်သောမြွေ" အဖြစ်ဖော်ပြထားသည်။
  • ယောဘက သူ့ကိုယ်တွေ့အကောင်တစ်ကောင်ပမာဖော်ပြထားသောကြောင့် လဝိသန်သည် သူ့ခေတ်သူ့အခါက အသက်ရှင်ခဲ့ဟန်တူသည်။

လာဇရု

အချက်အလက်

လာဇရုနှင့် အစ်မများဖြစ်သော မေရီနှင့် မာသ တို့သည် ခရစ်တော်၏ အကောင်းဆုံးသော မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ယေရှုသည် ဗက်လင်မြို့၌ရှိသော သူတို့၏ အိမ်တွင် မကြာခဏ နေထိုင်လျက်ရှိသည်။

*လာဇရု၏ လူသိအများဆုံးသော အချက်မှာ သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် ခရစ်တော်အားဖြင့် သေခြင်းမှ ပြန်ရှင်ခဲ့သည့် အကြောင်းအရင်း ဖြစ်သည်။

*ယုဒဘာသာရေးခေါင်းဆောင်များမှာ ခရစ်တော်ပြုခဲ့သော နိမိတ်လက္ခဏာများအပေါ် မနာလိုဝန်တိုကာ ခရစ်တော်နှင့် လာဇရုကို သတ်ရန် ကြံစည်ခဲ့ကြသည်။

*ခရစ်တော်ပြောခဲ့သော ဆင်းရဲသား သူတောင်းစား နှင့် သူဌေးကြီး ပုံဥပမာတွင် ဆင်းရဲသား၏ အမည်မှာ "လာဇရု" ဖြစ်သည်။


လာဗန်

အချက်အလက်

ဓမ္မဟောင်းကျမ်းထဲတွင် လာဗန်သည် ယာကုပ်၏ ဦးလေးဖြစ်သကဲ့သို့ ယောက္ခမလည်း ဖြစ်သည်။

*ယာကုပ်သည် ပါဒနာရံ အရပ်တွင် လာဗန်၏ အိမ်သူ အိမ်သားများနှင့် အတူ နေထိုင်ကာ လာဗန်၏ သမီးကို လက်ထပ်နိုင်ရန် သတ်မှတ်ချက်များအရ လာဗန်၏ သိုး၊ဆိတ် များကို ထိန်းကျောင်းပေးသည်။

*ယာကုပ်သည် လာဗန်၏ သမီးငယ်ဖြစ်သော ရာခေလအား ဇနီးမယား အဖြစ် ပို၍ နှစ်သက် လိုလားသည်။

*လာဗန်သည် ယာကုပ်အား သမီးငယ် ရာခေလကို ဇနီးမယားအဖြစ် လက်ထပ်စေမည့်အစား သမီးကြီး လေအာနှင့် အရင် လက်ထပ်စေခဲ့သည်။


လာမက်

အချက်အလက်

ကမ္ဘာဦးကျမ်းတွင် လာမက် ဟူသောအမည်ဖြင့် လူနှစ်ဦးကို ဖော်ပြထားသည်။

*ပထမ လာမက် သည် ကာဣန၏ မျိုးရိုးမှ ဆင်းသက်လာသည်ဟု ဖော်ပြထားသည်။

*ဒုတိယ လာမက် သည် ရှေသ၏ မျိုးရိုးမှ ဆင်းသက်လာသည်ဟု ဖော်ပြထားသည်။ နောဧ၏ ဖခင်လည်း ဖြစ်သည်။


လုကာ၊ ရှင်လုကာခရစ်ဝင်

အချက်အလက်

လုကာသည် ရှင်လုကာခရစ်ဝင်ကျမ်း နှင့် တမန်တော်ဝတ္တုကို ရေးသားခဲ့သော ဓမ္မသစ်ကျမ်းရေးဆရာတစ်ဦးဖြစ်သည်။

  • လုကာသည် ဆရာဝန်တစ်ဦးဖြစ်ကြောင်း ကောလောသဲဩဝါဒစာတွင် ပေါလုဖော်ပြထားသည်။ ပေါလု၏အခြားဩဝါဒစာ နှစ်စောင်တွင်လည်း လုကာအမည်ကိုဖော်ပြထားပြန်သည်။
  • ခရစ်တော်ကို မသိရှိမှီ လုကာသည် တပါးအမျိုးသာ ဂရိလူမျိုးတစ်ဦးဖြစ်သည်။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် လုကာက ယေရှုသည် ယုဒအမျိုးသားများ နှင့် တပါးအမျိုးသားများကို တန်းတူညီမျှချစ်ကြောင်း ကျမ်းညွန်းများစွာဖြင့်အထင်ရှားဖော်ပြထားသည်။
  • လုကာသည် ပေါလု၏ သာသနာ့ခရီးစဉ် နှစ်ခုတွင် လိုက်ပါ၍ ပေါလုအားအကူညီပေးခဲ့သည်။
  • ဆီးရီးယားတိုင်းပြည်၊ အန္တီအုတ်မြို့ တွင် လုကာကို ဖွားမြင်ခဲ့သည်ဟု ကနဦးအသင်းတော် စာပေတစ်ချို့ တွင်တွေ့ရှိရသည်။

လုတ္တရမြို့

အချက်အလက်

လုတ္တရမြို့သည် အာရှမိုင်နာတစ်ခွင်ရှိ လုကောနိပြည် (ယခု တူရကီနိုင်ငံ) တွင်တည်ရှိခဲ့သော ရှေးမြို့တစ်မြို့ဖြစ်သည်။ ပေါလုသည် သူ၏သာသနာ့ခရီးစဉ်အတွင်း လုတ္တရမြို့သို့ရောက်ရှိခဲ့သည်။

  • ဣကောနိပြည်၌ ခြိမ်းခြောက်မှူများနှင့်ရင်ဆိုင်ရသောအခါ ပေါလု နှင့် သူ၏ လုပ်ဖော်ဆောင်ဖက် များသည် ဒေရဗေမြို့ နှင့် လုတ္တရမြို့ တို့တွင် တိမ်းရှောင်ခိုလှုံခဲ့သည်။
  • ပေါလုသည် အသင်းတော်တည်ထောင်သူ နှင့် ဧဝံဂေလိဆရာ ဖြစ်လာမည့် တိမောသေကိုလုတ္တရမြို့တွင် တွေ့ရှိခဲ့သည်။
  • ပေါလုသည်ခြေမစွမ်းသူကို တန်ခိုးတော်ဖြင့်ကုသခဲ့ပြီးနောက် လုတ္တရမြို့သားများသည် ပေါလု နှင့် ဗာနဗ ကို ဘုရားအဖြစ်ကိုးကွယ်ရန်စုရုံးလာခဲ့သောကြောင့် ထိုသို့မပြုရန်တားမြစ်ခဲ့ရသည်။

လေဗနုန်

အချက်အလက်

ဣသရေလ မြောက်ပိုင်း၊ မြေထဲပင်လယ်ကမ်းခြေတလျှောက် လှပသော တောင်တန်းများရှိရာဒေသကို လေဗနုန် ဟုခေါ်သည်။ သမ္မာကျမ်းစာအချိန်ကာလများ၌၊ ဤဒေသသည် သစ်ကတိုးနှင့်ကျောက်ပန်းပင်သစ် စသည့် ထင်းရှုးပင်များဖြင့် သစ်တောထူထပ်သော နေရာဒေသဖြစ်ခဲ့သည်။

  • ရှောလမုန်ဘုရင်က ဘုရားသခင်၏ ဗိမာန်တော်တည်ဆောက်ခြင်း၌ သစ်ကတိုးပင်များ အသုံးပြုရန် အလုပ်သမားကို လေဗနုန်တောင်သို့ စေလွှတ်ခဲ့သည်။
  • ရှေးခေတ် လေဗနုန်ဒေသတွင် ကုန်သွယ်ကူးသန်းမှုအတွက် အသုံးပြုသော သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာကျွမ်းကျင်သော ရှေးခေတ်ဆီးမိုက်အနွယ်ဝင်များ အခြေချနေထိုင်ခဲ့ကြသည်။
  • တုရုမြို့ နှင့် သောဒုံမြို့များသည် လေဗနုန်ဒေသတွင် တည်ရှိခဲ့သည်။ ထိုမြို့များတွင် တန်ဖိုးကြီးသောပိတ်ထည်များကို အရောင်ဆိုး၍ ပထမဆုံး အသုံးပြုခဲ့ကြသည်။

လေဝိသား၊ (လေဝိလူ)၊ လေဝိ

အချက်အလက်

လေဝိသည် ယာကုပ် (ဣသရေလ) ၏ သား (၁၂) ဦး အနက် တစ်ဦးဖြစ်သည်။ လေဝိမှဆင်းသက်သောသားသမီးများကို "လေဝိသား" (သို့) "လေဝိလူ" ဟုခေါ်ဆိုသည်။ ထိုလေဝိသားများသည်ဣသရေလလူမျိုး အနွယ်များဖြစ်ကြသည်။

  • လေဝိသားများသည် ဆုတောင်းခြင်း၊ ယဇ်ပူဇော်ခြင်း စသော ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကို ထမ်းရွက်ရန် ဝတ္တရား ရှိသူများ ဖြစ်ကြသည်။
  • (လေဝိသားအားလုံးသည် ယဇ်ပုရောဟိတ်များ မဟုတ်ကြသော်လည်း) ယဇ်ပုရောဟိတ်အားလုံးသည် လေဝိသားများဖြစ်ကြသည်။
  • လေဝိသားများသည် ဗိမ္မာန်တော်၌ ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် အထူးရွေးချယ်၊ ခွဲခန့်ခံရသူများဖြစ်သည်။
  • ယေရှုခရစ်၏ ဆွေတော်စဥ်ဆက်မျိုးတော်ဆက်စာရင်းတွင် "လေဝိ" အမည် ရှိသော ဘိုးဘေးနှစ်ဦး ရှိကြောင်း ရှင်လုကာခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသည်။
  • ယေရှုခရစ်၏ တမန်တော်တပါးဖြစ်သော မဿဲကိုလည်း လေဝိ ဟူ၍ခေါ်ဆိုကြသည်၊

လေအာ

အချက်အလက်

လေအာသည် ယာကုပ်၏ ဇနီးများထဲမှ တစ်ဦးဖြစ်သည်။ သူမသည် ဣသရေလ မျိုးနွယ် ဆယ့်နှစ်နွယ်မှ ဆင်းသက်လာသော ယာကုပ်၏သား ဆယ်ယောက်မိခင်လည်း ဖြစ်သည်။

*လေအာ၏ ဖခင် လာဗန်သည် ယာကုပ်၏မိခင် ရေဗက္ကာ၏ မောင် (ယာကုပ်၏ ဦးလေး) ဖြစ်သည်။

*ယာကုပ်သည် မိန်းမ ရေဗက္ကာအား ချစ်သကဲ့သို့ လေအာ အား မချစ်ပေ။ သို့သော် ထာဝရဘုရားသည် လေအာအား သားသမီးများစွာ မွေးဖွားခွင့် ကောင်းကြီးအား ကြွယ်ဝစွာ ပေးသည်။

*လေအာ၏ သားများထဲမှ တစ်ယောက်ဖြစ်သော ယုဒသည် ယေရှု နှင့် ဒါဝိဒ်မင်းကြီး၏ အဘိုး ဖြစ်ခဲ့သည်။


လောတ

အချက်အလက်

လောတ သည် အာဗြဟံ တူ၏ နာမည်ဖြစ်သည်။

  • သူသည် အာဗြဟံ၏ အစ်ကို ခါရန် ၏သားဖြစ်သည်။
  • လောတသည် အာဗြဟံ နှင့်အတူ ခါနာန်ပြည်သို့ ခရီးသွားကာ သောဒုံမြို့ ၌ အခြေချခဲ့သည်။
  • လောတသည် မောဘလူမျိုး နှင့် အမ္မုန် လူမျိုးတို့၏ ဖခင်ဖြစ်သည်။
  • ရန်သူများသည် သောဒုံမြို့ ကိုသိမ်းပိုက်၍ လောတကို ဖမ်းဆီးခေါ်ဆောင်သွားသောအခါ အာဗြဟံ သည် လောတကိုကယ်ဆယ်၍ လောတ၏ဥစ္စာများကို ပြန်လည်သိမ်းယူရန် ရာပေါင်းများစွာသော သူ၏ကျွန်များနှင့်တကွ စစ်ချီလာခဲ့သည်။
  • သောဒုံမြို့ သားတို့သည် အင်မတန်ဆိုးညစ်သောကြောင့် ဘုရားသခင်သည် သောဒုံမြို့ ကိုဖျက်ဆီးခဲ့သည်။ သို့ရာတွင် ဘုရားသခင်သည် လောတ နှင့် သူ၏ မိသားစုကို မြို့ မှစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ရန် ကြိုတင်အကြောင်းကြားခဲ့သည်။

သက်သာလောနိတ်၊ သက်သာလောနိတ်မြို့သူ/သားများ

အချက်အလက်

ဓမ္မသစ်ကျမ်းတွင် သက်သာလောနိတ်မြို့သည် ရှေးရောမအင်ပါရာခေတ် မာကေဒေါနိပြည်၏ မြို့တော်ဖြစ်ခဲ့ပါသည်။

  • သက်သာလောနိတ်မြို့သည် အရေးကြီးသည့် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး အရှေ့တိုင်း ရောမအင်ပါယာ၏ အဓိကလမ်းမအားဖြင့် ရောမနှင့် ဆက်သွယ်ထားပါသည်။
  • ပေါလုဟာ ဒုတိယကြိမ် သာသနာခရီးတစ်လျှောက်တွင် တိမောသေ၊ သိလ တို့နှင့်အတူ သက်သာလောနိတ်မြို့ကို သွားခဲ့ပြီး အသင်းတော်ကို ထိုနေရာတွင် တည်ခဲ့သည်။ ထို့နောက်ပေါလု၏ တတိယကြိမ် သာသနာခရီးတွင် ထိုနေရာကိုပဲ ပြန်သွားခဲ့သည်။
  • ပေါလုဟာ သက်‌သာလောနိတ်မြို့ရှိ ခရစ်ယာန်များထံ စာနှစ်စောင်ရေးခဲ့ပါသည်။ ထိုစာစောင်များဟာ ပထမသက်သာလောနိတ်ဩဝါဒစာနှင့် ဒုတိယသက်သာလောနိတ်ဩဝါဒစာတို့ ဖြစ်ကြပါသည်။

သတေဖန်

အချက်အလက်

သတေဖန်သည်ကို အများစုက ခရစ်ယာန်ဘာသာထဲတွင် ပထမဦးဆုံးသော မာတုရဖြစ်ပြီး ထိုအရာသည် သူ၏ယေရူ့ခရစ်တော်အပေါ်တွင် ယုံကြည်ချက်ခိုင်မာလွန်းလှသောကြောင့်အသက်ကို စွန့်ခဲ့ရခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကို သူ၏အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းအဖြစ်အပျက်များကို တမန်တော်ဝတ္ထုထဲတွင် ရေးသားမှတ်တမ်းတင်ထားသည်။

  • သတေဖန်ကို ကနဦးအသင်းတော်ကာလတွင် ယေရှရုလင်မြို့၌ အသင်းတော်လူကြီးအဖြစ် ခရစ်ယာန်အသိုင်းအဝိုင်းထဲတွင် မုဆိုးမများအတွက် အစားအသောက်များကို ထောက်ပံ့ခြင်းများ ယုံကြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသူဖြစ်သည်။
  • မှားယွင်းသောဂျူးတို့သည် သတေဖန်အား ဘုရားသခင်၏စကားတော်များကို ဆန့်ကျင့်သူနှင့် မောရှေ၏ပညတ်တရားများကို ဆန့်ကျင်သူအဖြစ် ငြင်းခုံဆွတ်စွဲခဲ့ကြသည်။
  • သတေဖန်သည် ယေရူခရစ်တော်သည် မေရှိယဖြစ်သည့် သမ္မာတရားကို ထင်းရှားစွာပြောကြားခဲ့ကာ ယခင်က ဘုရားသခင်နှင့်ဣသရေလတို့၏နှစ်ကိုယ်ကြားရင်းနှီးမူ့ သမိုင်းကြောင်းတို့ဖြင့် ပြောကြားခဲ့သည်။
  • ဂျူးဘာသာရေးခေါင်းဆောင်တို့က သတေဖန်အပေါ်ဒေါသအမျက်ထားကာ သူ့အားမြို့ပြင်သို့ခေါ်ဆောင်သွား၍ ကျောက်တုံးဖြင့် ကွက်မျက်ခြင်းကို ခံခဲ့ရသည်။
  • ထိုကဲ့သို့သောသေဒဏ်ပေးခြင်းကို ခံခဲ့ရသော သတေဖန်၏အကြောင်းအရာကို ရှောလုက တာရူမြို့တွင်သက်သေခံခဲ့ပြီး နောက်ပိုင်းတွင် တမန်တော်ပေါလုဖြစ်လာသူဖြစ်သည်။
  • သတေဖန်၏သေခါနီးနောက်ဆုံးအချိန်တွင် ပြောကြားသောနောက်ဆုံးစကားလုံးမှာ "အိုသခင်၊ သူတို့အားအပြစ်ပေးတော်မမူပါနဲ့" ထိုစကားလုံးသည် တပါးသူများအားသူ၏မေတ္တာတရားကို ပြသခဲ့ခြင်းဖြစ်သည်။

သနာခရိပ်မင်း

အချက်အလက်

သနာခရိပ်သည် အာရှုရိတိုင်းပြည်တွင် တန်ခိုးအာဏာကြီးသော နိနေဝေမြို့ကို ချမ်းသာခြင်းနှင့် အရေးပါသောမြို့ဖြစ်လာရန် အကြောင်းခံသော ဘုရင်တစ်ပါးဖြစ်သည်။

  • သနာခရိပ် ဘုရင်ကို ယုဒပြည်နှင့် ဗာဗုလုန်နိုင်ငံ ကို ဆန့်ကျင်သော စစ်ပွဲများဖြင့် သိရှိသည်။
  • သူသည် ယေဟောဝါဘုရားကို လှောင်ပြောင်သူ၊ အလွန် မာနကြီးသော ဘုရင်တစ်ပါး ဖြစ်သည်။
  • သနာခရိပ်မင်းသည် ဣသရေလနိုင်ငံကို ဟေဇကိမင်းလက်ထက်တွင် တိုက်ခိုက်ခဲ့သည်။
  • ယေဟောဝါဘုရားသည် သနာခရိပ်မင်း၏ စစ်တပ်ကို ဖျက်ဆီးရန် ဖြစ်စေခဲ့သည်။
  • ဓမ္မဟောင်းကျမ်းထဲရှိ ဓမ္မရာဇဝင်ကျမ်းများနှင့် ရာဇဝင်ချုပ်ကျမ်းများသည် သနာခရိပ်မင်း၏ အုပ်ချုပ်သည့်ကာလကို မှတ်တမ််းတင်ထားသည်။

သြဗဒိ

အချက်အလက်

သြဗဒိသည် ဓမ္မဟောင်းကျမ်းရှိ ပရောဖက်တစ်ပါးဖြစ်ပြီး ဧဒုံလူမျိုးများကို ဆန့်ကျင်၍ ပရောဖက်ပြုသောသူဖြစ်သည်။ ဧသောမှဆင်းသက်သော ပရောဖက်လည်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် သြဗဒိ နာမည် အများအပြားရှိသည်။

