Genesis 7

Genesis 7:1

ယေဘုယျ အချက်အလက်

နောဧ သင်္ဘောကိုဆောက်၍၊ အစာကိုစုလျက်၊ သင်္ဘောထဲသို့ သွင်းပြီးနောက် အဖြစ်အပျက်ကို ဖော်ပြထားသည်။

ဤကာလအမျိုးတွင်

ထိုခေတ်အခါ၌ နေသောသူများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခု အသက်ရှင်သောသူအပေါင်းတွင်"

သင်

နောဧကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်

နောဧကို ဖြောင့်မတ်သည်ဟု ဘုရားသခင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သင်၏အိမ်သူအိမ်သားအပေါင်း

"သင်၏မိသားစုအပေါင်း"

. . . သင်္ဘောထဲသို့ ဝင်ကြလော့။ . . . သိမ်းယူရမည်

"... သင်္ဘောထဲသို့ ဝင်ကြလော့။ ... ခေါ်ဆောင်ရမည်။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

အမျိုးမပျက် ဆက်နွယ်စေခြင်းငှါ

"နောင်မျိုးဆက် ရှင်သန်စေခြင်းငှါ" သို့မဟုတ် "ရေလွှမ်းမိုးခြင်းပြီးလျှင်၊ အမျိုးမပျက် ဆက်နွယ်စေခြင်းငှါ"

စင်ကြယ်သော သားမျိုး

စားသုံးရန်နှင့် ယဇ်ပူဇော်ရန် ဘုရားသခင် ခွင့်ပြုထားသော တိရစ္ဆာန်အမျိုးကို ညွှန်းသည်။

မစင်ကြယ်သော သားမျိုး

စားသုံးရန်နှင့် ယဇ်ပူဇော်ရန် ဘုရားသခင် တားမြစ်ထားသော တိရစ္ဆာန်အမျိုးကို ညွှန်းသည်။

Genesis 7:4

အရက်လေးဆယ်ပတ်လုံး

ရက်ပေါင်းလေးဆယ်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရက်ပေါင်းလေးဆယ်လုံး"

Genesis 7:6

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၆-၁၂ သည် ၇:၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာသစ် မဟုတ်။

ရေလွှမ်းမိုးခြင်းဘေးကြောင့်

"ရေလွှမ်းမိုးသေားကြောင့်" သို့မဟုတ် "ရေလွှမ်းမိုးခြင်းဘေးမှ လွတ်ရန်"

Genesis 7:8

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၆-၁၂ သည် ၇:၁ ရှိ နောဧနှင့် မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့် ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာ အသစ် မဟုတ်။

စင်ကြယ်သောသား

စားရန်နှင့် ယဇ်ကောင်အဖြစ် ပူဇော်ရန် ဘုရားသခင် ခွင့်ပြုသော တိရစ္ဆာန်ကို ညွှန်းသည်။

မစင်ကြယ်သောသား

စားရန်နှင့် ယဇ်ကောင်အဖြစ် ပူဇော်ရန် ဘုရာသခင် ပိတ်ပင်ထားသော တိရစ္ဆာန်ကို ညွှန်းသည်။

အထီးအမအစုံ

အထီးနှင့်အမ အစုံလိုက်

ခုနစ်ရက်စေ့သောအခါ

"ခုနစ်ရက်မြောက်သောအခါ" သို့မဟုတ် "ခုနစ်ရက်လွန်သော်"

...သောအခါ

ဤသမိုင်းမှတ်တမ်း၏ အရေးပါသော ဖြစ်ရပ် တစ်ခု၊ ရေလွှမ်းမိုးသည့်အချိန်ကို ညွှန်းဆိုရာ၌ အသုံးပြုသော စကားစုဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းကို လိုက်၍ ပြန်ဆိုနိုင်သည်။

လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏

"မိုဃ်းရေများ ရွာချလာပြီး" ဟု ပို၍တိကျစွာ ဖော်ပြနိုင်သည် (UDB)။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုဃ်းရေများ ရွာချလာပြီး မြေပေါ်၌ ရေလွှမ်းမိုးခြင်း ဖြစ်လေ၏။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 7:11

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၆-၁၂ သည် ၇:၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာ အသစ် မဟုတ်။

နောဧအသက်ခြောက်ရာစေ့သောနှစ်

"နောဧအသက် ခြောက်ရာပြည့်သောနှစ်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#translate-ordinal)

ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့

ဤကျမ်းကို မောရှေပြုစုထားသည်အလျောက်၊ ဟေဗြဲ ပြက္ခဒိန်၏ ဒုတိယကို ညွှန်းနေခြင်း ဖြစ်ပေမည်။ သို့သော် သေချာမှု မရှိ။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-hebrewmonths နှင့် /WA-Catalog/my_tm?section=translate#translate-ordinal)

ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍

"မြေအောက်မှ ရေများ မြေပေါ်သို့ ထိုးထွက်စေ၍"

ကြီးစွာသော နက်နဲရာ

မြေအောက်ရှိ ပင်လယ်ပြင်ကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။

မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်

မိုးရေကို ညွှန်း၏။ မိုဃ်းပေါ်ရှိရေကို မြေပေါ် ကျမသွားစေရန် ကောင်းကင်က နံရံသဖွယ် တားဆီးနေကြောင်း ဖော်ပြနေသည်။ ထိုကောင်းကင် ပြူတင်းပေါက်၊ သို့မဟုတ် တံခါးများ ပွင့်လာသောအခါ မိုဃ်းရေများ ရွာချလာသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုဃ်းကောင်းကင်ကို ဖွင့်သဖြင့်" သို့မဟုတ် "မိုဃ်းကောင်းကင် တံခါးပေါက်များကို ဖွင့်သဖြင့်"

