Genesis 2

Genesis 2:1

ကောင်းကင်

မိုဃ်းကောင်းကင် သို့မဟုတ် "မိုဃ်းမျက်နှာပြင်"

ခပ်သိမ်းသော တန်ဆာ

၎င်းအထဲ၌ရှိသော သက်ရှိသတ္တဝါအပေါင်း သို့မဟုတ် "ခပ်သိမ်းသော သတ္တဝါအပေါင်း"

ပြီးစီးလျက်ရှိကြ၏

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ဖန်ဆင်းပြီး၏။" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီး

သတ္တမနေ့တွင် ဘုရားသခင် အမှု မပြုတော့ပါ

လက်စသတ်တော်မူခဲ့ပြီး

အီဒီယမ်စကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြီးစီးခဲ့ပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏

ထိုနေ့တွင် အမှုမပြုပါ။

ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍

ဤစာပိုဒ်ကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ရာတွင် (၁) ဘုရားသခင်သည် သတ္တမနေ့တွင် ကောင်းသော ရလဒ် ထွက်ပေါ်စေသည် သို့မဟုတ် (၂) သတ္တမကို ကောင်းသည်ဟု မိန့်လိုက်ခြင်းဖြစ်သည်။

သန့်ရှင်းစေတော်မူ၏

"ခွဲခန့်တော်မူ၏" သို့မဟုတ် "မိမိအဖို့ သတ်မှတ်တော်မူ၏"

ထိုနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏

အလုပ်မှ နားတော်မူ၏

Genesis 2:4

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၂ ၏ ကျန်ရှိသော အပိုဒ်များတွင် ဆဌမနေ့ရက်၌ ပြုသောအမှုများကို ဖော်ပြထားသည်။

ဤအကြောင်းအရာကား . . . ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း

"ဤအကြောင်းအရာကား ... ကောင်းကင်နှင့် မြေကြီး၏ သမိုင်းမှတ်တမ်းပေတည်း" သို့မဟုတ် "ဤအကြောင်းအရာကား ... ကောင်းကင်နှင့် မြေကြီး၏ သမိုင်းရာဇဝင်ပေတည်း။" အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ (၁) ကမ္ဘာဦးကျမ်း ၁:၁-၂:၃ တွင် ဖော်ပြထားသည့် ဖြစ်ရပ်များကို အကျဉ်းချုပ်ပေးလိုက်ခြင်းဖြစ်နိုင်သည် သို့မဟုတ် (၂) ကမ္ဘာဦးကျမ်း ၂ မှ ဖြစ်ရပ်များကို အဖွင့် မိတ်ဆက်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြင့် ပြန်ဆိုပါစေ၊ ကျမ်းစာ ဖတ်ရှုသူများ နားလည်နိုင်အောင် ပြန်ဆိုပေးရပါမည်။

ထာဝရအရှင်ဘုရားသခင် . . . ဖန်ဆင်းတော်မူသောနေ့

ထာဝရဘုရား ... ဖန်ဆင်းတော်မူသောနေ့။ "နေ့" ဟု ဆိုရာတွင် ဖန်ဆင်းခြင်းကာလ တလျှောက်လုံးကို ခြုံပြောလိုက်ခြင်းဖြစ်ပြီး၊ တစ်နေ့တာမျှ ညွှန်းခြင်းမဟုတ်။

ဖန်ဆင်းရာကာလ

ယာဝေး ဘုရား ဖန်ဆင်းခဲ့သည်။ အခန်းကြီး ၁ တွင် ကျမ်းပြုဆရာက ဘုရားသခင်ကို "ဘုရားသခင်" ဟုသာ ခေါ်ဝေါ်ခဲ့ရာ၊ အခန်းကြီး ၂ သို့ ရောက်သောအခါ "ထာဝရဘုရား" ဟုသာ သမုတ်လေသည်။

ထာဝရအရှင်ဘုရားသခင်

ဤ အမည်နာမသည် ဓမ္မဟောင်းကျမ်းတွင် လူမျိုးတော်တို့အား ဖွင့်ပြသည့် ဘုရားသခင်၏ နာမတော်ဖြစ်သည်။

မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ

တိရစ္ဆာန်တို့ စားစရာဖို့ ပျိုးပင် မပေါက်မှီ

လယ်ယာ၌ စပါးပင်မကြီးပွားမှီ

တိရစ္ဆာန်နှင့် လူတို့ စားစရာဖို့ ဟင်းသီးဟင်းရွက်စသော အပင်များ မကြီးပွားမီ

မြေ၌လုပ်သော

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်သော

အခိုးအငွေ့

ဖြစ်နိုင်ခြေအရှိဆုံးသော အဓိပ္ပါယ် ဖွင့်ဆိုချက်များမှာ (၁) ရေငွေ့၊ မြူ သို့မဟုတ် (၂) မြေအောက် ရေပြင်မှ ထွက်သော အငွေ့

မြေတပြင်လုံး

တကမ္ဘာလုံး

Genesis 2:7

လူကို ဖန်ဆင်း၍

လူကို ပုံသွင်း၍ သို့မဟုတ် "လူကို ပုံဖော်၍" သို့မဟုတ် "လူကို ဖန်ဆင်း၍"

လူ . . . လူ

သက်ရှိလူသား ... လူသား သို့မဟုတ် "လူပုဂ္ဂိုလ် ... လူပုဂ္ဂိုလ်" ယောက်ျားဟု တိကျစွာ ဖော်ပြရန် မလိုပါ

သူ၏နှာခေါင်း

သူ၏ နှာပေါက်

ဇီဝအသက်

အသက်ကိုပေးသော ဇီဝလေ။ အထက်ပါ "ဇီဝ" ဟု ဆိုရာတွင် ခန္ဓာအသက်ကို ညွှန်း၏။

ဥယျာဉ်

သီးပင်များ ပေါက်သော ခြံဖြစ်နိုင်သကဲ့သို့ အပင်မျိုးပေါင်းစုံ ဝေဆာသော အရပ်ဒေသလည်း ဖြစ်နိုင်သည်။

အရှေ့မျက်နှာ

အရှေ့ဘက်

Genesis 2:9

ဥယျာဉ်အလယ်၌

ဥယျာဉ်တော်၏ အလယ်၌။ သို့ရာတွင် အထက်ပါ အပင်နှစ်မျိုးလုံးသည် တစ်နေရာထဲတွင် ရှိသည်ဟု ဆိုလိုခြင်းမဟုတ်။

အသက်

"ထာဝရအသက်" သို့မဟုတ် "မသေသော အသက်" ကို ဆိုလိုသည်။

အသက်ပင်

အသက်ကိုပေးသော အပင်

ကောင်းမကောင်းကို သိကျွမ်းရာအပင်

"အကောင်းနှင့် အဆိုးကို ခွဲခြားသိမြင်စေသော အပင်" သို့မဟုတ် "အကောင်းနှင့် အဆိုးကို ခွဲခြားသတ်မှတ်စေနိုင်သော အပင်"

ကောင်း မကောင်း

အစွန်းရောက်ခြင်းနှင့် ကြားရှိ အခြေအနေအရပ်ရပ်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကောင်းနှင့် အဆိုး အရာအားလုံး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်

ဥယျာဉ်တော်သည် ဧဒင်အရပ်တွင် တည်ရှိသည်။ ဖော်ပြပါ မြစ်သည် ဧဒင်အရပ်ထဲမှ ထွက်ခွာ စီးဆင်းသည်။ "ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ကို ဖြတ်၍ စီးဆင်းသဖြင့်"

Genesis 2:11

ဖိရုန်

သမ္မာကျမ်းစာတွင် ဖော်ပြပါ မြစ်အမည်ကို ဤကျမ်းပိုဒ်တွင်သာ တွေ့ရသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ရွှေရှိသော

ဟာဝိလပြည်၏ အခြေအနေကို ဖော်ပြထားသည်။ အချို့သော ဘာသာစကားများတွင် ဤစာကြောင်းကို ခွဲတတ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟာဝလိပြည်တွင် ရွှေရှိသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-distinguish)