  • သြဗဒိဗျာဒိတ်ရူပါရုံကျမ်းသည် ဓမ္မဟောင်းတွင် အတိုဆုံးသော ကျမ်းဖြစ်ပြီး ဘုရားသခင်ထံမှ ရရှိသောရူပါရုံများ၊ ဗျာဒိတ်တော် စကားများဖြစ်သည်။
  • သြဗဒိအသက်ရှင်၍ ပရောဖက်ပြုခဲ့သောအချိန်ကာလကို အတိအကျမသိနိုင်ပါ။ ယေ‌ဟောရံ၊ အဟာဇိ၊ ဟောရှေ၊ အသာလိ ဘုရင်များ လက်ထက်တွင်ဖြစ်နိုင်သည်ဟု မှန်းဆကြသည်။ အခြားသော ပရောဖက်များဖြစ်သည့် ဒံယေလ၊ ယေဇကျေလနှင့် ယေရမိတို့သည်လည်း ဤကာလအပိုင်းအခြားအတွင်းတွင် ပရောဖက်ပြုခဲ့ကြသည်။
  • သြဗဒိအနေဖြင့် ထိုအချိန်ကာလ၏နောက်ဆုံးပိုင်းဖြစ်သည့် ဇေဒကိမင်းစိုးစံချိန်နှင့်ဗာဗုလုံတွင် ဖမ်းသွားခြင်းခံရချိန်တွင်အသက်ရှင်ခဲ့ခြင်း ဖြစ်နိုင်သည်။
  • သြဗဒိအမည်ဖြင့်သမ္မာကျမ်းစာထဲတွင် ပါရှိသောအခြားပုဂ္ဂိုလ်များမှာ ရှောလုဘုရင်မှဆင်းသက်လာသူတစ်ဦး၊ ဒါဝိဒ်မင်း၏ နောက်တော်လိုက်ဖြစ်လာသူ၊ အာဟပ်မင်း၏နန်းတော်အုပ်၊ ယေဟောရှဖတ်မင်း၏ အရာရှိ၊ ရောရှိမင်းလက်ထက်ဗိမ္မာန်တော်ကိုပြုပြင်ရာ၌ပါဝင်ကူညီသူ၊ နေဟမိအချိန်လေဝိလူတံခါးမူးတစ်ယောက် စသည်တို့ဖြစ်သည်။
  • သြဗဒိဗျာဒိတ်ရူပါရုံကျမ်းကို ရေးသားသူမှာ ထိုသူတို့ထဲမှတစ်ပါးပါးဖြစ်နိုင်သည်။

သြမရိ

အချက်အလက်

သြမရိဘုရင်သည် စစ်ဗိုလ်ချုပ်ဖြစ်ပြီး ဣသရေလ၏ ခြောက်ဆက်မြောက်သော ဘုရင်ဖြစ်လာသည်။

  • သြမရိဘုရင်သည် တိရဇိမြို့တွင် တစ်ဆယ့်နှစ်နှစ်ကြာ အုပ်စိုးတော််မူခဲ့သည်။
  • သြမရိဘုရင်သည် အခြားသော ဣသရေလရှင်ဘုရင်များကဲ့သို့ပင် ဆိုးယုတ်သောမင်းဖြစ်ပြီး ဣသရေလလူမျိုးတို့ကို ရုပ်တုဆင်းတု ကိုးကွယ်ရန် ဦးဆောင်ခဲ့သည်။
  • သြမရိဘုရင်သည် အာဟပ်မင်း၏ ခမည်းတော်လည်းဖြစ်သည်။

သံလွင်တောင်

အချက်အလက်

သံလွင်တောင် သည် တောင် သို့မဟုတ် ကြီးသောတောင်စောင်း သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင်တည်ရှိသည်။ တောင်၏အမြင့်မှာ ၇၈၇ မီတာခန့်မြင့်မားသည်။

  • ဓမ္မဟောင်းကျမ်းတွင် ဤတောင်ကို ယေရုရှလင်မြို့အရှေ့ပိုင်းတွင်ရှိသောတောင် ဟုရည်ညွှန်းခြင်းဖြစ်သည်။
  • ဓမ္မသစ်ကျမ်းတွင် ယေရှုနှင့်တပည့်တော်များ သံလွင်တောင်သို့သွား၍ အနားယူ၊ ဆုတောင်းကြောင်း များစွာဖော်ပြထားသည်။
  • ယေရှုကို သံလွင်တောင် တွင်တည်ရှိသော ဂေသရှေမန်ဥယာဉ်တွင် ဖမ်းဆီးခဲ့ကြသည်။
  • "သံလွင်ကုန်း" သို့မဟုတ် "သံလွင်ပင်တောင်" ဟုလည်းခေါ်ဆိုနိုင်သည်။

သိနာ၊ သိနာတောင်

အချက်အလက်

သိနာတောင်သည် တောင်တန်းတခုဖြစ်ပြီး တောင်ဖက်ပိုင်းတွင်တည်ရှိသည်။ ယခုလက်ရှိ ပင်နီစွဲလားသိနာတောင်ဟုခေါ်သည်။ အခြားအမည်အဖြစ် "ဟောရပ်တောင်" ဟူ၍လည်းအသိများသည်။

  • သိနာတောင်၏နယ်ပယ်သည် ကြီးမားပြီး ကျောက်ကန္တာရဖြစ်သည်။
  • ဣသရေလလူမျိုးများ သိနာတောင်သို့ ရောက်ခဲ့ကြပြီး အီဂျစ်ပြည်မှ ကတိတော်မြေသို့ ခရီးနှင်ခဲ့ကြသည်။
  • ဘုရားသခင်က မောရှေအား ပညတ်တော်ဆယ်ပါးကို သိနာတောင်ပေါ်တွင် ပေးခဲ့သည်။

သိလ၊ သိလွာနု

အချက်အလက်

  • သိလသည် ယေရုရှလင်မြို့တွင်ရှိသော ယုံကြည်သူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
  • ယေရုရှလင်မြို့ဠ်ရှိသော အသင်းတော်လူကြီးများက သိလအား ရှင်ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့ စာစောင်သယ်ဆောင်သွားရန် ခန့်အပ်ခဲ့သည်။
  • နောက်ပိုင်းတွင် သိလသည် ရှင်ပေါလုနှင့်အတူ အခြားသောမြို့များသို့ ခရီးအတူထွက်၍ လူများအား ယေရူခရစ်၏သီတင်းကောင်းကို ပြောကြားသင်ကြားပေးခဲ့သည်။
  • ရှင်ပေါလုနှင့်သိလတို့သည် ဖိလိပ္ပိမြို့ရှိထောင်ထဲတွင်နှောင်ဖွဲ့ခြင်းကိုခံခဲ့ကြသည်။ ထိုသူတို့နှစ်ဦး၏ချီးမွမ်းသီးချင်းဆိုခြင်းအားဖြင့် ထာဝရဘုရားသခင်ထိုအရပ်တွင် အတူရှိနေခဲ့ပြီး နှောင်ဖွဲ့ခြင်းမှ လွတ်မြောက်စေခဲ့သည်။ သက်သေတစ်ခုအနေဖြင့်ထောင်မှူးပင်လျှင် ခရစ်တော်ကို လက်ခံသော ယုံကြည်သူခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သည်။

သောဒုံ

အချက်အလက်

သောဒုံသည် ခါနန်ပြည်၏တောင်ဖက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်ကာ အာဗြဟံ၏တူ လောတနှင့် သူ၏မိသားစုတို့နေထိုင်ခဲ့သောအရပ်ဖြစ်သည်။

  • သောဒုံမြို့၏ဘေးပတ်လည်ရှိ ကုန်းတို့သည် မြေဩဇာကြွယ်ဝကာ ရေကောင်းသောအရပ်ဖြစ်သည်။ ထိုအရာများကြောင့် လောတသည် ထိုအရပ်ကို ရွေးချယ်ကာ ခါနန်ပြည်တွင် အခြေချခဲ့သည်။
  • ထိုမြို့၏တည်နေကို အတိအကျမသိရပါ အဘယ်ကြောင့်ဆိုသော သောဒုံမြို့သည် ဂေါမောရမြို့၏အနီးတွင် ရှိသောကြောင့်ဖြစ်သည်။ သူတို့ပြုသော ဒုစရိုက်များကြောင့်ထာဝရဘုရား၏ပြစ်ဒဏ်ကို အပြည့်အဝခံရကြသောအရပ်လည်းဖြစ်သည်။
  • သောဒုံနှင့်ဂေါမောရမြို့၏အဓိကထင်ရှားသောအပြစ်သည် မတရားသောမေထုန်ပြုခြင်းကြောင့်ဖြစ်သည်။

သောမ

အချက်အလက်

သောမသည် တပည့်တော်ဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ့ကို ဒိဒုမုဟု သိရပြီး အမွှာဟု အဓိပ္ပါယ်ရပါသည်။

  • ယေရှု၏ဘဝနောက်ဆုံးပိုင်းရောက်ခါနီးအချိန်တွင် တပည့်တော်များအား အဖနှင့်အတူ နေရမည်အကြောင်းနှင့် သူတို့ နေထိုင်ရန် အခန်းပြင်ဆင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သောမသည် ယေရှုအား ထိုနေရာသို့ သွားရာလမ်းကို မည်သို့ သိနိုင်မည်နည်းဟု မေးမြန်းခဲ့သည်။
  • ယေရှု သေပြီးလို့ ရှင်ပြန်ထမြောက်သည့်အချိန်တွင် သောမသည် သခင်ယေရှုကို လူချင်းတွေ့၍ သူ၏ ဒဏ်ချက်တော်များကို မိမိလက်ဖြင့် စမ်းသပ်ခွင့်ရှိမှ ယုံမည်ဟု ပြောကြားခဲ့သည်။

ဟဂ္ဂဲအနာဂတ္တိကျမ်း

အချက်အလက်

ယုဒလူများသည်ဗာဗုလုန်ပြည်၏ကျွန်ဘာ၀မှပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ဟဂ္ဂဲသည်ယုဒပြည်၏ပရောဖတ်ဖြစ်သည်။

  • ဟဂ္ဂဲသသည်ယုဒရှင်ဘုရင်သြဇီနန်းစံသည့်အချိန်တွင် ပရောဖတ်ပြုသည်။
  • ပရောဖတ် ဇာခရိသည်လည်း ပရောဖတ်ပြုနေသည့်အချိန်လည်းဖြစ်သည်။
  • ဟဂ္ဂဲနှင့်ဇာခရိတို့သည် ဗာဗုလုန်ရှင်ဘုရင်နေပုခဒ်နေဇာမင်းကြီး ဖျက်စီးခဲ့သောဗိမ္မာန်တော််ကို ပြန်လည်တည်ဆောက်ရန် ယုဒလူမျိုးများအား တိုက်သွန်းနှိုးဆော်သောသူဖြစ်သည်။

ဟန္န

အချက်အလက်

ဟန္နသည် ပရောဖတ်ရှာမွေလ၏ မိခင်ဖြစ်သည်။ ဧလကာန၏ မယားနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

  • ဟန္နသည် သားသမီးမရနိုင်သောကြောင့် ကြီးစွာပူဆွေးဝမ်းနည်းခဲ့သည်။
  • သားရဖို့ရန် ဗိမ္မာန်တော်၌ စိတ်အားထက်သန်စွာ ဆုတောင်းခဲ့ပြီး သားရလျှင် ဘုရားသခင်၏ အစေခံအဖြစ် ဆက်ကပ်မည်ဟု ကတိပေးခဲ့သည်။
  • ဘုရားသခင်က သူမ၏တောင်းဆိုမှုကိုပေးပြီး၊ သူငယ်ရှာမွေလအရွယ်ရောက်လာသောအခါ ဘုရားသခင်ထံ ဗိမ္မာန်တော်သို့ ခေါ်ဆောင်လာခဲ့သည်။
  • နောက်ပိုင်းတွင် ဘုရားသခင်သည် ဟန္နကိုအခြားသားသမီးများ ထပ်ပေးသည်။

ဟဗဣုတ်အနာဂတိကျမ်း

အချက်အလက်

ယုဒပြည်ကိုအုပ်စိုးသော ယေဟောယကိန်းမင်းကြီးလက်ထက် ဓမ္မဟောင်းကာလတွင် ဟဗဣုတ်သည် ပရောဖက် တစ်ပါးဖြစ်ခဲ့သည်။ အလားတူပရောဖတ်ယေရမိအသက်ရှင်သောအချိန်ကာလအတွင်းဖြစ်သည်။

  • ဟဗဣုုတ်အနာဂတ္တိကျမ်းကို ခရစ်တော်မပေါမှီ BC 600 လောက်တွင် ရေးသားခဲ့သည်။ဂျေရုရှလင်မြို့ကို ဗာဗုလုန်တို့ သိမ်းပိုက်သည့်အချိန်၌‌မြှောက်များစွာသော ယုဒလူတို့ကိုပြည်နင်းဒဏ်ပေးခေါဆောင် သွားသည့်အချိန်လည်းဖြစ်သည်။

  • ယုဒလူမျိုးတွေ ဘယ်လိုဗာဗုလုန်တွေက လာရောက်တိုက်ခိုက်မည့် အကြောင်းကိုထာဝရမှ ပ‌ရောဖတ် ဟဗဣုုတ်အားဖေါပြခဲ့သည်။

‌‌‌* ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းဖြင့်အသက်ရှင်သည့်အကြောင်း ဟဗတ်က္ကုတ်လိုသူတစ်ဦီးနာလည်ဘောပေါက်သည့်အကြောင်းအရာဖြစ်သည်။


ဟာဂရ

အချက်အလက်

ဟာဂရသည် အီဂျစ်အမျိုးသမီး စာရဲ၏ကျွန်မဖြစ်သည်။

  • စာရဲ၌သားဖွားခြင်းမရှိသောအခါ သူမ၏ခင်ပွန်း အာဗြံဟံအား ဟာဂရနှင့်အတူအိပ်ရန်ပြောခဲ့သည်။
  • ဟာဂရသည်အဗြံဟံအတွက်သား ဣရှမေလကို မွေးဖွားပေးခဲ့သည်။
  • ထာဝရဘုရားသည် သဲဂန္တာရထဲ၌ ဟာဂရ၏ဆင်းရဲပူပန်ငိုကြွေးမူ့ကိုကြည့်ရှုးလျက်၊

သူမအမျိုးအနွယ်များကိုကောင်းကြီးပေးမည်ဟုဂတိပေးခဲ့သည်။


ဟာနနိ

အချက်အလက်

ဓမ္မဟောင်းကျမ်းတွင် ဟာနနိ အမည်များကဲ့သိုသော နာမည်အမြောက်အများရှိသည်။

  • ဗာဗုလုန်နိုင်ငံသို့ သိမ်းသွားခြင်းခံရသော ဣသရေလအမျိုးသာ ဟာနနိကို "ရှာဒရက်" ဟု နာမည်ပြောင်းခဲ့သည်။
  • သူ၏အကျင့်စာရိတ္တနှင့် အရည်အချင်းများကြောင့် နန်းတွင်းအစေခံအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
  • ဗာဗုလုန်ရှင်ဘုရင်ကို ပြပ်ဝပ်ကိုးကွယ်ရန်ငြင်းဆိုခဲ့သောကြောင့် ဟာနနိနှင့် အခြားဣသရေလလူသည် မီးထဲသို့ ပစ်ချခြင်းကိုခံရသည်။ ဘုရားသခင်၏တန်းခိုးတော်သည် သူတို့ကိုထိခိုက်မှုမရှိအောင် ကာကွယ်ပေးခဲ့သည်။
  • အခြားသောဟာနနိသည် ရှောလမုန်မင်း၏ ဆွေစဉ်မျိုးဆက်စာရင်းတွင် တွေ့ရသည်။
  • ပရောဖတ်ယေရမိလက်ထက်တွင် မှားယွင်းသောပရောဖက်တစ်ဦးမှာ ဟာနနိဖြစ်သည်။
  • နေဟမိလက်ထက်တွင် အောင်ပွဲကျင်းပစဉ် ဦးဆောင်ခဲ့သော ယဇ်ပုရောဟိတ်သည် ဟာနနိဖြစ်သည်။

ဟာမ

အချက်အလက်

နောဧသားသုံးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။

  • မြေကြီးတပြင်လုံး ရေလွှမ်းမိုးခြင်းခံရသောအချိန်၌ ဟာမသည် သူ၏ဇနီးအခြား ညီအစ်ကိုများနှင့် အတူ နောဧသင်္ဘောထဲတွင်ရှိခဲ့သည်။
  • မြေကြီးပေါ်ရေခန်းခြောက်လာသောအခါ ဟာမသည်သူအဘနောဧအား အရှက်ရအောင်ပြုလုပ်သည်။ ထို့ကြောင့် နောဧသည် ဟာမ၏သား ခါနာန်ဘာကျိန်းလျက်၊ ခါနာန်လူမျိုးဟုယခုချိန်ထိဖြစ်လာသည်။

ဟာမတ်မြို့၊ ဟာမတ်လမ်းဝ၊ ဟာမသိလူ

အချက်အလက်

ဟာမတ်မြို့သည် ရှုရိပြည်မြောက်ပိုင်းတွင်ရှိသော အရေးပါသောမြို့တစ်မြို့ဖြစ်ပြီး၊ မြောက်ပိုင်းဆီးရီးယားတွင်တည်ရှိသည်။

  • ဟာမတ်လမ်းဝသည် ဟာမတ်မြို့အနီးရှိ တောင်ဖြတ်လမ်းကို ရည်ညွန်းသည်။
  • အချို့က ဟာမတ်အဝင်ဟု ပြန်ဆိုထားသည်။
  • ဒါဝိဒ်မင်းက ရန်သူဖြစ်သော ဟာမတ်ဘုရင်တောဣကို ချေမှုန်းနိုင်ခဲ့ပြီး ဒါဝိဒ်တို့အတွက် ကောင်းသော အချိန်ကာလဖြစ်ခဲ့သည်။
  • ဟာမတ်မြို့သည် ရှောလမုန်၏ စားနပ်ရိက္ခာများကို သိုလှောင်ထားသောမြို့တစ်မြို့ဖြစ်သည်။
  • နေဗုခဒ်နေဇာမင်းသည် ဘုရင်ဇေဒကိကို ဟာမတ်မြို့တွင် လုပ်ကြံခဲ့ပြီး ယောခတ်မင်းလည်း အဲဂုတ္တုဘုရင် ဖာရော၏ ဖမ်းဆီးခြင်းခံခဲ့သည်။
  • "ဟာမသိလူ" ဆိုသည်မှာ ဟာမတ်မြို့၌နေသောသူများကိုခေါ်သည်။

ဟာမော်

အချက်အလက်

ဟာမော်သည် ခါနာန်လူဖြစ်ပြီး ယာကုပ်နှင့် မိသားစုများနေထိုင်သော သုကုတ်မြို့အနီးရှိ ရှေခင်မြို့တွင်နေသည်။

  • ယာကုပ်သည် သူ၏မိသားစုများကို သင်္ဂြိုလ်ရန် မြေကွက်ကို ဟာမော်၏သားများထံမှ ဝယ်သည်။
  • ထိုမြို့၌ ရှိနေစဉ်တွင် ဟာမော်သားရှေခင်သည် ယာကုပ်၏သမီး ဒိနနှင့် အိပ်၍ သူ့အသရေကို ရှုတ်ချသည်။
  • ဒိန၏ အစ်ကိုများက ဟာမော်၏ မိသားစုနှင့် ရှေခင်မြို့ရှိ အမျိုးသားအားလုံးကို သတ်ဖြတ်ပြီး ဂလဲ့စားချေသည်။

ဟိတ္တိ၊ ဟိတ္တိလူ၊ ဟိတ္တိအမျိုးသား၊ ဟိတ္တိပြည်

အချက်အလက်

ဟိတ္တိလူမျိုးသည် ဟာမ၏သား ခါနာန်အားဖြင့် ဟာမ၏ ဆွေစဉ်မျိုးဆက်ဖြစ်သည်။ သူတို့သည် ကြီးမားသော အင်ပါယာဖြစ်လာပြီး ယခုတူရကီနှင့် မြောက်ဘက်ပါလက်စတိုင်းတွင် တည်ရှိသည်။

