"ထာဝရဘုရား" ဟူသောနာမတော်သည် ဘုရား၏ပုဂ္ဓိုလ်တော်အမည်ဖြစ်၍ မောရှေကိုမီးလောင်နေ သောခြုံပုတ်ထဲမှ ဖေါ််ပြ တော်မှုသော သူဖြစ်သည်။
ဝန်ခံသည် ဆိုသောအဓိပ္ပာယ်မှာ တစ်ခုခုကိုမှန်သည်ဟုဝန်ခံခြင်းဖြစ်သည်။ "ဝန်ခံခြင်း" ဆိုသည်မှာ တစ်စုံတစ်ခု မှန်ကန်ကြောင်းကို သဘောတူခြင်းဖြစ်ပါသည်။
ဂတိတော်သည် သေချာသော အရာကိုပြုလုပ်မည်ဟု ကတိပြုခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုကို ကတိပြုသောအခါ ထိုအရာကို ပြီးမြောက်အောင်မြင်နိုင်ရန် ဆက်ကပ်ခြင်းဖြစ်သည်။
ကယ်ချွတ်ခြင်းဟူသော စကားလုံးသည် မကောင်းသောအရာ တခုခု တွေ့ကြုံနိုင်ခြင်းမှ တစ်စုံတယောက်အား ကယ်တင်ခြင်းကို ဆိုလိုသည်။ ကယ်လွတ်သည်ဟူသည်မှာ အန္တရာယ်ထဲမှ ကွယ်ကာခြင်းခံရသော အရာကို ဆိုလိုသည်။
ကယ်တင်ရှင်သည် အန္တရာယ်ထဲကနေ တခြားသူကို ကယ်တင်သောသူကို ဆိုလိုသည်။ ထိုအရာသည် အခြားသူများထံမှ ကွယ်ကာဖို့ ခွန်အားပေးသော တစုံတယောက်ကိုလည်း ဆိုလိုသည်။
ကျမ်းတတ်ပုဂ္ဂိုလ်များသည် အရေးကြီးသော ဘာသာရေးကျမ်းများ၊ အစိုးရဆိုင်ရာစာပေများကို လက်ဖြင့်ရေးသားခြင်း (သို့) ကူးယူခြင်းများကို ပြုလုပ်ရသော အမတ်/အရာရှိများ ဖြစ်ကြသည်။ ဂျူးကျမ်းတတ်ပုဂ္ဂိုလ်များကို ဂျူးဉပဒေကျွမ်းကျင်သူများဟုလည်းခေါ်ကြသည်။
ဤစကား၏ အဓိပ္ပာယ်မှာ ကျိန်ဆိုခံရသော လူ သို့မဟုတ် အရာဝတ္ထုအပေါ်တွင် မကောင်းသောအရာများဖြစ်စေသည် ဟုသောအဓိပ္ပာယ်ရှိပါသည်။
ကျိန်ဆိုတော်မူသောပြည် (ကတိတော်ထားရာပြည်) ဟူသောအသုံးအနှုန်းသည် နှုတ်ကပတ်တော်၌ ပါဝင်သော အဖြစ်အပျက်များတွင်သာ ဖြစ်ပေါ်တွေ့ရှိရသည်။ ဘုရားသခင်သည် အာဗြဟံနှင့်သူ၏ သား စဥ်မြေးဆက်များအားပေးရန် ကတိတော်ပေးထားသော ခါနန်ပြည်ကို အခြားသောနည်းအားဖြင့် ရည်ညွှန်းသောအရာဖြစ်သည်။
ကျိန်းဝပ်ရာအရပ်သည် သန့်ရှင်းသောနေရာကို ဆိုလိုတာဖြစ်ပြီး ဘုရားအတွက် သီးသန့်ထားသောနေရာနှင့် ဘုရားသခင်ပြုလုပ်ထားသော သန့်ရှင်းသောနေရာကို ဆိုလိုတာဖြစ်သည်။ ထိုစကားလုံးသည် လုံခြုံသောနေရာနှင့် အကွယ်အကာရှိသောနေရာဟူ၍လည်း အထူးပြုနိုင်ပါသည်။
ကျူးကျော်ခြင်းနှင့် ဖောက်ဖျက်ခြင်း သည် အမိန့်(သို့) စည်းမျဉ်း (သို့) ကိုယ်ကျင့်တရား ချိုးဖောက်ခြင်းကို ရည်ညွှန်းသည်။
"ကျေးဇူးတော်" ဟူသော စကားလုံးသည် "ကူညီသည်" ဟု ရည်ညွှန်း၍ ရပြီ ပေးကမ်းလိုက်သောသူ တစ်စုံတစ်ဦးက မည်သည့်အကျိုးအမြတ်မှ မမျှော်လင့်သောအရာဖြစ်သည်။ "ကျေးဇူးကြီးမြတ် သော" ဟူသည့် စကားလုံးသည် တစ်စုံတစ်ယောက်သောသူအား ကျေးဇူးတရားကို ပြသသည်ဟု ဖော်ပြထားသည်။
ကျောက်တုံးသည် သေးငယ်သောကျောက်သားတစ်ခုဖြစ်သည်။ "ကျောက်တုံးနှင့်ပစ်ခြင်း" ဟူသောစကားလုံးသည် ကြီးမားသောကျောက်တုံးတစ်ခုဖြင့်လူတစ်ဦးကို အမိန့်အရသတ်ရန်ဖြစ်သည်။
"ကျောခိုင်းသည်" ဟူသောစကာလုံးသည် တစ်စုံတစ်ယောက်ကို စွန့်ပစ်သည် (သို့) တစ်စုံတစ်ရာကို အရှုံးပေးသည် ဟု အဓိပ္ပါယ်သက်ရောက်သည်။
'ကြွင်းကျန်' သည် ဟူသော ဝေါဟာရသည် စာပေအရ တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ခုက များပြားသောပမာဏ (သို့) အစုအဖွဲ့အဖြစ် 'ကျန်ရှိခြင်း' (သို့) 'အကျန်ဖြစ်ခြင်း' ကို ဆိုလိုသည်။
ကြွားသည် ဆိုသောအဓိပ္ပာယ်မှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကြောင့် ဝင့်ကြွားစွာပြောခြင်းဖြစ်သည်။ မိမိကိုယ်ကို လေလုံးထွားခြင်းဖြစ်သည်။
"ကြားဝင်သည်၊ ဝင်ရောဖြန်ဖြေခြင်း" ဟူသောဝေါဟာရသည် လူတစ်ယောက်ကိုယ်စာအခြားတစ်ယောက်ထံ တောင်ခံပေးခြင်းကို ဆိုလိုသည်။
ကြိုတင်ခွဲခန့်မှတ်သားခြင်း ဟူသည့် စကားလုံးသည် အဖြစ်အပျက် တစ်ခုခု မဖြစ်ပျက်ခင် ကြိုတင်၍ဆုံးဖြတ်ခြင်း သို့မဟုတ် စီစဉ်ခြင်း ဖြစ်သည်။
"ကြောက်ရွှံ့ခြင်း" နှင့် "ကြောက်သည်" ဆိုသည်မှာ လူတစ်ယောက်သည် ကိုယ့်ကိုကိုယ် (သို့) အခြားသူများအား ခြိမ်းခြောက်မှုတစ်ခုခုရှိလာသောအခါ ထိုသူ၏ ခံစားချက်မကောင်းသော အရာကို ဆိုလိုခြင်းဖြစ်သည်။
ကျမ်းစာထဲတွင် ကလေးဟူသောအသုံးအနှုန်းမှာ မွေးကင်းစကလေး အပါအဝင် အသက်ငယ်ရွယ်သူများကိုဆိုလိုပါသည်။ "ကလေးများ" ဆိုသည်မှ အများကိန်းဖြစ်ပြီး ပုံပမာခိုင်းနှိုင်းပြီး အသုံးပြုသည့်အဓိပ္ပါယ်များလည်းရှိပါသည်။
ကားစင်တင်သည် ဆိုခြင်းမှာ တစ်စုံတစ်ယောက်ကို ကားတိုင်ပေါ်တွင်နာကျင်ခံစားစေပြီး သေသည့်အထိပစ်ထားခြင်းဖြစ်သည်။
ကျမ်းစာထဲတွင် ကားတိုင်ဆိုသည်မှာ မြေပြင်တွင်ဒေါင်လိုက်စိုက်ထားပြီး ကန့်လန့်ဖြတ်သစ်သားတန်းပါရှိသော အရာဖြစ်သည်။
"ကိုးကွယ်ရန်" ဟူသည့်အဓိပ္ပါယ်မှာ တစုံတစ်ယောက်ကို နာခံရန်၊ ချီးမွမ်းရန်နှင့် လေးစားရန် ဖြစ်ပြီး၊ အထူးသဖြင့် ဘုရားသခင်ကိုဆိုလိုသည်။
ကောင်းကင်တမန်ဆိုသည်မှာ ဘုရားဖန်ဆင်းထားသော တန်ခိုးရှိဝိညာဉ်ဖြစ်သည်။ ဘုရားပြောသမျှလုပ်ဆောင်ဖို့ရန် ကောင်းကင်တမန်များရှိနေခြင်းဖြစ်သည်။ ကောင်းကင်တမန်မင်းဆိုသည်မှာ အခြားကောင်းကင်တမန်များကို အုပ်ချုပ်သောသူဖြစ်သည်။
"ယာဝေ၏ဗိုလ်ခြေ" နှင့် "ထာဝရဘုရား၏ဗိုလ်ခြေ "ဆိုလိုရင်းမှာ ဘုရားကိုနာခံသောကောင်းကင်တမန်များအပေါ်ထာဝရဘုရား၏အခွင့်အာဏာ များကိုဆိုလိုသည်။
ဘုရားသခင်ရှိသောနေရာကို "ကောင်းကင်ဘုံ" ဟုရည်ညွှန်းသည်။ အကြောင်းအရာပေါ်မူတည်၍ "ကောင်းကင်" ဟုသောစကာလုံးသည်လည်း ခေါ်နိုင်ပါသည်။
ကောင်းချီးပေးသည်ဆိုမှာ အကျိုးဖြစ်စေရန်၊ ကောင်းမွန်သောအရာများရရှိရန် ဆန္ဒပြုပေးခြင်းဖြစ်သည်။
