Genesis 50

Genesis 50:1

အဘ၏မျက်နှာပေါ်မှာ ငုံ့၍၊ ငိုလျက် နမ်းလျက်နေ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဖခင်ပေါ်မှာ ငုံ့၍၊ ငိုလျက် နမ်းလျက်နေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

မိမိကျွန် ဆေးသမားတို့

"မိမိကျွန် သမားတော်တို့"

အဘ၏အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ

အလောင်း ပုပ်သိုးမသွားစေရန် ဆေးစီရင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖ၏အလောင်းကို အမွေးနံ့သာများဖြင့် စီရင်ခြင်းငှါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

အရက်လေးဆယ်လွန်လျှင်

"ရက်ပေါင်း ၄၀ လွန်လျှင်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အရက်ခုနစ်ဆယ် ပတ်လုံး

"ရက်ပေါင်း ၇၀ ပတ်လုံး" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

Genesis 50:4

ငိုကြွေးမြည်တမ်းသောနေ့ရက်

"အသုဘရက်" သို့မဟုတ် "ဈာပနာရက်"

ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍

"နန်းတော်သား" ဟူရာတွင် ဖါရောမင်း၏ နန်းတွင်းမှူးမတ်များကို ကိုယ်စားပြုသည်။ အြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်သည် နန်းတွင်းမှူးမတ်တို့ကို ခေါ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သင်တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သူတို့မျက်နှာသာပေးခြင်းကို ခံရလျှင်" သို့မဟုတ် "ငါသည် သင်တို့ စိတ်ကို ကျေနပ်စေခဲ့လျှင်" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဖာရောဘုရင် ထံတော်သို့သွား၍၊ ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကို သင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်လျှောက်ကြပါလော့

နှစ်ဆင့်နှင့် သုံးဆင့် ကိုးကားချက်များ ပါဝင်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းထံတော်သို့သွား၍၊ ကျွန်ုပ်အဖ ဆုံးလျှင်၊ ခါနာန်ပြည်၌ သူတူးခဲ့သော သင်္ချိုင်း၌ သင်္ဂြိုဟ်ရန် ကျွန်ုပ်ကို ကျိန်ဆိုစေကြောင်း လျှောက်တင်ပေးပါ။ ကျိန်ဆိုထားသည်အတိုင်း ဖခင်ကို သင်္ဂြိုဟ်၍ ပြန်လာမည်အခွင့်ကို အသနားတော်ခံပေးကြပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ငါသေတော့မည်

"ကြည့်လော့၊ ငါသေတော့မည်"

ထိုကြောင့် ကျွန်တော်သွား၍

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ နိမ့်သဖြင့် ခါနာန်ပြည်သို့ "တက်သွား" ဟု အစားထိုးနိုင်သည်။

ဖာရောမင်းကလည်း . . . ဟု မိန့်တော်မူ၏

မှူးမတ်တို့က ဖါရောမင်းထံ လျှောက်တင်ပြီး၍၊ မင်းကြီး၏ အဖြေစကားဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

သင်၏အဘ ကျိန်ဆိုစေသည်အတိုင်း

"သင် ကျိန်ဆိုထားသည်အတိုင်း"

Genesis 50:7

ယောသပ်သည် . . . သွား၍

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ နိမ့်သဖြင့် ခါနာန်ပြည်သို့ "တက်သွား" ဟု အစားထိုးနိုင်သည်။

ဖာရောမင်း၏ ကျွန်များ . . . နန်းတော်အရာရှိ . . . အရာရှိအပေါင်းတို့

အသုဘ အခမ်းအနားတွင် ဖါရောမင်း၏ အရေးပါသော မှူးမတ်များအားလုံး တက်ရောက်သည်။

အရာရှိ

"အမတ်"

နန်းတော်အရာရှိ

နန်းတွင်းအမတ်များကို ညွှန်းသည်။

ယောသပ်အိမ်သား . . . အဘအိမ်သား

"အိမ်သား" ဟူရာတွင် မိသားစုကို ညွှန်းသည်။

ရထားများ

မြင်းလှည်းတပ်ကို ကိုယ်စားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အလွန်များစွာသော အလုံးအရင်းတို့

"များစွာသော လူတို့"