  • အာဗြဟံသည် သေဆုံးသွားသော သူ့မယားစာရာကို သဂြိုလ်ရန် ဟိတ္တိအမျိုး ဧဖရုန်ထံမှ မြေတစ်ကွက်ဝယ်ခဲ့သည်။ နောက်ဆုံးတွင် အာဗြဟံနှင့် သူ၏ ဆွေမျိုးတစ်ချို့ကိုလည်း ထိုမြေကွက်၌ သဂြိုလ်ခဲ့သည်။
  • ဧသောသည် ဟိတ္တိအမျိုးသမီး ၂ ယောက်နှင့် အိမ်ထောင်ပြုသောကြောင့် သူ၏မိဘများအလွန်ဝမ်းနည်းကြသည်။
  • ဒါဝိဒ်၏ အားကြီးသော စစ်သူရဲတစ်ယောက်၏ နာမည်မှာ ဟိတ္တိအမျိုးဉရိယဖြစ်သည်။
  • ရှောလမုန်သည် တပါးအမျိုးသမီးများကို လက်ထပ်ရာ၌ တချို့မှာ ဟိတ္တိအမျိုးသမီးများဖြစ်သည်။ ထိုအမျိုးသမီးများသည် မှားယွင်းသောဘုရားကိုးကွယ်သူများ ဖြစ်သောကြောင့် ရှောလမုန်၏စိတ်နှလုံးကို ဘုရားသခင်နှင့် ဝေးကွာစေခဲ့သည်။
  • ဟိတ္တိအမျိုးသည် ဣသရေလလူမျိုးများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ ၂ မျိုးစလုံးအတွက် မကြာခဏထိတ်လန့်စရာဖြစ်သည်။

ဟိလခိ

အချက်အလက်

ဟိလခိသည် ယောရှိမင်းအုပ်ချုပ်ချိန်တွင်ရှိသည့် ယဇ်ပုရောဟိတ်မင်း၏ နာမည်ဖြစ်သည်။

  • ဗိမ္မာန်တော်ကို ပြန်လည်ပြုပြင်ချိန်တွင် ယဇ်ပုရောဟိတ်မင်း ဟိလခိသည် ပညတ္တိကျမ်းကို တွေ့ရှိခဲ့ပြီး ဘုရင်ယောရှိမင်းကို အပ်ရန်အမိန့်ပေးခဲ့သည်။
  • ပညတ္တိကျမ်းစာကို ဘုရင်ယောရှိထံ ဖတ်ရွတ်ပြီးနောက် ယောရှိသည် ဝမ်းနဲလျှက်ယုဒလူများကို ယာဝေဘုရားကို တဖန်ကိုးကွယ်ရန်နှင့် တရားတော်ကို နာခံစေခဲ့သည်။
  • ဟိလခိ နောက်တစ်ဦးမှာ ဟေဇကိမင်းလက်ထက် နန်းတော်၌ အလုပ်လုပ်သော ဧလျာကိမ်၏ ဖခင်ဖြစ်သည်။

ဟိဝိ၊ ဟိဝိလူ၊ ဟိဝိအမျိုး

အချက်အလက်

ဟိဝိလူမျိုးသည် ခါနာန်ပြည်တွင် နေထိုင်ကြသော လူမျိုးကြီးခုနှစ်မျိုးထဲမှ လူမျိုးတစ်မျိုးဖြစ်သည်။

  • ထိုလူမျိုးများကဲ့သို့ပင် ဟိဝိသည် နောဧ၏ မြေးဖြစ်သူ ခါနာန်မှ ဆင်းသက်သော မျိုးဆက်ဖြစ်သည်။
  • ဟိဝိ အမျိုးသား ရှေခင်က ယာကုပ်၏သမီး ဒိနကို မတရားပြုကျင့်ပြီးသူ၏ အကိုများက ဟိဝိလူမျိုးများစွာကိုသတ်ဖြတ်ဂလဲ့စားချေခဲ့သည်။
  • ဣသရေလလူမျိုးများကို ယောရှုဦးဆောင်ပြီး ခါနာန်ပြည်ကို သိမ်းပိုက်သော အချိန်၌ ဟိဝိလူမျိုးများကို သိမ်းပိုက်ရမည့်အစား လှည့်ဖျားခံရကာ သူတို့နှင့် ရောနှောမိတ်ဖွဲ့လိုက်ရသည်။

ဟေဇကိ၊ ဟေဇကိမင်း

အချက်အလက်

ဟေဇကိသည် ယုဒနိုင်ငံ၏ ၁၃ ယောက်မြောက်ဘုရင်ဖြစ်ပြီး ဘုရားသခင်ကို အားကိုးနာခံသောသူဖြစ်သည်။

  • ဟေဇကိသည် သူ့ဖခင်အာခတ်ကဲ့သို့ ဆိုးသောမင်းမဟုတ်ဘဲ ကောင်းသောဘုရင်ဖြစ်သည်။ ယုဒပြည်ရှိ ရုပ်တုကိုးကွယ်သော နေရာများအားလုံးကို ဖျက်ဆီးခဲ့သည်။
  • တစ်ချိန်တွင် ဟေဇကိသည် သေလုမသက်ဖျားနာခဲ့ပြီး၊ သူ့အသက်ချမ်းသာရရန် ဘုရားသခင်ထံ၌ အပြင်းအထန်ဆုတောင်းခဲ့သည်။ ဘုရားသခင်ကသူ့ကို အနာငြိမ်းစေခဲ့ပြီး နောက်ထပ် ၁၅ နှစ် အသက်ရှင်ခွင့်ပေးခဲ့သည်။
  • အမှတ်လက္ခဏာတခု ဟေဇကိ၌ ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်သည် နမိလက္ခဏာအားဖြင့် အချိန်ကို နောက်ဆုတ်ပေးခဲ့သည်။
  • ဘုရားသခင်သည် ဟေဇကိမင်း၏ ဆုတောင်းသံကို အဖြေပေးပြီး သူ့လူများကို သူ့ကိုတိုက်ခိုက်သော အာရှုရိဘုရင်လက်မှ ကယ်တင်ခဲ့သည်။

ဟေဗြုန်မြို့၊ ဟေဗြုန်ချိုင့်

အချက်အလက်

"ဟေဗြုန်" သည် ယေရုရှလင်မြို့တောင်ဘက်မှ မိုင် ၂၀ အကွာရှိ ကျောက်ဆောင်၊ တောင်ကုန်း အမြင့်ပေါ်၌ ရှိသောမြို့ဖြစ်သည်။

  • "အာဗြံ" ခေတ်အချိန် ဘီစီ ၂၀၀၀ ပတ်ဝန်းကျင်၌ တည်ခဲ့သော မြို့ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် သမိုင်းဝင်စာရင်းတွင် အကြိမ်များစွာ ဖော်ပြထားသည်။
  • "ဟေဗြုန်မြို့" သည် ဒါဝိဒ်မင်း၏အသက်တာမှာ အလွန်အရေးပါသောအရာဖြစ်ခဲ့သည်။ အဗရှလုံအပါအဝင် ဒါဝိဒ်၏သားအချို့ကို ထိုမြို့၌ မွေးဖွားခဲ့သည်။
  • အေဒီ ၇၀ ပတ်ဝန်းကျင်တွင် ရောမလူများသည် ဤမြို့ကို ဖျက်ဆီးခဲ့သည်။

ဟေရမုန်တောင်

အချက်အလက်

ဟေရမုန်တောင်သည် လေဗနုန်တောင်တန်း၏တောင်ဘက်ဖျားတွင်ရှိပြီး ဣသရေလနိုင်ငံရှိအရှည်ဆုံးတောင်၏ နာမည်ဖြစ်သည်။

  • ဟေရမုန်တောင်သည် ဣသရေလတိုင်းပြည်နှင့် ရှုရိပြည်၏မြောက်ပိုင်းနယ်နိမိတ်၊ ဂါလိလဲပင်လယ်မြောက်ပိုင်းတွင် တည်ရှိသည်။
  • အခြားသောလူစုများမှပေးထားသော ဟေရမုန်တောင်၏ အမည်များမှာ စိရုန်တောင်နှင့် စနိရတောင်တို့ဖြစ်သည်။
  • ဟေရမုန်တောင်တွင် အဓိကအမြင့်သုံးနေရာရှိသည်။ အရှည်ဆုံးမှာ ၂၈၀၀ မီတာခန့်မြင့်သည်။

ဟေရှာယ

အချက်အလက်

ဟေရှာယသည် ယုဒရှင်ဘုရင်ဩဇီမင်း၊ ယောသံမင်း၊ အခခတ်မင်း၊ ဟေဇကိမင်းများခေတ်၌ ခေတ်မှီသော ပရောဖက်တစ်ဦးဖြစ်သည်။

  • အာရှရိလူများ ဟေဇကိမင်းအားလာရောက်တိုက်ခိုက်ချိန်တွင် ယေရုရှလင်မြို့တွင် နေထိုင်သူဖြစ်ပါသည်။
  • ဟေရှာယ အနာဂတ္တိကျမ်းသည် ဓမ္မဟောင်းကျမ်းတွင် အဓိကကျမ်းလည်းဖြစ်သည်။
  • ဟေရှာယသည် ပရောဖက်ပြုချက်များစွာကို ရေးခဲ့သည်။ သူ့မျက်မှောက်ခေတ်တွင် သူ‌ဟောထားသည့်အတိုင်းလည်း ဖြစ်ခဲ့ပါသည်။
  • နောင်အနှစ် ၇၀၀ ခန့်တွင် ပေါ်ထွန်းမည့် မေရှိယ ယေရှု အကြောင်းကို ကြိုတင်ဟောကြားထားချက်ကြောင့် အထူးထင်ပေါ် ခဲ့သည်။
  • ဟေရှာယ၊ မေရှိယ အကြောင်း လူများအား သွန်သင်ထားချက်များကို ယေရှုနှင့် တပည့်တော်များပင် ဖော်ညွှန်းအသုံးပြုကြသည်ကို တွေ့ရသည်။

ဟေရုဒ်၊ ဟေရုဒ်မင်း

အချက်အလက်

ဟေရုဒ်မင်းသည် ယေရှုခရစ်ခေတ်အချိန်၌ ရောမအင်ပါယာရှိ ဂါလိလဲပြည်ကို အုပ်ချုပ်သောသူဖြစ်သည်။

  • သူ၏ဖခင်ဟေရုဒ်မင်းကြီးကဲ့သို့ အန္တိပသည် မဘုရင်မဖြစ်သေးရင်လည်း ဟေရုဒ်မင်း ဟုရည်ညွန်းသည်။
  • ဟေရုဒ်အန္တိပသည် ရောမအင်ပါယာ၏ လေးပုံတစ်ပုံကို အုပ်ချုပ်ပြီးသူ့ကို စော်ဘွားဟေရုဒ်ဟုလည်းခေါ်သည်။
  • အန္တိပသည် ဗတ္တိဇံယောဟန်ကို ခေါင်းဖြတ်ရန် အမိန့်ပေးသောဟေရုဒ်ဖြစ်သည်။
  • ဟေရုဒ် အန္တိပသည် ယေရှုအေသမခံခင် မေးခွန်းမေးသောသူဖြစ်သည်။
  • ဓမ္မသစ်ကျမ်းတွင် အခြားသောဟေရုဒ်များမှာ အန္တိပ၏သား (အဂ္ဂိပ္ပ) နှင့် မြေးဖြစ်သူ ဒုတိယ အဂ္ဂိပ္ပတို့ ဖြစ်ကြပြီး တမန်တော်များခေတ်အချိန်တွင် အုပ်ချုပ်ခဲ့ကြသည်။

ဟေရုဒ်မင်းကြီး

အချက်အလက်

ဟေရုဒ်မင်းကြီးသည် ယေရှုမွေးဖွားချိန်တွင် ယုဒပြည်တစ်လျှောက်လုံးကို အုပ်ချုပ်ခဲ့သည်။ ရောမအင်ပါယာကို အုပ်ချုပ်သော ဧဒုံအမျိုး ဟေရုဒ်အမည်ရှိ အုပ်ချုပ်သူများထဲက ပထမဆုံးဟေရုဒ်ဖြစ်သည်။

  • သူ၏ ဘိုးဘေးများအားဖြင့် ယုဒဘာသာဝင်ဖြစ်လာပြီး ယုဒတစ်ယောက်အနေဖြင့် ကြီးပြင်းလာခဲ့သည်။
  • သူသည် ဘုရင်မဖြစ်သော်လည်း ကဲသာဘုရင် ဩဂုတ္တုက သူ့ကို ဟေရုဒ်မင်းဟုခေါ်သည်။ ယုဒပြည်တွင် ၃၃ နှစ် စိုးစံခဲ့သည်။
  • ဟေရုဒ်မင်းသည် လှပသော အဆောက်အဦးများဆောက်ရန် လူသိများသည်။ ယေရုရှလင်မြို့ရှိ ယုဒဘုရားကျောင်းကိုလည်း ပြန်လည်တည်ဆောက်ခဲ့သည်။
  • ဤဟေရုဒ်သည် ရက်စက်ကြမ်းကြုတ်ပြီး လူများစွာကို သတ်ခဲ့သည်။ ဗက်လင်မြို့၌ ယုဒရှင်ဘုရင်ဖွားမြင်မည်ဟု သူကြားသောအခါ ထိုမြို့ရှိ သူငယ်ယောက်ျားလေးအားလုံးကို သတ်ဖြတ်ခဲ့သည်။
  • သူ၏သားများဖြစ်သည့် ဟေရုဒ်အန္တိပ၊ ဟေရုဒ်ဖိလိပ္ပုနှင့် မြေးဖြစ်သူ ဟေရုဒ်အဂြိပ္ပတို့လည်း ရောမအုပ်ချုပ်သူများဖြစ်လာကြသည်။ သူ၏ မြစ်ဖြစ်သူ ဟေရုဒ်အဂြိပ္ပဖြစ်သော အဂြိပ္ပမင်းသည် ယုဒပြည် တခုလုံးကို အုပ်ချုပ်ခဲ့သည်။

ဟေရောဒိ

အချက်အလက်

ဟေရောဒိသည် ဗတ္တိဇံဆရာယောဟန်ခေတ်အချိန်က ယုဒပြည်ရှိ ဟေရုဒ်အန္တိပ၏ ဇနီးဖြစ်သည်။

  • ဟေရောဒိသည် အစက ဟေရုဒ် အန္တိပ၏ညီ ဖိလိပ္ပု၏ဇနီးဖြစ်ပြီး၊ နောက်မှာ ဟေရုဒ်အန္တိပကို တရားမဝင် လက်ထပ်ခဲ့သည်။
  • ဗတ္တိဇံ ယောဟန်က တရားမဝင် လက်ထပ်ကြသည့် ဟေရုဒ်နှင့် ဟေရောဒိကို ဆုံးမခဲ့သည်။ ထို့ကြောင့် ဟေရုဒ်သည် ယောဟန်ကို ထောင်ချခဲ့ပြီး နောက်ဆုံးတွင် ခေါင်းဖြတ်သတ်ခဲ့သည်။

ဟောရပ်အရပ်၊ ဟောရပ်တောင်

အချက်အလက်

ဟောရပ်တောင်သည် သိနာတောင်၏ နောက်ထပ်နာမည်တစ်ခုဖြစ်ပြီး ဘုရားသခင်က မောရှေကို ပညာတ်တော် (၁၀) ပါး ကျောက်ပြား ၂ ပြားကို ပေးသောနေရာဖြစ်သည်။

  • ဟောရပ်တောင်ကို "ဘုရားသခင်၏တောင်" ဟု ခေါ်သည်။
  • ဟောရပ်အရပ်သည် မောရှေသိုးများကိုထိန်းနေစဉ် မီးလောင်နေသော ချုံကို တွေ့သောနေရာဖြစ်သည်။
  • ဟောရပ်တောင်သည် ဘုရားသခင်က ဣသရေလလူမျိုးများကို ပညာတ်တော်များရေးထားသော ကျောက်ပြား ၂ ပြားကို ပေးခြင်းဖြင့် သူ၏ ပဋိညာဉ်ကို ဖွင့်ပြသောနေရာဖြစ်သည်။
  • သဲကန္တာရ၌ လှည့်လည်သွားလာနေစဉ် ဣသရေလလူမျိုးများ သောက်ရန်ရေကို ဘုရားသခင်က မောရှေအား ကျောက်ကို ရိုက်ခိုင်းသောနေရာလည်းဖြစ်သည်။

ဟောရှေ

အချက်အလက်

ခရစ်တော်မတိုင်ခင် ၇၅၀ လောက်တွင် ဟောရှေသည်ပရောဖတ်ပြုခဲ့သော ဣသရေလပရောဖတ်တစ်ပါးဖြစ်သည်။

  • ယေရောဗောင်မင်း၊ ဇာခရိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟောရှေမင်း၊ ဩဇိမင်းနှင့် ဟေဇကိမင်းတို့လက်ထက်တစ်လျှောက်လုံး ဟောရှေ၏ အမှုဆောင်ခြင်းသည် နှစ်ပေါင်းများစွာကြာရှည်ခဲ့သည်။
  • ဘုရားသခင်က ဟောရှေအား ဂေါမာအမည်ရှိသော ပြည့်တန်ဆာမကို လက်ထပ်ရန်နှင့် သူမက သူ့အပေါ် သစ္စာပျက်သော်လည်း ဆက်လက်မေတ္တာထားရန် ပြောခဲ့သည်။
  • ဤအရာသည် သစ္စာမရှိသောသူ၏ လူမျိုး ဣသရေလအပေါ်ထားရှိသော ဘုရားသခင်၏ မေတ္တာပုံဖော်ချက်ဖြစ်သည်။
  • ဟောရှေက ဣသရေလလူမျိုးများ ဒုစရိုက်အပြစ်နှင့် ပတ်သက်၍၎င်း၊ ရုပ်တုကိုးကွယ်ခြင်းမှ လှည့်ပြန်ရန်လည်းကောင်း သတိပေးပြောဆိုခဲ့သည်။

ဟောရှေ

အချက်အလက်

ဟောရှေသည် ဣသရေလရှင်ဘုရင်တစ်ပါးနာမည်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းတွင်ရှိ အခြားအမျိုးသားများ၏ နာမည်ဖြစ်သည်။

  • ဧလာ၏သားဟောရှေသည် ယုဒရှင်ဘုရင်များဖြစ်သောအာခတ်မင်းနှင့် ဟေဇကိမင်းတို့လက်ထက် ၉ နှစ်ကြာ စိုးစံခဲ့သည်။
  • နုနု၏သား ယောရှု၏ ယခင်အမည်မှာ ဟောရှေဖြစ်သည်။ မောရှေက ခါနာန်ပြည်ကို စူးစမ်းရန်နှင့် အခြားသူ ၁၁ ယောက်ကို မစေလွှတ်ခင် နာမည်ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
  • မောရှေသေဆုံးပြီးနောက် ခါနာန်ပြည်ကို သိမ်းပိုက်ရန် ယောရှုက ဣသရေလလူများကို ဦးဆောင်ခဲ့သည်။
  • အခြားဟောရှေတစ်ယောက်မှာ အာဇဇိ၏သားဖြစ်ပြီး ဧဖရိမ်လူမျိုးများ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။

အင်္ဂေဒိ

အချက်အလက်

အင်္ဂေဒိသည် ယေရုရှလင်၏ အရှေ့တောင်ဘက် ယုဒပြည်၏ သဲကန္တာရရှိ မြို့တစ်မြို့ဖြစ်သည်။

  • အင်္ဂေဒိသည် ဆားငံပင်လယ်၏ အနောက်ဘက်ကမ်းပါး၌ တည်ရှိသည်။
  • ဤနံမည်၏ တပိုင်းဖြစ်သော 'ရေပန်း' ဆိုသည်မှာ ထိုမြို့မှ ပင်လယ်ထဲသို့ စီးဆင်းသော 'စမ်းရေ' ကို ဆိုလိုသည်။
  • အင်္ဂေဒိသည် လှပသောဉယျာဉ်ခြံတခုအဖြစ်လူသိများပြီး စမ်းရေအမြဲစီးဆင်းနေသောကြောင့် မြေဩဇာကောင်းသောမြေလည်းဖြစ်သည်။
  • ရှောလုလိုက်ဖမ်းရာမှ ထွက်ပြေးသောဒါဝိဒ်ပုန်းခိုသည့် ခံတပ်သည် အင်္ဂေဒိမြို့၌ရှိသည်။

အဆီးရီးယား၊ ရှုရိ

အချက်အလက်

ရှုရိပြည်သည် ဣသရေလ နိုင်ငံ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ဓမ္မသစ်အချိန်ကာလတွင် ဤနိုင်ငံသည် ရောမအင်ပါယာ၏ လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သည်။

