Genesis 41

Genesis 41:1

ထိုနောက်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

နှစ်နှစ်လွန်သောအခါ

ယောသပ်နှင့် အကျဉ်းကျဖူးသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့၏ အိပ်မက်ကို ဖတ်ပေးပြီး နှစ်နှစ် ကုန်လွန်ခဲ့သည်။

မိမိသည် . . . ရပ်နေ၏

"ဖါရောမင်းသည် . . . ရပ်နေ၏"

အဆင်းလှ၍ဝသော

"ကျန်းမာ ဝဖြိုးသော"

မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက်နေကြ၏

"မြစ်တလျှောက်၌ ကျူပင်ကို စားလျက်နေကြ၏"

မြစ်နားမှာပေါက်သော မြက်ပင်

မြင့်၍ သေးသွယ်ပြီး စိုစွတ်သော နေရာတွင် ပေါက်သည်။ "ကျူပင်"

အဆင်းမလှ၊ ပိန်သော

"ဖျားနာ ပိန်ချုံးသော"

ကမ်းပေါ်မှာ

"ကမ်းနားမှာ" သို့မဟုတ် "မြစ်ကမ်းမှာ။" မြစ်၏ အစပ်နား မြေနေရာဖြစ်သည်။

Genesis 41:4

အဆင်းမလှ ပိန်သော

"ဖျားနာ ပိန်ချုံးသော။" ၄၁:၁ မှ ပြန်ဆိုချက်ကို ရှု။

အဆင်းလှ၍ ဝသော

"ကျန်းမာ ဝဖြိုးသော။" ၄၁:၁ မှ ပြန်ဆိုချက်ကို ရှု။

နိုးလေ၏

"သတိပြန်ရလေ၏"

တဖန်

"ဒုတိယအကြိမ်" ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒုတိယအကြိန်" (ရှု၊ /WA-Catalog/my_tm?section=translate#translate-ordinal)

စပါးခုနစ်နှံတို့

စပါးပင်၏ ကြီးထွားသော ထိပ်ပိုင်း ဖြစ်သည်။

စပါးတပင်တည်း၌ ဖြစ်ကြ၏

"တပင်တည်းမှ ပေါက်ကြ၏။" စပါးပင်၏ ပင်စည်ပိုင်း ဖြစ်သည်။

အလုံးကြီး၍ ကောင်းသော

"ကြီးထွား၍ သန်မာသော"

အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေးသွယ်၍ အရှေ့လေကြောင့် ပျက်သော"

အရှေ့လေ

အရှေ့ဖက် သဲကန္တာရမှ တိုက်သောလေ ဖြစ်သည်။ စပါးနှံတို့ကို ဖျက်ဆီးတတ်သည်။

ပေါက်ကြ၏

"ထွက်ပေါ်ကြ၏" သို့မဟုတ် "ကြီးထွားကြ၏"

Genesis 41:7

အလုံးသေးသော စပါးခုနစ်နှံတို့

အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးညံ့ ခုနှစ်နှံတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့

"သန်မာ၍ ကောင်းသော စပါးခုနစ်နှံတို့။" ၄၁:၄ မှ ပြန်ဆိုချက်ကို ရှု။

စားကြ၏

"ဝါးမြိုကြ၏။" ဖါရောမင်း၏ အိပ်မက်ထဲတွင် မကောင်းသောစပါးက ကောင်းသောစပါးကို အစာစားသကဲ့သို့ ဝါးမြိုသည်။

နိုး၍

"နိုးသော်"

အိပ်မက်ဖြစ်သည်ကို သိလေ၏

"အိပ်မက်ဖြစ်လေ၏"

ရောက်သောအခါ

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-newevent)

စိတ်ပူပန်၍

"စိတ်" မှာ အတွင်းဝိညာဉ် သို့မဟုတ် စိတ်နှလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စိတ်နှလုံး ပူပန်၍" သို့မဟုတ် "သောကဖြစ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အဲဂုတ္တု ဗေဒင်တတ် ပညာရှိအပေါင်းတို့

မှော်ဆရာနှင့် ပညာရှိတို့မှာ ရှေးခေတ် ဘုရင်နှင့် ခေါင်းဆောင်တို့၏ အကြံပေး အရာရှိများ ဖြစ်ကြသည်။