ဟာဝိလပြည်နား တရှောက်လုံး

ဟာဝိလခေါ်သော ပြည်တရှောက်လုံး။ အရေဗျ သဲကန္တာရထဲတွင် တည်ရှိခဲ့သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 2:13

ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဤအရပ်တွင် ဗဓေလသစ်စေးနှင့် ရှဟံကျောက်ကိုလည်း တွေ့နိုင်၏"

ဗဓေလသစ်စေး

ဤသစ်စေးမျိုးကို သစ်ပင်တစ်မျိုးမှရပြီး မွှေးရနံ့ထွက်သည်။ သစ်စေးဟူသည်မှာ အချို့သော အပင်များမှ ရရှိပြီး လောင်ကျွမ်းတတ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

ရှဟံကျောက်

ရှဟံကျောက်များ။ ရှဟံကျောက်မှာ လှပသော ကျောက်မြတ်တမျိုးဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-unknown)

ဂိဟုန်

သမ္မာကျမ်းစာတွင် ဖော်ပြပါ မြစ်အမည်ကို ဤကျမ်းပိုဒ်တွင်သာ တွေ့ရသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ကုရှပြည်နား တရှောက်လုံးကို စီးသွားလေ၏

တပြည်လုံးကို ဖုံးလွှမ်းသည် မဟုတ်ဘဲ၊ ထိုပြည်၏ ဒေသအများစုတွင် စီးဆင်းကြောင်းညွှန်းခြင်းဖြစ်၏။

ကုရှပြည်နား တရှောက်လုံး

ကုရှခေါ်သော ပြည်တရှောက်လုံး

အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏

အာရှုရိခေါ် မြို့ပြ၏ အရှေ့သို့ စီးသွားလေ၏။ ဟိဒကေလ ခေါ် တိဂရိ မြစ်သည် မြောက်မှ တောင်သို့ စီးဆင်းသွား၏။ "အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏" ဟူသော စာပိုဒ်က တိဂရိမြစ်၏ တည်နေရာကို ဖော်ပြလိုက်သည်။ အချို့သော ဘာသာစကားများတွင် စာကြောင်းကို ခွဲ၍ ပြန်ဆိုတတ်ကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာရှုရိတိုင်း၏ အရှေ့ဘက်သို့ စီးသွားလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-distinguish)

Genesis 2:15

ဧဒင်ဥယျာဉ်

ဧဒင်အရပ်၌ ရှိခဲ့သော ဥယျာဉ်တော်

ပြုစု . . . စေခြင်းငှါ

စိုက်ပျိုး ... စေခြင်းငှါ။ အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သမျှကို ဆောင်ရွက်ရန် ညွှန်းဆိုခြင်းဖြစ်သည်။

စောင့်ရှောက်စေခြင်းငှါ

အန္တရာယ် အမျိုးမျိုးမှ ကွယ်ကာ စောင့်ရှောက်စေခြင်းငှါ

ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီး

ထိုဥယျာဉ်ရှိ အပင်အားလုံး၏ အသီး

သင်သည်

ပုဂ္ဂလနာမ်စား ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-you)

စားရသောအခွင့်ရှိ၏

အတားအဆီးမရှိ စားခွင့်ရှိ၏

ကောင်းမကောင်းကို သိကျွမ်းရာအပင် . . . ၏ အသီးကိုကား မစားရ

ဤကျမ်းပိုဒ်မှာ အငယ် ၁၅ ရှိ "ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏" ဟူသော အမိန့်စကားကို ပြည့်စုံစေသည်။ UST မူပြန်ကျမ်းကဲ့သို့ အချို့သော ဘာသာစကားများတွင်၊ တားမြစ်ထားသည့်အရာကို ဦးစွာဖော်ပြပြီးမှ ခွင့်ပြုသောအရာကို ဖော်ပြတတ်သည်။