// ကောင်းချီး ဟူသောစကား၏မူလအဓိပ္ပါယ်ဖြစ်သော ဥစ္စာကြွယ်ဝခြင်း၊ ကျန်းမာပြည့်စုံခြင်း နှင့်လည်းကွဲပြားစွာအသုံးပြုသင့်ပါသည်။ ကျမ်းစာထဲရှိ ဘုရား၏ချစ်ခြင်း၊ ဂရုဏာတော်၊ ကျေးဇူးတော်များသည် ရှေးခေတ်တွင်ဖြစ်ပျက်ခဲ့ခြင်းသာမဟုတ်ဘဲ ယနေ့ခေတ်တွင်လည်း ဘုရား၏ကာကွယ်ခြင်း၊ အတူရှိခြင်း၊ ဝိညာဉ်တော် စသည်ဖြင့်ခံစားနိုင်ခြင်းဖြစ်သည်။ ကျွနု််ပ်တို့အနေဖြင့် ဘုရားကို ချီးမွမ်းသည်ဆိုရာတွင် ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်း၊ နားလည်ခြင်း အစရှိသည်များဖြင့် နာခံခြင်းပင်ဖြစ်သည်။//
"ကောင်းသော" ဆိုသည့်စကားလုံးဟာ အခြေနေနဲ့ အချိန်အခါပေါ်မူတည်၍ အဓိပ္ပါယ် ကွဲပြားခြားနားသည်။
ခန္ဓာကိုယ်ဆိုသည်မှာ လူ၊ တိရစ္ဆာတို့၏ ကိုယ်ထည်ဖြစ်သည်။ ဤစကားကို ပုံပမာအနေဖြင့် အရာဝတ္ထု သို့မဟုတ် အဖွဲ့ဝင်များပါဝင်သောအဖွဲ့တစ်ခုလုံးကို ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။
သမ္မာကျမ်းစာထဲ၌ "ခမ်းနားကြီးကျယ်ခြင်း" ဆိုရာတွင် ရှင်ဘုရင်၏ ဂုဏ်ပုဒ်ဖြစ်သော ကြီးမြတ်ခြင်း၊ ဘုန်းအသရေ တို့ကိုဆိုလိုသည်။
ဤစကားသည် တစ်စုံတစ်ခုကို မြဲစွဲချည်နှောင်ထားခြင်းဖြစ်သည်။ ချည်နှောင်ထားသည့်အရာ၊ ဆက်ထားသည့်အရာ ကို "bond-ချည်နှောင်သည်" ဖြစ်သည်။ ဤ "bound" စကားလုံးမှာ bond ၏ အတိတ်ကာလပြ စာလုံးဖြစ်သည်။
ချိန်းဆိုသည်၊ ချိန်းချက်ထားသော ဟူသောစကားမှာ တစ်စုံတစ်ယောက်အား အလုပ်တစ်ခုကိုလုပ်ဆောင်ရန်ရွေးချယ်ထားခြင်းဖြစ်သည်။
ချီးမြှောက်ခြင်းသည် တစ်စုံတစ်ယောက်ကို အလွန်ချီးမွမ်းခြင်းနှင့် အလွန်အရိုအသေပေးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ကို ရာထူးရာခံအမြင့်ပေးခြင်းကိုလည်း ဆိုလိုသည်။
"မေရှိယ"၊ "ခရစ်တော်" ဟူသောအဓိပ္ပါယ်မှာ "ရွေးကောက်ထားသော "ဘိသိပ်ခံသောသူ" ဖြစ်ပြီး ဘုရားသားတော် ယေရှုကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
ခရစ်တော်၌ ဟူသည့်စကားစုနှင့် ဆက်စပ်အသုံးအနှုန်းများသည် ယုံကြည်ခြင်းအားဖြင့် ယေရှုခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းကို ရည်ညွန်းသည်။
ခရစ်တော် ကောင်းကင်သို့ပြန်လည်တက်သွားချိန်တွင် သူ၏နောက်လိုက်များကို ခရစ်ယာန်ဟုခေါ်ဆိုခဲ့ကြသည်။ အဓိပ္ပါယ်မှာ ခရစ်တော်၏ နောက်လိုက်ဖြစ်သည်။
တစ်စုံတစ်ယောက်သောသူကို ခွင့်လွှတ်နိုင်ရန် ဟူသောစကားလုံးသည် နာကြင်စေခဲ့ဖူးသောသူကို မနာလိုမုန်းတီးမှုမရှိခြင်းဖြစ်သည်။ "အပြစ်လွှတ်လိုက်ခြင်း" သည်လည်း တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ဤစကား(ဝေါဟာရ) ၏အဓိပ္ပာယ်မှာ အဝေးတစ်နေရာရှိလူကြားစေရန် ကျယ်ကျယ်အော်ပြောခြင်းဖြစ်သည်။ ပုံဥပမာခိုင်းနှိုင်းပြောဆိုသော အသုံးအနှုန်းလည်းဖြစ်ပါသည်။
"ဂုဏ်သိက္ခာ၊ ဂုဏ်" ဟူသောဝေါဟာရသည် တစ်စုံတစ်ယောက်ကို လေးစား၊ အထင်ကြီး၊ ကြောက်ရွံ့ရိုသေခြင်းဖြစ်သည်။
ဂရုဏာတော်၊ ဂရုဏာကြီးသော ဟူသောဝေါဟာရများသည် လိုအင်ရှိသောသူများ၊ အထူးသဖြင့် နိမ့်ကျသော သို့မဟုတ် နှိမ့်ချသည့်အခြေအနေတွင်ရှိသောသူများကို ကူညီခြင်းကိုဆိုလိုသည်။
ငရဲသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ယေရှု၏ အသေခံခြင်းဖြင့် ကယ်တင်ခြင်းသတင်းကို ပြငြင်းပယ်သောသူများကို ဘုရားသခင်အပြစ်ဒဏ်ပေးသောနေရာသည် "မီးအိုင်" ဟုလည်း ခေါ်သည်။
စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း ဆိုသောဝေါဟာရသည် မနှစ်မြို့ဖွယ်ဖြစ်ခြင်း၊ သို့မဟုတ် အလွန်အမင်းသဘောမကျခြင်း စသည်ကိုဆိုလိုခြင်းဖြစ်သည်။
စင်ကျူရီယန် ဆိုသည်မှာ စစ်သား (၁ဝဝ) ကိုအုပ်ချုပ်ရသော ရောမတပ်မှူးဖြစ်သည်။
စစ်ကြောစီရင်သောနေ့ဟူသည် အနာဂါတ်မှာ ဘုရားသခင်ကလူတွေကို စီရင်သောနေ့ကို ရည်ညွှန်းသော ဝေါဟာရဖြစ်သည်။
မာရ်နတ်သည် ဘုရားသခင်ဖန်ဆင်းခဲ့သော ဝိညာဉ်တစ်ပါးဖြစ်သည်။ သို့သော်လည်း သူသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီး ဘုရားသခင်၏ ရန်သူဖြစ်ခဲ့သည်။ မာရ်နတ်ကို စာတန်၊ မကောင်းသောအရာဟုလည်း ခေါ်သည်။
သမ္မာကျမ်းတွင် "စိတ်" ကို လူတစ်ယောက်၏ အတွေး၊ စိတ်ခံစားမှု၊ ဆန္ဒ (သို့) အလိုကို ဖော်ပြရာ၌ အသုံးပြုသည်။
စိတ်ဝိညာဉ်သည် အတွင်းဆုံးသောအရာဖြစ်ပြီး လူတစ်ဦး၏အတွင်းထဲမှ ဖြစ်သည်။ ထိုအရာသည် မြင်နိုင်သောလူ၏ကိုယ်ထည်မဟုတ်သောအရာကို ရည်ညွန်းခြင်းဖြစ်သည်။
စုံစမ်းခြင်းဟူသည့် အသုံးအနှုန်းသည် တစ်စုံတစ်ယောက်၏ ခံနိုင်ရည်နှင့် အားနည်းချက်များကို ဖော်ထုတ်ရန်အတွက် ကြုံတွေ့ရတတ်သော နာကျင်ခံစားမှုများကို ဆိုလိုပါသည်။
"ဆက်ကပ်အပ်နှံခြင်း" ဆိုသည်မှာ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ဘုရားအမှုတော်အတွက် ဆက်ကပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆက်ကပ်အပ်နှံခံရသော သူသည် သန့်ရှင်းပြီး ဘုရားအတွက်ဖြစ်သည်ဟု ယူဆပါသည်။
'အရှင်ဘုရား' ၏ အနက်အဓိပ္ပါယ်ကား 'အရှင်သခင်' (သို့) 'ဆရာသခင်' ဟူ၍ ဖြစ်သည်။
"ဆာလံသီချင်း" ဟူဆိုသော အသုံးအနှုန်းသည် သန့်ရှင်း၍ အထွတ်အမြတ်ထားသော သီချင်းကိုရည်ညွန်းသည်။ တခါတစ်ရံ သီဆိုရန်အတွက်ရေးစပ်ထားသော ပုံစံဖြင့် နားလည်နိုင်သည်။
ဆိုးယုတ်သော နှင့် ဆိုးညစ်သော ဟူသည့်ဝေါဟာရများသည် ဘုရားသခင်၏သန့်ရှင်းသောသဘောနှင့်အလိုတော်တို့ နှင့်ဆန့်ကျင်သော အရာအားလုံးကိုရည်ညွှန်းသည်။
ဆုတောင်းခြင်း ဟူသော စကားလုံးသည် ဘုရားသခင်ထံ စကားပြောခြင်း ကိုရည်ညွန်းသည်။ ဤစကားလုံးသည် မမှန်ကန်သော ဘုရားထံ စကားပြောဆိုခြင်းကိုလည်း ရည်ညွန်းသည်။
'ဆုံးမသွန်သင်ခြင်း' ဆိုသည်မှာ စံပြုထားသောအပြုအမူ ရရန်အတွက် သတ်မှတ်ထားသော စည်းမျဥ် စည်းကမ်းနှင့်အညီ သွန်သင်လေ့ကျင့်ပေးခြင်းကို ဆိုလိုသည်။
