Genesis 1

Genesis 1:1

အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။

အစဦးကာလတွင် ဘုရားသခင်က ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခဲ့သည့် အကြောင်းဖြစ်သည်။ ဤအခန်း၏ ကျန်ရှိသော အပိုင်းကို အကျဉ်းချုပ်ထားခြင်းဖြစ်၏။ တချို့ ဘာသာစကားများတွင် "ရှေးကာလ၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏" ဟူ၍ ပြန်ဆိုထားသည်။ ပုံပြင်တစ်ပုဒ်ကဲ့သို့ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်သကဲ့သို့ ပြန်ဆိုပါ။

အစအဦး၌

လောကနှင့် အရာခပ်သိမ်း၏ အစကို ညွှန်း၏။

ကောင်းကင်နှင့် မြေကြီး

ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲ၌ ရှိသမျှသော အရာအားလုံး

ကောင်းကင်

မိုဃ်းကောင်းကင်ကို ညွှန်း၏။

အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာ

ထာဝရဘုရားက လောကကို စီမံခန့်ခွဲခြင်း မပြုမီ

နက်နဲရာအရပ်

"ရေ" သို့မဟုတ် "နက်နဲသော ရေ" သို့မဟုတ် "ကျယ်ပြောသော ရေ"

ရေမျက်နှာပြင်

ရေ သို့မဟုတ် "ရေထု" မျက်နှာပြင်

Genesis 1:3

အလင်းဖြစ်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ အလင်း ဖြစ်စေ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍

ဘုရားသခင်သည် အလင်းကိုမြင်၍ ကျေနပ်မှု ရှိတော်မူ၏။ ဤကျမ်းပိုဒ်ရှိ "ကောင်းသည်" ဟူရာတွင် "ကျေနပ်စေသည်" သို့မဟုတ် "သင့်စေသည်" ဟု အဓိပ္ပါယ် သက်ရောက်၏။

အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ၏

အလင်းနှင့် အမှောင်ကို ခွဲခြားသည် သို့မဟုတ် "အလင်းတလှည့် အမှောင်တလှည့် ဖြစ်စေသည်။" နေ့အချိန်နှင့် ညအချိန်ကို ထာဝရဘုရား ဖန်ဆင်းကြောင်း ဖော်ပြထားသည်။

ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏

ဤအရာကို ဘုရားသခင်က ဆောင်ရွက်လေရာ စကြဝဠာ ပေါက်ဖွားလာသည်။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ဂျူး ထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism))

Genesis 1:6

. . . ၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ . . . ခြားနားစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ရေကို မိုဃ်းမျက်နှာကြက် ဖြစ်စေပြီး ရေနှင့်ရေချင်း ခြားနားစေ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

မိုဃ်းမျက်နှာကြက်

ကျယ်ပြန်သော လေဟာပြင်။ ဂျူးလူမျိုးများက အဆိုပါ လေဟာပြင်ဟူသည်မှာ အမိုးခုံး၏ အတွင်းပိုင်း သို့မဟုတ် ပန်းကန်လုံး၏ အတွင်းပိုင်းကို ပြောင်းပြန်လှန်သကဲ့သို့ ဖြစ်မည်ဟု အယူအဆ ရှိကြသည်။

ရေအလယ်၌

ရေအထဲတွင်

မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ . . . ရေနှင့်၊ . . . ရေကို ပိုင်းခြားတော်မူသည်

ဤနည်းဖြင့် ဘုရားသခင်က မိုဃ်းမျက်နှာကြက်ကို ဖန်ဆင်းပြီး ရေတို့ကို ပိုင်းခြားတော်မူ၏။ ထာဝရဘုရား မိန့်တော်မူသောအခါ၊ ထိုအတိုင်း ဖြစ်လေ၏။ ဘုရားသခင် မိန့်သောအခါ မည်သို့ ဖြစ်လာသည့်အကြောင်းကို ဤစာကြောင်းက ရှင်းပြထားသည်။

. . . တော်မူသည်အတိုင်းဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရသည် အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ယုဒထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၅ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism))

ဒုတိယနေ့ရက်

စကြဝဠာ မွေးဖွားပြီး ဒုတိယရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁:၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:9

ရေစုဝေးစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ရေများကို စုဝေးစေ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေစုဝေးစေ" သို့မဟုတ် "ရေများ စုပြုံစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive and /WA-Catalog/my_tm?section=translate#figs-imperative)

ကုန်းပေါ်စေ

ကုန်းသည် ရေအောက်တွင် ရှိခဲ့သည်။ သို့သော်၊ ယခုတွင် ရေများ ရွှေ့ပြောင်းလျက် ခြောက်သွေ့လာမည်ဖြစ်၏။ အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ခြောက်သွေ့သောမြေ ထွက်ပေါ်စေ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခြောက်သွေ့သော မြေပေါ်စေ" သို့မဟုတ် "‌ခြောက်သွေ့သော မြေ မြင်ရစေ" သို့မဟုတ် "ကုန်းမြေ ထွက်ပေါ်စေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

ကုန်း

ရေမရှိသော ခြောက်သွေ့သည့် မြေကို ဆိုလိုသည်။ တောင်ယာစပါး စိုက်ပျိုး၍ မရသော ခြောက်သွေ့မြေ မဟုတ်။

. . . သည်အတိုင်း ဖြစ်လေ၏

ထိုသို့ ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ခဲ့၏။" ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရကို ဖော်ပြပါ အခန်း တလျှောက်တွင် တွေ့ရပြီး၊ တူညီသော အဓိပ္ပါယ်ကို ဆောင်သည်။

ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊

ခြောက်သွေ့သောအရပ်ကို မြေဟုလည်းကောင်း

ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏

"ထိုအမှုအရာ" ဟူရာတွင် ကုန်းနှင့်ရေကို ညွှန်း၏။ ကမ္ဘာဦးကျမ်း ၁:၄ တွင် ပြန်ဆိုချက်ကို ရှုပါ။

Genesis 1:11

စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ . . . ပေါက်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ မြေပေါ်တွင် စပါးပင်ပေါက်စေ၏။ အခြားသောဘာသာပြန်ဆိုချက် "မြေပေါ်တွင် အသီးအနှံများပေါက်စေ" သို့ " စပါးသီးမျိုးများကို မြေကြီးပေါ်တွင် ကြီးထွားစေ" (ရှု:/WA-Catalog/my_tm?section=translate#figs-imperative)

စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေ

မျိုးစေ့ပါသောအပင်နှင့် သစ်သီးမျိုးဖြစ်စေသောအပင်မှအစ သဘာဝပေါက်ပင်များ ဖြစ်စေ သို့မဟုတ် "သဘာဝပေါက်ပင်များဖြစ်စေ။ မျိုးစေ့ပါသောအပင်နှင့် အသီးသီးသောအပင်များ ပေါက်စေ။" "သဘာဝပေါက်ပင်" ဟု ဆိုရာတွင် သစ်ပင်ငယ်နှင့် သစ်ပင်ကြီးများအားလုံးကို ခြုံငုံသော ဝေါဟာရ စကားလုံးဖြစ်သည်။

သစ်ပင်

ပင်စည်မာသော အပင်မျိုးသာ မဟုတ်သည့်၊ ပင်စည်နုသော ပေါက်ပင်များကိုလည်း ဆိုလိုသည်။

သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်

မျိုးစေ့ပါသော အသီးကို သီးသော အပင်မျိုး

. . . သည် အတိုင်း ဖြစ်လေ၏

ထိုသို့ ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ခဲ့၏။" ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရကို ဖော်ပြပါ အခန်း တလျှောက်တွင် တွေ့ရပြီး၊ တူညီသော အဓိပ္ပါယ်ကိုဆောင်သည်။ ကမ္ဘာဦးကျမ်း ၁:၇ မှ ပြန်ဆိုချက်ကို ရှု။

ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ . . . ၏

"ထိုအမှုအရာ" ဆိုရာတွင် သဘာဝပေါက်ပင်များနှင့် သစ်ပင်များကို ညွှန်းဆိုသည်။ ကမ္ဘာဦးကျမ်း ၁:၁၀ မှ ပြန်ဆိုချက်ကို ရှု။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ယုဒထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism))