ခေါ်၍

လူလွှတ်၍ ခေါ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အခေါ်လွှတ်၍" သို့မဟုတ် "ခေါ်ရန် လူစေလွှတ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

Genesis 41:9

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။ ၄၀:၁ မှ ပြန်ဆိုချက်ကို ရှု။

ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏

"ယနေ့" ဟူ၍ ဆိုလိုသောအရာကို ထင်ဟပ်စေသည်။ "အပြစ်" ဟူရာတွင် ပြုခဲ့ရမည်အရာကို မပြုမိသောအပြစ်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်ထံ လျှောက်တင်စရာကို ယနေ့ အောက်မေ့ပါ၏"

ဖါရောဘုရင်သည် . . . ကို အမျက်ထွက်၍

ဖါရောမင်းကို အပြောခံနာမ်စားဖြင့် ညွှန်းဆိုသည်။ ငယ်သားက မိမိထက် ကြီးမြတ်သောသူကို ညွှန်းဆိုရာ၌ အသုံးပြုသော အခေါ်အဝေါ် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... က သခင် ဖါရောမင်း၏ အမျက်တော်ရှ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ကျွန်တော်နှင့် စားတော်ဝန်

"ကျွန်တော်တို့" ဟူ၍လည်း အစားထိုး ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ

"ကိုယ်ရံတော်မှူး ထောင်၌ ချုပ်ထားတော်မူစဉ်အခါ။" "အိမ်" က ထောင်ကို ညွှန်းသည်။

ကိုယ်ရံတော်မှူး

ကိုယ်ရံတော်တပ်မှူး။ ၄၀:၁ မှ ပြန်ဆိုချက်ကို ရှု။

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်လုပ်သောသူ ဖြစ်သည်။ ၄၀:၁ မှ ပြန်ဆိုချက်ကို ရှု။

ကျွန်တော်တို့နှစ်ယောက်သည် . . . ကို တညဉ့်ချင်းတွင် မြင်မက်ကြပါ၏

"တစ်ညတွင် ကျွန်တော်တို့သည် ... ကို မြင်မက်ကြပါ၏"

အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်

"အနက်အဓိပ္ပါယ် မတူသော အိပ်မက်"

မြင်မက်ကြပါ၏

ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

Genesis 41:12

ယေဘုယျ အချက်အလက်

ဖလားတော်ဝန်က ဖါရောမင်းထံ ဆက်လက်လျှောက်ဆိုသည်။

ကျွန်တော်တို့၌

"ကျွန်တော်တို့နှင့်အတူ"

ကိုယ်ရံတော်မှူး

ကိုယ်ရံတော်တပ်မှူး။ ၄၀:၁ မှ ပြန်ဆိုချက်ကို ရှု။

ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍ သူသည် အိပ်မက်၏အနက်ကို ဘတ်ပါ၏

"ထိုသူထံ အိပ်မက်ကို ကြားပြော၍ ထိုသူက အိပ်မက်၏အနက်ကို ဖတ်ပါ၏"

တယောက်စီ မြင်မက်သည်အတိုင်း ဘတ်ပါ၏

"တယောက်စီ" သည် ဖလားတော်ဝန်နှင့် စားတော်ဝန် အသီးသီးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တယောက်စီ မြင်သော အိပ်မက်ကို ဖတ်ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ဘတ်သည်အတိုင်းလည်း မှန်ပါ၏

"ဖတ်သည် အတိုင်းလည်း ဖြစ်ပါ၏"

ကျွန်တော်သည် အရင်အရာကို ရပြန်၍

ဖါရောကို ဂုဏ်ပုဒ်အားဖြင့် ညွှန်းဆို၍ ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်က ကျွန်တော့်ကို အရင်အရာ၌ ပြန်ထား၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

စားတော်ဝန်မူကား

"နောက်တစ်ယောက်မူကား"

ဆွဲထားခြင်းကို ခံရပါသည်

"သူ" သည် ဖာရောဘုရင်ကို ဆိုလိုသည်။ ဖာရောဘုရင်အမိန့်ပေးသည့် စစ်သားများအတွက် ရပ်တည်သည်။အခြားသော ဘာသာပြန်ဆိုချက်၊ "ဆွဲကြိုးချ သေမိန့်ပေးလိုက်ပါသည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person နှင့် /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 41:14