Genesis 50:10

အာတဒ် ကောက်နယ်တလင်း

ဖြစ်နိုင်ချေများ၊ ၁) "အာတဒ်" ကို "ဆူးပင်" ဟု အနက်ရပြီး၊ ဆူးပင်များစွာ ပေါက်သော အရပ်ကို ညွှန်းခြင်းဖြစ်နိုင်သည်။ သို့မဟုတ် ၂) ထိုအရပ်၏ ပိုင်ရှင်အမည် ဖြစ်နိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏

"အလွန်ဝမ်းနည်းသဖြင့် ငိုကြွေးမြည်တမ်းကြ၏"

ခုနစ်ရက်ပတ်လုံး

"၇ ရက်ပတ်လုံး" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

အာတဒ် ကောက်နယ်တလင်း

"အာတဒ်၏ ကောက်နယ်တလင်း" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အဲဂုတ္တုလူတို့သည် ပြင်းစွာငိုကြွေး မြည်တမ်းပါသည်တကား

"အဲဂုတ္တုလူတို့၏ မြည်တမ်းခြင်းမှာ ကြီးမားပါသည်တကား"

အဗေလ မိဇရိမ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "အာဗေလ မိဇရိမ် အနက်ကား 'အဲဂုတ္တု၏ မြည်တမ်းခြင်း' ဖြစ်သတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 50:12

အဘမှာထားသည်အတိုင်း ပြုကြ၏

"ဖခင် မှာထားသည်အတိုင်း ပြုကြ၏"

ဆောင်သွား၍

"သူ၏ သားများက ဆောင်သွား၍"

မပ္ပေလ

မက်ဖေလ သို့မဟုတ် မပ္ပေလမှာ အရပ်ဒေသ၏ အမည်ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မံရေမြို့

ဟေဗြုန်မြို့၏ အခြားအမည်ဖြစ်သည်။ ထို့မြို့၌ နေထိုင်ခဲ့သော အာဗြဟံ၏မိတ်ဆွေ မံရေ အမည်ကို အစွဲပြုခြင်း ဖြစ်နိုင်သည်။ ၁၃:၁၆ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဟိတ္တိအမျိုးသား ဧဖရုန်

ယောက်ျားအမည် ဖြစ်သည်။ "ဟိတ္တိအမျိုးသား" ကို "ဟေသအနွယ်ဝင်" ဟုလည်း ဖော်ပြနိုင်သည်။ ၂၃:၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ယောသပ်သည် . . . အဲဂုတ္တုပြည်သို့ ပြန်လေ၏

"ယောသပ်ကလည်း ... အဲဂုတ္တုပြည်သို့ ပြန်လေ၏"

မသာလိုက်လာသောသူ အပေါင်းတို့နှင့်တကွ

"အသုဘ ချရန် လိုက်လာသူ အပေါင်းတို့နှင့်တကွ"

Genesis 50:15

ငါတို့ကို ယောသပ်သည် အငြိုးထားကောင်း ထားလိမ့်မည်

အငြိုးကို လက်တွင် ထားရှိ၍ရသောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်က ငါတို့အပေါ် အငြိုးထားခဲ့လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ငါတို့သည် အထက်က သူ့ကို ညှဉ်းဆဲသောကြောင့်၊ ငါတို့အား ဧကန်အမှန် ပြန်၍ ညှဉ်းဆဲလိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့အပေါ် ငါတို့ပြုခဲ့သော အမှုကြောင့်၊ ဧကန်အမှန် ကလဲ့စားချေလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ကိုယ်တော်အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အား ပြုမိ၍၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည်အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍

နှစ်ဆင့်နှင့် သုံးဆင့် ကိုးကားချက်များ ပါဝင်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့် အစ်ကိုတို့သည် ကိုယ်တော့်အပေါ် ပြစ်မှားမိ၍၊ အပြစ်ကို လွှတ်တော်မူရန် တောင်းလျှောက်ရမည်အကြောင်း၊ ခမည်းတော် မသေမှီ မှထားခဲ့သည်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-quotesinquotes နှင့် /WA-Catalog/my_tm?section=translate#figs-quotations)

ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍

ညီအစ်ကိုတို့၏ဖခင် ယာကုပ်ကို ညွှန်းသည်။ ဖခင်၏စကားကို အာရုံပြုစေရန် "သင့်အဖ" ဟူ၍လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ ဖခင်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍"

