သောဒုံမြို့မှာရှိသမျှသောဥစ္စာ၊ မြို့ရိက္ခာရှိသမျှတို့နှင့်တကွလောတပိုင်ဆိုင်သမျှတို့ကို သိမ်းသွားခြင်းခံရပါသည်။
အာဗြံသည် သူသင်ပေးထားသော လူသုံးရာတဆယ့်ရှစ်ယောက်နှင့်အတူ ဖမ်းသွားသူတို့နောက်သို့ လိုက်သွားခဲ့သည်။
အာဗြံသည် ရှင်ဘုရင်များနှင့် ဒမာသက်မြို့ကြီး၏မြောက်ဖက်တွင် စစ်တိုက်၍၊ ဥစ္စာရှိသမျှနှင့်တကွ လောတနှင့်လူများကိုပြန်လည် ဆောင်ယူခဲ့ပါသည်။
အာဗြံပြန်လာသောအခါ သောဒုံမင်းကြီးနှင့် ရှာလင်မင်းကြီး မေလခိဇေဒက်တို့သည် သူ့အားလာတွေ့ကြပါသည်။
မေလခိဇေဒက်သည် အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်ပါသည်။
မေလခိဇေဒက်သည် အာဗြံနှင့်လာတွေ့သောအခါ၊ သူနှင့်အတူ မုန့်နှင့်စပျစ်ရည်ကို ယူဆောင်လာပါသည်။
မေလခိဇေဒက်သည် အာဗြံကိုကောင်းကြီးပေး၍၊ အမြင့်ဆုံးသောဘုရားသခင်သည် ကောင်းကြီးပေးပါစေဟုပြောဆိုခဲ့သည်။
အာဗြံသည်သူ၌ ရှိသော ဥစ္စာ၏ ဆယ်ဘို့တဘို့ကို မေလခိဇေဒက်အား ပေးလှူခဲ့သည်။
သောဒုံမင်းကြီးက အာဗြံအား အကယ်၍ သူ့အား သူ၏လူများကိုပြန်ပေးလျှင် အာဗြံသည်သူ၏ ဥစ္စာရှိသမျှတို့ကို ယူပါဟု ကမ်းလှမ်းပါသည်။
အာဗြံသည် အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားအား သူ၏ လက်ကိုမြှောက်၍ သစ္စာပြု၍ သောဒုံမင်းကြီးမှ ပေးသော စည်းစိမ်ချမ်းသာကို အလိုမရှိကြောင်း ပြောဆိုသည်။
အာဗြံက စားပြီးသောလူငယ်တို့နှင့် သူနှင့်အတူလိုက်ပါသော သူတို့မှလွဲ၍ မည်သည့်ဥစ္စာကိုမျှ အလိုမရှိပါဟုပြောခြင်းဖြင့် တုံ့ပြန်ပါသည်။