ပိန်သောနွားခုနစ်ကောင်တို့သည် ဝသောနွားခုနစ်ကောင်ကို စားပါသည်။
အလုံးသေးသော စပါးနှံခုနစ်နှံသည် အလုံးကြီးသောစပါးနှံခုနစ်နှံကို စားပါသည်။
ဗေဒင်နှင့်ပညာရှင်များသည် ဖါရောမင်း၏ အိပ်မက်ကိုအနက်မဖေါ်ပြနိုင်ကြပါ။
ဖလားတော်ဝန်က သူတို့သည် ထောင်ထဲမှာရှိစဥ်အခါ သူ၏မိတ်ဆွေတို့ မြင်သောအိပ်မက်တို့၏အနက်ကို ဟေဗြဲလူငယ်က မှန်ကန်စွာ အနက်ဖေါ်ပြနိုင်ပါသည်ဟု ပြောပါသည်။
ယောသပ်က ဘုရားသခင်သည် ဖါရောမင်းအိပ်မက်၏ အနက်ကို ဖေါ်ပြနိုင်ပါသည်ဟု ပြောပါသည်။
ယောသပ်က ဘုရားသခင် ပြုလုပ်မည့်အမှုကို ဖါရောမင်းအား ထုတ်ဖေါ်ပြသသည်ဟု ပြောပါသည်။
အိပ်မက်တွင် ကောင်းသောနွားခုနစ်ကောင်နှင့်ကောင်းသောစပါးနှံခုနစ်နှံတို့သည် အစာရေစာပေါများကြွယ်ဝသော ခုနစ်နှစ်ကို ကိုယ်စားပြုကြပါသည်။
အိပ်မက်တွင် ပိန်သော နွားခုနစ်ကောင်နှင့် ပိန်သောစပါးနှံခုနစ်နှံတို့သည် အစာရေစာ ရှားပါးသောခုနစ်နှစ်ကိုကိုယ်စားပြုကြပါသည်။
အိပ်မက်နှစ်ခုကို ဖါရောမင်းအားပေးရခြင်းအကြောင်းမှာ ဘုရားသခင်သည် ထိုအမှုအရာကို ခိုင်မြဲစေလျက်၊ အမြန်ဆုံးစီရင်မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။
ယောသပ်သည် ဖါရောမင်းအား လူတယောက်ကိုရွေးချယ်၍ အစာရေစာ ပေါများကြွယ်ဝသော ခုနစ်နှစ်တွင် ကောက်ပဲသီးနှံ၏ ငါးဖို့တဖို့ကို ကောက်ယူထားရန်အကြံပြုပါသည်။
ဖါရောမင်းက ဘုရားသခင်၏ ဝိညာဥ်တော်သည် ယောသပ်၌ ရှိသည်ဟု ပြောပါသည်။
ဖါရောမင်းသည် ယောသပ်အား သူ၏အိမ်တော်နှင့်တကွ အဲဂုတ္တုတပြည်လုံးကို အုပ်ချုပ်ရသော အခွင့်အာဏာနှင့် ဖါရောမင်း၏ ဒုတိယလူဖြစ်သောအဆင့်ကို ပေးအပ်ပါသည်။
ယောသပ်သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ မရေတွက်နိုင်သော စပါးတို့ကို သိမ်းဆည်းနိုင်ပါသည်။
ယောသပ် သားနှစ်ယောက်၏ အမည်များမှာ မနာရှေနှင့် ဧဖရိမ်တို့ ဖြစ်ကြပါသည်။
အစာရေစာ ခေါင်းပါးသော ခုနစ်နှစ်သည် အဲဂုတ္တုတပြည်လုံးတိုင်အောင် ကျယ်ပြန့်ပါသည်။
ယောသပ်သည် စပါးကျီအားလုံးကို ဖွင့်၍ အဲဂုတ္တုအမျိုးသားတို့အား ရောင်းချပေးပါသည်။
တပြည်လုံးရှိ ပြည်သားအပေါင်းတို့သည် ယောသပ်ထံမှစပါးဝယ်ယူရန် အဲဂုတ္တုပြည်သို့ လာကြပါသည်။