တတိယနေ့ရက်

စကြဝဠာ မွေးဖွားပြီး တတိယရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁:၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:14

မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ကောင်းကင်၌ အလင်းဖြစ်စေ၏။ (ရှု:/WA-Catalog/my_tm?section=translate#figs-imperative)

မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်

မိုဃ်းကောင်းကင်၌ လင်းသောအရာများ သို့မဟုတ် "မိုဃ်းကောင်းကင်၌ အလင်းပေးသောအရာများ။" နေ၊ လနှင့် ကြယ်များကို ညွှန်းခြင်းဖြစ်သည်။

မိုဃ်းကောင်းကင်မျက်နှာကြက်၌

မိုဃ်းကောင်းကင် မျက်နှာပြင် သို့မဟုတ် "မိုဃ်းကောင်းကင်၏ ကျယ်ပြောသော လေဟာပြင်"

နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ

နေ့ကို ညဉ့်မှ ပိုင်းခြားစေခြင်းငှါ။ "နေ့နှင့် ညဉ့်၏ ကွာခြားမှုကို သိစေခြင်းငှါ" ဟူ၍ ဆိုလိုခြင်းဖြစ်သည်။ နေသည် နေ့အချိန်ကိုလည်းကောင်း၊ လနှင့် ကြယ်များသည် ညဉ့်အချိန်ကိုလည်းကောင်း ညွှန်းဆို၏။

နိမိတ်လက္ခဏာ . . . ဖြစ်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ဤအရာများကို နိမိတ်လက္ခဏာ ဖြစ်စေ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "နိမိတ်လက္ခဏာ . . . အဖြစ် ဆောင်ရွက်စေ" သို့မဟုတ် "နိမိတ် . . . ပြစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

နိမိတ်လက္ခဏာ

တစုံတခုကို ပြသ သို့မဟုတ် ညွှန်ပြသော အရာကို ဆိုလိုသည်။

ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့

နေ၊ လနှင့် ကြယ်တို့သည် အချိန်ကို ညွှန်ပြပေး၏။ ထို့ကြောင့် အပတ်စဉ်၊ လစဉ်၊ သို့မဟုတ် နှစ်စဉ် ဖြစ်ပျက်သောအရာများ၏ အချိန်အခါကို နားလည်သဘောပေါက်စေသည်။

ချိန်းချက်သောအချိန်

ပွဲရက်နှင့် တခြားအရာများ ပြုလုပ်ရန် လူတို့ ခွဲခြားသတ်မှတ်ထားသော အချိန်

မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ မြေကြီးကို လင်းစေသော အလင်းအိမ် ဖြစ်စေ၏။

မြေကြီးလင်းစရာ

မြေကြီးကို အလင်းပေးရန် သို့မဟုတ် "မြေကြီး လင်းစေရန်။" ကမ္ဘာကြီးမှာ ကိုယ်ပိုင် အလင်း မထုတ်နိုင်သော်လည်း အလင်းပြန်စေတတ်သည်။

. . . သည့်အတိုင်းဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရသည် အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။ ကမ္ဘာဦးကျမ်း ၁:၇ မှ ပြန်ဆိုချက်ကို ရှု။

Genesis 1:16

အလင်းအိမ်ကြီး နှစ်လုံး . . . ကို ဖန်ဆင်းတော်မူပြီးလျှင်

အလင်းအိမ်ကြီး နှစ်လုံးကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ ဘုရားသခင် မိန့်တော်မူသည့်အခါ မည်သို့ ဆိုခဲ့ကြောင်းကို ဤကျမ်းပိုဒ်တွင် တွေ့နိုင်သည်။

အလင်းအိမ်ကြီး နှစ်လုံး

ကြီးမားသော အလင်းအိမ် နှစ်လုံး သို့မဟုတ် "တောက်ပသော အလင်း နှစ်ခု။" နေနှင့် လတို့မှာ အဆိုပါ အလင်းအိမ်ကြီး နှစ်လုံးဖြစ်သည်။