ကောင်းမကောင်းကို သိကျွမ်းရာအပင်

အကောင်းနှင့်အဆိုးကို နားလည်သိကျွမ်းစေသောအပင် သို့မဟုတ် "ကောင်းမကောင်း သိကျွမ်းရာအသီးကို သီးသောအပင်။" ကမ္ဘာဦးကျမ်း ၂:၉ မှ ပြန်ဆိုချက်ကို ရှု။

မစားရ

စားခြင်းမှ ငါတားမြစ်၏ သို့မဟုတ် "စားရသောအခွင့်မရှိ"

Genesis 2:18

သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်

သူနှင့်တော်သော အထောက်အမကို ငါလုပ်ဦးမည်

မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့

"မြေ" နှင့် "မိုဃ်းကောင်းကင်" ဟူသော ဝေါဟာရများက တိရစ္ဆာန်နှင့် ငှက်တို့၏ နေရာအရပ်ကို ညွှန်းလေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်တို့နှင့်၊ ငှက်အပေါင်းတို့"

သားယဉ်အပေါင်းတို့

ခြံမွေးတိရစ္ဆာန်အပေါင်းတို့

လူနှင့်တော်သော အထောက်အမ မပေါ်မရှိသေး

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူနှင့်တော်သော အထောက်အမ မတွေ့ရသေး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 2:21

လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍

လူကို ကြီးမားစွာ အိပ်မောကျစေ၍

အသား

အရေပြားနှင့် ကြွက်သားစသော ကိုယ်ခန္ဓာ၏ နုနယ်သော အစိတ်အပိုင်းကို ညွှန်းသည်။

နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍

နံရိုးမှ လူမိန်းမကို ဖန်ဆင်း၍ ...။ နံရိုးသည် လူမိန်းမကို ဖန်ဆင်းရာ၌ အသုံးပြုသော ဝတ္ထုပစ္စည်း ဖြစ်သည်။

ယခု ဤသူသည်ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏

နောက်ဆုံး၌၊ ဤသူ၏ အရိုးသည် ငါ့အရိုးနှင့်လည်းကောင်း၊ အသားသည် ငါ့အသားနှင့်လည်းကောင်း တူ၏။ တိရစ္ဆာန်အပေါင်းတို့အနက် မိမိနှင့်တော်သော အထောက်အမကို ရှာလျက် မတွေ့သည့်နောက်ဆုံး၊ မိမိနှင့်တူ၍ အထောက်အမဖြစ်နိုင်မည့် နောက်လူကို တွေ့ခဲ့သည်။ စိတ်သက်သာမှုနှင့် ဝမ်းသာမှုကို ဖော်ပြရန် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ပေမည်။

လူထဲက ထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏

"ဟေဗြဲဝေါဟာရတွင် 'လူမိန်းမ' နှင့် 'လူယောက်ျား' မှာ အသံထွက်ချင်း နီးစပ်သည်" ဟု ဘာသာပြန်သူမှ မှတ်ချက်ချ ရေးသားသင့်သည်။

Genesis 2:24

ယေဘုယျ အချက်အလက်

ကျမ်းပြုဆရာမှ ထည့်သွင်းထားသော စာပိုဒ်ဖြစ်သည်။ အထက်ပါ လူယောက်ျား ပြောသော စကားမဟုတ်။

ထိုအကြောင်းကြောင့် ယောက်ျားသည်

ထို့ကြောင့် ယောက်ျားသည်

ယောက်ျားသည် ကိုယ်မိဘကို စွန့်၍

ယောက်ျားသည် ကိုယ်မိဘအိမ်ကို စွန့်၍

ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်

လင်နှင့်မယား ဆက်ဆံသည်ကို တသားတကိုယ်တည်း ဖြစ်သကဲ့သို့ ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မတူသော ကိုယ်နှစ်ခုသည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍

"ထိုသူလင်မယားနှစ်ဦး" ဆိုရာတွင် ဘုရားသခင် ဖန်ဆင်းတော်မူသော လူယောက်ျားနှင့် လူမိန်းမတို့ကို ညွှန်း၏။

အဝတ်မဝတ်ဘဲ

ကိုယ်လုံး ဗလာ

ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏

ရှက်ကြောက်စရာ အကြောင်းမရှိ