ဇဒ္ဒုကဲများသည် ယေရှုခရစ်တော်အသက်ရှင်ချိန်တွင် ယဇ်ပရောဟိတ်အကြီးအကဲ အုပ်ချုပ်သောသူများ ဖြစ်ခဲ့ကြပြီး ရောမ၏အုပ်ချုပ်မှုကို ထောက်ခံသောသူများနှင့် ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ခဲ့ကြသော သူများဖြစ်သည်။
"ဇိအုန်၏ သမီးပျို" ဟူသည့်စကားလုံး သည် ဣသရေလလူမျိုးတို့ကိုခေါ်ဆိုသုံးနှုန်းထားခြင်း ဖြစ် ပါ သည်။ တစ်ခါတစ်ရံ ပရောဖက်များကို ခေါ်ဆိုရာ၌လည်းအသုံးပြုတတ်ပါသည်။
"ဇီးအုန်" သို့မဟုတ်" ဇီးအုန်တောင်ဟူသောဝေါဟာရသည် ဒါဝိဒ် မင်းက "ယေဗုသိ" လူတို့လက်မှ သိမ်းပိုက်ခဲ့သောခံတပ် သို့မဟုတ် ရဲတိုက်ဟူဆိုလို၏။ ထိုဝေါဟာရနစ်ခုစလုံးသည် တနည်းအားဖြင့် "ယေရှရှလင်" ကို ရည်ညွန်းဖြင်းဖြစ်သည်။
ညီအစ်ကို ဆိုသည်မှာမိဘတစ်ဦးဦးအားဖြင့် သွေးသားတော်စပ်သော ယောကျာ်းနှစ်ဦးဖြစ်သည်။
တစ်ဆယ့်နှစ် ဂဏန်းသည် လူဆယ့်နှစ်ယောက်ဖြစ်ပြီး သခင်ယေရှုက တပည့်တော်များရွေးချယ်ခဲ့သည် သို့မဟုတ် တမန်တော်များဟု အဓိပ္ပာယ်ရပါသည်။ ယုဒသည် သူ့ကိုယ်သူ လုပ်ကြံသတ်ဖြတ်ပြီးတဲ့နောက်တွင် ဆယ်တစ်ပါးဟု ခေါ်ဆိုပါတော့သည်။
ဂျူးအနွယ်ဝင်မဟုတ်သောသူ မှန်သမျှကို "တစ်ပါးအမျိုးသား" (သို့) ဟေလသလူ ဟုခေါ်သည်။ ထိုသူတို့သည် ယာကုပ်၏မျိုးနွယ်စုမှ ဆင်းသက်လာသူများ မဟုတ်ချေ။
'အဇုမပွဲ' ဝေါဟာရသည် အခြားအချဉ်မဖောက်ထားသောမုန့် သို့မဟုတ် တဆေးမပါသောမုန့်ကို ရည်ညွှန်းသည်။
တန်ခိုး ဟူသောစကားလုံးသည် အမှုအရာတစ်ခုခုကို လုပ်နိုင်စွမ်း ရှိသော အရည်အချင်း ဟုအဓိပ္ပါယ် ရသည်။ တန်ခိုးဟူသည် လူ သို့မဟုတ် ဝိညာဉ်တို့၏ တတ်စွမ်းနိုင်သော အရည်အချင်းကို ရည်ညွှန်းသည်။
"တပည့်" ဆိုသည်မှာ အချိန်ယူပြီး ဆရာထံမှ ဆရာ၏ပညာများနှင့်အတူ အမူအကျင့်များကို လေ့လာသင်ကြားမှုခံယူသူကို "တပည့်"ဟု ခေါ်သည်။
တမန်တော်များသည် ဘုရားသခင်နှင့်ဘုရားသခင်နိုင်ငံတော်အကြောင်းဟောပြောရန် ယေရှုစေလွှတ်သောသူများဖြစ်သည်။ တမန်တော်ဖြစ်ခြင်းဆိုသောစကားမှာ တမန်တော်အဖြစ်ရွေးချယ်ခန့်အပ်ခံရသောသူများကိုဆိုလိုခြင်းဖြစ်သည်။
တရားစရပ် ဆိုသည်မှာ ဂျုးလူမျိုးများဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန်တည်ဆောက်ထားသောနေရာဖြစ်သည်။
တရားသူကြီးနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း ဤစကားလုံးနှစ်လုံးသည် တစုံတစ်ခုကို မှန်သော၊ မှားသော အမှုကိစ္စဟူ၍ ခွဲခြားဆုံးဖြတ်ရန်ဖြစ်သည်။
ဘုရားသခင်၏ ပညတ်တရားတော်အရ လူတွေကို စီရင်ဆက်ဆံသည်။ လူသားများ၏ ပညတ်တရားသည် ဘုရားသခင်၏ ဖြောင့်မှတ်သော အမူအကျင့်အားဖြင့် စီရင်မည်။
တလ္လားတော်အဖုံးဆိုသည်မှာ ပဋိညာဉ်သေတ္တာကို ဖုံးအုပ်ထားသောရွှေပြားဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်များတွင် တလ္လားတော်အဖုံးအကာ ဟုဘာသာပြန်ဆိုထားသည်။
"တိုက်တွန်းသွေးဆောင်သည်" သည်မှန်ကန်သောအရာကိုပြုလုပ်ဖို့ တစ်စုံတစ်ယောက်ကို အားပေးခြင်းနှင့်တိုက်တွန်းခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အားပေးခြင်းမျိုးကို တိုက်တွန်းသွေးဆောင်ခြင်း ဟုခေါ်သည်။
တဲတော်သည် အထူးဖွဲ့စည်းတည်ဆောက်ထားသော တဲဖြစ်သည်။ ထိုနေရာတွင် ဣသရေလ လူမျိုးများသည် အနှစ် (၄ဝ) ပတ်လုံး သဲကန္တာရတွင် သွားလာရင်း ကိုးကွယ်ခဲ့သော နေရာ ဖြစ်သည်။
"ထာဝရ" နှင့် "နိစ္စ"ဟူသည်မှာ အဓိပ္ပါယ် တူကြပြီး၊ အမြဲတမ်းတည်ရှိသောအရာ သို့မဟုတ် အမြဲတမ်းတာရှည်ခံမည့်အရာ ကိုရည်ညွှန်းသည်။
ထောင့်စွန်းကျောက် ဆိုသည်မှာ အဆောက်အအုံ၏ အောက်ခြေထောင့်စွန်းအထွက် သေချာစွာဖြတ်တောက်ထားသော ကျောက်တုံးဖြစ်ပါသည်။
လွန်ကျူးခြင်း သည် အပြစ် နှင့်အလွန်ဆင်တူသည့်စကားလုံးဖြစ်သည်၊ သို့သော်လည်း သိလျက်နှင့်ပြုလုပ်သည့်အမှား သို့မဟုတ် ကြီးမားသောမှားယွင်းခြင်းကို ပို၍ရည်ညွှန်းသည်။
ဤစကားလုံးသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သော "နတ်ဆိုး" ကို ခေါ်ဆိုခြင်း ဖြစ်သည်။
"နတ်ဆိုးစွဲသူ" ဆိုသည်မှာ သူ၏စဥ်းစားညာဥ်နှင့် အပြုအမူများ အားလုံးတွင် နတ်ဆိုး၏ထိန်းချုပ်ခြင်းခံရသူကို ဆိုလိုသည်။
အခြားသောသူများထက်ပို၍ သာလွန်သည်ဟူသော စိတ်နေသဘောထားမရှိပဲ "နှိမ့်ချသော" သဘောကို ရည်ညွန်းသည်။ "နှိမ့်ချသော" သူသည် ဝါကြွားခြင်းမာန်မာနထောင်လွားခြင်းမရှိ။ "နှိမ့်ချခြင်း" သည် "နှိမ့်ချသောသူဖြစ်ခြင်း" ဟု အဓိပ္ပာယ်ရသည်။
"နာဇရက်သစ္စာပြုသူများ"စကားလုံးသည် နာဇရက်သစ္စာပြုသော သူကိုရည်ညွန်းသည်။
သမ္မာကျမ်းစာထဲ၌"နာမည်"ဆိုသောစကားလုံးကို ပုံစံအမျိုးမျိုးဖြင့်အသုံးပြုထားသည်။
"နိမိတ်လက္ခဏာ" သည်ဘုရားသခင်မလုပ်ပါကမဖြစ်နိုင်သော အံ့ဩစရာကောင်းသောတစ်စုံတစ်ခု ဖြစ်သည်။
"နောက်ဆုံးသောကာလ" (သို့) "နောင်ကာလများ" ဝေါဟာရတို့ သည် လက်ရှိအချိန်ကာလ၏ အဆုံးပိုင်းကို ယေဘုယျအားဖြင့် ရည်ညွန်းသည်။
"နောင်တ" နှင့် "နောင်တရခြင်း" ဝေါဟာရသည် အပြစ်ကနေထွက်ခွာခြင်းနှင့် ဘုရားသခင်ဘက်သို့ပြန်လှည့်လာခြင်းဖြစ်သည်။
ရက်သတ္တပတ်ပွဲတော််သည်ပသခါပွဲအပြီးရက်ငါးဆယ်မြောက်ရောက်သောနေ့တွင်ယုဒလူမျိုးတို့ကျင်းပသောပွဲဖြစ်သည်။ ၎င်းသည်နောက်ပိုင်းတွင် ပင်တေကုတ္တေပွဲဟု ရည်ညွှန်းလာပါသည်။
ဤဝေါဟာရများအားလုံးသည် ဣသရေလများ နာခံရန် အတွက် မောရှေထံ ဘုရားသခင်ပေးခဲ့သော ညွန်ကြားချက်များ နှင့် ပညတ်တော်များကို ရည်ညွန်းသည်။ "ပညတ်တော်" နှင့် "ဘုရားသခင်၏ပညတ်တော်" စသည့် ဝေါဟာရများကို ဘုရားသခင်က သူ၏လူမျိုးတော်အား နာခံစေချင်သော အရာအားလုံးကို ယေဘုယျအနေဖြင့် ရည်ညွန်းရန်အတွက် ပို၍ အသုံးပြုခြင်းခံရသည်။