နေ့ကို အုပ်စိုးရသော

အလင်းအိမ်ကြီးနှစ်လုံးအား လူ့ပြည်ကို အစိုးရသည့် မင်းများပမာ တင်စားခေါ်ဝေါ်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူကိုအုပ်စိုးသော မင်းများပမာ နေ့အချိန်ကို အစိုးရသော" သို့မဟုတ် "နေ့အချိန်ကို ခွဲခန့်သတ်မှတ်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification နှင့် /WA-Catalog/my_tm?section=translate#figs-metaphor))

နေ့

နေ့အချိန်ကို ညွှန်း၏။

အငယ်တလုံး

အလင်းငယ် သို့မဟုတ် "အလင်းဖျော့"

မိုဃ်းကောင်းကင် မျက်နှာကြက်၌

မိုဃ်းကောင်းကင်ထက်၌ သို့မဟုတ် "မိုဃ်းကောင်းကင်၏ လေဟာပြင်ထဲ၌"

အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ

မှောင်မိုက်မှ အလင်းကို ခွဲထုတ်စေခြင်းငှာ သို့မဟုတ် "အလင်းပေးချိန်နှင့် မှောင်မိုက်ချိန် ရှိစေခြင်းငှာ။" ကမ္ဘာဦးကျမ်း ၁:၄ မှ ပြန်ဆိုချက်ကို ရှု။

ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊

"ထိုအမှုအရာ" ဆိုရာတွင် နေ၊ လနှင့် ကြယ်များကို ညွှန်း၏။ ကမ္ဘာဦးကျမ်း ၁:၄ မှ ပြန်ဆိုချက်ကို ရှု။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ယုဒထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism))

စတုတ္ထနေ့ရက်

စကြဝဠာ မွေးဖွားပြီး စတုတ္ထရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁:၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:20

အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည် များပြားစွာ မွေးဘွားစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ အသက်ရှင်သော တိရစ္ဆာန်တို့ကို ရေတွင် များပြားစွာ ပေါက်ဖွားစေ၏။ တချို့ ဘာသာစကားများတွင် ငါးနှင့် ရေအောက် သတ္တဝါများကို ဝေါဟာရတစ်လုံးဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေသည် သတ္တဝါအပေါင်းတို့ဖြင့် ပြည့်နှက်စေ" သို့မဟုတ် "ပင်လယ် သမုဒ္ဒရာတွင် အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် များပြားစွာ မွေးဘွားစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

ငှက်တို့လည်း . . . ပျံစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ငှက်တို့ကို ပျံဝဲစေ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

ငှတ်တို့

ပျံတတ်သော တိရစ္ဆာန်များ သို့မဟုတ် "ပျံတတ်သောအရာများ"

မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်

မိုဃ်းကောင်းကင် လေဟာပြင် သို့မဟုတ် "မိုဃ်းကောင်းကင်"

ဘုရားသခင် ဖန်ဆင်း၍

ဘုရားသခင်သည် ဖန်ဆင်း၍

ငါးကြီး

ပင်လယ်တွင် နေထိုင်သည့် ကြီးမားသော တိရစ္ဆာန်များ

အမျိုးအလိုက်

ပေါက်ဖွားရာတိရစ္ဆာန်နှင့် "အမျိုး" တူသော သက်ရှိသတ္တဝါ

ပျံတက်သော ငှက်မျိုးအပေါင်းတို့

အတောင်ပါသော ပျံတတ်သည့် ငှက်အပေါင်းတို့။ ငှက်ဟူသည် အတောင်ပါပြီးဖြစ်သည့်အတွက်၊ တချို့ ဘာသာစကားများတွင် "ငှက်မျိုးအပေါင်းတို့" ဟု ရိုးရှင်းစွာ အသုံးပြုလျှင် ပို၍ သဘာဝဆန်ပါမည်။

ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏

"ထိုအမှုအရာ" ဟု ဆိုရာတွင် ငှက်နှင့် ငါးတို့ကို ညွှန်းဆိုသည်။ ကမ္ဘာဦးကျမ်း ၁:၄ မှ ပြန်ဆိုချက်ကို ရှု။

Genesis 1:22

များပြားစွာ မွေးဘွား

အဆမတန် တိုးပွား

များပြားစွာ မွေးဘွားကြလော့

ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ ပင်လယ်တွင် များပြားစွာ ရှိစေခြင်းငှာ ပင်လယ် တိရစ္ဆာန်များကို များပြားစွာ မွေးဘွားရန် မိန့်တော်မူသည်။ "များပြားစွာ" ဟူသည်မှာ "တိုးပွား" ခြင်းသဘောကို ဆောင်ပါသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