  • ဓမ္မဟောင်းကာလတွင် ရှုရိလူတို့သည် ဣသရေလလူမျိုးများ၏ အင်အားကြီးမားသော ရန်သူဖြစ်သည်။
  • နေမှန်သည် ပရောဖက်ဧလိယအားဖြင့် နူနာကိုပျောက်ကင်းခြင်းခံသော ရှုရိစစ်တပ်၏ ဗိုလ်ချုပ်ဖြစ်သည်။
  • ရှုရိ ပြည်၌ နေထိုင်သောသူတို့သည် အာရမ်၏ မျိုးဆက်များဖြစ်ကြပြီး၊ ထိုသူသည် နောဧ ၏သားဖြစ်သော ရှေမ မှဆင်းသက်သောသူဖြစ်သည်။
  • ရှိရိမြို့‌တော်ဖြစ်သော ဒမာသက်မြို့သည် ကျမ်းစာထဲတွင် အကြိမ်‌ပေါင်းများစွာ ဖော်ပြထားပါသည်။
  • ရှင်ပေါလု သည်လည်း ခရစ်ယာန်များအား ညင်းဆဲရန် အကြံအစည်ဖြင့် ဒမသက်မြို့သို့ သွားရောက်ခဲ့ သော်လည်း ယေရှုသည် သူ့ကို ဆီးတားခဲ့သည်။

အဒေါနိယ

အချက်အလက်

အဒေါနိယသည် ရှင်ဘုရင်ဒါဝိဒ်၏ စတုတ္ထသားဖြစ်သည်။

  • အာဗရှာလုံ နှင့် အာမနုန် သေဆုံးပြီးနောက်တွင် အဒေါနိယသည် ဣသရေလဘုရင်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။
  • သို့သော် ထာဝရဘုရား၏ကတိတော်မှာ ဒါဝိဒ်သား ရှောလမုန်နန်းထိုင်ရန်ဖြစ်သည်၊ ထို့ကြောင့် အဒေါနိယ၏အကြံပျက်စီးခဲ့ပြီး ရှောလမုန်အား ထီးနန်းဆက်ခံစေခဲ့သည်။
  • အဒေါနိယသည် ဘုရင်ဖြစ်ရန်ဒုတိယအကြိမ်ကြိုးပမ်းခဲ့သည့်အချိန်၌ ရှောလမုန်က သူ့ကိုသတ်ဖြတ်ခဲ့လေသည်။

အန္တိအုတ်

အချက်အလက်

အန္တိအုတ်ဟူသောမြို့မှာ ဓမ္မသစ်ကာလ၌ရှိသောမြို့(၂)မြို့ အမည်ဖြစ်သည်။ တစ်မြို့မှာ မြေထဲပင်လယ်အနီး ဆီးရီးယားနိုင်ငံတွင်ဖြစ်သည်။ နောက်တစ်မြို့မှာ ရောမပြည် ပိစီးဒီးယား၊ ကလောစိရမြို့အနီးတွင်ဖြစ်သည်။

  • ဆီးရီးယားရှိ အန္တိအုတ်အသင်းတော်တွင် ခရစ်တော်ကိုယုံကြည်သူများအား ခရစ်ယာန်ဟုစတင်ခေါ်ဆိုခဲ့သည်။ ထိုအသင်းတော်သည် တစ်ပါးအမျိုးသားများဆီ သာသနာပြုစေလွှတ်ရာတွင် တက်ကြွခဲ့လေသည်။
  • ယေရုရှလင်အသင်းတော်မှ ခေါင်းဆောင်များသည် ခရစ်ယာန်ဖြစ်ခြင်းတွင် ယုဒတို့၏ထုံးဓလေ့များကိုလိုက်နာရန်မလိုကြောင်း ဆီးရီးယားရှိ အန္တိအုတ်အသင်းသားများထံသို့ စာရေးခဲ့လေသည်။
  • ပေါလု၊ ဗာနဗနှင့် ဂျွန်မာ့ခ် တို့သည် ဧဝံဂေလိဝေငှရန် ပီစိဒီးယားရှိ အန္တိအုတ်မြို့သို့သွားရောက်ခဲ့သည်။ အခြားမြို့မှ ယုဒလူများသည် ပြသာနာဖန်တီးရန်နှင့်ပေါလုကိုသတ်ရန် ရောက်ရှိလာခဲ့ကြသည်။သို့သော် အခြားသော ယုဒများနှင့်တစ်ပါးအမျိုးသားများက ပေါလုသင်ကြားမှုကိုနားထောင်ခဲ့ပြီး ယေရှုကိုယုံကြည်ခဲ့ကြသည်။

အန္ဒြေ

အချက်အလက်

အန္ဒြေ သည်ယေရှုရွေးချယ်သောတပည့်တော် (၁၂) ပါးမှ တစ်ပါးအဝင်ဖြစ်သည်။ (နောက်တွင် တမန်တော်များဟုခေါ်ဆိုခံရသည်။)

  • အန္ဒြေ၏အစ်ကိုမှာ ရှိမုန်ပေတရုဖြစ်ပြီး သူတို့နှစ်ဦးလုံးသည် တံငါသည်များဖြစ်ကြသည်။
  • ပေတရုနှင့် အန္ဒြေတို့သည် ဂါလိလဲအိုင်တွင်ငါးဖမ်းနေစဉ် ယေရှုကသူ့တပည့်တော်များအဖြစ်ခေါ်ယူခဲ့သည်။
  • ယေရှုနှင့်မတွေ့ခင်တွင် ပေတရုနှင့်အန္ဒြေတို့သည် နှစ်ခြင်းဆရာယောဟန်၏တပည့်များဖြစ်ခဲ့သည်။

အန္နတ်

အချက်အလက်

အန္နတ် သည်ယေရှုရှလင်တွင် ယုဒတို့၏ယဇ်ပုရောဟိတ်မင်းအဖြစ် (၁၀) နှစ် (အနီးစပ်ဆုံး အေဒီ ၆- မှ အေဒီ ၁၅) အထိတာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက်တွင်ရောမများကသူ့ကို ယဇ်ပုရာဟိတ်မင်းရာထူးမှ ဖယ်ရှားခဲ့သည်။

  • အန္နတ်သည် ကာယာဖတ်၏ ယောက္ခထီးဖြစ်ပြီး ယေရှုအမှုတော်လုပ်ငန်းလုပ်ဆောင်စဉ်၌ သူသည်ယဇ်ပုရောဟိတ်မင်းအဖြစ်ထမ်းဆောင်ခဲ့သူဖြစ်သည်။
  • ယဇ်ပုရောဟိတ်မင်းအဖြစ်မှအနားယူပြီးဖြစ်သော်လည်း အချို့သောတာဝန်များကိုလုပ်ဆောင်နေဆဲဖြစ်သည်။ ထို့ကြောင့် ကာယာဖတ်နှင့်အခြားယဇ်ပုရောဟိတ်များရှိနေသော်လည်း အန္နတ်သည် ယဇ်ပုရောဟိတ်မင်းအဖြစ် အသိမှတ်ပြုခံရဆဲဖြစ်သည်။
  • ယုဒခေါင်းဆောင်တို့ထံတွင် အစစ်ဆေးမခံရခင် ယေရှုကို အန္နတ်ထံသို့ စစ်ဆေးမေးမြန်းရန် အဦးဆုံးခေါ်ဆောင်လာခဲ့ကြသည်။

အဗျာသာ

အချက်အလက်

ဣသရေလရှင်ဘုရင်အဖြစ် ဒါ၀ိဒ်အုပ်စိုးစဉ်ကာလတွင် အဗျာသာသည် ယဇ်ပုရောဟိတ်မင်းဖြစ်ခဲ့သည်။

  • ရှင်ဘုရင်ရှောလု ပရောဟိတ်များကိုသတ်ဖြတ်စဉ်က အဗျာသာလွှတ်မြောက်ခဲ့ပြီး ဒါ၀ိဒ်ရှိရာတောထဲသို့သွားရောက်ခဲ့သည်။
  • ဒါ၀ိဒ်ဘုရင်ထံတော်တွင် အဗျာသာနှင့် အခြားသောယဇ်ပုရောဟိတ်မင်း ဇာဒုတ်တို့ သစ္စာရှိစွာအမှုထမ်းခဲ့ကြသည်။
  • ဒါ၀ိဒ်သေဆုံးသွားချိန်တွင် ရှောလမုန် မဟုတ်ဘဲ အဒေါနိယ ကိုရှင်ဘုရင်ဖြစ်လာစေရန် အဗျာသာ ကူညီခဲ့သည်။
  • ဒီလုပ်ရပ်ကြောင့် ရှင်ဘုရင်ရှောလမုန်သည် အဗျာသာကို ယဇ်ပုရောဟိတ်အဖြစ်ဖယ်ရှားခဲ့သည်။

အဘိမလက်

အချက်အလက်

အဘိမလက်သည် အာဗြံဟံ၊ ဣဇက်တို့ ခါနာန်ပြည်တွင်နေထိုင်စဉ်အချိန်၌ ဂေရာနယ်မြေရှိ ဖိလတ္တိလူတို့၏ ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့သည်။

  • အာဗြံဟံသည် မယားစာရာကို မိမိနှမဖြစ်သည်ဟု အဘိမလက်မင်းထံတွင် လိမ်ညာပြောဆိုခဲ့သည်။
  • အာဗြံဟံနှင့် အဘိမလက်တို့သည် ဗေရရှေဗ အရပ်၌ရှိသော ရေတွင်းများကို ပိုင်းခြားသတ်မှတ်ခဲ့ကြသည်။
  • နောင်နှစ်ပေါင်းများစွာအလွန်တွင် ဣဇက်သည်လည်း ဂေရာအရပ်၌ရှိသော အဘိမလက်နှင့်တစ်ခြားသူများကို ရေဗက္ကမိမိနှမဖြစ်သည်ဟု လိမ်ညာခဲ့သည်။
  • အဘိမလက်ဘုရင်သည် အာဗြံဟံနှင့် ဣဇက်တို့အား မိမိကိုလှည့်ဖြားခဲ့မှုကြောင့်အပြစ်တင်ခဲ့သည်။
  • နောက်ထပ် အဘိမလက် တစ်ယောက်မှာ ဂိဒေါင်၏သား၊ ယောသမ်၏ ညီအစ်ကိုဖြစ်သည်။ အချို့သောဘာသာပြန်များ၌ ဘုရင်အဘိမလက်နှင့် မတူစေရန် နာမည်ကိုမတူသောစကားလုံးဖြင့်ရေးသားဖော်ပြကြသည်။

အဘိယ

အချက်အလက်

အဘိယ သည် ဘီစီ ၉၁၅-၉၁၃ တွင်ယုဒဘုရင်အဖြစ်အုပ်စိုးခဲ့သည်။ သူသည် ယေရောဗောင်မင်း၏သားဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် အဘိယ အမည်နှင့်အခြားသောသူများလည်းရှိသည်။

  • ရှမွေလ၏သား အဘိယနှင့်ယောလတို့သည် ဗေရရှေဗမြို့တွင် တရားသူကြီးလုပ်ကြ၏။ သူတို့နှစ်ဦး၏ လောဘနှင့်မမှန်မကန်လုပ်ဆောင်မှုကြောင့် လူများသည် ရှမွေလအား ရှင်ဘုရင်အသစ် တင်မြောက်ပေးရန်တောင်းဆိုခဲ့ကြသည်။
  • အဘိယ နောက်တစ်ဦးမှာ ရှင်ဘုရင်ဒါ၀ိဒ်အုပ်စိုးစဉ်ကာလ ဗိမာန်တော်ယဇ်ပုရောဟိတ် ဖြစ်သည်။
  • အဘိယ နောက်တစ်ဦးမှာရှင်ဘုရင်ရောဗောင်၏ သားဖြစ်သည်။
  • နောက်ထပ်အမည်မှာ ဗာဗုလုန်တိုင်းပြည်မှ ယေရုရှလင်သို့ ဇေရုဗဗေလနှင့်အတူပြန်လာသော ယဇ်ပုရောဟိတ်မင်း အဘိယ၏ အမည်ဖြစ်သည်။

အမ္မုန်၊ အာမ္မုန်အမျိုးသား၊ အာမ္မုန်အမျိုးသမီး

အချက်အလက်

အာမ္မုန်လူမျိုး၊ အာမ္မုန်အမျိုး ဆိုသည်မှာ ခါနာန်ပြည်မှလူစုဖြစ်သည်။ ထိုလူမျိုးသည် လောတနှင့် သူ၏သမီးငယ်တို့မှ မွေးဖွားလာသော ဗေနမ္မိ အမည်ရှိသောသားမှဆင်းသက်လာသူများဖြစ်သည်။

  • "အမ္မုန်သမီးများ" ကို အမ္မုန်အမျိုးသမီးဆိုဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
  • အမ္မုန်လူမျိုးများသည် ဂျော်ဒန်မြစ်အရှေ့ဖက်တွင်နေထိုင်ပြီး ဣသရေလလူမျိုးနှင့်ရန်သူများဖြစ်သည်။
  • တစ်ခါက အမ္မုန်လူမျိုးများသည် ဗာလမ်အမည်ရှိသော ပရောဖက်တစ်ပါးကိုငှားယူ၍ ဣသရေလလူမျိုးများကိုကျိန်ဆဲစေခဲ့သော်လည်း ထာဝရဘုရားသခင် အခွင့်မပေးခဲ့ပေ။

အဟိယ

အချက်အလက်

အဟိယ ဟူသောနာမည်သည် ဓမ္မဟောင်းကျမ်းတွင်အကြိမ်များစွာပါရှိသည်။ ဓမ္မဟောင်းကျမ်းတွင်ပါရှိသော အဟိယနာမည်များမှာ...

  • အဟိယ သည်ဘုရင်ရှောလု လက်ထက်တွင်ယဇ်ပုရောဟိတ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။
  • နောက်တစ်ဦးမှာ ရှောလမုန်ဘုရင်၏ မှတ်တမ်းတာဝန်ခံ(အတွင်းရေးမှူး)အဟိယ ဖြစ်သည်။
  • နောက်တစ်ဦးမှာ ဣသရေလနိုင်ငံတော် (၂) ခြမ်းကွဲပြားမည်ဟု ပရောဖက်ပြုခဲ့သော ရှိလောမြို့မှ ပရောဖက်အဟိယ ဖြစ်သည်။
  • ဣသရေလဘုရင် ဗရှာ၏ ခမည်းတော်အမည်မှာလည်း အဟိယ ဖြစ်သည်။

အာကုလ

အချက်အလက်

အာကုလသည် ယုဒလူမျိုးခရစ်ယာန်ဖြစ်ပြီး ပင်လယ်နက်၏ တောင်ဖက်ကမ်းရိုးတန်းရှိ ပုန္တု ပြည်မှဖြစ်သည်။

  • အာကုလနှင့် ပြစ်ကိလတို့သည် အီတလီနိုင်ငံ၊ ရောမမြို့တွင်နေထိုင်ပြီး ရောမဘုရင် ကလောဒိမင်းက ယုဒလူအားလုံးကို ရောမမြို့မှနှင်ထုတ်ခဲ့သည်။
  • ထို့နောက် အာကုလနှင့်ပြစ်ကိလ တို့သည် ကောရိန်သုမြို့သို့ထွက်ခွာ၍ ပေါလုနှင့်ဆုံတွေ့ခဲ့သည်။
  • ပေါလုနှင့်အတူ တဲချုပ်ပြီး ဧဝံဂေလိလုပ်ငန်းတွင်ကူညီပေးခဲ့ကြသည်။
  • အာကုလနှင့် ပြစ်ကိလတို့သည် ယုံကြည်သူများအား ယေရှုအကြောင်းဟောပြောသွန်သင်ပေးခဲ့ကြသည်။ ထိုသူများထဲတွင် ပါရမီရှိသော အာပေါလုဆိုသည်လည်း ပါဝင်ခဲ့သည်။

အာခဇိ

အချက်အလက်

အာခဇိ ဟူသောအမည်သည်နစ်ခုရှိသည်၊ ဣသရေလနိုင်ငံကိုအုပ်စိုးသောဘုရင် အာခဇိနှင့် ယုဒနိုင်ငံကကိုအုပ်စိုးသော အာခဇိဟူ၍ဖြစ်သည်။

  • ယုဒဘုရင် အာခဇိသည် ဘုရင်ယဟောရံ၏သားဖြစ်သည်။ သူသည် တစ်နှစ်သာနန်းထိုင်၍ (ဘီစီ ၈၄၁) ယေဟု သတ်သောကြောင့်သေဆုံးခဲ့သည်။ အာခဇိ၏သေပြီးနောက်သားငယ် ယောရှသည် နန်းထိုင်လေ၏။
  • ဣသရေလဘုရင် အာခဇိသည် အာဟပ်၏သားတော်ဖြစ်သည်။ သူသည် ၂ နှစ်(ဘီစီ ၈၅၀-၈၄၉)နန်းထိုင်ခဲ့သည်။ သူသည်နန်းတော်ထက်မှ ပြုတ်ကျသောဒဏ်ရာကြောင့်နာ၍သေဆုံးသွားခဲ့သည်။ သူသေဆုံးပြီးနောက် ညီတော်ယောရံဘုရင်ဖြစ်လာခဲ့သည်။

အာခတ်

အချက်အလက်

အာခတ်သည် ယုဒနိုင်ငံတော်ကို ဘီစီ ၇၃၂- ၇၁၆ အထိအုပ်စိုးခဲ့သော မင်းဆိုးတစ်ပါးဖြစ်သည်။ ၎င်းအုပ်စိုးသောအချိန်သည် ဣသရေလနှင့်ယုဒနိုင်ငံတို့ ဗာဗုလုန်လက်အောက်သို့ကျွန်အဖြစ် မရောက်ရှိမှီ နှစ်ပေါင်း ၁၄၀ ခန့်ကဖြစ်သည်။

  • ယုဒနိုင်ငံကိုအုပ်စိုးစဉ် အာခတ်သည် အာရှုရိနတ်ဘုရားများအတွက်ယဇ်ပလ္လင်လုပ်၊ ကိုးကွယ်ခဲ့ပြီး မိမိလူတို့ကို စစ်မှန်သောထာဝရဘုရားတပါးတည်း ထံတော်မှဝေးကွာစေခဲ့သည်။
  • ယုဒနိုင်ငံကိုဘုရင်အဖြစ် နန်းတက်အုပ်စိုးစဉ်၌ အာခတ်သည် အသက် ၂၀ ရှိပြီး နိုင်ငံကို ၁၆ နှစ်တိုင်အုပ်စိုးခဲ့သည်။

အာဇရိ

အချက်အလက်

အာဇရိ ဟူသောအမည်မှာ ဓမ္မဟောင်းခေတ်တွင်များစွာရှိခဲ့ပါသည်။

  • အာဇရိ တစ်ယောက်မှာ အဗေဒနေဂေါ ဟူသောဗာဗုလုန်အမည်ကြောင့် ထင်ရှားခဲ့သည်။ နေဗုခနေဇာ မင်း၏စစ်တပ်ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ယုဒပြည်မှ ဣသရေလများစွာထဲတွင် အာဇရိဆိုသူလည်းပါဝင်ခဲ့သည်။ အာဇရိနှင့် ဟာနနိ၊ မိရှေလ စသောက္ကုသရေလများသည် ဗာဗုလုန်ဘုရင်ကို မကိုးကွယ်မှုကြောင့် မီးဖိုထဲသို့ပစ်ချခြင်းခံခဲ့ရလေသည်။ သို့သော် ဘုရားသခင်ကာကွယ်မှုကြောင့် သူတို့ကိုမီးမလောင်ခဲ့ပေ။
  • ယုဒဘုရင် သြဇိမင်းသည်လည်း အာဇရိ အမည်ရှိသည်။
  • ဓမ္မဟောင်းကာလရှိ ယဇ်ပုရောဟိတ်မင်း၏အမည်မှာလည်း အာဇရိ ဖြစ်သည်။
  • ပုရောဖက် ယေရမိခေတ်တွင် အာဇရိအမည်ရှိသူသည် ဣသရေလများ ဘုရားသခင်စကားနားမထောင်ဘဲ နေရပ်စွန့်ရန် သွေးဆောင်ခဲ့သည်။