''ပညာရှိသည်'' ဟူသော ဝေါဟာရသည် မှန်သောအရာနှင့် ကိုယ့်ကျင့်တရားအတိုင်း လုပ်ဆောင််ရန် နားလည်သောသူကို ဖော််ပြခြင်းဖြစ်သည်။ ''ဉာဏ်ပညာ'' သည် ''မှန်ကန်သောအရာ'' နှင့် ကိုယ့်ကျင့်တရားဆိုင်ရာ အမှန်တရားများကို နားလည်ပြီး ကျင့်ဆောင်နိုင်ခြင်းဖြစ်သည်။
"ပဋိညာဉ်" ဆိုသည်မှာ နှစ်ဦးနှစ်ဖက် သဘောတူထားပြီး နှစ်ဦးနှစ်ဖက်ပြည့်စုံအောင်ဆောင်ရွက်ရသောအရာဖြစ်သည်။
ဤစကားမှာ လူသားများအပေါ်ဘုရားက ပြုလုပ်ပေးမည့်ကတိစကားများဖြစ်ပါသည်။
ဤစကားသည် ရွှေကွပ်ထားသောသစ်သားပုံး၊ အထဲတွင် ပညတ်တော် (၁၀) ပါးရေးသားထားသော ကျောက်ပြားနှစ်ချပ်ကိုထည့်သွင်းထားသည်။ အာရုန်၏တောင်ဝှေးနှင့် မာနမုန့်ဖလားပါရှိပါသည်။
ပျက်စီး ဟူသောဝေါဟာရသည် အကြမ်းဖက်ခြင်း(သို့)အခြားဘေးအန္တရာယ်ဖြင့် သေကြေခြင်း (သို့) ဖျက်စီးခြင်းဟု အဓိပ္ပါယ်ရသည်။ သမ္မာကျမ်းစာတွင် ထာဝရငရဲသို့ပြစ်ဒဏ်ပေးခြင်းဟု အဓိပ္ပါယ်ရသည်။
"ပရောဖက်" သည် ဘုရားသခင်၏ သတင်းစကားတော်ကို လူများဆီသို့ ဖွင့်ဟပြောဆို သောသူဖြစ်သည်။ ဤကဲ့သို့ဖွင့်ဟပြောဆိုသော အမျိုးသမီးကို "ပရောဖက်မ" သို့မဟုတ် "အမျိုးသမီးပရောဖက်"ဟု ခေါ်သည်။
ပြစ်မှုကျူးလွန်ခြင်းဟု ဆိုရာ၌ ထာဝရဘုရား၏ ပညတ်တော်ကို ချိုးဖောက်ခြင်း၊ သူတပါးအားထိခိုက်နစ်နာစေသော အပြုအမူများ ပြုလုပ်ခြင်းကို ဆိုလိုသည်။
"ပြည့်စုံစေသည်" ဟူသောစကားလုံးသည် မျှော်လင့်ထားသောအရာတစ်စုံတစ်ခုကို ပြီးမြောက်စေရန် (သို့) ဖြစ်မြောက်စေရန် ဟု အဓိပ္ပါယ်ရသည်။
ပြန်လည်သင့်မြတ်သည် (သို့) ပြန်လည်သင့်မြတ်ခြင်းဟူသော ဝေါဟာရသည် အချင်းချင်းရန်ပြုနေသည့်လူနှစ်ဦးကြားတွင် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းဖြစ်သည်။
"အရင်ကဲ့သို့ ဖြစ်စေသည်" နှင့် "အသစ်ပြုပြင်တော်မူသော" ဆိုသည်မှာ အကြောင်းအရာတစ်ခုသည် နဂိုမူလနေရာ ပြန်လည်ရောက်ရှိလာခြင်း နှင့် ကောင်းသောအခြေအနေ ဖြစ်လာသည်ကိုရည်ညွှန်းပါသည်။
ပလ္လင်ဆိုသည်မှာ ဣသရေလလူမျိုးများ ဘုရားသခင်ကို တိရစ္ဆာန်၊ အသီးအနှံများပူဇော်ရန် မီးရှို့ တင်လှူသောနေရာမြင့်တစ်ခုဖြစ်သည်။
ပသခါပွဲဟူသည် ဘာသာရေးပွဲတစ်ခုဖြစ်၍ ဣသရေလလူမျိုးများ အဲဂုတ္တုပြည် ကျွန်ခံရာမှကယ်တင်ခဲ့သည့်အကြောင်းကို အမှတ်ရရန် ယုဒလူမျိုးများနှစ်စဉ်ကျင်းပသည့် ဘာသာရေးပွဲတော်ဖြစ်သည်။
ပုံဥပမာ ဟူသောစကားလုံး၏အဓိပ္ပါယ်သည် အဖြစ်အပျက်အတိုအထွာများ သို့မဟုတ် သင်ခန်းစာယူနိုင်မည့်အရာတစ်ခုဖော်ပြခြင်း သို့မဟုတ် အမှန်တရား တစ်ခုခုကို သင်ပြပေးသည့် ပုံဝတ္ထုဖြစ်သည်။
"ဖြောင့်မတ်သော" နှင့် "ဖြောင့်မတ်ခြင်း" သည် ဘုရားသခင်၏ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ တရားမျှတခြင်း၊ ကောင်းမြတ်ခြင်းတို့ကိုရည်ညွှန်းသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်သည်။ အပြစ်ကိုစီရင်သောဘုရားဖြစ်သည်။
ဖာရိရှဲများသည် ယေရှုအချိန်အခါတွင် သြဇာညောင်းသော ယုဒဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည်။
"ဗျာဒိတ်" ဆိုသည်မှာ အကြောင်းအရာတစ်ခုကို သိရှိစေခြင်းဖြစ်သည်။ "ဗျာဒိတ်တော်" သည် ဖြစ်လာမည့် အရာကို သိရှိဖွင့်ဟပြီးခြင်း ဖြစ်သည်။
ဗိမာန်တော်အဆောက်အဦးဝန်းသည် နံရံများဖြင့် ကာရံထားပြီး ထိုနေရာသည် ဣသရေလလူမျိူးများ ဆုတောင်းသောနေရာနှင့် ဘုရားသခင်ကို ယဇ်ပူဇော်ရန် ပြုလုပ်ရန်လာသောနေရာဖြစ်သည်။ ထိုနေရာသည် ယေရှုရှလင် မြို့ထဲ ရှိမောရိတောင်ပေါ်တွင်ရှိသည် ။
ဘိသိက်ဆိုသောစကားမှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ဆီဖြင့်လိမ်းသပ်ခြင်းဖြစ်သည်။ ထိုဆီကို အမွှေးနံ့သာရောထားလေ့ရှိသည်။ ဤစကားသည် သန့်ရှင်းသောဝိညာဉ်တော်က တစ်စုံတစ်ယောက်ကိုရွေးချယ်တင်မြှောက်ခြင်းကိုလည်း ရည်ညွှန်းပါသည်။
ယေဘုယျအားဖြင့် "ဘုန်းတော်" ဟူသော စကားလုံး၏ အဓိပ္ပါယ်သည် ရိုသေလေးမြတ်ခြင်း၊ ပြည့်စုံခြင်း နှင့် အလွန်ကြီးမြတ်ခြင်းဖြစ်သည်။ "ဘုန်းတော်" ဟူသော စကားလုံးသည် အချိန်တိုင်းတွင် "ခမ်းနားကြီးကျယ်ခြင်း" ဖြစ်သည်။
"ဘုရားသခင်၏သားတော်" ဟုဆိုရာတွင် ယေရူခရစ်တော်ကို ပြောပြနေခြင်းဖြစ်ပြီး လူသားတစ်ဦးအနေဖြင့် လူ့လောကသို့ လာရောက်ထားခြင်းကို နူတ်ကပတ်တော်ထဲတွင် ဖော်ပြထားသည်။ သူကိုယ်တိုင်သည်လည်း တခါတရံ "သားတော်" အနေဖြင့် ရည်ညွန်းထားသည်။
သမ္မာကျမ်းစာထဲတွင် ''ဘုရားသခင်'' ဟူသောဝေါဟာရသည် ဘာမှမရှိသောအရာထဲမှ စကြာဝဠာကိုဖန်ဆင်းသူဟု ရည်ညွန်းထားသည်။ ဘုရားသခင်သည် အဖကဲ့သို့၎င်း၊ သားတော်ကဲ့သို့၎င်း၊ သန့်ရှင်းသောဝိညာဥ်ကဲ့သို့၎င်း၊ တည်ရှိသောဘုရားဖြစ်သည်။ ဘုရားသခင်၏အမည်နာမသည် "ယေဟောဝါ'' ဖြစ်သည်။
"သခင်" ဟူသည် "ပိုင်ရှင်" (သို့) "အခွင့်အာဏာရှိသူ" တစ်ဦးဦးကို ရည်ညွန်းခြင်းဖြစ်သည်။
"ဘုရားသခင်၏ သားတော်" ဟူသော စကားလုံးတွင် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။
ကျမ်းစာတွင် "ဘုရားသခင်၏နှုတ်ကပတ်တော်" ဟူသော အသုံးအနှုန်းသည် ဘုရားသခင်မှ လူများကို ပြောကြားသောအရာကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ ဤအကြောင်းအရာတွင် ပြောသောစကား၊ ရေးသားသောစာတို့ပါဝင်သည်။ ယေရှုသည် "ဘုရားသခင်၏နှုတ်ကပတ်တော်" ဟုခေါ်သည်။
"ဘုရားသခင်၏နိုင်ငံတော်" နှင့် "ကောင်းကင်နိုင်ငံတော်" သည် သူ၏လူများနှင့် သူဖန်ဆင်းထားသောအရာများပေါ် အာဏာသက်ရောက်မှုကို ရည်ညွန်းပါသည်။