ငှက်တို့

ပျံတတ်သော တိရစ္ဆာန်များ သို့မဟုတ် "ပျံတတ်သောအရာများ။" ကမ္ဘာဦးကျမ်း ၁း၂၀ မှ ပြန်ဆိုချက်ကို ရှု။

ငှက်တို့လည်း . . . များပြားစေသတည်း

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ငှက်တို့ကို များပြားစေ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍

ဖန်ဆင်းတော်မူသော တိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍

ညဦးနှင့်နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ယုဒထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism))

ပဥ္စမနေ့ရက်

စကြဝဠာ မွေးဖွားပြီး ပဉ္စမရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁:၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:24

မြေသည် အသက်ရှင်သောသတ္တဝါမျိုး . . . မွေးဘွားစေ

မြေသည် အသက်ရှင်သောသတ္တဝါမျိုး . . . မွေးဘွားစေ သို့မဟုတ် "မြေပေါ်၌ အသက်ရှင်သောသတ္တဝါများ နေထိုင်စေ။" အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ မြေ၌ သတ္တဝါများ မွေးဘွားစေ၏။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-imperative)

သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊

ဤကျမ်းပိုဒ်တွင် တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဘုရားသခင် ဖန်ဆင်းတော်မူကြောင်း တင်ပြထားသည်။ အထက်ပါ တိရစ္ဆာန်မျိုးများကို ခေါ်ဆိုရာ၌ မတူညီသော အခေါ်အဝေါ်များ ရှိပါက၊ ထိုဝေါဟာရကို အသုံးပြုနိုင်သည်။ သို့မဟုတ် အထက်ပါအတိုင်းလည်း ပြန်ဆိုနိုင်သည်။

. . . သည်အတိုင်း ဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရကို အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။ ကမ္ဘာဦးကျမ်း ၁:၇ မှ ပြန်ဆိုချက်ကို ရှု။

သားရဲမျိုး

သားရိုင်း တိရစ္ဆာန်မျိုး သို့မဟုတ် "အန္တရာယ်ရှိသော တိရစ္ဆာန်မျိုး"

သားယဉ်

လူတို့ မွေးမြူသော တိရစ္ဆာန်အမျိုး

တွားတတ်သော တိရစ္ဆာန်

တိရစ္ဆာန် အကောင်ငယ်မျိုး

ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍

ဘုရားသခင်သည် တိရစ္ဆာန်အပေါင်းတို့ကို ဤသို့ ဖန်ဆင်း၍

ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏

"ထိုအမှုအရာ" ဟု ဆိုရာတွင် မြေပေါ်တွင် နေထိုင်သော သက်ရှိတိရစ္ဆာန်အပေါင်းကို ဆိုလိုသည်။ ကမ္ဘာဦးကျမ်း ၁:၄ မှ ပြန်ဆိုချက်ကို ရှု။

Genesis 1:26

ငါတို့ . . . ဖန်ဆင်းကြစို့

"ငါတို့" ဟု ဆိုရာတွင် ဘုရားသခင်ကို ညွှန်းဆိုခြင်းဖြစ်သည်။ ပြုတော်မူမည့်အရာကို မိန့်လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် "ငါတို့" ဟူ၍ အများနာမ်စားကို သုံးနှုန်းထား၏။ ထိုသို့ အသုံးပြုရခြင်း၏ ဖြစ်နိုင်ချေ အကြောင်းရင်းမှာ (၁) ကောင်းကင်ဘုံတွင် ဘုရားသခင်သည် ကောင်းကင်တမန်များနှင့်အတူ ဆွေးနွေးနေ၍ ဖြစ်ပေမည် သို့မဟုတ် (၂) အဆိုပါ အများညွှန်းပုဒ်က ဓမ္မသစ်ကာလတွင် သုံးပါးတစ်ဆူဘုရားအဖြစ် ထင်ရှားတော်မူမည့်အရိပ်ကို ပြနေခြင်းလည်း ဖြစ်ပေမည်။ "ငါ . . . ဖန်ဆင်းအံ့" ဟူ၍ ပြန်ဆိုသူများလည်း ရှိ၏။ သို့ရာတွင်၊ မူရင်းစကားလုံးမှာ အများကို ညွှန်းကြောင်း မှတ်ချက်ပေးရပါမည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-pronouns)

