ဣဇာက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်တော့ပါ။
ဣဇာက်သည် ဧသောအား ကောင်းကြီးပေးနိုင်ရန်အတွက် တောသို့သွား၍ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊ မြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါထံသို့ယူခဲ့ပါလော့ဟု ဆိုသည်။
ရေဗက္ကသည် ယာကုပ်အား ဆိတ်နှစ်ကောင်ကိုယူခဲ့ရန် နှင့် ဣဇာက်နှစ်သက်သော အမဲဟင်းလျာကိုချက်၍ ယာကုပ်အား ဣဇာက်ထံယူဆောင်သွားစေရန်ဖြစ်ပါသည်။ သို့မှသာ ယာကုပ်သည် ကောင်းကြီးခံစားရမည် ဖြစ်သည်။
ယာကုပ်က ဧသောသည် အမွေးရှိသောသူဖြစ်၍ သူသည်အသားချောမွတ်သောကြောင့် ဣဇာက်က စမ်းသပ်ကိုင်ကြည့်၍ ဧသောမဟုတ်မှန်းသိလျှင် သူ့အား ကျိန်ဆိုမည်ကို စိုးရိမ်ပါသည်။
ရေဗက္ကသည် ယာကုပ်အား ဧသော၏အဝတ်ကိုဝတ်စေလျက် ဆိတ်သားရေကို ယာကုပ်၏ လက်နှင့်လည်ပင်းတို့တွင် တင်ပေးပါသည်။
ယာကုပ်က ဣဇာက်၏ ဘုရားသခင် ထာဝရဘုရားသည် သူရှိရာသို့ ပို့ဆောင်သောကြောင့်၊ လျင်မြန်စွာ ရှာဖွေရရှိပါသည်ဟု ပြောပါသည်။
ဣဇာက်သည် ယာကုပ်၏ လက်ကို စမ်းသပ်ကိုင်ကြည့်၍ ဆိတ်သားရေ၏ အမွေးကို ထိမိခံစားသည်။
အမှန်ဖြစ်သည်ဟု ဖြေပါသည်။
ယာကုပ်သည် ဣဇာက်အနီးသို့ သွား၍ နမ်းသောအခါ ယာကုပ်၏ ကိုယ်နံ့သည် ဧသောအဝတ် အနံ့ဖြစ်ကြောင်းကို သိသည်။
ဣဇာက်က တိုင်းနိုင်ငံများနှင့် ယာကုပ်၏မိခင်မှ မွေးသောသားတို့သည် ယာကုပ်အား ဦးညွှတ်ကြရမည်ဟု ပြောပါသည်။
ဧသောသည် အမဲလိုက်ရာမှ ပြန်လာပြီး၊ အစာကိုပြင်ဆင်၍ ဣဇာက်ထံ ယူဆောင်လာပါသည်။
ဣဇာက်က ယာကုပ်သည် လိမ်လည်ပါးနပ်စွာဖြင့် ဧသော ၏ ကောင်းကြီးမင်္ဂလာများကိုယူသွားသည်ဟုပြောပါသည်။
ဧသောက ယာကုပ်သည်သူ့ထံမှ သားဦးအရာနှင့် ကောင်းကြီးမင်္ဂလာနှစ်ခုကို လှည့်စားသွားသည်ဟုပြောပါသည်။
ဣဇာက်က ဧသောသည် မြေကြီး၏ဆီဥနှင့်ဝေးရာမှာနေ၍ ညီထံ၌အစေခံရလိမ့်မည်၊ သို့သော်လည်း နောက်တဖန် အုပ်စိုးရသောအခါ ယာကုပ်၏ထမ်းပိုးကို ချိုးပယ်လိမ့်မည်ဟု ပြောပါသည်။
ဣဇာက်သေဆုံးပြီးနောက် ဧသောသည် ယာကုပ်ကို သတ်ရန်ဆုံးဖြတ်ပါသည်။
ရေဗက္ကသည် ယာကုပ်အား ခါရန်မြို့ရှိ သူမ၏ မောင် လာဗန်ထံ စေလွှတ်ခဲ့သည်။