ဓမ္မဟောင်းခေတ်တွင် ဘုရားသခင်ကဣသရေလလူမျိုးများ ပြစ်ဒဏ်ပေးမည့်အချိန်မျိုး၌ အထူး သဖြင့် ဤစကားလုံးကို အသုံးပြုခဲ့သည်။
ပုံသဏ္ဍာန် ဟူသောဝေါဟာရသည် အခြားတစ်ခုနှင့်တူသော သို့မဟုတ် တစ်စုံတစ်ယောက်နှင့် စရိုက် သို့မဟုတ် အတွင်းသဘောဖြင့်သော်လည်းကောင်း တူညီမူကိုရည်ညွှန်းသည်။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် ဟူသည့်ဝေါဟာရသည် နောက်ခံအကြောင်းအရာပေါ်မူတည်၍ကွဲပြားစွာ အသုံးပြုထားသည်။
"ဘုရား၏လူ" ဟူသောဝေါဟာရသည် ဘုရားသခင်သည် သူနှင့်အထူးဆက်သွယ်နိုင် အထူးရွေးကောက် ခေါ်တော်မူသော လူမျိုးကို ရည်ညွှန်းပါသည်။
''ဘုရားသခင်၏အလိုတော််'' သည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် အစီအစဥ််များကို ရည်ညွှန်းပါသည်။
သမ္မကျမ်းစာထဲတွင် "ဘုရားသခင်၏အိမ်တော်" ဟူသော စကားစုသည် ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုသောနေရာကို ရည်ညွန်းသည်။
ဘုရားသခင်နှင့်ဆပ်ဆိုင်သောအရာများကို 'ဘုရားသခင်ကဲ့သို့အရာ'ဟု ခေါ်သည်။
" ထိုက်တန်သည်" ဟူသော အသုံးအနှုန်းသည် တစုံတယောက်သည် လေးစားရန် ထိုက်တန်ကြောင်းဖော်ပြရန် သုံးသည်။ "ထိုက်တန်မှုရှိသည်" ဆိုသည်မှာ အရေးကြီးသည် သို့မဟုတ် "တန်ဖိုးရှိသည်" ဟု အဓိပ္ပါယ်ရှိသည်။ "မထိုက်တန်" ဟူသော အသုံးအနှုန်းသည် တန်ဖိုးမရှိဟု အဓိပ္ပါယ်ရသည်။
သမ္မာကျမ်းစာတွင် မထီမဲ့မြင်ပြုခြင်း ဆိုသည်မှာ ဘုရား သို့မဟုတ် လူကို စကားအားဖြင့်လွန်စွာ ပြစ်မှားပြောဆိုခြင်းဖြစ်သည်။ ပုတ်ခတ်ပြောဆိုခြင်းဖြင့် လူတစ်ယောက်ကို အခြားသူများ အဆိုးမြင်သွားစေပါသည်။
"မနာလိုသော" နှင့် "မနာလိုဖြစ်ခြင်း" ဟူသော ဝေါဟာရကို ဆက်ဆံရေးတခု၏ ဖြူစင်မှုကို ကာကွယ်ချင်သော ပြင်းပြသော စိတ်ဆန္ဒတခုဖြစ်သည်။ ပိုင်ဆိုင်မှုတခုခုကို ထိန်းသိမ်းရန် ပြင်းပြသော ဆန္ဒကိုလည်း ရည်ညွှန်းသည်။
မန္နသည် ဣသရေလလူမျိုးများအီဂျစ်ပြည်မှထွက်ခွါပြီး သဲကန္တာရတွင်နှစ်ပေါင်းလေးဆယ်ကျင်လည်စဉ် ဘုရားသခင်မှချပေးသော ဖြူသောအရောင်ရှိအစေ့ဆန်များကဲ့သို့ဖြစ်သည့်မုန့်ဖြစ်သည်။
"မယုံကြည်ထိုက်သော" ဟူသော ဝေါဟာရသည် ယုံကြည်ခြင်းမရှိသော (သို့) မယုံကြည်သော ဟူ၍ အဓိပ္ပါယ်ရှိသည်။
"မျက်နှာသာ" ဆိုသည်မှာ အပြုသဘောဆောင်သူကို အကျိုးကျေးဇူးရှိခြင်းကို "မျက်နှာသာရခြင်း" ဟုဆိုလိုသည်။ "အပြုသဘောဆောင်သော" "သဘောကျသော" (သို့) "အကျိုးပြုသော" "မျက်နှာသာရသော" အရာတစ်ချို့ကိုဆိုသည်။
ဤဝေါဟာရသည် တစုံတခုဖြစ်လာရန် ဆန္ဒပြင်းပြပြီး အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခြင်းကို ရည်ညွန်းသည်ကို ဆိုလိုပါသည်။
"မြည်တမ်းသည်" နှင့် "ငိုကြွေးမြည်တမ်းခြင်း" စသည့် ဝေါဟာရသည် ဝမ်းနည်းကြေကွဲခြင်း၊ ပူဆွေးခြင်း၊ သောက ပူဆွေးခြင်း စသည့် ပြင်းထန်သော ခံစားချက်ကို ရည်ညွန်းသည်။
ဤဝေါဟာရသည် ကလေးတစ်ယောက်အား မိမိ၏တရားဝင်သားသမီးဖြစ်လာစေရန်လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။
အမှန်တကယ်တည်ရှိခြင်း၊ ဖြစ်ပျက်ခြင်း၊ ဖော်ပြခြင်းသဘောဆောင်သော အဓိပ္ပာယ်ရှိသည်။
မှာင်းယွင်းသောဘုရားဟူသည်မှာ စစ်မှန်သောဘုရားကို ကိုးကွယ်မည့်အစ မှားယွင်းသောဘရားကို ကိုးကွယ်နေခြင်းကို ဆိုသည်။ "နတ်ဘုရားမ" ဟူသည့်အသုံးအနှုန်းမှာ မှားယွင်သောနတ်ဘုရားမ ကိုရည်ညွန်းသည်။
ယေဘုယျအားဖြင့် "မိတ်သာဟာရ" ဟူသည်မှာ စိတ်၀င်စားခြင်းများနှင့် အတွေ့ကြုံမျာကို ခင်မင်ရင်နှီးစွာမျှဝေတတ်သော လူအုပ်စုကြား ပြုမူခြင်းကို ရည်ညွန်းသည်။
"မိန်းမလျှာ" သည်သာမန်အားဖြင့် သင်းကွပ်ထားသောအမျိုးသားကို ရည်ညွှန်းသည်။ နောက်ပိုင်းတွင် ဤအသုံးအနှုန်းသည် မည်သည့်အနာအဆာမျှမရှိသော အစိုးရဝန်ထမ်းတိုင်းကို ရည်ညွှန်းသော စကားလုံးဖြစ်လာသည်။
မုရန် သည် အာရှနှင့် အာဖရိကတွင်တည်ရှိသော မုရန်ပင်၏အစေးမှပြုလုပ်သော ဆီ သို့မဟုတ် အမွှေးအကြိုင် ဖြစ်သည်။ လော်ဗန် နှင့်ဆက်စပ်သည်။
"မေတ္တာ" ဟူသည် တစ်စုံတစ်ဦကို ဂရုစိုက်ခြင်း၊ တစ်စုံတစ်ဦးအတွက် အကျိုးဆောင်ပေးခြင်း ကိုဆိုလိုသည်။ "မေတ္တာ" တွင် အနက်အဓိပ္ပာယ်အမျိုးမျိုး ရှိသည်။ ၎င်းတို့မှာ -
(၁) ဘုရားသခင့်ထံတော်ပါးမှ လာသော မေတ္တာဖြစ်သည်။ ထိုမေတ္တာသည် ကိုယ်ကျိုးမဖက်ဘဲ သူ့အကျိုးဆောင်သော မေတ္တာမျိုးဖြစ်သည်။ သူမည်သည့်အရာကို လုပ်နေသည်ဖြစ်စေ သူ့ကိုဂရုစိုက်မှုပေးနိုင်သော မေတ္တာဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ချစ်ခြင်းမေတ္တာဖြစ်၍ မေတ္တာစစ် မေတ္တာမှန် ပေါက်ဖွားရာ ဇာစ်မြစ်လည်းဖြစ်သည်။
(၂) နောက် မေတ္တာ တစ်မျိုးမှာ မိသားစုမေတ္တာ (သို့) မိတ်ဆွေမေတ္တာဖြစ်သည်။
(၃) နောက်ထပ်တစ်မျိုးမှာ အမျိုးသား နှင့် အမျိုးသမီး တို့အချင်းချင်း ထားကြသော အိမ်ထောင်ရေးမေတ္တာ ဖြစ်သည်။ (၄) "ယာကုပ်ကိုငါချစ်၏။ ဧသောကိုငါမုန်း၏" ဟူသော ပုံဆောင်ဖော်ပြချက်တွင် "ချစ်ခြင်း" သည် "ရွေးချယ်ခြင်း" ကိုဆိုလိုသည်။ ဘုရားသခင်သည် သူနှင့်ပဋိညာဉ်ဖွဲ့ရန် ယာကုပ်အားရွေးချယ်ခဲ့သည်။ ဧသောကိုမူ သူနှင့် ပဋိညာဉ်ဖွဲ့ရန် အခွင့်မပေးခဲ့ပေ။ ကောင်းကြီးသာလျှင်ပေးခဲ့သည်။ ဤနေရာ၌ "မုန်းခြင်း" သည် "ငြင်း ပယ်ခြင်း" ကိုဆိုလိုသည်။
ဤမေတ္တာမျိုးကို ဘာသာပြန်ဆိုရာ၌ "ပုံအပ်ခြင်း"၊ "ကိုယ်ကျိုးမဖက် ဂရုစိုက်ပေးခြင်း"၊ "ဘုရား သခင့်ထံမှလာသောချစ်ခြင်း" စသဖြင့် ပြန်ဆို၍ရသည်။ သို့သော် ဘုရားသခင်၏မေတ္တာသည် ကိုယ်ကျိုးစွန့်၍ သူတပါးအကျိုးဆောင်သော မေတ္တာဖြစ်ကြောင်း စာဖတ်သူများကွက်ကွက်ကွင်း ကွင်းမြင်နိုင်အောင် ဘာသာပြန်ဆိုပေးရမည်။