မိုဃ်း

ပြန်ဆိုမည့် ဘာသာစကားတွင် မိုးရေ အမြောက်အများ ရွာသည်ဟူသော အသုံးအနှုန်းမျိုးဖြင့် ပြန်ဆိုသင့်သည်။

Genesis 7:13

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၁၃-၁၈ သည် ၇:၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိတ် ဖော်ပြထား၏။ အကြောင်းအရာအသစ် မဟုတ်။

ထိုနေ့ရက်တွင်

"ထိုနေ့တွင်။" မိုးစတင် ရွာသောနေ့ကို ညွှန်းသည်။ အငယ် ၁၃-၁၆ တွင် မိုးမရွာမီအချိန်၌ ပြုခဲ့သောအရာများကို ဖော်ပြထား၏။

သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး

ဖော်ပြပါ တိရစ္ဆာန်အမျိုး လေးမျိုးမှာ သက်ရှိတိရစ္ဆာန် အပေါင်းကို ခြုံငုံညွှန်းဆိုလိုက်ခြင်း ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကားတွင် တိရစ္ဆာန်အားလုံးကို ခြုံငုံသော အမျိုးစုများ ရှိသည်အတိုင်း ပြန်ဆိုရန် ဖြစ်သည်။ ၁:၂၄ မှ ပြန်ဆိုချက်ကို ရှု။

မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး

ကြွက်အမျိုး၊ ပိုးကောင်အမျိုး၊ တွားသွားသတ္တဝါအမျိုးနှင့် မြွေအမျိုးမှစသော မြေပေါ်၌ တွားသော အကောင်အားလုံးကို ညွှန်းသည်။

Genesis 7:15

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၁၃-၁၈ သည် ၇:၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိတ် ဖော်ပြထား၏။ အကြောင်းအရာအသစ် မဟုတ်။

အသက်ရှင်သော

"အသက်" ဟု ဆိုရာတွင် ခန္ဓာအသက်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သက်ရှိ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

တိရစ္ဆာန်အမျိုးအမျိုး အပေါင်း

အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်အပေါင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အထီးအမအစုံ

တိရစ္ဆာန်ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

နောဧနှင့်အတူ

ဤစာပိုဒ်ကို "နောဧထံသို့လာ၍" ဟုလည်း ပြန်ဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

Genesis 7:17

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၁၃-၁၈ သည် ၇:၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိတ် ဖော်ပြထား၏။ အကြောင်းအရာ အသစ် မဟုတ်။

ရေလွှမ်းမိုးခြင်းသည် . . . အစဉ်အတိုင်း တိုးတက်၍

ရက်လေးဆယ်ပတ်လုံး မိုးရွာခြင်းမှ ဖြစ်လာသည်။ "ရေသည် . . . အစဉ်အတိုင်း နက်လာ၍"

သင်္ဘောကို . . . ဆောင်ယူလေ၏

"သင်္ဘောကို ... ရေပေါ်၌ တည်စေ၏"

မြေမှခွါလျက် ဆောင်ယူလေ၏

"သင်္ဘောကို မြေမှခွါလျက် ရေပေါ်၌ တည်စေ၏" သို့မဟုတ် "သင်္ဘောသည် ရေပါ်၌ တည်လေ၏"

Genesis 7:19

ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့်

"ရေသည် မြေကြီးကို အုပ်စိုးသဖြင့်"

ဆယ်ငါးတောင်

"ခြောက်မီတာ။" ၆:၁၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 7:21

လှုပ်ရှားတတ်သော

"အသက်ရှင်သော" သို့မဟုတ် "ရွေ့လျားတတ်သော"

မြေပေါ်မှာ လှုပ်ရှားတတ်သော . . . တိရစ္ဆာန်အပေါင်း

မြေပေါ်၌ အသက်ရှင်သော တိရစ္ဆာန်အမျိုးပေါင်း အားလုံးကို ညွှန်းဆိုသည်။

အသက်ရှူလျက်

"ရှူ" ဟူသည်မှာ တိရစ္ဆာန်အပါအဝင် လူသားမှစသော သတ္တဝါအားလုံးကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ရှင်လျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အသက်

လူနှင့် တိရစ္ဆာန်အပေါင်းကို ရှင်စေနိုင်သေသာ အစွမ်းကို ပုံဆောင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သေကြကုန်၏

ကိုယ်ခန္ဓာသေခြင်းကို ညွှန်း၏။

Genesis 7:23

အသက်ရှင်သော အရာရှိရှိသမျှတို့ကို . . . ပယ်ရှင်းတော်မူ၍

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ရှင်သော အရာရှိရှိသမျှတို့သည် ... ပယ်ပျောက်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ဖျက်စီးတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

မြေကြီးပေါ်က

"မြေကြီးပေါ်မှ"

နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူ

"သင်္ဘောထဲ၌ အတူပါရှိသောသူ"

ကျန်ကြွင်းကြလေ၏

"ကျန်ရှိကြ၏" သို့မဟုတ် "အသက်ရှင်ကြ၏" သို့မဟုတ် "အသက်ရှင်ခွင့်ရကြ၏" (UDB)

ရေသည်လည်း မြေကြီးပေါ်မှာ . . . အားကြီးစွာ တည်လေ၏

"ရေသည်လည်း မြေကြီးကို ... ဖုံးအုပ်လေ၏" သို့မဟုတ် "မြေကြီးပေါ်မှာ ... ရေလွှမ်းလေ၏"