ဖါရောမင်းသည် လူကိုစေလွှတ်၍ . . . ခေါ်တော်မူ၏

ဖာရောဘုရင်က ကျွန်များစေလွှတ်ထားသည်ကို မြှပ်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းကလည်း လူကိုစေလွှတ်၍ ... ခေါ်တော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

ထောင်ထဲက

"ထောင်ထဲမှ" သို့မဟုတ် "အကျဉ်းမှ"

မုတ်ဆိတ်ညှပ်ခြင်း

ဖါရောမင်းထံ အခစားဝင်လျှင် မုတ်ဆိတ်နှင့် ဆံပင်မွှေးကို ညှပ်ရသည်။

အထံတော်သို့ ဝင်ရ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ရှေ့တော်သို့ အခစား ဝင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-go)

အနက်ကို အဘယ်သူမျှ မဘတ်နိုင်

"အနက်ပြန်နိုင်သူ တယောက်မျှမရှိ"

သင်သည် အိပ်မက်ကို နားလည်သောဥာဏ်နှင့် အနက်ဘတ်နိုင်သည်

"သင်သည် အိပ်မက်ကို အနက်ဖတ်နိုင်သည်"

ကျွန်တော်သည် အလိုအလျောက် မတတ်နိုင်ပါ

"အနက်ပြန်နိုင်သူမှာ ကျွန်တော် မဟုတ်ပါ"

ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော

"ဘုရားသခင်သည် ဖါရောမင်းအတွက် မင်္ဂလာရှိသောအဖြေကို ပေးတော်မူလိမ့်မည်"

Genesis 41:17

မြစ်နား၌

နိုင်းမြစ်ကမ်း ချောက်သွေ့သောနေရာ ဖြစ်သည်။ ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "နိုင်းမြစ်ကမ်း၌"

အဆင်းလှ၍ဝသော

ကျန်းမာ ဝဖြိုးသော။" ၄၁:၁ မှ ပြန်ဆိုချက်ကို ရှု။

မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက်နေကြ၏

"ကျူပင်ကို စားလျက်နေကြ၏။" ၄၁:၁ မှ ပြန်ဆိုချက်ကို ရှု။

Genesis 41:19

အဆင်းမလှ ပိန်ကြုံသော

"ဖျားနာ ပိန်ချုံးသော။" ၄၁:၁ မှ ပြန်ဆိုချက်ကို ရှု။

ထိုမျှလောက် အရုပ်ဆိုးသော

စိတ္တဇနာမ် "အရုပ်ဆိုးသော" ကို နာမဝိသေသနပုဒ်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုမျှလောက် ဆိုးရွားသော" သို့မဟုတ် "ထိုမျှလောက် တန်ဖိုးမရှိသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ဝသော အရင်နွား

"ဝဖြိုးသောနွား။" ၄၁:၁ မှ ပြန်ဆိုချက်ကို ရှု။

စားမှန်းကို အဘယ်သူမျှ မသိရ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပိန်သောနွားက ဝသောနွားကို စားမှန်း အဘယ်သူမျှ မသိရ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 41:22

ယေဘုယျ အချက်အလက်

ဖါရောမင်းက ယောသပ်ထံ ဆက်လက် မိန့်ဆိုသည်။

တဖန် ငါမြင်မက်ပြန်သည်ကား

အိပ်ရာမှ နိုး၍ ပြန်အိပ်သောအခါ မြင်သည့် အိပ်မက်ကို အစဖွင့်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ထပ် ငါမြင်မက်သည်မှာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

စပါးခုနစ်နှံတို့

"စပါးပင်" ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးပင် ခုနှစ်နှံတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

စပါးတပင်တည်း၌ ဖြစ်ကြ၏

"တပင်တည်းမှ ပေါက်ကြ၏။" စပါးပင်၏ ပင်စည်ပိုင်း ဖြစ်သည်။ ၄၁း၄ မှ ပြန်ဆိုချက်ကို ရှု။

ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရှေ့လေကြောင့် ညိုးနွမ်း၊ သေးငယ်၍ ပျက်သော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ညှိုးနွမ်းလျက်