သမ္မာကျမ်းစာတွင် ယဇ်ပရောဟိတ်နှင့် ယဇ်ပရောဟိတ်အမှု အသုံးအနှုန်းများသည် လူများကိုဘုရားသခင်အကြောင်းသင်ပေးခြင်းနှင့် သူတို့၏ဝိညာဉ်ရေးရာလိုအပ်ချက်များကို ဂရုစိုက်ပေးခြင်းကိုဆိုလိုသည်။ ဤသို့လူများအမှုကိုဆောင်သောသူကို ယဇ်ပရောဟိတ် ဟုရည်ညွှန်းနိုင်သည်။
ကျမ်းစာထဲ၌ ယဇ်ပုရောဟိတ် တစ်ယောက်သည် ဘုရားသခင်၏ကိုယ်စား ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်း ပြုလုပ်ရန် ရွေးချယ်ခြင်းခံရသောသူ ဖြစ်သည်။
"ယဇ်ပုရောဟိတ်မင်း" ဟူသောဝေါဟာရသည် အခြားသော ဣသရေလ ယဇ်ပုရောဟိတ် အားလုံးကို တစ်နှစ်ဦးဆောင်ရန် အထူးခန့်အပ်ခံရသော ယဇ်ပုရောဟိတ်ကို ရည်ညွန်းသည်။
ယေဘုယျအားဖြင့် "ယုံကြည်ခြင်း" ဟူသော ဝေါဟာရသည် တစ်စုံတစ်ဦးကို ယုံကြည်မှု (သို့) ယုံကြည်စိတ်ချမှုကို ရည်ညွန်းသည်။
"ယုံကြည်သည်" နှင့် "စိတ်ချယုံကြည်သည်" ဤအသုံးအနှုန်းနှစ်ခုသည် အဓိပ္ပါယ်နီးစပ်သော်လည်း အနည်းငယ်ကွာခြားသည်။
'ယုံကြည်သည်' ဟု ဆိုရာ၌ တစ်စုံတယောက်၊ အရာဝတ္ထုတခုခုအား အရည်အသွေးနှင့် စွမ်းဆောင်ရည်ပေါ်တွင် ယုံကြည်မှုရှိခြင်းဖြစ်သည်။ 'ယုံကြည်အားကိုးထိုက်သောသူ' ယုံကြည်အားကိုးခြင်းခံထိုက်သောသူဖြစ်သဖြင့် သင့်အနေဖြင့် ယုံကြည်ရခြင်းဖြစ်သည်။
"ယုဒရှင်ဘုရင်" ဟူသော အသုံးအနှုန်းသည် ယေရှု၊ မေရှိယကို ပေးသော ရာထူးဖြစ်သည်။
ယုဒလူမျိုးသည် အာဗြဟံ၏ မြေးယာကုပ်၏ မျိုးဆက်များဖြစ်သည်။
ယေရှုသည်ဘုရားသခင်၏ သားတော်ဖြစ်သည်။ ယေရှု၏ အဓိပ္ပာယ်မှာ "ယေဟောဝါကယ်တင်တော်မူသည်" ဟု ဆိုလိုသည်။ "ခရစ်တော်" ဆိုသည်မှာ ဘွဲ့ရာထူးဖြစ်ပြီး "ဘိသတ်ခံရသူ" ဟု ဆိုလိုသည်။ မေရှိယဟူ၍လည်း ခေါ်သည်။
ဓမ္မဟောင်းကျမ်းတွင် "ယေဟောဝါ" ဟု သုံးတိုင်း တစ်ဆူတည်းစစ်မှန်သောဘုရားကို ရည်ညွန်းခြင်း ဖြစ်သည်။
'ရွေးနုတ်ခြင်း' ဟူသော ဝေါဟာရသည် တောင်းဆိုမှုအပေါ် ပေးရသည့် အဖိုးအခ (သို့) ဖမ်းဆီးခံရသူ တစ်ဦးအား ပေးရသော အဖိုးအခကို ဆိုလိုသည်။
'ရွေးနုတ်သည်' နှင့် 'ရွေးနုတ်ခြင်း' ဟူသော ဝေါဟာရသည် ယခင်ပိုင်ဆိုင်ဖူးသော တစ်စုံတစ်ခုအား ပြန်လည်ယူဝယ်ယူခြင်းကို ဆိုလိုသည်။ 'ရွေးနုတ်သူ' သည် တစ်စုံတစ်ခု (သို့) တစ်စုံတစ်ဦးအား ပြန်လည်ရွေးယူသော ပုဂ္ဂိုလ်ဖြစ်သည်။
"ရှင်ပြန်ထမြောက်ခြင်း" ဝေါဟာရသည် သေပြီးနောက် ပြန်၍ အသက်ရှင်လာခြင်းကို ရည်ညွှန်းသည်။
ဓမ္မသစ်ကျမ်းစာ၌ ဗတ္တိဇံ (ရေနှစ်ခြင်းပေးခြင်း) ဟူသောအသုံးအနှုန်းမှာ အပြစ်မှသန့်စင်ခြင်း၊ ခရစ်တော်နှင့်ပေါင်းစည်းခြင်းကို ပြသည့်အနေဖြင့် ခရစ်ယာန်တစ်ယောက်ပြုလုပ် ကျင့်သုံးသောအရာဖြစ်သည်။
"လက်ဆောင်"ဟူသော စကားလုံးသည် လုံးလုံးလျားလျားပေးလိုက်ခြင်းဖြစ်သည်။ ထိုစကားလုံး လက်ဆောင်သည် တစ်စုံတစ်ခုသော အရာကို ပြန်ရမည်ဟူသော မျှော်လင့်ချက်မပါသော ပေးအပ်လိုက်ခြင်းမျိုး ဖြစ်သည်။
"လက်ယာတော်" ကို အရေးပါသော ပုဂ္ဂိုလ်၏ နေရာပေးခြင်း ခံရသူ သို့မဟုတ် အင်အားကြီးသောအုပ်ချုပ်သူ သို့မဟုတ် ကြည်ညိုရာပုဂ္ဂိုလ် တို့ကိုရည်ညွှန်းသည်။
လှေကြီး ဟူသောဝေါဟာရမှာ ထောင့်မှန်စတုရန်းပုံစံရှိသော သစ်သားသေတ္တာ ဖြစ်သည်။ လှေကြီး၏အရွယ်အစားမှာ အသုံးပြုသည့်အခြေအနေပေါ်တွင်မူတည်ပြီး အကြီးအသေးကွာခြားပါသည်။
"လူရူးလူမိုက်" ဟူသောစကားလုံးကို တစ်စုံတစ်ယောက်သောသူ၏ မှားယွင်းစွာ ရွေးချယ်မှုဖြစ်ပြီး အထူးသဖြင့် နားမခံမှုကို ရွေးချယ်ခြင်းဖြစ်သည်။ "မိုက်မဲသော" ဟူသော စကားလုံးကို တစ်စုံတစ်ယောက်၏ အမူအကျင့် ပညာအမျှော်အမြင်နည်းပါးခြင်းကို ဖော်ပြခြင်းဖြစ်သည်။
"လူသား" ဟူသောခေါင်းစဉ်သည် ယေရူခရစ်တော်ကိုယ်တော်တိုင်က သူကိုယ်သူရည်ညွန်းအသုံးပြုထားသည်။ သူသည်ထိုစကားလုံးကို "ငါ" သို့ "ကျွန်ုပ် ဟူသော စကားလုံးအစားအသုံးပြုသည်။
"လောက" ဟူသောအသုံးအနှုန်းသည် စကြဝဠာ၏ အစိတ်အပိုင်းဖြစ်သော လူသားမာျးနေထိုင်ရာ ကမ္ဘာကြီးကို ရံဖန်ရံခါ ရည်ညွှန်းသည်။ "လောကနဲ့ဆိုင်သော" ဟူသော အသုံးအနှုန်းသည် ဤကမ္ဘာ၌ အသက်ရှင်သောလူတို့၏ ဆိုးဝါးသောအပြုအမူနှင့် တန်ဖိုးထားမှုများကို ဖော်ပြသည်။
"ဝိညာဉ်" ဟူသော စကားလုံးကို လူတို့၏အမြင်ဖြင့်ပိုင်းခြား၍ မရသော အရာကို ရည်ညွန်းသည်။ လူတစ်ဦးသေဆုံးသောအခါ သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်ကို စွန့်သွားသည်။ "ဝိညာဉ်" ဟူသောစကားလုံးကို အကျင့်စာရိတ္တ (သို့) ခံစားချက်အဆင့်ကိုလည်း ရည်ညွန်းနိုင်သည်။
"ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း" ဟူသော စကားစုကို မြင်သာမှုရှိစေရန် ဖော်ပြချက်မှာ ဘုရားသခင်၏အလိုတော်အတိုင်း လုပ်ပိုင်ခွင့်ရှိသော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။
တမန်တော်ရှင်ပေါလုပြောသော "သခင်ဘုရားညစာ" ဟူသည်မှာ သခင်ယေရှုသည် ရန်သူလက်သို့အပ်နှံခြင်းခံရသောညမှာ သူ့တပည့်တော်များနှင့်အတူစားသုံးခဲ့သော ပသခါညစာကိုဆိုလိုခြင်းဖြစ် သည်။
သင်တိုင်း သည်ဣသရေလယဇ်ပရောဟိတ်များဝတ်ဆင်သော ခါးစည်းကဲ့သို့သော အဝတ်ဖြစ်သည်။ အရှေ့ပိုင်းနှင့်အနောက်ပိုင်းဟူ၍ နှစ်ပိုင်းရှိပြီး ပခုံးတွင်ဆက်ထားပြီး ခါးတွင်အဝတ်ခါးပတ်ဖြင့်ချည်ထားရသည်။
သင်းထောက်လူကြီးများသည် ဒေသန္တရအသင်းတော်များကို ဦးဆောင်ပြီး အစားအသောက်နှင့် ငွေကြေးကအစ အသင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးသောပုဂ္ဂိုလ်များဖြစ်သည်။
သင်းအုပ်ဆရာ ဟူသော ဝေါဟာရသည် သိုးထိန်း ဟူသောစကားလုံးနှင့် တူညီသည်။ ယင်းသည်ယုံကြည်သူလူစု၏ ဝိညာဉ်ရေးရာခေါင်းဆောင်နာမည်အဖြစ် အသုံးပြုသည်။