အာဇုတ်

အချက်အလက်

အာဇုတ် မြို့သည် ဖိလိတ္တိ နိုင်ငံ၏ အထင်ကရမြို့ (၅) မြို့ထဲမှ တစ်မြို့ဖြစ်သည်။ ခါနာန်ပြည် အနောက်တောင်ဖက် မြေထဲပင်လယ်အနီး၊ ဂါဇမြို့နှင့် ယောပ မြို့ကြားတွင် တည်ရှိသည်။

  • ဖိလိတ္တိလူတို့၏ ဒါဂုန်ဘုရားကျောင်းသည် အာဇုတ်မြို့တွင်ရှိသည်။
  • ပဋိညာဉ်သေတ္တာတော်ကို ခိုးယူပြီး အာဇုတ်မြို့ရှိ ဒါဂုန်ဘုရားကျောင်းတွင် ထားသောကြောင့် ဘုရားသခင်သည် အာဇုတ်မြို့သားများကိုပြင်းစွာဒဏ်ခတ်ခဲ့သည်။
  • ဟေလသ ဘာသာဖြင့် အာဇုတ်ဟုခေါ်ဆိုသည်။ ဖိလိပ္ပု သွား၍ ဧဝံဂေလိလုပ်သောမြို့များထဲတွင် အာဇုတ်မြို့လည်းပါဝင်ခဲ့သည်။

အာတဇေရဇ်

အချက်အလက်

အာတဇေရဇ်သည် ဘီစီ ၄၆၄- ၄၂၄ အထိ ပေရသိ (ပါရှန်း) အင်ပါယာကိုအုပ်ချုပ်ခဲ့သောဘုရင်ဖြစ်သည်။

  • အာတဇေရဇ် လက်ထက်တွင် ယုဒပြည်မှ ဣသရေလလူမျိုးများသည် ဗာဘုလုန်နိုင်ငံတွင် ကျွန်ခံနေချိန်ဖြစ်သည်။ ဗာဘုလုန်ပြည်သည် ထိုအချိန်က ပေရသိ (ပါရှား) လက်အောက်ကျရောက်နေချိန်ဖြစ်သည်။
  • အာတဇေရဇ်သည် ဧဇရနှင့် အခြားယုဒခေါင်းဆောင်များကို ဗာဗုလုန်မှထွက်ခွာပြီး ယေရုရှလင်မှ က္ကုသရေလလူမျိုးများကို ဘုရားသခင်၏ ဥပဒေများ သင်ကြားရန်အခွင့်ပေးခဲ့သည်။
  • နောက်တစ်ကြိမ်၌ အာတဇေရဇ် သည် မိမိ၏ဖလားတော်ကိုင် နေဟမိကိုလည်း ယုဒလူများနှင့်အတူ ယေရုရှလင်သို့ပြန်စေပြီး မြို့ရိုးတည်ဆောက်ခွင့်ပြုခဲ့လေသည်။
  • ဗာဗုလုန်သည် ပေရသိ လက်အောက်တွင်ရှိနေသောကြောင့် အာတဇေရဇ်ကို ဗာဘုလုန်ဘုရင်ဟု တစ်ခါတစ်ရံခေါ်ဆိုလေ့ရှိသည်။
  • အာတဇေရဇ်နှင့် အာရွှေရုဘုရင်သည် မတူညီပါ။

အာဒံ

အချက်အလက်

အာဒံသည် ဘုရားသခင်ဖန်ဆင်းသော ပထမဆုံးလူဖြစ်သည်။ အာဒံနှင့် ဧဝကို ဘုရားပုံသဏ္ဌ္ဌာန်တော်အတိုင်းဖန်ဆင်းခဲ့သည်။

  • အာဒံကိုမြေမှုန့်မှဖန်ဆင်းပြီး ဇီဝအသက်မှုတ်သွင်းပေးခဲ့သည်။
  • ဟေဗြဲဘာသာ၌ အာဒံဆိုသောစကားလုံးသည် မြေနီ (သို့) မြေကြီး ဟူသောစကားလုံးနှင့် အသံထွက်တူညီသည်။
  • အာဒံဟူသောအမည်သည် ဓမ္မဟောင်းကျမ်းစကားလုံးဖြစ်သော လူသား (သို့) လူသားမျိုးနွယ် နှင့်တူညီသည်။
  • လူသားအားလုံးသည် အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာကြသည်။
  • အာဒံနှင့်ဧ၀ တို့သည်ဘုရားစကား နားမထောင်ခဲ့မှုကြောင့်ဘုရားနဲ့ဝေးကွာခဲ့ပြီး အပြစ်နှင့် သေခြင်းတို့သည် ကမ္ဘာလောကထဲသို့ဝင်ရောက်ခဲ့သည်။

အာပေါလု

အချက်အလက်

အာပေါလု သည်အီဂျစ်ပြည်၊ အဲလက်ဇန္ဒြီးယားမြို့မှ ယုဒလူဖြစ်ပြီး သူသည် ယေရှုအကြောင်းသွန်သင်ရာ၌ ထူးခြားသောစွမ်းရည်ရှိသူဖြစ်သည်။

  • အာပေါလုသည် ဟေဗြဲကျမ်းတတ်ပုဂ္ဂိုလ်ဖြစ်ပြီး ဟောပြောရာတွင် ပါရမီအထုံရှိသူဖြစ်သည်။
  • အာပေါလုကို ဧဖက်မြို့ရှိ အာကုလနှင့် ပြစ်ကိလ ဟူသောခရစ်ယာန်နှစ်ဦးက သွန်သင်ပြသခဲ့သည်။
  • ပေါလုက သူနှင့်အာပေါလု၊ အခြားသောဧဝံဂေလိဆရာများသည် ခရစ်တော်အကြောင်းဟောပြောရန် တူညီသောပန်းတိုင်လျှောက်လှမ်းနေသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဗနာ

အချက်အလက်

အာဗနာသည် ဓမ္မဟောင်းခေတ် ရှင်ဘုရင်ရှောလု၏ဝမ်းကွဲညီအစ်ကိုဖြစ်သည်။

  • အာဗနာသည် ရှောလုဘုရင် ၏စစ်တပ်တွင် စစ်သူကြီးဖြစ်ပြီး ဂေါလျတ်ကိုသတ်ဖြတ်နိုင်ခဲ့သော လူငယ်လေးဒါဝိဒ်ကို ရှောလုဘုရင်ထံသို့ မိတ်ဆက်ပေးခဲ့သူဖြစ်သည်။
  • ရှောလု သေဆုံးပြီးနောက်တွင် အာဗနာသည် ရှောလုသား ဣရှက်ဗောရှက် ကိုဣသရေလဘုရင်အဖြစ်တင်မြောက်ခဲ့သည်။ ထိုစဉ်က ဒါဝိဒ်သည် ယုဒဘုရင်အဖြစ်ဘိသိက်တင်ခံခဲ့ရသည်။
  • နောက်ပိုင်းတွင် ဒါဝိဒ်၏ စစ်သူကြီးယွာဘသည် အာဗနာကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခဲ့သည်။

အာဗရှလုံ

အချက်အလက်

အာဗရှလုံသည် ဒါဝိဒ်ဘုရင်၏တတိယမြောက်သားဖြစ်သည်။ သူသည် ရုပ်ဆင်းလှပပြီး ဒေါသကြီးသူအဖြစ်ထင်ရှားသည်။

  • အာဗရှလုံ ၏ညီမ တာမာကို ဝမ်းကွဲအစ်ကို အာမနုန်မှအဓမ္္မကျင့်ပြီးချိန်၌ အာဗရှလုံသည် အာမနုန်ကိုသတ်ရန်ကြံစည်ခဲ့သည်။
  • အာမနုန်ကို သတ်ပြီးနောက် အာဗရှလုံသည် ဂိရှာ(မိခင် မိခါနေထိုင်ခဲ့သော)သို့ သုံးနှစ်တိုင်ထွက်ပြေးခိုလှုံခဲ့သည်။ ရှင်ဘုရင်ဒါဝိဒ်သည် အာဗရှလုံကို ယေရုရှလင်သို့ပြန်လည်ခေါ်ဆောင်ခဲ့သော်လည်း မိမိရှေ့တော်သို့ ခံစားခွင့် နှစ်နှစ်ပိတ်ပင်ခဲ့သည်။
  • အာဗရှလုံသည် ဒါဝိဒ်ဘုရင်ကိုဆန့်ကျင်ပြီး တော်လှန်ပုန်ကန်ခဲ့သည်။
  • ဒါဝိဒ်၏စစ်သည်များသည် အာဗရှလုံကိုတိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့သည်။ အာဗရှလုံသေဆုံးမှုကြောင့် ဒါဝိဒ်လွန်စွာ ပူဆွေးဝမ်းနည်းခဲ့သည်။

အာဗြဟံ၊ အာဗြံ

အချက်အလက်

အာဗြံသည် ခါလဒဲပြည်သား ဥရမြို့မှဖြစ်ပြီး ဣသရေလလူမျိုးတို့၏ ဖခင်အဖြစ်ဘုရားသခင်ရွေးချယ်ခဲ့သည်။ သူ့၏နာမည်ကို အာဗြဟံသို့ပြောင်းပေးခဲ့သည်။

  • အာဗြံ၏အဓိပ္ပာယ်မှာ ဂုဏ်သိက္ခာရှိသောဖခင် ဖြစ်သည်။
  • အာဗြဟံ၏အဓိပ္ပာယ်မှာ လူမျိုးတကာတို့၏ဖခင် ဖြစ်သည်။
  • အာဗြဟံ၏မျိုးနွယ် များပြားလာပြီး ကြီးမြတ်သောလူမျိုးဖြစ်လာမည်ဟု ဘုရားသခင်ကတိတော်ပေးခဲ့သည်။
  • အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်နာခံခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ခါလဒဲပြည်မှ ခါနာန်ပြည်သို့ပြောင်းရွှေ့စေခဲ့သည်။
  • အသက်အရွယ်ကြီးရင့်နေသော အာဗြဟံနှင့် ဇနီး စာရာတို့သည် ခါနာန်ပြည်တွင်နေထိုင်နေစဉ်အတွင်း သား ဣဇက်ကိုမွေးဖွားခဲ့သည်။

အာဗေလ

အချက်အလက်

အာဗေလ မှာအာဒံနှင့်ဧဝတို့၏ ဒုတိယမြောက်သားဖြစ်သည်။ အာဗေလသည် ကာဣန၏ ညီဖြစ်သည်။

  • အာဗေလ သည်သိုးထိန်းဖြစ်သည်။
  • အာဗေလ သည်မိမိ၏ တိရစ္ဆာန်အချို့ကို ထာဝရဘုရားထံပူဇော်ခဲ့သည်။
  • အာဗေလ၏ ပူဇော်မှုကို ထာဝရဘုရားနှစ်သက်ခဲ့သည်။
  • အာဒံနှင့် ဧဝတို့၏သားဦး ကာဣနသည် အာဗေလကိုသတ်ခဲ့သည်။

အာမဇိ

အချက်အလက်

အာမဇိသည် ခမည်းတော် ယောရှအသတ်ခံရပြီးသောအခါ ယုဒဘုရင်အဖြစ်နန်းထိုင်ခဲ့လေသည်။

  • ဘုရင်အာမဇိသည် ယုဒနိုင်ငံကို ၂၉နှစ် (၇၉၆-၇၆၇ ဘီစီ) အထိအုပ်စိုးခဲ့လေသည်။
  • သူသည်မင်းကောင်းတစ်ပါးဖြစ်သော်လည်း ရုပ်တုကိုးကွယ်သော မြင့်သောအရပ်များကိုမဖျက်စီးခဲ့ပေ။
  • အာမဇိသည် သူ့ခမည်းတော်ကိုသတ်သောသူအားလုံးကို ပြန်လည်သတ်ဖြစ်ခဲ့သည်။
  • ပုန်ကန်သော ဧဒုံအမျိုးသားများကိုနှိမ်နင်းပြီး ယုဒနိုင်ငံ၏အုပ်ချုပ်မှုအောက်သို့ပြန်လည်သွတ်သွင်းနိုင်ခဲ့သည်။
  • အာမဇိသည် ဣသရေလဘုရင် ယဟောရှ နှင့်စစ်ပြိုင်တိုက်သောလည်း ရှုံးနှိမ့်ခဲ့လေသည်။ ယေရုရှလင်မြို့ရိုးထက်ဝက်ဖြိုဖျက်ခံခဲ့ရပြီး ဗိမာန်တော်ထဲရှိ ရွှေငွေတန်ဆာများလုယူခံခဲ့ရလေသည်။
  • နှစ်ပေါင်းများစွာကြာပြီးနောက် ရှင်ဘုရင် အာမဇိသည် ထာဝရဘုရားလမ်းမှလွဲသဖြင့် ယေရုရှလင်တွင်ရှိသောလူအချို့ကသူ့ကိုလုပ်ကြံသတ်ဖြတ်ခဲ့လေသည်။

အာမနုန်

အချက်အလက်

အာမနုန်သည် ဒါဝိဒ်နှင့်အဟိနောင်တို့၏သားကြီးဖြစ်သည်။

  • အာမနုန်သည် အာဗရှလုံ၏ညီမ တာမာကို အဓမ္မပြုကျင့်ခဲ့သည်။
  • ထိုကိစ္စကြောင့် အဗရှလုံသည် ဉာဏ်ဆင်၍ အာမနုန်ကို သတ်ခဲ့လေသည်။

အာမလက်၊ အာမလက်အမျိုး

အချက်အလက်

အာမလက်လူမျိုးများသည် ခါနာန်တောင်ပိုင်း၊အာရေဗျနိုင်ငံ နိဂျက်သဲကန္တာရတစ်လျှောက် လှည့်လည်သွားလာနေထိုင်သူများဖြစ်သည်။ ဤလူမျိုးများသည် ဧသော၏မြေး အာမလက်မှဆင်းသက်လာသူများဖြစ်သည်။

  • ဣသရေလလူမျိုးများ ခါနာန်ပြည်သို့ဝင်ရောက်နေထိုင်စဉ်ကတည်းက အာမလက်လူမျိုးများနှင့် ခါးသီးသောရန်ဘက်ဖြစ်ခဲ့ကြသည်။
  • တစ်ခါတစ်ရံတွင် အာမလက် ဟူသောအသုံးအနှုန်းသည် အာမလက်လူမျိုးအားလုံးကိုရည်ညွှန်းပြောဆိုပါသည်။
  • အာမလက်လူမျိုးနှင့်တိုက်သောစစ်ပွဲတစ်ပွဲတွင် မောရှေသည် မိမိလက်ကိုမြောက်ထားစဉ်တွင် ဣသရေလလူမျိုးများစစ်နိုင်၍ လက်ကိုချထားချိန်တွင် ဣသရေလများစစ်ရှုံးလေသည်။ ထို့ကြောင့် အာရုန်နှင့် ဟုရ တို့သည်မောရှေလက်ကို တစ်ယောက်တစ်ဖက်ကိုင်မြောက်ပေးထားခြင်းဖြင့် ဣသရေလအမျိုးသည် အာမလက်အမျိုးကို စစ်နိုင်ခဲ့လေသည်။
  • ဘုရင်ရှောလုနှင့် ဘုရင်ဒါဝိဒ်တို့သည် အာမလက်လူမျိုးများကို စစ်ထောက်လှမ်းရေးများလုပ်ခဲ့ကြသည်။
  • အာမလက်လူမျိုးများကိုအောင်မြင်သောစစ်ပွဲတစ်ပွဲတွင် ရှောလုသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဆန့်ကျင်၍ တိုက်ယူ၍ရသောဥစ္စာအချို့ကိုသိမ်းယူပြီး အာမလက်ဘုရင်ကိုမသတ်ပဲချန်လှပ်ထားခဲ့လေသည်။

အာမုတ်

အချက်အလက်

အာမုတ်သည် ဣသရေလတို့၏ပရောဖက်ဖြစ်ပြီး ယုဒဘုရင် သြဇိမင်းလက်ထက်ကဖြစ်သည်။

  • ပရောဖက်မဖြစ်ခင်တွင် အာမုတ်သည် ယုဒပြည်တွင်နေသော သာမန်သိုးကျောင်းသား၊ သဖန်းစိုက်တောင်သူ တစ်ဦးသာဖြစ်သည်။
  • မြောက်ပိုင်းဣသရေလတိုင်းပြည်သည် တိုင်းသူပြည်သားများအပေါ်မမှန်မကန်ဆက်ဆံသောကြောင့် ဆင်းရဲဒုက္ခတွေ့မည်ဟု အာမုတ် ပရောဖက်ပြုခဲ့လေသည်။

အာမုတ် (ဧမော့ဇ်)

အချက်အလက်

အာမုတ်သည် ပရောဖက်ဟေရှာယ၏ ဖခင်ဖြစ်သည်။

  • သမ္မာကျမ်းစာ၌ အာမုတ်ကိုတစ်ကြိမ်သာရည်ညွှန်းခဲ့ပြီး ဟေရှာယ၊ အာမုတ်၏သားဟူ ၍ဖြစ်သည်။
  • ဤနာမည်သည် ပရောဖက်အာမုတ်နှင့်မတူညီသောကြောင့် ကွဲပြားစွာ စာလုံးပေါင်းသင့်သည်။

အာမောရိ

အချက်အလက်

အားကြီးသော အာမောရိလူမျိုးသည် နောဧ၏ မြေးဖြစ်သူ ခါနာန်မှ ဆင်းသက်လာသူများဖြစ်သည်။

  • ထိုသူတို့အမည်မှာ မြင့်မားသောသူ ဟုအဓိပ္ပာယ်ရှိပြီး တောင်တန်းဒေသတွင်နေထိုင်သူ သို့မဟုတ် အရပ်မြင့်မားသောသူများ ဖြစ်သောကြောင့်ဖြစ်သည်။
  • အာမောရိလူများသည် ယော်ဒန်မြစ်နှစ်ဖက်စလုံးတွင်နေထိုင်သူများဖြစ်သည်။ အာဣမြို့မှာ အာမောရိလူတို့နေထိုင်ရာဖြစ်သည်။
  • ထာဝရဘုရား ရည်ညွှန်းသော အာမောရိလူတို့၏အပြစ် ဆိုသည်မှာ သူတို့၏မှားယွင်းသောကိုးကွယ်ခြင်း၊ ကိုးကွယ်ရာတွင်မှားယွင်းသောလုပ်ဆောင်ခြင်း စသည်တို့ကိုဆိုလိုပါသည်။
  • ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုသည် ဣသရေလများကိုဦးဆောင်ပြီး အာမောရိလူတို့ကိုဖျက်ဆီးခဲ့လေသည်။

အာရဗ

အချက်အလက်

ဓမ္မဟောင်းကျမ်းတွင် အာရဗ ဟူသောအမည်မှာ ကျယ်ပြန့်သော သဲကန္တာရ၊ ယော်ဒန်မြစ်ချိုင့်ဝှမ်းနှင့် ပင်လယ်နီ၏တောင်မြောက်တစ်လျှောက် အထိကျယ်ပြန့်သော လွင်ပြင်ကျယ်ဖြစ်သည်။

  • က္ကုသရေလလူမျိုးသည် အဲက္ကုတုမှ ခါနာန်ပြည်အထိသွားရာတွင် ထိုသဲကန္တာရကို ဖြတ်ကျော်ခဲ့ရသည်။
  • အာရဗပင်လယ် ဟူသောစကားကို အာရဗသဲကန္တာရတွင်ရှိသော ပင်လယ်ကိုဆိုလိုပါသည်။ ထိုပင်လယ်ကို ဆားပင်လယ်၊ ပင်လယ်သေ ဟုလည်းခေါ်ဆိုနိုင်ပါသည်။
  • အာရဗ ဟူသောစကားသည် သဲကန္တာရ အားလုံးကိုရည်ညွှန်းပြောဆိုသော စကားအဖြစ်လည်း အသုံးပြုပါသည်။