"ပိုးစားလျက်" သို့မဟုတ် "ယိုယွင်းလျက်"

အရှေ့လေ

အရှေ့ဖက် သဲကန္တာရမှ တိုက်သောလေ ဖြစ်သည်။ စပါးနှံတို့ကို ဖျက်ဆီးတတ်သည်။

ပေါက်ကြ၏

"ကြီးထွားကြ၏" သို့မဟုတ် "ထွက်ပေါ်ကြ၏"

အလုံးသေးသော စပါးနှံတို့

၄၁:၇ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးညံ့တို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

စားကြ၏

"ဝါးမြိုကြ၏။" ဖါရောမင်း၏ အိပ်မက်ထဲတွင် မကောင်းသောစပါးက ကောင်းသော စပါးကို အစာစားသကဲ့သို့ ဝါးမြိုသည်။ ၄၁:၇ မှ ပြန်ဆိုချက်ကို ရှု။

အဘယ်သူမျှ မဘတ်နိုင်

"အဘယ်သူမျှ မဖတ်နိုင်" သို့မဟုတ် "ဖတ်နိုင်သော သူ တစ်ယောက်မျှမရှိ"

Genesis 41:25

ဖါရောဘုရင် မြင်မက်တော်မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏

အိပ်မက်နှစ်ခု၏ အနက်မှာ တူညီကြောင်း ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိပ်မက်များအနက်ကား တခုတည်း ဖြစ်ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ

အပြောခံနာမ်စားဖြင့် ညွှန်းဆိုထားသည်။ ရိုသေခြင်းသဘောကို ဆောင်သည်။ ကြားနာသူ နာမ်စားဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ပြုလတံ့သောအမှုကို မင်းကြီးအား ပြတော်မူပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ကောင်းသော စပါးခုနစ်နှံတို့

အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးကောင်း ခုနှစ်နှံတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

Genesis 41:27

ယေဘုယျ အချက်အလက်

ယောသပ်က ဖါရောမင်း၏ အိပ်မက်ကို ဆက်၍ အနက်ပြန်သည်။

ပိန်၍ အရုပ်ဆိုးသော နွား

"ပိန်နွဲ့သော နွား။" ၄၁:၁ မှ ပြန်ဆိုချက်ကို ရှု။

အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံ

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရှေ့လေ တိုက်၍ ပျက်သော စပါးဖျင်း ခုနှစ်နှံ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဖါရောဘုရင်အား ကျွန်တော် လျှောက်လိုသောအရာဟူမူကား . . . ဖါရောဘုရင်အား ပြတော်မူ၏

ဖါရောမင်းကို အပြောခံနာမ်းစား ညွှန်းဆိုသည်။ ရိုသေခြင်းသဘောကို ဆောင်သည်။ အပြောခံနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မင်းကြီးအား ကျွန်တော် လျှောက်ဆိုသည်အတိုင်း ဖြစ်လတံ့သောအရာ၊ ... မင်းကြီးအား ပြတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ပြတော်မူ၏

"ပြတော်မူပြီ"

အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်

ဝပြောခြင်းကို ရှိလိုက်မရှိလိုက် ဖြစ်တတ်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည် တလျှောက်လုံး၌ ခုနစ်နှစ်ကြာ ဝပြောလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 41:30

ယေဘုယျ အချက်အလက်

ဖါရောမင်း၏ အိပ်မက်ကို ဆက်လက် အနက်ပြန်သည်။

ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ပေါ်လာ၍

အစာခေါင်းပါးခြင်းကို ရှိလိုက်မရှိလိုက် ဖြစ်တတ်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် ခုနစ်နှစ်ကြာ အစာခေါင်းပါး၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက်စီးလိမ့်မည်။ အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ

ပြောဆိုသောအရာကို သိသာထင်ရှားစေလိုသဖြင့် အနက်အဓိပ္ပါယ်တူညီသော ဝါကျနှစ်ခုကို သုံးနှုန်းထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

အဲဂုတ္တုပြည်၌ အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက်

"အဲဂုတ္တုပြည်" တွင် ထိုပြည်သားတို့လည်း ပါဝင်သည်။ အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်တို့သည် အလုံးစုံသော ဝပြောခြင်းကို မေ့လျော့သွားလျက်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