သင်္ကေတသည် ရည်ရွယ်ချက်တစ်ခု၊ ဖြစ်ရပ် (သို့) လုပ်ဆောင်ချက် ဟူသော ဆက်နွယ်ပေးသော အထူးအရေးပါသည့် အဓိပ္ပါယ်တစ်ခုဖြစ်သည်။
သစ္စာဆိုသည်မှာ လူတစ်ယောက်က ဘုရားသခင်အားပြုသော ကတိတစ်ခုဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အားကြည်ညိုရန် သို့မဟုတ် ဘုရားသခင်အား ကြည်ညိုဆည်းကပ်မှုပြသရန်အတွက် သေချာသောအရာတစ်ခု လုပ်ဆောင်ရန်ကတိပြုရသည်။
ဘုရားသခင်ကို "သစ္စာရှိရန်" ဆိုသည်မှာ သူ၏သွန်သင်ခြင်းများအတိုင်း အသက်ရှင်ခြင်းကို ဆိုလိုသည်။ ဤအရာဟာ ဘုရားသခင်ကိုနာခံခြင်းဖြင့် သစ္စာရှိရမည်ကိုဆိုလိုသည်။ သစ္စာရှိစွာနေထိုင်ခြင်းသည် "သစ္စာတရား" ဖြစ်သည်။
"ဧဝံဂေလိတရား" စာကားလုံး၏အဓိပ္ပါယ်မှာ "သတင်းကောင်း" ဖြစ်ပြီး ယင်းသည် သတင်းစကားတစ်ခု (သို့) လူများဝမ်းမြောက်စရာ အကြောင်းနဲ့ လူများအတွက် အကျိုးရှိစေသောအရာကို ကြေငြာပေးသည်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။
"သနားဂရုဏာ" ဟူသောစကားသည် အခြားသူများအပေါ် အထူးသဖြင့်နာကျင်ခံစားနေရသူများအပေါ်တွင် ဂရုဏာထားသည့်အသုံးအနှုန်းဖြစ်သည်။ "သနားဂရုဏာထားသောသူသည်" အခြားသူများကို ဂရုစိုက်ပြီး ကူညီတတ်သည်။
"သန့်ရှင်းစင်ကြယ်ခြင်း" ဆိုသည်မှာ အပြစ်အနာအဆာမရှိခြင်း၊ ရှိသင့်သော နေရာ၌ရှိပြီး အရာအနှောမရှိခြင်းဖြစ်သည်။ တစ်စုံတစ်ခုကို သန့်ရှင်းစေသည်ဆိုသည်မှာ ထိုအရာကိုညစ်ညူးစေသော အရာများကို ဖယ်ရှားပြီး စင်ကြယ်စေခြင်းဖြစ်သည်။
"သန့်ရှင်းတော်မူသောသူ" ဟူသော ဝေါဟာရမှာ သမ္မာကျမ်းစာတွင် အမြဲတမ်းဘုရားသခင်ကိုသာ အများဆုံး ရည်ညွန်းအသုံးပြုသည်။
သန့်စင်သည် ဟူသောစကားမှာ "ညစ်ပေခြင်း"၊ စွန်းထင်းခြင်း" မရှိခြင်းဖြစ်သည်။ ကျမ်းစာထဲတွင် "သန့်ရှင်းခြင်း"၊ စင်ကြယ်ခြင်း" သို့မဟုတ် "အပြစ်မှကင်းခြင်း" စသည်ဖြင့် ခိုင်းနှိုင်းအသုံးပြုလေ့ရှိသည်။
ဤဝေါဟာရများအားလုံးသည် "ဘုရားသခင်" ဖြစ်သော "သန့်ရှင်းသောဝိညာဥ်တော်" ကို ရည်ညွန်းသည်။ တစ်ဆူတည်းသော စစ်မှန်သော ဘုရားသခင်သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်အဖြစ် ထာဝရတည်ရှိသည်။
သန့်ရှင်းသော၊ သန့်ရှင်းခြင်းဆိုသော ဝေါဟာရသည် ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာဖြစ်ပြီး အပြစ်အနာအဆာကင်းခြင်းကိုဆိုလိုသည်။
သွေးဆိုသည်မှာ လူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာ၊ အနာ မှထွက်လာသော အနီရောင်အရည်ဖြစ်သည်။ သွေးသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အသက်တမျှအရေးပါသည်။
တစ်စုံတစ်ယောက်ကို သွေးဆောင်ခြင်းသည် ထိုသူဆီက ရရန် ကြိုးစားပြီး တစ်စုံတစ်ခုကို မှားယွင်းအောင်ပြုလုပ်ခြင်းဖြစ်သည်။
"သား" ဟူသော စကားလုံးသည် ကောင်လေး (သို့) လူယောကျ်ား တစ်ဦးသည် မိဘများနှင့် ဆက်နွယ်သောသူကို ရည်ညွန်းသည်။
"သိစိတ်" ဆိုသည်မှာ လူတစ်ယောက်၏အတွေးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြစ်တစ်ခုလုပ်မိပါက အပြစ်ရှိကြောင်းကို ဘုရားကသိရှိစေခြင်းဖြစ်ပါသည်။
သိုးသူငယ် ဆိုသည့် ဝေါဟာရသည် "ငယ်ရွယ်သောသိုး" ကို ရည်ညွန်းသည်။ ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်း အတွက် အသုံးပြုသော ထူသောအမွှေးနှင့် ခြေလေးချောင်း ရှိသော တိရစ္ဆာန်များအား "သိုး" ဟု ခေါ်သည်။ ယေရှုသည် လူသားတိုင်း၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်း ခံခဲ့ရသောကြောင့် "ဘုရားသခင်၏ သိုးသူငယ်" ဟု ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။
"သီးခြားထားသည်" ဟူသော ဝေါဟာရသည် မှန်ကန်သော ရည်မှန်းချက် ပြည့်စုံနိုင်ရန် တစ်စုံတစ်ရာမှ သီးခြားထားခြင်းဟု ခေါ်သည်။
သမ္မာကျမ်းစာကလူသားများသေဆုံးပြီးနောက်၎င်းတို့၏ ဝိညာဥ်များ ရောက်ရှိသွားသော နေရာကို "သေမင်းနိုင်ငံ (သို့) မရာဏနိုင်ငံ" ဟုရည်ညွန်းဖေါ်ပြထားသည်။
ထက်အရပ်"ကောင်းကင်းရောက်သွားခြင်းနှင့်လည်းဆန့်ကျင်သည်။
"သူတော်ကောင်းယောင်ဆောင်ခြင်း" အဓိပ္ပာယ်သည် လူအများရှေ့မှောက်တွင် ကောင်းသောအလုပ်လုပ်သော်လည်း ကွယ်သောနေရာတွင် မကောင်းသော အကြံအစည်ရှိသူဖြစ်သည်။ "သူတော်ကောင်းယောင်ဆောင်ခြင်း" ဟုဆိုရာမှာ အခြားသောသူများကို ကောင်းသောအလုပ် လုပ်ခြင်းဖြင့် အကွက်ဆင်၍ အပြစ်ရှာခြင်းသဘောဖြစ်သည်။
ဟေဗြဲလူမျိုးသာ ဣဇက်နှင့် ယာကုပ်အမျိုးအားဖြင့် အာဗြံဟံမှ ဆင်းသက်သော မျိုးနွယ်စုဖြစ်သည်။ အာဗြံဟံသည် သမ္မာကျမ်းစာတွင် ပထမဆုံး "ဟေဗြဲလူ" ဟုအခေါ်ခံရသူဖြစ်သည်။
ကျမ်းစာထဲတွင် "အလုပ်" နှင့် အပြုအမူသည် ယေဘုယျအားဖြင့် ဘုရားသခင်နှင့် လူတို့၏လုပ်ဆောင်မှုများကို ရည်ညွှန်းသည်။
ဤဝေါဟာရသည် တန်ခိုးကြီးခြင်း၊ သမ္မာကျမ်းစာတွင် ထာဝရဘုရားကိုရည်ညွှန်းသောစကားဖြစ်သည်။
အန္တိခရစ် ဆိုသည်မှာ ယေရှုခရစ်တော်နှင့်သွန်သင်ချက်များကို ဆန့်ကျင်ပြီးဟောပြောသင်ကြားသူကိုဆိုလိုပါသည်။ ကမ္ဘာပေါ်တွင် အန္တိခရစ်များစွာရှိသည်။
"အပြစ်" သူသောစကာလုံးသည် ကာယ၊ ဝစီ၊ မနော စသည့်အရာများဖြင့် ဘုရားသခင်၏အလိုတော်နှင့်ပညတ်ချက်များကို ဆန့်ကျင်ခြင်းသဘောဖြစ်သည်။ အပြစ်သည် ထာဝရဘုရားသခင် ကျွန်ုပ်တို့အား သူ့အလိုတော်နှင့်မညီသောအရာကို လုပ်လျှင်လည်း အပြစ်ဟု ရည်ညွန်းနိုင်သည်။
"အပြစ်ကင်းစင်သော" သည် ရာဇဝတ်မှုနှင့်ကင်းခြင်း သို့မဟုတ် အမှားပြုလုပ်ခြင်းမှ ကင်းလွတ်ခြင်းကိုဆိုလိုသည်။ အပြစ်ပြုလုပ်ရာတွင်မပါဝင်သောသူများ ကိုလည်ရည်ညွှန်းနို်ငသည်။