အာရမ်၊ အာရမ်မီး၊ အာရမစ်

အချက်အလက်

အာရမ် ဆိုသည်မှာ ဓမ္မဟောင်းကျမ်းမှ လူနှစ်ယောက်၏နာမည်ဖြစ်သည်။ ခါနာန်ပြည် အရှေ့မြောက်ဖက် (ယခု ဆီးရီးယားပြည်)ရှိဒေသတစ်ခု၏အမည်လည်းဖြစ်သည်။

  • အာရမ် တွင်နေထိုင်သူများကို အာရမ်မီး ဟုခေါ်ပြီး သူတို့သည် အာရမစ်ဘာသာစကားကိုပြောဆိုသည်။ ယေရှုနှင့် ထိုခေတ်ရှိ ယုဒလူတို့သည်လည်း အာရမစ်ဘာသာစကားပြောဆိုကြသည်။
  • ရှေမ၏သားတစ်ယောက်ကို အာရမ်ဟုနာမည်ပေးထားသည်။ နောက်ထပ် အာရမ်အမည်ရှိသောသူမှာ ရေဗက္္က ၏ဝမ်းကွဲဖြစ်သည်။ အာရမ်ဟူသောဒေသကို ထိုသူနှစ်ယောက်အမည်အစွဲပြုပြီး နာမည်ပေးထားခြင်းဖြစ်နိုင်သည်။
  • အာရမ် ဟူသောအမည်ကို ဟေလသဘာသာ ရှုရိ(ဆီးရီးယား)ဟုလည်းခေါ်ဆိုသည်။
  • ပါဒမ်အာရမ် ဟူသောဝေါဟာရမှာ အာရမ်လွင်ပြင် ကိုခေါ်ဆိုခြင်းဖြစ်ပြီး အာရမ်မြောက်ပိုင်းတွင်တည်ရှိပါသည်။
  • အာဗြံဟံ၏ ဆွေမျိုးတစ်ချို့သည် ပါဒမ်အာရမ် အရပ်တွင်တည်ရှိသော ဟာရမ်မြို့တွင်နေထိုင်ကြသည်။
  • ဓမ္မဟောင်းကျမ်းတွင် အာရမ် နှင့် ပါဒမ်အာရမ် ဟူသောအမည်မှာတစ်ခါတစ်ရံတွင် တူညီသောဒေသတစ်ခုတည်းကို ရည်ညွှန်းပါသည်။
  • အာရမ်နဟာရမ် ဟူသောစကားမှာ အာရမ်မြစ်နှစ်စင်းကို ဆိုလိုပါသည်။ ထိုဒေသမှာ မက်ဆိုပိုတေးမီးယား တောင်ပိုင်း၊ ပါဒမ်အာရမ်၏ အရှေ့ပိုင်းတွင်တည်ရှိသည်။

အာရရတ်

အချက်အလက်

သမ္မာကျမ်းစာတွင် အာရရတ်ဟူသောအမည်မှာ မြေနေရာ၊ နိုင်ငံတော်၊ တောင်တန်းဒေသကို ပေးထားသောအမည်ဖြစ်သည်။

  • အာရရတ်နယ်မြေမှာ ယခုခေတ် တူရကီနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်တည်ရှိသောနေရာဖြစ်နိုင်သည်။
  • အာရရတ် အမည်ရှိသောတောင်မှာ ရေလွမ်းမိုးပြီးနောက် ရေကျချိန်တွင် နောဧသင်္ဘောကြီးတင်ကျန်နေခဲ့သောနေရာဖြစ်သည်ဟူ၍ လူသိများသည်။
  • ယခုခေတ်အချိန်၌ အာရရတ်တောင်ကို သမ္မာကျမ်းစာခေတ်ရှိ အာရရတ်တောင်တန်းဒေသဖြစ်မည်ဟု ယူဆထားကြလေသည်။

အာရွှေရု

အချက်အလက်

အာရွှေရု သည် ရှေးခေတ် ပေရသိနိုင်ငံတော်ကြီးကို နှစ် ၂၀ တိုင်အုပ်စိုးခဲ့သောဘုရင်ဖြစ်သည်။

  • ထိုအချိန်တွင် ဂျူးလူမျိုးများသည် ပေရသိလက်အောက် ဗာဗုလုန်တိုင်းပြည်၌ ကျွန်ခံနေချိန်ဖြစ်သည်။
  • အာရွှေရု၏ နောက်ထပ်အမည်မှာ အာတဇေရဇ် ဖြစ်နိုင်သည်။
  • ရှင်ဘုရင်အာရွှေရုသည် ဒေါသအမျက်ကြောင့် မိဖုရားဝါရှတိကိုနန်းစွန့်လိုက်ပြီးနောက် ဧသတာအမည်ရှိသော ဂျူးမိန်းကလေးကို မိဖုရားအရာတင်မြှောက်ရွေးချယ်ခဲ့သည်။

အာရှ

အချက်အလက်

သမ္မာကျမ်းစာခေတ်တွင် အာရှ ဟူသည်မှာ ရောမအင်ပါယာ၏ပြည်နယ်တစ်ခုဖြစ်သည်။ ယနေ့ခေတ် တူရကီနိုင်ငံ၏ အနောက်ပိုင်းဒေသဖြစ်သည်။

  • ပေါလုသည် အာရှသို့သွားပြီး မြို့များဆီသို့ ဧဝံဂေလိတရားဟောကြားခဲ့သည်။ ထိုမြို့များထဲတွင် ဧဖက်မြို့၊ ကောလောသဲမြို့တို့ပါရှိခဲ့သည်။
  • ယနေ့ခေတ် အာရှ နှင့်မမှားစေရန် ရှေးခေတ်ရောမအပိုင် အာရှ၊ သို့မဟုတ် အာရှပြည်နယ် ဟုဘာသာပြန်ဆိုသင့်သည်။
  • ဗျာဒိတ်ကျမ်းတွင်ပါရှိသော ဘုရားကျောင်းအားလုံးမှာ ရောမရှိ အာရှပြည်နယ်မှ ဖြစ်သည်။

အာရှကေလုန်

အချက်အလက်

သမ္မာကျမ်းစာခေတ်တွင် အာရှကေလုန်မြို့သည် ဖိလိတ္တိနိုင်ငံ၏အဓိကမြို့ဖြစ်ပြီး မြေထဲပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိသည်။ ယနေ့ထိတိုင် အစ္စရေးတွင်တည်ရှိနေသည်။

  • အာရှကေလုန် မြို့သည် အာဇုတ်၊ ဂါဇ၊ ဂါသ၊ ဧကြုန်ဟူသော မြို့များနှင့်အတူ ဖိလိတ္တိနိုင်ငံ၏ အထင်ကရမြို့များဖြစ်သည်။
  • ယုဒနိုင်ငံတော်သည် အာရှကေလုန်၏ တောင်တန်းနေရာများကိုပိုင်ဆိုင်ထားသော်လည်း အာရှကေလုန်လူအားလုံးကို အနိုင်ရယူနိုင်ခြင်းမရှိပေ။
  • အာရှကေလုန်မြို့ကို ဖိလိတ္တိလူတို့က နှစ်ရာပေါင်းများစွာပိုင်ဆိုင်ထားဆဲဖြစ်သည်။

အာရှရ၊ အာရှရတိုင်၊ အာရှရနတ်ဘုရားမ

အချက်အလက်

အာရှရ ဆိုသည်မှာ ဓမ္မဟောင်းခေတ် ခါနာန်လူများကိုးကွယ်သော နတ်ဘုရားမအမည်ဖြစ်သည်။ နာမည်ဆင်တူပြီး ကွဲပြားသောအခြားနတ်ဘုရားမ၏အမည်လည်းဖြစ်သည်။

  • အာရှရတိုင် ဆိုသည်မှာ နတ်ဘုရားမ၏ရုပ်တုကိုထွင်းထုထားသောသစ်သားဖြစ်သည်။
  • ဗာလဘုရားကို အာရှရ၏ ယောကျာ်းဟုယူဆပြီး ဗာလဘုရားရုပ်တုဘေးတွင် အာရှရပင် များကိုထားလေ့ရှိသည်။ အချို့က ဗာလကို နေဘုရားအဖြစ်ကိုးကွယ်ပြီး အာရှရ ကိုလနတ်ဘုရားမအဖြစ်ကိုးကွယ်သည်။
  • ထာဝရဘုရားက အာရှရရုပ်တုအားလုံးကိုဖျက်ဆီးရန် ဣသရေလလူမျိုးကို မှာကြားထားသည်။
  • ဣသရေလခေါင်းဆောင်များဖြစ်သော ဂိဒေါင်၊ ဘုရင်အာသ၊ ဘုရှင် ယောရှိတို့သည် ဘုရားစကားနားထောင်ပြီး ထိုနတ်ရုပ်များကိုဖျက်ဆီးပစ်ခဲ့သည်။
  • အခြားဣသရေလခေါင်းဆောင်များဖြစ်သော ရှောလမုန်၊ မနာရှေ၊ အာဟပ် တို့သည် အာရှရပင်များကိုမဖျက်ဆီးပဲ လူများကိုးကွယ်ရန်အခွင့်ပေးခဲ့ကြသည်။

အာရှာ

အချက်အလက်

အာရှာသည် ယာကုပ်၏ (၈) ယောက်မြောက်သားဖြစ်သည်။ သူ၏မျိုးဆက်များသည် အာရှာ ဟူသော ဣသရေလမျိုးနွယ် (၁၂) ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

  • အာရှာ၏မိခင်မှာ လေအာ၏ (၇) ယောက်မြောက်သမီး ဇိဖဖြစ်သည်။
  • အာရှာ၏အဓိပ္ပာယ်မှာ ပျော်ရွှင်ခြင်း၊ ကောင်းချီးမင်္ဂလာ ဖြစ်သည်။
  • အာရှာ ဟူသောအမည်မှာ ဣသရေလလူမျိုးများ ကတိတော်ထားရာပြည်သို့ဝင်ရောက်သောအခါ အာရှာမျိုးနွယ်စု၏နယ်မြေအဖြစ်သတ်မှတ်ထားသော နေရာလည်းဖြစ်သည်။

အာရှုရိ၊ အာရှုရိလူ၊ အာရှုရိနိုင်ငံတော်

အချက်အလက်

အာရှုရိနိုင်ငံတော်သည် ဣသရေလများ ခါနာန်ပြည်တွင်နေထိုင်စဉ်အခါက အင်အားကြီးမားသောနိုင်ငံတစ်ခုဖြစ်သည်။

  • ယနေ့ခေတ် အီရတ်နိုင်ငံ၏ မြောက်ပိုင်းတွင် အာရှုရိနိုင်ငံတည်ရှိပါသည်။
  • သမိုင်းတွင် အာရှုရိ နှင့် ဣသရေလများ မကြာမကြာတိုက်ခိုက်လေ့ရှိသည်။
  • ဘီစီ ၇၂၂ တွင် အာရှုရိနိုင်ငံသည် ဣသရေလနိုင်ငံကို လုံးဝသိမ်းယူပြီး ဣသရေလလူများစွာကို အာရှုရိသို့ခေါ်ဆောင်သွားခဲ့သည်။
  • ကျန်ရစ်သော ဣသရေလများသည် အာရှုရိတို့ခေါ်ဆောင်လာသော ရှမာရိတိုင်းတစ်ပါးသားများနှင့် အိမ်ထောင်ပြုပေါင်းဖက်ခဲ့ကြသည်။ ထိုလူများမှဆင်းသက်လာသူများကို ရှမာရိလူများဟုခေါ်ဆိုကြသည်။

အာရုန်

အချက်အလက်

အာရုန်သည် မောရှေ၏အစ်ကိုဖြစ်သည်။ အာရုန်ကို ဣသရေလတို့၏ ပထမဦးဆုံးယဇ်ပုရောဟိတ်မင်းအဖြစ်ဘုရားသခင်ရွေးချယ်ခဲ့သည်။

  • ဣသရေလလူမျိုးကို ကျွန်အဖြစ်လွှတ်ပေးရန် ဖာရောဘုရင်ထံ မောရှေပြောဆိုရာတွင် အာရုန်က ကူညီပေးခဲ့သည်။
  • သဲကန္တာရထဲတွင် ဣသရေလလူများ လှည့်လည်သွားလာနေကြစဉ် သူတို့ကိုးကွယ်ဖို့ ရုပ်တုကိုပြုလုပ်ခဲ့ခြင်းသည် အာရုန်၏အပြစ်ဖြစ်သည်။
  • အာရုန်နှင့်သူမှဆင်းသက်လာသူများကို ဣသရေလတို့၏ ယဇ်ပုရောဟိတ်အဖြစ် ဘုရားသခင်ရွေးချယ်တင်မြှောက်ထားသည်။

အာရေဗျ၊ အာရေဘီယံ

အချက်အလက်

အာရေဗျကျွန်းဆွယ်သည် ကမ္ဘာ့အကြီးဆုံးကျွန်းဆွယ်ဖြစ်ပြီး ၃၀၀၀၀၀၀ စတုရန်းကီလိုမီတာရှိသည်။ အစ္စရေးပြည်တောင်ပိုင်းနှင့်၊ ပင်လယ်နီ၊ အာရေဘီယံပင်လယ် နှင့် ပါရှားပင်လယ်ကွေ့တို့နှင့်ထိစပ်နေသည်။

  • အာရေဘီယံ ဟူသောအသုံးအနှုန်းမှာ အာရေဗျ သို့မဟုတ် ၎င်းနှင့်ထိစပ်နေသောဒေသတွင်နေထိုင်သူများကို ခေါ်ဆိုခြင်းဖြစ်သည်။
  • အာရေဗျဒေသတွင်အစောဆုံးနေထိုင်သူများမှာ ရှေမ၏မြေးများဖြစ်သည်။ အခြားနေထိုင်သူများမှာ အာဗြံဟံ၏သား ဣရှမေလ နှင့် သူ့အနွယ်များ၊ ဧသော၏အမျိုးအနွယ်များ စသည်တို့ဖြစ်သည်။
  • ဣသရေလလူမျိုးများ နှစ်ပေါင်း (၄၀) တိုင် သဲကန္တာရထဲတွင်လှည့်လည်သွားလာသောနေရာမှာ ထို အာရေဗျဒေသဖြစ်သည်။
  • ယေရှုကိုယုံကြည်ပြီးနောက် တမန်တော်ပေါလုသည် အာရေဗျသဲကန္တာရတွင် နှစ်အနည်းငယ်နေထိုင်ခဲ့ပါသည်။
  • ဂလာတိအသင်းတော်မှ ယုံကြည်သူများဆီစာရေးသားရာ ၌ သိနတောင်သည် အာရေဗျတွင်တည်ရှိသည်ဟု ပေါလုသုံးနှုန်းခဲ့သည်။

အာသ

အချက်အလက်

အာသ သည်ယုဒနိုင်ငံတော်ကို နှစ်ပေါင်း ၄၀ (ဘီစီ ၉၁၃-၈၇၃) အထိအုပ်စိုးသောဘုရင်ဖြစ်သည်။

  • အာသမင်းသည် ရုပ်တုများကိုဖယ်ရှားပြီး ဣသရေလလူမျိုးများကို ဘုရားသခင်အားကိုးကွယ်ရန်ပြုလုပ်ခဲ့သော မင်းကောင်းတစ်ပါးဖြစ်သည်။
  • အခြားနိုင်ငံများနှင့်စစ်တိုက်ရာတွင် အောင်မြင်ခွင့်ကို ဘုရားသခင်ပေးခဲ့လေသည်။
  • နောက်ပိုင်းတွင် အာသမင်းသည် ဘုရားသခင်ကိုယုံကြည်မှုကင်းမဲ့ခဲ့ပြီး ဖျားနာ၍သေဆုံးခဲ့လေသည်။

အာသပ်

အချက်အလက်

အာသပ်သည် လေဝိယဇ်ပုရောဟိတ်၊ ပါရမီရှိသောဂီတသမားတစ်ယောက်ဖြစ်ပြီး ဘုရင်ဒါဝိဒ်အတွက် ဆာလံသီချင်းများကိုရေးစပ်ပေးသူဖြစ်သည်။ သူသည် ကိုယ်ပိုင်ဆာလံသီချင်းများကိုလည်းရေးသားခဲ့သည်။

  • ဗိမာန်တော်အတွက် တေးသီချင်းများကိုရေးစပ်ပေးရန် အာသပ်နှင့် အခြားနှစ်ယောက်ကို ဘုရင် ဒါဝိဒ်ခန့်အပ်ခဲ့သည်။ အချို့သောသီချင်းများသည် ပရောဖက်ပြုခြင်းများလည်းဖြစ်သည်။
  • အာသပ်သည် သူ၏သားများကို သူကဲ့သို့ပင် ဗိမာန်တော်တွင် ပရောဖက်ပြုခြင်း၊ တေးသီချင်းများရေးသားခြင်းများ ပြုလုပ်သင်ကြားပေးခဲ့သည်။
  • အချို့သောတူရိယာများမှာ ဗျပ်စောင်း၊ စောင်း၊ တံပိုး၊ လင်းကွင်း တို့ဖြစ်သည်။
  • ဆာလံ ၅၀ နှင့် ၇၃ မှ ၈၃ တို့ကို အာသပ်ရေးခဲ့ကြောင်းပြောဆိုကြသည်။ သူ၏မိသားစုဝင်များ ရေးသားခဲ့သည်လည်းဖြစ်နိုင်ပါသည်။

အာသလိ

အချက်အလက်

အာသလိသည် ဆိုးယုတ်သောယုဒဘုရင် ယဟောရံ၏ မိဖုရားဖြစ်သည်။ သူမသည် ဆိုးယုတ်သော ဣသရေလဘုရင် သြမရိ၏ မြေးဖြစ်သည်။

  • ဘုရင် ယဟောရံသေဆုံးသောအခါ အာသလိ၏ သားတော် အာခဇိ ဘုရင်ဖြစ်လာခဲ့သည်။
  • အာခဇိသေဆုံးသောအခါ အာသလိသည် ဘုရင်အနွယ်အားလုံးကို သတ်ရန်ကြံစည်ခဲ့လေသည်။
  • သို့သော အာသလိညီမက မြေးဖြစ်သူ ယောရှကိုဝှက်ထားသောကြောင့် အသက်ရှင်သန်ခဲ့သည်။ ယောရှသည် ယုဒဘုရင်ဖြစ်လာခဲ့သည်။

အာဟတ်

အချက်အလက်

အာဟတ်သည် ဘီစီ ၈၇၅- ၈၅၄အထိ မြောက်ပိုင်းဣသရေလတိုင်းပြည်ကို အုပ်စိုးခဲ့သော ဆိုးယုတ်သောဘုရင်တစ်ပါးဖြစ်သည်။

  • ဣသရေလလူမျိုးများ မှားယွင်းသောဘုရားများကို ကိုးကွယ်လာစေရန် အာဟတ်ပြုလုပ်ခဲ့သည်။
  • ဣသရေလလူမျိုးကို အပြစ်လုပ်စေသောကြောင့် ငတ်မွတ်ဘေး သုံးနှစ်ခွဲကြုံတွေ့ရမည်ဖြစ်ကြောင်း ပရောဖက် ဧလိယက အာဟတ်ကိုရင်ဆိုင်ပြောကြားခဲ့သည်။
  • အာဟတ်နှင့် မိဖုရားယေဇဗေလတို့သည် မိမိတို့၏အာဏာဖြင့်အပြစ်မရှိသူများကိုသတ်ခြင်းအပါအဝင် မကောင်းမှုများစွာပြုလုပ်ခဲ့ကြသည်။

အာဣ

အချက်အလက်

ဓမ္မဟောင်းကာလတွင် အာဣမြို့သည် ခါနာန်အရပ်တွင်ရှိသောမြို့တစ်မြို့ဖြစ်ပြီး ဗေသလမြို့၏တောင်ဖက်၊ ယေရိခေါမြို့၏ အနောက်မြောက်ဖက် (၈) ကီလိုမီတာတွင်တည်ရှိသည်။

