အာဗြံသည် ခါနန်ပြည်တောင်ပိုင်းသို့ ခရီးပြုပါသည်။
အာဗြံကသူနှင့်အတူ များစွာသော တိရိစ္ဆာန်၊ ရွှေနှင့်ငွေတို့ကို သယ်ဆောင်သွားခဲ့သည်။
အငြင်းပွါးကြခြင်းအကြောင်းမှာ အာဗြံနှင့် လောတတို့၏ ပိုင်ဆိုင်မှုများသည် သူတို့နေရာနှင့်မမျှသဖြင့် အတူတကွနေရန် မဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။
အာဗြံက လောတအား သူကြိုက်သည့်နေရာတွင် နေထိုင်ရန်ရွေးစေ၍၊ သူသည်လောတမှ ခွဲခြား၍ နေရာရှာဖွေနေထိုင်မည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။
လောတက ယော်ဒန်ချိုင့်တလျှောက် အရှေ့ဖက်သို့နေထိုင်ရန် ရွေးချယ်ပြီး၊ ထိုသို့ရွေးရခြင်းအကြောင်းမှာ ရေကောင်းစွာရရှိသောကြောင့် ဖြစ်ပါသည်။
အာဗြံသည် ခါနာန်ပြည်၌နေပါသည်။
သောဒုံမြို့တွင်နေထိုင်ကြသူတို့မှာ ထာဝရဘုရားရှေ့၌ဆိုးသွမ်း၍ အပြစ်များသောသူများ ဖြစ်ကြပါသည်။
ထာဝရဘုရားက အာဗြံရပ်နေသော နေရာမှမြင်ရသည့်အရပ် မြေတပြင်လုံးကို သင့်အားပေးမည်ဟု မိန့်တော်မူခဲ့သည်။
ထာဝရဘုရားက သင်၏လူမျိုးနွယ်ကို မြေမှုန့်ကဲ့သို့ပွားများစေလျက်၊ လူသည်မြေမှုန့်ကိုရေတွက်နိုင်သည်ထက် သင့်လူမျိုးနွယ်ကို သာ၍ပွါးများစေမည်ဟုပြောပါသည်။
အာဗြံသည်ဟေဗြုန်မြို့နှင့်နီးသောအရပ်သို့ ပြောင်းရွှေ့ပြန်ပါသည်။