အပြစ်တင်ခွင့်ကင်းခြင်း ဆိုသည်မှာ အပြစ်တင်စရာမရှိသော ဘုရားစကားအကြွင်းမဲ့နားထောင်သူဖြစ်သည်။ သို့သော် အပြစ်ကင်းသူဟုလည်း အဓိပ္ပာယ်မရှိချေ။
အပြစ်တင်သည်၊ ရှုတ်ချသည် ဆိုသည်မှာ အမှားတစ်ခုလုပ်မိသူကို စီရင်ခြင်းဖြစ်သည်။
ဤစကားလုံးသည် လူတို့၏အပြစ်ကြောင့် ဘုရားသခင်အမျက်တော်ဖြေရန်ယဇ်ပူဇော်ရသော အဓိပ္ပာယ်ဖြစ်ပါသည်။
အပြစ်ဖြေလွှတ်ခြင်း (ကျေနပ်စေခြင်း) ဟူသော အသုံးအနှုန်းသည် စိတ်ကျေနပ်စေရန် သို့မဟုတ် ဘုရားသခင်၏ တရားမျှတခြင်းကို ပြည့်စုံစေရန်နှင့် ဘုရားသခင်၏ အမျက်တော်ကို ဖြေဖျောက်စေသော ယဇ်ပူဇော်ခြင်းကို ရည်ညွှန်းသည်။
"အပြစ်ရှိခြင်း၊" "ဩတ္တပ္ပစိတ်မသန့်ခြင်း၊" ဟူသောစကားလုံးသည် "အပြစ်ရှိခြင်း၊" "ဒုစရိုက်လက်၌ ရှိနေခြင်း" ကို ရည်ညွန်းသည်။
အဖဘုရားနှင့် ကောင်းကင် အဖဆိုသည့်စကားသည် ယေဟောဝါ ဘုရားကိုရည်ညွန်းပြီးတစ်ဆူတည်းသောဘုရားဖြစ်သည်။
"အမင်္ဂလာ" ဟူသော အသုံးအနှုန်းသည် ပျင်းပြစွာပူဆွေးခံစားမှုကို ရည်ညွှန်းသည်။ ဤအရာသည် တစုံတယောက်မှ ပြင်းထန်သော ပြဿနာကြုံတွေ့ရမည်ဖြစ်ကြောင်းကိုလည်း သတိပေးသည်။
ဒေါသသည် အချိန်အတော်ကြာ စိတ်ဆိုးခြင်းဖြစ်သည်။ အထူးသဖြင့် ဤအရာသည် ဘုရားသခင်ကို ပုန်ကန်သောလူများကို ဒဏ်ပေးရန်နှင့် အပြစ်ကို ဖြောင့်မတ်စွာ တရားစီရင်ခြင်းကို ရည်ညွှန်းသည်။
"အမြင့်ဆုံးသော" ဟူသည်ဝေါဟာရသည် ဘုရားသခင်အတွက် ရာထူးဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် အာဏာ ကိုရည်ညွှန်းသည်။
သမ္မာကျမ်းတွင် အမွေခံခွင့် ဟူသည်မှာ ဂုဏ်၊ မိသားစုအမည်၊ ဥစ္စာကြွယ်ဝခြင်းဟူသော သားဦးတို့ရရှိသောအရာဖြစ်သည်။
အမွေခံရသည်နှင့် အမွေခံခြင်း သည် အထူးဆက်နွယ်မှုကြောင့်မိဘမှ သို့မဟုတ် အာခြားပုဂ္ဂိုလ်ထံမှ ရရှိသော အဖိုးတန်အရာကိုဆိုလိုသည်။ အမွေခံ သည် အမွေကိုရရှိသောသူဖြစ်သည်။
"အမိန့်ပေးခြင်း" ဆိုသည်မှာလူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ဆောင်စေခြင်းဖြစ်သည်။ လူတစ်ယောက်ဆီ လုပ်ဆောင်ရန်ပေးထားခြင်းကို အမိန့်ပေးသည်၊ ပညတ်ပေးသည်ဟုခေါ်ဆိုသည်။
"အရေပြားလှီးခြင်း" ဆိုသည်မှာ"ယောကျာ်း" သို့မဟုတ် "ယောကျာ်းလေး၏လိင်တံထိပ်အရေပြားကို လှီးခြင်းဖြစ်သည်။ အရေပြားလှီးခြင်းထုံးတမ်းဓလေ့ကို အောက်ပါအချက်များဖြင့်ဆက်စပ်ပြုလုပ်သည်။
ဤအသုံးအနှုန်းမှာ အချစ်ခံရသောသူ ကိုဖော်ပြသုံးနှုန်းသောစကားဖြစ်သည်။
သမ္မာကျမ်းစာ၌ သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးဌာနသည် တဲတော် (သို့) ဗိမ္မာန်တော်အဆောက်အဦး၏ အပိုင်း ၂ ပိုင်းကို ရည်ညွန်းသည်။
ဤစကားလုံးများသည် ခန္ဓာကိုယ်အသက်ရှင်ခြင်းကို ရည်ညွှန်းသည်။ ရံဖန်ရံခါ ဝိညာဉ်ရေးရာအသက်ရှင်ခြင်းကိုလည်း တင်စားသုံးနှုန်းတတ်ပေသည်။ "ကာယအသက်" နှင့် "ဝိညာဥ် အသက်" ၏အဓိပ္ပာယ်ကို အောက်တွင်ဆွေးနွေးတင်ပြထားပါသည်။
ဓမ္မသစ်ကျမ်းတွင် အသင်းတော် ဟူသောအသုံးအနှုန်းမှာ ယေရှုကိုယုံကြည်ပြီး အတူတကွ တရားနားထောင်၊ ဆုတောင်းသူများကိုဆိုလိုသည်။ ဘုရားကျောင်းဆိုသည်မှာ များသောအားဖြင့် ခရစ်ယာန်အားလုံးကို ရည်ညွှန်းပါသည်။
ဤ "အသစ်တဖန်မွေးခြင်း" စကားလုံးကို ယေရှုအရင်သုံးခဲ့သည်။ ဘုရားက ဝိညာဉ်အားဖြင့်သေသူကို ဝိညာဉ်အားဖြင့်ပြန်လည်ရှင်သန်စေသည်ဟုဆိုခြင်းဖြစ်သည်။ ဘုရား၌မွေးခြင်း၊ ဝိညာဉ်တော်၌မွေးခြင်းသည် ဝိညာဉ်ရေးအသက်တာအသစ် ရသောသူကိုဆိုလိုပါသည်။
အသရေရှိသောသူ၏ အဓိပ္ပယ်ဆိုလိုရင်းသည် သန့်ရှင်းသောသူနှင့် ယေရှုကို ယုံကြည်သောသူကို ရည်ညွှန်းထားပါသည်။
သမ္မာကျမ်းစာထဲတွင် "အသွေးအသား" ဟူသော စကားလုံးကို လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာထဲမှ နူးညံ့သောအသားစ ဟူ၍ရည်ညွန်းဖော်ပြသည်။
အာဏာ ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အပေါ်တွင်လွှမ်းမိုးထားသော စွမ်းအားဖြစ်သည်။
အာမင် ဟူသောစကားသည် လူတစ်ယောက်ပြောဆိုခဲ့သောအရာကို ဆင်ခြင်ကြောင်း၊ နားထောင်ကြောင်း ပြသခြင်းဖြစ်သည်။ ဆုတောင်းခြင်းအဆုံးတွင် အသုံးပြုလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဟုတ်မှန်သည် ဟုဘာသာပြန်ဆိုသည်။
"အားမာန်"နှင့်"အားမာန်ကြီးသော"ဟူသော ဝေါဟာရတို့သည် လူတစ်ဦးတစ်ယောက်သို့မဟုတ် အတွေးခေါ််ခံယူချက်တစ်ခုခုအားမိမိအချိန်စွမ်းအား စသည့်လုံးလုံးလျှားလျှား ပေအပ်မြုပ်နှံ လျှက်ထောက်ခံခြင်းဖြစ်သည်။
ကြိုးစားလုပ်ဆောင်ခြင်းဟုဆိုလိုသည်။
မဆုပ်မနှစ်ပြုခြင်း ဟုဆိုလိုသည်။
ဤစကားလုံးသည် အိမ်ထောင်ရှိသူက မိမိလင်၊ မိမိမယားမဟုတ်သူနဲ့လိင်မှုကိစ္စကျူးလွန်ခြင်းအပြစ်ကို ဆိုလိုပါသည်။ အိမ်ထောင်ရေးဖောက်ပြန်သော ဆိုသည့်စကားသည်ထိုကဲ့သို့သောအမူအရာ၊အပြစ်ကျူးလွန်သူကိုရည်ညွှန်းပါသည်။
"အုပ်ချုပ်ခွင့်အာဏာ" ဆိုသည်မှာ လူ၊ တရိစ္ဆာန် (သို့) နယ်မြေများအပေါ် တန်းခိုး၊ ထိန်းချုပ်ခြင်း၊ အမိန့်အာဏာရှိခြင်းကိုရည်ညွန်းသည်။
"ဣသရေလ" ဟူသောအမည်ကို ဘုရားသခင်က ယာကုပ်အားပေးသည့် အမည်ဖြစ်သည်။ ဘုရားသခင်နှင့် ပြိုင်၍လုံးပန်းသည်ဟု အဓိပ္ပါယ်ရ၏။
ဥပုသ်နေ့ဟာ ရက်သတ်တပတ်၏ ခုနှစ်ရက်မြောက်နေ့ကို အထူးပြုတာဖြစ်ပြီး ထိုနေ့တွင် ဣသရေလလူမျိုးများ အလုပ်မလုပ်ဘဲ အနားယူရမည့်နေ့ကဲ့သို့ ဘုရားသခင်က မိန့်မှာထားတဲ့နေ့ဖြစ်သည်။
"ဧဝံဂေလိဆရာ" သည်ယေရှုခရစ်တော်၏ သတင်းကောင်းကို အခြားသူများအားပြောပြသော သူဖြစ်သည်။
"ဧဝံဂေလိဆရာ" ဟူသည့်ဝေါဟာရကို သတင်းကောင်းဟောပြောသောသူ၊ သတင်းကောင်းသင်ကြားပေးသူ သို့မဟုတ် သတင်းကောင်းပြောကြားသောသူ ဟုလည်းပြန်ဆိုနိုင်သည်။