ကိုယ်တော်ကို ပြစ်မှားသောအပြစ်

"အပြစ်"

ယခုတွင်

"ယခုချက်ချင်း" ဟု ဆိုလိုခြင်း မဟုတ်ဘဲ၊ နောက်တွင် ဖော်ပြမည့်အရာကို အသားပေးလိုသဖြင့် ဖော်ပြခြင်းဖြစ်သည်။

ခမည်းတော်၏ ဘုရားသခင်ကျွန်တို့၏ အပြစ်ကိုလွှတ်တော်မူပါ

အစ်ကိုတို့က မိမိတို့ကိုယ်ကို ညွှန်းဆိုသည်။ "ခမည်းတော်ကိုးကွယ်သော ဘုရားသခင်၏ ကျွန်တို့ပြုသော အပြစ်ကို လွှတ်တော်မူပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ထိုသို့ လျှောက်ကြသောအခါ၊ ယောသပ်သည် မျက်ရည်ကျလေ၏

"ထိုစကားကို ကြားသောအခါ၊ ယောသပ် ငိုလေ၏"

Genesis 50:18

ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက်

ရိုသေလေးမြတ်ကြောင်းကို ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ကျွန်ုပ်သည် ဘုရားသခင်ကိုယ်စား ဖြစ်သလော

အစ်ကိုတို့ကို နှစ်သိမ့်ရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်မှာ ဘုရားသခင်၏ ကိုယ်စားမဟုတ်ပါ" သို့မဟုတ် "ကျွန်ုပ်မှာ ဘုရားသခင် မဟုတ်ပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

သင်တို့သည် ကျွန်ုပ်ကိုညှဉ်းဆဲမည် ကြံကြသော်လည်း

"သင်တို့က ကျွန်ုပ်ကို ညှဉ်းဆဲရန် ကြံခဲ့သော်လည်း"

ဘုရားသခင်သည် . . . ကျေးဇူးပြုမည် ကြံတော်မူ၏

"ဘုရားသခင်က ... ကောင်းခြင်း ဖြစ်စေတော်မူ၏"

ထိုကြောင့်၊ မစိုးရိမ်ကြနှင့်

"ထို့ကြောင့်၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်"

သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်

"သင်နှင့်သင်တို့ သားသမီးများကို ကျွန်ုပ်ကျွေးမွေးမည်"

သူတို့ကို နှစ်သိမ့်စေ၍ မေတ္တာစကားကို ပြောလေ၏

"သူတို့ကို နှစ်သိမ့်၍ မေတ္တာဖြင့် ပြောလေ၏"

Genesis 50:22

အသက်တရာတဆယ်

"အသက် ၁၁၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ဧဖရိမ်၏မြေးကို မြင်ရ၏

"ဧဖရိမ်မှ တတိယမျိုးဆက်ထိ မြင်ရ၏" (UDB)

မာခိရ

ယောသပ်မြေး၏ အမည်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

မိမိဒူးပေါ်မှာ မွေးစားရ၏

မာခိရ၏သားသမီးတို့ကို မိမိသားသမီးကဲ့သို့ မွေးစားသည်။ ယောသပ်အမွေကို အထူးတလည် ခွဲဝေပိုင်ဆိုင်ရမည် ဖြစ်သည်။ (ရှ၊ /WA-Catalog/my_tm?section=translate#figs-idiom)

Genesis 50:24

အကယ်စင်စစ် . . . သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်

"သင်တို့" ဟူရာတွင် ယောသပ်၏ ညီအစ်ကိုများသာ မဟုတ်ဘဲ၊ ၎င်းတို့၏ မျိုးဆက်တို့ကိုလည်း ကိုယ်စားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အလောင်ကိုကား၊ နံ့သာမျိုးနှင့် ပြင်ဆင်ပြီးလျှင်

အလောင်း ပုပ်သိုးမသွားစေရန် ဆေးစီရင်သည်။ ၅၀:၁ မှ ပြန်ဆိုချက်ကို ရှု။

ထားသည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ကို သူတို့ကထားသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

တလားနှင့်

"ခေါင်းတလားတွင်" သို့မဟုတ် "အခေါင်းတွင်။" လူသေအလောင်းကို ထားသော သေတ္တာ။