  • ယေရိခေါမြို့ကိုအောင်နိုင်ပြီးနောက် အာဣမြို့ကို ယောရှုဦးဆောင်၍တိုက်ခိုက်ခဲ့သော်လည်း ထာဝရဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်သောကြောင့် ဣသရေလတို့သည်ရှုံးနှိမ့်ခဲ့ရသည်။
  • ဣသရေလအမျိုးသား အာခန်သည် ယေရိခေါမြို့မှ ပစ္စည်းများကိုခိုးယူခဲ့သောကြောင့် ထာဝရ ဘုရားသည် အာခန်နှင့်မိသားစုကိုသုတ်သင်စေခဲ့သည်။ ထို့နောက်တွင်မှ ဣသရေလလူမျိုးများ အာဣမြို့ကိုအောင်နိုင်ရန် ထာဝရဘုရားကူညီမစခဲ့လေသည်။

အဲဂုတ္တု၊ အဲဂုတ္တုလူမျိုး

အချက်အလက်

အဲဂုတ္တုသည် အာဖရိက၏ အရှေ့မြောက်ဒေသ၌ရှိပြီး ခါနန်ပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသောတိုင်းပြည်တခုဖြစ်သည်။ အဲဂုတ္တုလူမျိုးသည် အဲဂုတ္တုပြည်သောနေထိုင်သူများဖြစ်သည်။

  • ရှေးယခင်က အဲဂုတ္တုပြည်သည် အလွန်ဩဇာအာဏာရှိပြီး ချမ်းသာကြွယ်ဝသော တိုင်းပြည်တခုဖြစ်သည်။
  • ရှေးယခင်က အဲဂုတ္တုပြည်ကို ၂ ပိုင်းခွဲထားသည်။ နိုင်းမြစ်စီးဆင်းရာ မြောက်ဘက်သည် အောက်ပိုင်း အဲဂုတ္တုဖြစ်ပြီး တောင်ပိုင်းသည် အထက်အဲဂုတ္တုပြည်ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ ဤ ၂ ပိုင်းကို မူရင်းစာစကားဖြင့် အဲဂုတ္တုနှင့် ဖာရောဟု ရေးထားသည်။
  • ခါနန်ပြည်၌ အစာခေါင်းပါးချိန်ရောက်လာတိုင်း၌ ဣသရေလပြည်မှ အမျိုးသားများက မိသားစုများအတွက် အဲဂုတ္တုပြည်သို့ အစာသွားဝယ်ကြသည်။
  • နှစ်အတော်အတန်ကြာ ဣသရေလလူမျိုးများ အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ကြသည်။
  • ယောသပ်နှင့် မာရိသည် ဟေရုဒ်မင်းထံမှ လွတ်မြောက်ရန် သူငယ်တော်ယေရှုနှင့် အဲဂုတ္တုပြည်သို့ ဆင်းသွားကြသည်။

အဲသယောပိ၊ အဲသယောပိပြည်သား

အချက်အလက်

အဲသယောပိ (အီသီယိုးပီးယား) သည် အဲဂုတ္တုပြည် (အီဂျစ်ပြည်) တောင်ပိုင်းတွင်ရှိ၍ အနောက်ဘက်တွင် နိုင်းမြစ်နှင့် အရှေ့ဘက်တွင် ပင်လယ်နီတို့မှဝိုင်းရံထားသော အာဖာရိကရှိမြို့တစ်မြို့ဖြစ်သည်။ အဲသယောပိ (အီသီယိုးပီးယား)ပြည်ကမှလာသောသူကို အဲသယောပိပြည်သား (အီသီယိုးပီးယားပြည်သား) ဟုခေါ်သည်။

  • ရှေးခေတ် အဲသယောပိ (အီသီယိုးပီးယား) သည် အဲဂုတ္တုပြည် (အီဂျစ်ပြည်) တောင်ပိုင်းတွင်တည်ရှိပြီး ယနေ့ခေတ်အာဖာရိကနိုင်ငံများဖြစ်သည့် ဆူဒန်၊ ယနေ့ခေတ်အီသီယိုးပီးယား၊ ဆိုမားလီးယား၊ ကင်ညာ၊ ယူကန်ဒါ၊ ဗဟိုအာဖာရိကပြည်ထောင်စု နှင့် ချက်နိုင်ငံတို့တည်ရှိရာ နေရာဖြစ်သည်။
  • သမ္မာကျမ်းစာတွင် အဲသယောပိ (အီသီယိုးပီးယား) ကို ကုရှပြည် သို့မဟုတ် နူးဘီးယား (Nubia) ဟု တစ်ခါတစ်ရံ ခေါ်သည်။
  • အဲသယောပိ (အီသီယိုးပီးယား) နှင့် ကုရှပြည်တို့ကို သမ္မာကျမ်းစာတွင် အတူတကွဖော်ပြလေ့ရှိသည်၊ သူတို့သည်ကပ်လျက်တည်ရှိသောကြောင့်သော်လည်းကောင်း၊ သူတို့ဘိုးဘေးအချို့တူညီခဲ့ကြသောကြောင့်ဖြစ်နိုင်သည်။
  • ဘုရားသခင်သည် ဧဝံဂေလိဆရာ ဖိလိပ္ပု ကို ယေရှု၏သတင်းကောင်းကို အဲသယောပိအမတ်အားဟောပြောဖို့ သဲကန္တာရသို့စေလွှတ်ခဲ့သည်။

ဣကောနိ မြို့

အချက်အလက်

ဣကောနိ မြို့သည် တူရကီပြည်တောင်ပိုင်းအလယ်၌တည်ရှိသောမြို့ဖြစ်သည်။

  • ပေါလုနှင့်ဗာနာဗတို့၏ ပထမသာသနာပြုခရီးစဥ််တွင်အန္တိအုတ်မြို့မှယုဒလူမျိုးများ၏နှင်းထုတ်ခြင်းကိုခံရသောအခါ ဣကောနိ မြို့သို့ကြ၏။
  • ထိုအချိန်၌မယုံကြည်သောယုဒလူမျိုးများနှင့်တစ်ပါးအမျိုးသား
  • တို့သည် ပေါလုနှင့်လုပ်ဖေါ်ဆောင်ဖက်တို့အားကျောက်ခဲနှင့်ပစ်ရန်ပြုကြသောအခါလုတ္တရမြို့သို့တိမ်းရှောင်သွားကြ၏။
  • ထိုနောက်အန္တိအုတ်မြို့နှင့်ဣသောနိမြို့မှ လူတို့သည် လုတ္တရမြို့သို့ရောက်လာပြီးထိုလူများကပေါလုအားကျောက်ခဲ့နှင့်ပေါက်ရန်လှုံဆော််ကြ၏။

ဣဇာက်

အချက်အလက်

ဣဇာက်သည် အာဗြဟံနှင့် စာရာ၏တစ်ဦးတည်းသောသားဖြစ်သည်။ သူတို့သည်အသက်ကြီးသော်လည်း ဘုရားသခင်သည်သားကိုပေးရန်ကတိတော် ပေးထားသည်။

  • "ဣဇာက်" ဆိုသည်မှာ ''သူရယ်သည်'' အဓိပ္ပါယ်ဟုဆိုလိုသည်။ ဘုရာသခင်က အာဗြဟံအား သားဘွားမြင့်ရသောအခွင်ကိုပေးမည်ဟုပြောသောအခါ နှစ်ယောက်စလုံး အသက်ကြီးရင့်ပြီးဖြစ်သောကြောင့်ရယ်၏။ စာရာသည်လည် ထိုသတင်းကိုကြား၍ ရယ်၏။
  • ဘုရားသခင်ကတိတော်ရှိသည့်အတိုင်း အသက်ကြီးပြီဖြစ်သော အာဗြဟံနှင့် စာရာတို့သည်သား
  • ဣဇာက်ကို ဘွားမြင်ခြင်းဖြင့် ကတိတော်ကိုပြည့်စုံစေသည်။
  • အာဗြဟံအပေါ် ဘုရားသခင်ကတိတော်ရှိသည့်အတိုင်း ဣဇာက်၏ သားသမီးများသည် အစဉ်အမြဲ တည်ရှိနေမည်ဟု ဖြစ်သတည်း။
  • အာဗြဟံ၏ ယုံကြည်ခြင်းကို စုံစမ်းရန် သားဣဇာက်ကိုပူဇော်ရန်တောင်ခဲ့သည်။
  • ဣဇာက်၏သား ယာကုပ်သည် သားဆယ့်နှစ်ယောက် မွေးဖွားခဲ့၍ သူတို့သည် ဣသရေလအမျိုး ဖြစ်သွားကြ၏။

ဣရှမေလ

အချက်အလက်

ဣရှမေလသည် အာဗြဟံနှင့် အဲဂုတ္တုပြည်သူ ကျွန်မဟာဂရနှင့် ရသောသားဖြစ်၏။ ဣရှမေလ အမည်ရှိသောသူများကို ဓမ္မ‌ဟောင်းကျမ်းတွင် တွေ့ရပါသည်။

  • ဣရှမေလ နာမည်၏ အနက်ကား "ဘုရားကြားသိတော်မူ၏" ဟုဆိုလိုသတည်း။
  • အာဗြဟံ၏သား ဣရှမေလကို ကောင်းကြီးရန်ကတိရှိ၏။ သို့သော်လည်း ဘုရားကတိပေး၍ ရမည့်သားတော့မဟုတ်ပါ။
  • အာဂရနှင့်ဣရှမေလတို့အား သဲကန္တာရကို မောင်းထုတ်ခြင်းခံရသောအခါ ဘုရားသခင် ကွယ်ကာ စောင့်ရှောက်တော်မူ၏။
  • ဣရှမေလသည် ပါရန် တော၌နေစဉ်် အဲဂုတ္တုပြည်မှ မိန်းမနှင့် လက်ထပ်၏။
  • ယောဟနန်သား ဣရှမေလသည် ယုဒပြည်ဘက်မှ အရာရှိဖြစ်ပြီး ဗာဗုလုန်ဘုရင် နေဗုခက်နေဇာ၏ အရာရှိခေါင်းဆောင် အဖွဲ့ကို သတ်ရန်ခန့်ထားခြင်းခံသည်။

ဣသခါ

အချက်အလက်

ဣသခါသည် ယာကုပ်၏ ပဉ္စမမြောက် သားဖြစ်သည်။ သူ့အမေသည် လေအာ ဖြစ်သည်။

  • ဣသခါအနွယ်သည် ဣသရေလအနွယ် တစ်ဆယ့်နှစ်ပါးထဲက အနွယ်ဖြစ်သည်။
  • ဣသခါ၏ နယ်မြေနှင့် အိမ်နီးနားချင်းများသည် နသာလိနယ်၊ ဇာဗုလုန်နယ်၊ မနာရှေနယ်နှင့် ဂဒ် တို့နယ်မြေ ဖြစ်ကြ၏။
  • ဂါလိလေးအိုင်၏ တောင်ဖက်၌ တည်ရှိသောနယ်ဖြစ်၏။

ဣသရေလနိုင်ငံ

အချက်အလက်

"ဣသရေလနိုင်ငံ" ဟူသော အသုံးအနှုန်းသည် မြောက်ပိုင်းဒေသရှိ ရှောလမုန်သေပြီးနောက်ပိုင်း ခွဲထွက်သွားသော ဣသရေလလူမျိုးကို ရည်ညွှန်းသည်။

  • ဣသရေလနိုင်ငံသည် မြောက်ပိုင်းတွင် ရှိပြီး မျိုးနွယ်စု (၁၀) ခုပါဝင်ပြီး၊ ယုဒနိုင်ငံသည် တောင်ပိုင်းတွင် ရှိပြီး မျိုးနွယ်စု (၂)ခုပါဝင်သည်။
  • ဣသရေလနိုင်ငံ၏ မြို့တော်သည် ရှမာရိမြို့ဖြစ်ပြီး၊ ယုဒနိုင်ငံ၏မြို့တော်ဖြစ်သော ဂျေလုရှလင်မှ ကီလိုမီတာ (၅၀)ဝေးသည်။
  • ဣသရေလနိုင်ငံရှိ ရှင်ဘုရင်အားလုံး ဆိုးသွမ်းကြသည်။ သူတို့သည် အကောင်းသော ရုပ်တု၊ ဆင်းတုနှင့် လွဲမှားသော ဘုရားများကို လူများကိုးကွယ်ရန် လုပ်ဆောင်ခဲ့ကြသည်။
  • ဘုရားသခင်သည် ဣသရေလနိုင်ငံကို တိုက်ခိုက်ရန် အာရှုရိလူများကို စေလွှတ်သည်။ ဣသရေလလူ အမြောက်အများကို အသက်ရှင်လျက်ဖမ်းဆီးကြပြီး အာရှုရိနိုင်ငံသို့ ခေါ်ဆောင်သွာ့းကြသည်။
  • အာရှုရိလူတို့သည် ကျန်ကြွင်းသော ဣသရေလလူတို့နှင့် ရောနှောနေထိုင်ရန် တိုင်းတပါးများကို ခေါ်သွင်းခဲ့ကြသည်။ တိုင်းတပါးတို့သည် ဣသရေလလူများနှင့် ထိမ်းမြားကြပြီး မွေးဖွားလာသောသူများကို ရှမာရိလူများဟု ခေါ်ကြသည်။

ဥဖရတ်မြစ်

အချက်အလက်

ဥဖရတ် သည်ဧဒင်ဥယာဉ်မှ ဖြာထွက်သောမြစ်လေးသွယ်ထဲက တစ်ခု၏အမည်ဖြစ်သည်။ ၎င်းသည် သမ္မာကျမ်းစာထဲတွင် အများဆုံးဖော်ပြခံရသည့် မြစ်လည်းဖြစ်သည်။

  • ယနေ့ခေတ် ဥဖရတ် ဟုအမည်ရှိသော မြစ်သည် အရှေ့အလယ်ပိုင်းတွင်ရှိပြီး အာရှတွင်အရှည်ဆုံးနှင့် အရေးပါဆုံးမြစ်ဖြစ်သည်။
  • ဟိဒကေလ မြစ်နှင့်အတူ ဥဖရတ်မြစ် သည် မေသောပေါဘာမိ ဟုခေါ်သော ဒေသတွင် နယ်နိမိတ်ရှိသည်။
  • အာဗြဟံထွက်လာခဲ့ရာ ရှေးခေတ် ဥရုမြို့သည် ဥဖရတ်မြစ် ၏အဝင်ဖျားတွင်တည်ရှိသည်။
  • ဥဖရတ်မြစ် သည်ဘုရားသခင် အာဗြဟံအားပေးမည်ဟု ဂတိပြုထားသော နယ်မြေ၏နယ်နိမိတ်များထဲက တစ်ခုဖြစ်သည်။ (ကမ္ဘာ ၁၅း ၁၈)။
  • ဥဖရတ်မြစ် ကို တစ်ခါတစ်ရံမှာ "ထိုမြစ်" ဟုလည်းခေါ်သည်။

ဧကြုန်မြို့

အချက်အလက်

ဧကြုန်မြို့သည် ဖိလတ္တိပြည်၏ အဓိက မြို့တမြို့ဖြစ်ပြီး မြေထဲပင်လယ်မှ အတွင်းကုန်းပိုင်း ၉ မိုင်အကွာတွင် တည်ရှိသည်။

  • မှားယွင်းသော ဗာလဇေဘုပ်ဘုရား၏ ဗိမ္မာန်သည် ဧကြုန်မြို့၌ ရှိသည်။
  • ပဋိညာဉ်သေတ္တာတော်ကို ဖိလတ္တိ လူများ သိမ်းယူသွားသောအခါ အာဇုတ်မြို့သို့ ယူသွားပြီး ဂါသမြို့နှင့် ဧကြုန်မြို့သို့ ပို့လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သေတ္တာတော်ရှိရာ ထိုမြို့၌ ရှိသော လူများကို ဘုရားသခင်က ဖျားနာပြီးသေစေသောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် ဖိလတ္တိလူတို့သည် သေတ္တာတော်ကို ဣသရေလပြည်သို့ ပြန်ပို့လိုက်သည်။
  • အာခဇိမင်းသည် သူ၏ အိမ်အမိုးမှကျ၍ ဒဏ်ရာရသောအခါ ဤအနာကြောင့်သူသေနိုင်သလားဆိုတာသိချင်သောကြောင့် ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်သို့ သွား၍ မေးမြန်းသောအဖြစ်ကို ကျူးလွန်သည်။ယေဟောဝါဘုရားက ဤအပြစ်ကြောင့် သူသေမည်ဟုပြောသည်။

ဧဇရ

အချက်အလက်

ဧဇရ သည်ဣသရေလလူများ နှစ်ပေါင်း (ရ၀) ဖမ်းဆီးခံရာဗာဗုလုန်မှ ယေရုရှလင်သို့ပြန်လာသည့် အကြောင်းကိုသမိုင်းမှတ်တမ်းတင်ခဲ့သည့် ဂျူး ပညတ်တော် (ဥပဒေ) ကျွမ်းကျင်ပညာရှင်နှင့် ဣသရေလယဇ်ပရောဟိတ် တစ်ပါးဖြစ်သည်။

  • ဧဇရ သည်ဣသရေလသမိုင်း၏ ဤအပိုင်းကို သမ္မာကျမ်းစာရှိ ဧဇရမှတ်စာတွင် မှတ်တမ်းတင်ခဲ့သည်။ သူသည် နေဟမိမှတ်စာကို လည်းရေးခဲ့သူဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းနှစ်ခုသည် မူရင်းတွင် တစ်အုပ်တည်းဖြစ်သောကြောင့်ဖြစ်သည်။
  • ယေရုရှလင်သို့ပြန်လာပြီးနောက် ဣသရေလလူမျိုးများသည် ဘုရားမဲ့ဝါဒီအမျိုးသမီးများနှင့် အိမ်ထောင်ပြုပြီး ဥပုဒ်နေ့ ကိုလိုက်လျှောက်ခြင်းမရှိတော့သောကြောင့် ဧဇရ သည် ပညတ်တော် (ဥပဒေ)ကိုပြန်ရေးဆွဲခဲ့သည်။
  • ယေရုရှလင်ကို သိမ်းပိုက်ခဲ့စဉ် ဗာဗုလုန်လူမျိုးများဖျက်ဆီးခဲ့သော ဗိမာန်တော်ကိုလည်း ဧဇရသည် ပြန်လည်ကူဆောက်ခဲ့သည်။
  • ဓမ္မဟောင်းကျမ်းစာတွင် ဧဇရ အမည်ရှိသော အခြားလူ နှစ်ယောက်ကိုဖော်ပြထားသည်။

ဧဒင်၊ ဧဒင်ဉယျာဉ်

အချက်အလက်

ကနဦး၌ ဧဒင်သည် ပထမဆုံးလူယောကျ်ားနှင့် လူမိန်းမကို နေထိုင်ရာ ဘုရားသခင်ထားသော ဉယျာဉ်ဖြစ်သည်။

  • အာဒံနှင့် ဧဝ နေသော ဉယျာဉ်သည် ဧဒင်၏ တစိတ်တပိုင်းမျှသာ ဖြစ်သည်။
  • ဧဒင်၏ တည်နေရာကို အတိအကျ မပြောနိုင်သော်လည်း ဟိဒကေလမြစ်နှင့် ဉဖရတ်မြစ်တို့ စီးဆင်းရာ နေရာဖြစ်သည်။
  • 'ဧဒင်' ဟူသော စကားလုံးသည် ဟေဗြဲစကားဖြစ်ပြီး အဓိပ္ပာယ်မှာ အလွန်ပျော်မွေ့ဖွယ်နေရာ ဖြစ်သည်။

ဧဒုံ၊ ဧဒုံအမျိုး

အချက်အလက်

ဧဒုံသည် ဧသော၏ အခြားနာမည်တခုဖြစ်သည်။ ဧဒုံနေသောဒေသကို ဧဒုံပြည်ဟုခေါ်ကြသည်။ နောက်မှ ဣဒုမဲ ဟုခေါ်သည်။ ဧဒုံအမျိုးမှာ ဧဒုံ၏ ဆွေစဉ်မျိုးဆက်ဖြစ်သည်။