လူ

သက်ရှိလူသား

ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း

အထက်ပါ ဝေါဟာရနှစ်ခုမှာ အဓိပ္ပါယ်တူ၏။ လူသားအနွယ်ကို မိမိနှင့် တသဏ္ဍာန်တည်း ဖြစ်ရမည်ဟု ဘုရားသခင် မိန့်လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် မည်သို့ဖြင့် ဘုရားသခင်နှင့် တသဏ္ဍာန်တည်းဖြစ်မည်အကြောင်း ဖော်ပြထားခြင်းမရှိ။ ထာဝရဘုရားတွင် ခန္ဓာတော်မရှိ။ ထို့ကြောင့် ဘုရားသခင်နှင့် ရုပ်အဆင်း တူညီမည်ဟု မိန့်တော်မူခြင်း မဟုတ်တန်ရာ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့နှင့် တူသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet နှင့် /WA-Catalog/my_tm?section=translate#figs-pronouns)

အုပ်စိုးစေ

"အစိုးရစေ" သို့မဟုတ် "အစိုးပိုင်စေ"

ဘုရားသခင်သည် . . . လူကိုဖန်ဆင်းတော်မူ၏

ဘုရားသခင်၏ လူကို အခြားသောအရာများနှင့်မတူ တမူထူးခြားစွာ ဖန်ဆင်း၏။ ထို့ကြောင့် လူကို နှုတ်မိန့်ဖြင့်သာ ဖန်ဆင်းသည်ဟု ရေးသားခြင်း မပြုရ။

Genesis 1:28

သူတို့ကိုကောင်းကြီးပေးတော်မူ၏

"သူတို့" ဟူသည့် နာမ်စားပုဒ်မှာ လူယောက်ျားနှင့် လူမိန်းမကို ညွှန်းဆိုခြင်းဖြစ်သည်။

များပြားစွာ မွေးဘွားကြလော့

မိမိနှင့်တူသော လူကို များပြားစွာ ဖွားမြင်ရန် ဘုရားသခင် မိန့်တော်မူခဲ့သည်။ "များပြားစွာ" ဟူသည်မှာ "တိုးပွား" ရန် ဆိုလိုခြင်းဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet and /WA-Catalog/my_tm?section=translate#figs-idiom)

မြေကြီးကို ပြည့်စေ

မြေကြီးကို လူနှင့် ပြည့်စေ

Genesis 1:30

ယေဘုယျ အချက်အလက်

ဘုရားသခင် ဆက်လက်၍ မိန့်မှာသည်။

မိုဃ်းကောင်းကင်ငှက်

ကောင်းကင်၌ ပျံဝဲသောငှက်

အသက်ရှင်

အသက်ရှူနိုင်။ ဤဝေါဟာရက အပင်နှင့် တိရစ္ဆာန်တို့၏ ကွာဟချက်ကို မြင်သာစေသည်။ အပင်သည် အသက်မရှူနိုင်။ တိရစ္ဆာန်၏ အစာများ ဖြစ်ကြရသည်။ ဖော်ပြပါ ကျမ်းပိုဒ်ရှိ "အသက်" ဟူသည်မှာ လှုပ်ရှား သက်ရှင်မှုကို ဆိုလိုသည်။

. . . သည်အတိုင်းဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရသည် အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။ ကမ္ဘာဦးကျမ်း ၁:၇ မှ ပြန်ဆိုချက်ကို ရှု။

အလွန်ကောင်းသည်

ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုသောအခါ၊ "အလွန်ကောင်းသည်" ဟူ၏။ ကမ္ဘာဦးကျမ်း ၁:၁၀ မှ ပြန်ဆိုချက်ကို ရှု။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ယုဒထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည့် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁:၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism))

ဆဌမနေ့ရက်

စကြဝဠာ မွေးဖွားပြီး ဆဌမရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁:၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။