ထာဝရဘုရားသည် အာဗြံအား သင့်ဖခင်၏ မိသားစုများထဲမှထွက်၍၊ ငါပြသောပြည်သို့သွားပါဟု ပြောပါသည်။
ဘုရားရှင်က အာဗြံကိုကောင်းချီးပေး၍၊ သင့်ကိုလူမျိုးကြီးဖြစ်စေလျက် သင့်အားဖြင့် မြေပေါ်မှာရှိသမျှသော လူမျိုးအားလုံးသည် ကောင်းကြီးခံရမည်ဟု ကတိပြုခဲ့သည်။
ခရီးသွားရာတွင် အာဗြံနှင့်အတူ သူ၏မိန်းမစာရဲ နှင့် သူ၏တူ လောတ လိုက်ပါခဲ့သည်။
အာဗြံသည် ခါနာန်ပြည်သို့ ခရီးပြုပါသည်။
ထာဝရဘုရားသည် အာဗြံ၏ အမျိုးအနွယ်အား ခါနာန်ပြည်ကိုပေးမည်ဟု ကတိပြုပါသည်။
အာဗြံသည် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုတည်ဆောက်၍ ထာဝရဘုရား၏ နာမကို အမှီပြုလျက်ဝတ်ပြုပါသည်။
ခါနာန်မှ ထွက်ခွါ၍၊ အာဗြံသည် အဲဂုတ္တုပြည်သို့ ခရီးပြုပါသည်။
အာဗြံက သူ့မိန်းမစာရဲသည် လှပသောသူဖြစ်သောကြောင့် အဲဂုတ္တုလူတို့သည် သူ့အားသတ်၍ သူ့မိန်းမစာရဲအား ယူသိမ်းယူကြမည်ကို စိုးရိမ်သည်။
အာဗြံက စာရဲအား အဲဂုတ္တုလူတို့ရှေ့တွင် သူ၏ညီမဖြစ်သည်ဟု ပြောရန် မှာထားသည်။
ဖါရောဘုရင်သည် စာရဲအား သူ၏ ကြင်ယာတော်အဖြစ် သိမ်းပိုက်၍ နန်းတော်သို့ သွင်းသည်။
ထာဝရဘုရားသည် ဖါရောဘုရင်နှင့် သူ၏အိမ်ထောင်မိသားစုတို့အား ကြီးမားသော ဘေးဒဏ်ကို ဖြစ်စေပါသည်။
ဖါရောဘုရင်သည် အာဗြံအား စာရဲသည်သင်၏မိန်းမဖြစ်လျက်အဘယ်ကြောင့် ညီမဟုပြောရသနည်းဟုမေးပါသည်။
ဖါရောဘုရင်သည် အာဗြံနှင့်စာရဲတို့အား ထွက်သွားစေပါသည်။