  • ဧဒုံဒေသ၏ တည်နေရာသည် နောက်ပိုင်းတွင် ပြောင်းသွားသည်။ အများအားဖြင့် ဣသရေလပြည်၏ တောင်ပိုင်းတွင်ရှိသော်လည်း နောက်ဆုံးတွင် ယုဒပြည်တောင်ပိုင်းသို့ တိုးချဲ့သွားသည်။
  • ဓမ္မသစ်အချိန်၌ ဧဒုံပြည်သည် ယုဒပြည်တောင်ပိုင်း၏ တဝက်ထိဖုံးလွှမ်းသွားသည်။ ဂရိလို ဣဒုမဲဟု ခေါ်သည်။
  • ဧဒုံ၏ အဓိပ္ပာယ်မှာ အနီရောင်ဖြစ်သည်။ ဧသောမွေးသောအချိန်၌ ဆံပင်နီဖုံးလျှက် မွေးလာခြင်းကြောင့်ဖြစ်သည်။ သို့မဟုတ် ဧသောသည် သူ၏သားဦးအရာကို အနီရောင်ပဲဟင်းနှင့် လဲလှယ်ခဲ့သောကြောင့်လည်းဖြစ်သည်။
  • ဓမ္မဟောင်းကာလ၌ ဧဒုံကို ဣသရေလ၏ရန်သူအဖြစ် အမြဲတမ်းတွေ့ရသည်။
  • ဩဗဒိဗျာဒိတ်ရူပါရုံ တကျမ်းလုံးသည် ဧဒုံပြည် ပျက်စီးခြင်းအကြောင်းကို ရေးထားသည်။ အခြားသော ဓမ္မဟောင်း ပရောဖက်များက အမြဲတမ်း ဧဒုံကို မကောင်းကြောင်း ဆန့်ကျင်ပြောကြသည်။

ဧနောက်

အချက်အလက်

ဧနောက်သည် ဓမ္မဟောင်းကျမ်းတွင်ရှိ အမျိုးသား ၂ ဦး၏ နံမည်ဖြစ်သည်။

  • ဧနောက်သည် ရှေသတ်မျိုးဆက်ဖြစ်ပြီး နောဧ၏ အဖိုးဖြစ်သည်။
  • ဧနောက်သည် ဘုရားသခင်နှင့် အတူ နီးကပ်စွာ အသက်ရှင်ပြီး အသက် ၃၆၅ နှစ်တွင် အသက်မသေဘဲ ဘုရားသခင်က ကောင်းကင်သို့ ခေါ်ဆောင်သွားသည်။
  • ဧနောက် နောက်ထပ်တဦးမှာ ကာဣန၏သားဖြစ်သည်။

ဧဖက်မြို့

အချက်အလက်

ဧဖက်မြို့သည် ရှေးဂရိမြို့တမြို့ဖြစ်ပြီး ယခုတူရကီနိုင်ငံ၏ အနောက်ဘက်ကမ်းခြေ၌ တည်ရှိသည်။

  • ရှေးကနဦးခရစ်ယာန်များအချိန်၌ အာရှိပြည်၏မြို့တော်ဖြစ်ပြီး ထိုအချိန်က သေးငယ်သောရောမတိုင်းဒေသတခုလဲဖြစ်သည်။
  • ဧဖက်မြို့၏ တည်နေရာအနေအထားကြောင့် ဤမြို့သည် စီးပွားကုန်သွယ်သွားလာမှု၏ ဗဟိုအချက်အချက်ဖြစ်ခဲ့သည်။
  • အာတေမိနတ်ဘုရားမကို ကိုးကွယ်သောဘုရားမဲ့ဝါဒီတို့၏ ဗိမ္မာန်သည် ဧဖက်မြို့တွင်ရှိသည်။
  • ရှင်ပေါလုသည် ဧဖက်မြို့၌ ၂ နှစ်ကျော်မျှ နေထိုင်ခဲ့ပြီး အလုပ်လုပ်ခဲ့သည်။ ၂ နှစ်ကျော်ပြီးမှ ထိုမြို့ရှိ ယုံကြည်သူအသစ်များကို ဦးဆောင်ရန် တိမောသေကို ခန့်အပ်ခဲ့သည်။
  • ဓမ္မသစ်ကျမ်းရှိ ဧဖက်ဩဝါဒစာသည် ဧဖက်မြို့၌ ရှိသော ယုံကြည်သူများထံသို့ ရှင်ပေါလုရေးသောစာဖြစ်သည်။

ဧဖရတ်၊ ဧဖရတ် အရပ်သား

အချက်အလက်

ဧဖရတ် သည်ဣသရေလမြောက်ပိုင်းရှိဒေသရှိနေရာနှင့်မြို့၏အမည်ဖြစ်သည်။ ဧဖရတ် မြို့ကို ဗက်လင် သို့မဟုတ် ဧဖရတ်-ဗက်လင် ဟုနောက်ပိုင်းတွင်ခေါ်ဆိုကြသည်။

  • ဧဖရတ် သည်ကာလက်၏သားတစ်ယောက်အမည်ဖြစ်သည်။ ဧဖရတ်မြို့သည် သူ့နာမည်ကိုအစွဲပြု၍မှည့်ခြင်းဖြစ်နိုင်သည်။
  • ဧဖရတ်မြို့မှလာသော သူကိုဧဖရတ်အရပ်သား ဟုခေါ်သည်။
  • ဒါဝိဒ်၏ ဘိုးဘေး ဘောဇသည် ဧဖရတ် အရပ်သား ဖြစ်သည်။

ဧဖရိမ်

အချက်အလက်

ဧဖရိမ် သည်ယောသပ်၏ဒုတိယသားဖြစ်သည်။ သူ၏မျိုးဆက်များဖြစ်သောဧဖရိမ်လူမျိုးများသည် ဣသရေလတစ်ဆယ့်နှစ်မျိုးထဲမှ တစ်မျိုးဖြစ်သည်။

  • ဧဖရိမ်အမျိုးသည် ဣသရေလမြောက်ပိုင်းတွင်ရှိသော ဆယ်မျိုးထဲမှ တစ်မျိုးဖြစ်သည်။
  • တစ်ခါတစ်လေ မြောက်ပိုင်းဣသရေလနိုင်ငံ တစ်ခုလုံးကို ရည်ညွှန်းရန် ဧဖရိမ်ကို သမ္မာကျမ်းစာတွင်သုံးသည်။ (ရှု: synecdoche)
  • "တောင်ကုန်းပြည်ဧဖရိမ် သို့မဟုတ် ဧဖရိမ်တောင်များ" ဟူသည့်ကိုးကားချက်များကိုကြည့်ရင် ဧဖရိမ်သည် တောင်ကုန်းဒေသ သို့မဟုတ် တောင်ထူတပ်သောဒေသ ဖြစ်ကြောင်းသေချာသည်။

ဧလံ

အချက်အလက်

ဧလံသည် ရှေမက်သားဖြစ်ပြီး နောဧ၏ မြေးတဦးဖြစ်သည်။

  • ဧလံမှ ဆင်းသက်လာသောသူများကို ဧလံအမျိုးဟုခေါ်ပြီး သူတို့နေထိုင်ရာဒေသကို ဧလံပြည်ဟု ခေါ်သည်။
  • ဧလံပြည်သည် ယခုအီရန်အနောက်ပိုင်းဖြစ်သော ဟိဒကေလမြစ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။

ဧလျာကိမ်

အချက်အလက်

ဧလျာကိမ်သည် ဓမ္မဟောင်းကျမ်းတွင်ရှိသော အမျိုးသား ၂ ယောက်၏ နံမည်ဖြစ်သည်။

  • ဘုရင်ဟေဇကိ လက်အောက်တွင် နန်းတော်၌ စီမံခန့်ခွဲသူတယောက်ဖြစ်သည်။
  • ယောရှိမင်း၏သားနံမည်လဲ ဧလျာကိမ်ဖြစ်သည်။ အဲဂုတ္တုဖာရောဘုရင်နေခေါက သူ့ကို ယုဒရှင်ဘုရင်အဖြစ် တင်မြှောက်သည်။
  • နေခေါက ဧလျာကိမ်ကို ယောယကိမ်ဟုအမည်ပေးသည်။

ဧလာဇာ

အချက်အလက်

ဧလာဇာသည် ကျမ်းစာတွင်ပါသော အမျိုးသားတချို့၏ နံမည်ဖြစ်သည်။

  • ဧလာဇာသည် မောရှေ၏အစ်ကို အာရုန်၏ တတိယမြောက်သားဖြစ်သည်။ အာရုန်သေဆုံးပြီးနောက် ဧလာဇာသည် ဣသရေလတွင် ယဇ်ပုရောဟိတ်ဖြစ်လာသည်။
  • ဧလာဇာသည် ဒါဝိဒ်၏အားကြီးသော စစ်သူရဲတယောက်၏ နံမည်ဖြစ်သည်။
  • ဧလာဇာ အခြားတစ်ယောက်သည် ယေရှု၏ ဆွေစဉ်မျိုးဆက်တယောက်ဖြစ်သည်။

ဧလိယ

အချက်အလက်

ဧလိယသည် ယေဟောဝါဘုရား၏ အရေးကြီးဆုံးသော ပရောဖက်တပါးဖြစ်သည်။ အာဟပ်မင်းအပါအဝင် ဣသရေနှင့် ယုဒပြည်ရှိ ဘုရင်များကို ပရောဖက်ပြုခဲ့သည်။

  • ဘုရားသခင်သည် ဧလိယအားဖြင့် နမိတ်လက္ခဏာများစွာ ပြခဲ့သည်။ သေပြီးသောကလေးတယောက်ကိုလဲ ပြန်ရှင်စေခဲ့သည်။
  • ဧလိယက အာဟပ်မင်းကို မှားယွင်းသောဗာလဘုရားကို ကိုးကွယ်ခြင်းကြောင့် ဆုံးမခဲ့သည်။
  • ဧလိယက ဗာလပရောဖက်များကို ယေဟောဝါဘုရားသာ စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း သက်သေပြ စိန်ခေါ်ခဲ့သည်။
  • ဧလိယကို အသက်ရှင်ရက်နှင့် ဘုရားသခင်က ကောင်းကင်သို့ ခေါ်ဆောင်သွားခဲ့သည်။
  • နှစ်ပေါင်းရာချီပြီးနောက် ဧလိယသည် မောရှေ၊ ယေရှုတို့နှင့်အတူ တောင်ပေါ်တွင် ပေါ်လာပြီး ယေရှု၏ ဆင်းရဲဒုက္ခခံရမည်အကြောင်းနှင့် ယေရုရှလင်မြို့တွင် အသေခံရမည်အကြောင်း ပြောဆိုကြသည်။

ဧလိရှဗက်

အချက်အလက်

ဧလိရှဗက်သည် ဗတ္တိဇံယောဟန်၏မိခင်ဖြစ်သည်။ သူ၏ခင်ပွန်းနံမည်မှာ ဇာခရိဖြစ်သည်။

  • ဇာခရိနှင့် ဧလိရှဗက်၌ ကလေးမရနိုင်ဘဲ အသက်ကြီးလာသောအချိန်တွင် ဘုရားသခင်က ဧလိရှဗက်သည် သားကိုဖွားမြင်မည်ဟု ဇာခရိကို ကတိပေးခဲ့သည်။
  • ဘုရားသခင်ကတိတော်အတိုင်း ဇာခရိနှင့် ဧလိရှဗက်တို့၌ ပဋိသန္ဓေရှိလာပြီး သားယောက်ကျားကို ဖွားမြင်ခဲ့သည်။ ထိုသားကို ဟောဟန်ဟု နာမည်ပေးကြသည်။
  • ဧလိရှဗက်သည် ယေရှု၏မိခင်ဖြစ်သော မာရိ၏ ဆွေမျိုးတော်စပ်သူဖြစ်သည်။

ဧလိရှဲ

အချက်အလက်

ဧလိရှဲသည် ဣသရေလရှင်ဘုရင်များဖြစ်သော အာဟတ်မင်း၊ အာခဇိ၊ ယဟောရံ၊ ယေဟု၊ ယောခတ်၊ ယောရှမင်းတို့ အုပ်ချုပ်သော အချိန်တွင်ရှိ ပရောဖက်တပါးဖြစ်သည်။

  • ဘုရားသခင်က ဧလိရှဲကို ပရောဖက်အဖြစ် ဘိသိတ်ပေးဘို့ ပရောဖက် ဧလိယကို ပြောသည်။
  • ဧလိယသည် မီးရထားများဖြင့် ကောင်းကင်သို့ချီဆောင်ခံရပြီးနောက်တွင် ဧလိရှဲသည် ဣသရေလရှင်ဘုရင်များအတွက် ဘုရားသခင်၏ ပရောဖက်တဦးဖြစ်လာသည်။

ဧဝ

အချက်အလက်

ဧဝ သည်ပထမဆုံးအမျိုးသမီး၏ နာမည်ဖြစ်သည်။ "အသက်" သို့မဟုတ် "အသက်ရှင်ခြင်း" ဟူ၍ အဓိပ္ပါယ်ရှိသည်။

  • ဘုရားသခင်သည် ဧဝ ကို အာဒံ အထဲမှ ထုတ်ယူသော နံရိုးဖြင့် ပြုလုပ်ခဲ့သည်။
  • အာဒံ ၏အကူအညီ အဖြစ် ဧဝ ကိုဖန်ဆင်းခဲ့သည်။ ဘုရားသခင်ပေးထားသောတာဝန်ကို ပြုလုပ်ရာတွင် အာဒံ ကိုကူညီဖို့သူ့ဘေးနားရောက်လာခြင်းဖြစ်သည်။
  • စာတန်သည် မြွေအသွင်ဆောင်၍ ဧဝကိုစုံစမ်းခဲ့ပြီး ဘုရားသခင်ကမစားဖို့တားမြစ်ထားသော အသီးကိုစားခြင်းဖြင့် ပထမဆုံး အပြစ်ပြုလုပ်သောသူလည်းဖြစ်သည်။

ဧသတာ

အချက်အလက်

ဧသတာ သည် ဣသရေလလူမျိုးများ ဗာဗုလုန် သိမ်းပိုက်ချိန်တွင် ဗေရသိနိုင်ငံ၏ မိဖုရားဖြစ်လာသော ဣသရေလ အမျိုးသမီးတစ်ဦးဖြစ်သည်။

  • ဧသတာမည်ကဲ့သို့ ဗေရသိဘုရင် အာဇရိ၏ မိဖုရားဖြစ်လာကြောင်းနှင့် သူ့လူမျိုးများအတွက် ဘုရားသခင်က သူ့ကိုမည့်သို့အသုံးပြုသည်ကို ဧသတာဝတ္ထုတွင် တွေ့ရသည်။
  • ဧသတာ သည်မိဘမဲ့ဖြစ်၍ ဘုရားကိုချစ်သော သူ့ဝမ်းကွဲအစ်ကို မော်ဒကဲ မှမိဘကဲ့သို့ပြုစုစောင့်ရှောက်ခဲ့သည်။
  • သူမ၏ အုပ်ထိန်းသူအပေါ်နာခံမှုကြောင့် ဘုရားသခင်၌လည်း နာခံသောသူဖြစ်သည်။
  • ဧသတာ သည်ဘုရားသခင်ကို နာခံ၍ သူ့လူမျိုးဣသရေလလူမျိုးများကိုကယ်တင်ဖို့ သူ့ဘဝတစ်ခုလုံးကိုစွန့်စားခဲ့ရသည်။
  • ဧသတာဝတ္ထုသည် ဘုရားသခင် သမိုင်းဖြစ်ရပ်များအပေါ်အုပ်စိုးခြင်းနှင့် အထူးသဖြင့် မိမိလူများ နှင့် သူ့ကိုနာခံသောသူများကိုကို မည်ကဲ့သို့ကာကွယ်သည်ကို ပုံဖော်ထားသည်။

ဧသော

အချက်အလက်

ဧသော သည် ဣဇက် နှင့် ရေဗက္က ၏ အမွှာသားထဲမှ တစ်ယောက်ဖြစ်သည်။ သူသည်သားဦးဖြစ်သည်။ သူ့အမွှာညီမှာ ယာကုပ် ဖြစ်သည်။

  • ဧသော သည်သူ့သားဦးအရာကို သူ့ညီထံသို့ အစာတစ်ခွက်နှင့်လှဲလယ်ခဲ့သည်။
  • ဧသော သည်သားဦးဖြစ်သောကြောင့် ဣဇက်သည်သူ့ကို အထူးကောင်းကြီးပေးဖို့ဖြစ်သည်။ သို့သော်လည်း ယာကုပ်သည် ၎င်းကောင်းကြီးကို သူ့အားပေးဖို့ ဧသော ကိုလှည့်ဖျားလိုက်သည်။ အစတွင် ယာကုပ်ကိုသတ်ချင်လောက်အောင်စိတ်ဆိုးခဲ့သော်လည်း နောက်ပိုင်းတွင် ခွင့်လွှတ်ခဲ့သည်။
  • ဧသော သည်သားသမီးနှင့် မြေးမြစ်များစွာထွန်းကား၍ သူတို့၏မျိုးဆက်အများအပြားသည် ခါနန်ပြည်တွင်နေထိုင်ကြသည်။

ဩဇိမင်း၊ ဩဇိ

အချက်အလက်

ဩဇိမင်းသည် တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် ယုဒပြည်ရှင်ဘုရင်ဖြစ်လာခဲ့ပြီး ငါးဆယ့်နှစ်နှစ်စိုးစံ အုပ်ချုပ်ခဲ့သည်။

  • ဘုရင်ဩဇိမင်းသည် စစ်ရေးတွင် ကျွမ်းကျင်သူဖြစ်ပြီး အုပ်စိုးမှုတွင် နာမည်ရသူ တစ်ဦးဖြစ်ခဲ့သည်။ သူမြို့ကို ကာကွယ်ရန် ရဲတိုက်တည်ဆောက်ခဲ့ပြီး အထူးသဖြင့် စစ်လက်နက်များအဖြစ် ကြီးမားသော ကျောက်တုံးကြီးများ၊ မြှားလက်နက်များလည်း ပြင်ဆင်လျှက်ရှိသည်။
  • ဉရိယသည် ဘုရားကို အစေခံတဲ့တစ်လျှောက် အောင်မြင်ကျော်ကြားခဲ့သည်။ ဒါပေမယ့် သူရဲ့ စိုးစံအုပ်စိုးမှု အဆုံးပိုင်းတွင် ယဇ်ပုရောဟိတ်သာ ပြုလုပ်ခွင့်ရှိတဲ့ ဗိမာန်တော်၌ အမွှေးနံ့သာ ပူဇော်ခြင်းကိုလုပ်ခြင်းအားဖြင့် ဘုရားသခင် နာခံမှုမရှိပဲ ဝါကြွားလာခဲ့သူဖြစ်ခဲ့သည်။
  • ဤအဖြစ် ကျူးလွန်မှုကြောင့် ဉရိယသည် အနာကြီးရောဂါခံစားလာပြီး သူ့ရဲ့အုပ်စိုးမှု ကုန်ဆုံးသည့်တိုင် လူများနှင့် သီးခြားနေခဲ့ရသည်။

‌ေမဒိ၊ မေဒိ

အချက်အလက်

မေဒိသည် ရှေးခေတ်အင်ပါယာဖြစ်ပြီးအရှေ့ဘက် အာရှုရိနှင့် ဗာဗုလုန်တို့တွင်တည်ရှိပြီး မြောက်ဘက် ဧလန်နှင့်ပေရသိတို့တည်ရှိသည်။ အင်ပါယာမေဒိတွင် နေထိုင်သူများကို မေဒိလူမျိုးများဟုခေါ်ဆိုသည်။

  • မေဒိအင်ပါယာသည် ယနေ့ခေတ်တွင် တူရကီ၊ အီရန်၊ ရှုရိ၊ အီရတ်နှင့် အဖကန်နစ္စတန်တို့ပါ၀င်သည်။
  • မေဒိလူမျိုးများသည် ပါရှားလူမျိုးများနဲ့ကျွမ်း၀င်ပြီး အင်ပါယာနှစ်ခုအဖြစ်စုစည်းပြီး ဗာဗုလုန်အင်ပါယာကို သိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်။
  • မေဒိလူမျိုးတို့၏ရှင်ဘုရင် ဒါရိသည် ပရောဖက်ဒံယေလ အချိန်ကာလတွင် ဗာဗုလုန်ပြည်ကို သိမ်းပိုက်ခဲ့သည်။