ယာကုပ်သည် ခါနာန်ပြည်၌ အခြချနေထိုင်ပါသည်။
ယောသပ်သည် သူ၏အဘယာကုပ်ထံသို့ ညီအစ်ကိုတို့၏မကောင်းသော သတင်းများကို ယူဆောင်လာပါသည်။
ဣသရေလသည် ယောသပ်အား ထူးခြားသောအရောင်အဆင်းရှိသည့်အင်္ကျီကိုချုပ်ပေးသည်။
ယောသပ်၏ ညီအစ်ကိုများက သူ့အားမုန်းတီး၍ ဖော်ရွေသောစကားကို မပြောဘဲနေကြသည်။
ယောသပ်၏ ကောက်လှိုင်းသည် ထ၍မတ်တပ်နေသဖြင့် အစ်ကိုတို့၏ကောက်လှိုင်းတို့သည် သူ၏ကောက် လှိုင်းကို ရှိခိုးသည်ကို အိပ်မက်တွင် မြင်ပါသည်။
ယောသပ်၏ အစ်ကိုတို့သည် သာ၍မုန်းတီးကြပါသည်။
ယောသပ်မြင်သောအိပ်မက်၌ နေ၊ လနှင့်တကွ၊ ကြယ်တဆယ့်တလုံးတို့သည် သူ့အား ရှိခိုးကြသည်ကို မြင်ပါသည်။
နေ၊လနှင့်တကွ၊ ကြယ်တို့သည် သူ၏ အဖ၊ အမိနှင့် အစ်ကိုတို့ကို ကိုယ်စားပြုကြပါသည်။
ယာကုပ်သည် ယောသပ်ကို ဟေဗြုန်ချိုင့်မှစေလွှတ်၍ အစ်ကိုတို့သည် ကောင်းမွန်စွာရှိ မရှိကြည့်ရှုပြီး ယာကုပ်အားပြန်လည် သတင်းကြားပြောရန်စေခိုင်းသည်။
ယောသပ်အစ်ကိုတို့သည် ယောသပ်အားသတ်၍ တွင်းတခုထဲသို့ပ စ်ချရန် ကြံစည်ကြပါသည်။
ရုဗင်သည် အစ်ကိုတို့အား ယောသပ်ကိုတွင်းထဲသို့ပစ်ချရန် အကြံပြုပါသည်။ အကြောင်းမှာ သူသည်နောက်မှယောသပ်ကို ကယ်တင်ရန်ဖြစ်ပါသည်။
ယောသပ်အစ်ကိုတို့သည် ယောသပ်ကို ဣရှမေလအမျိုးသား ကုန်သည်များထံသို့ ငွေအဘိုးနှစ်ဆယ်နှင့်ရောင်းချခဲ့ကြသည်။
ယောသပ်ကို အဲဂုတ္တုပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။
ယောသပ်အစ်ကိုတို့သည် ဆိတ်ကိုသတ်၍ ယောသပ်အ င်္ကျီကိုဆိတ်သွေးထဲ၌ နှစ်ပြီးနောက်၊ ထိုအင်္ကျီကို ယာကုပ်ထံသို့ ယူလာကြပါသည်။
ယာကုပ်သည် အဝတ်ကိုဆွဲဆုတ်၍၊ လျှော်တေအဝတ်ကိုပတ်စည်းသဖြ်င့ အင်တန်ကာလ ပတ်လုံး သားကြောင့် စိတ်မသာ ဝမ်းနည်းပူဆွေးနေပါသည်။
အဲဂုတ္တုပြည်၌ ယောသပ်အား ဖါရောဘုရင်၏ အရာရှိဖြစ်သူ ပေါတိဖါထံ ရောင်းကြပါသည်။