တပြည်လုံး ပျက်စီးလိမ့်မည်

"တပြည်လုံး" တွင် မြေဩဇာ၊ လူမှစ အရာအားလုံး ပါဝင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်

အခြားသော ဘာသာပြန်ဆိုချက်၊ "နောင်လာမည့် အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန် စီရင်တော်မူလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ဤအမှုကို မကြာမီ ပြည့်စုံစေရန် စီစဉ်တော်မူကြောင်း ထင်ရှားစေရန်၊ မင်းကြီးထံ အိပ်မက်နှစ်ခါ ပြသတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 41:33

ယေဘုယျ အချက်အလက်

ဖါရောမင်းထံ ဆက်လက် လျှောက်ဆိုသည်။

သို့ဖြစ်၍

နောင် ပြုသင့်သောအရာကို စတင် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

ဖါရောဘုရင်သည် . . . ရွေးချယ်၍

အပြောခံနာမ်စားဖြင့် ညွှန်းဆိုထားသည်။ ရိုသေခြင်းသဘောကို ဆောင်သည်။ ကြားနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းအနေဖြင့် ... ရွေးချယ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

အဲဂုတ္တုပြည်ကို အုပ်စိုးစေတော်မူပါ

"အုပ်စိုးစေ" ဟူရာတွင် အခွင့်အာဏာ အပ်နှံခြင်းသဘောကို ဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်ကို အစိုးရစေတော်မူပါ" သို့မဟုတ် "အဲဂုတ္တုပြည်အား အုပ်စိုးစေတော်မူပါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အဲဂုတ္တုပြည်

"ပြည်" ဟူရာတွင် ထိုပြည်တွင် ရှိသော လူတို့နှင့် အရာအားလုံးကို ကိုယ်စားပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

တပြည်လုံးတွင် ငါးဘို့တဘို့ ကောက်ယူကြပါစေ

အခြားသော ဘာသာပြန်ဆိုချက်၊ "တပြည်လုံးရှိ သီးနှံ၏ ငါးဖို့တဖို့ကို ကောက်ယူကြပါစေ" (ရှု၊ /WA-Catalog/my_tm?section=translate#translate-fraction)

ဝပြောသောနှစ် ခုနစ်နှစ်ပတ်လုံး

"အစာများသော ခုနစ်နှစ်ပတ်လုံး"

Genesis 41:35

ယေဘုယျ အချက်အလက်

ဖါရောမင်းထံ ဆက်လက် လျှောက်ဆိုသည်။

ထိုသူတို့သည် . . . စုရုံး၍

"ကြီးကြပ်သူတို့သည် ... စုရုံး၍"

ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင်

က ဖြစ်လိုက်မဖြစ်လိုက် ရှိသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖြစ်လာမည့် မင်္ဂလာနှစ်များတွင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ဖါရောဘုရင်ထံတော်၌ စပါးများကို ဆည်းဘူးကြပါစေ

"ဖါရောဘုရင်ထံတော်၌" ဟူရာတွင် ဖါရောမင်း၏ အခွင့်ပေးမှုကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်း၏ အခွင့်အာဏာဖြင့် စပါးကို သိုထားကြပါစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ရိက္ခာကို သိုထားကြပါစေ

အစာခေါင်းပါးချိန်အတွက် ကြိုတင် စုထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရိက္ခာကို သို၍ ထိန်းသိမ်းကြပါစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍

"ပြည်သူပြည်သား" မှာ တပြည်လုံးရှိ လူအားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုရိက္ခာများမှာ ပြည်သူပြည်သားတို့အဖို့ ဖြစ်၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အစာခေါင်းပါးသောကာလတွင် ပြည်တော်မပျက်ရ

"ပြည်တော်" မှာ ထိုပြည်၌ ရှိသမျှကို ညွှန်းသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးမှုဒဏ်ကို ခံရမည်မဟုတ်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 41:37

ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရောမင်း အစရှိသော ကျွန်တော်မျိုး အပေါင်းတို့သည် နှစ်သက်ကြ၍

အတွေးသဘောကို "အမြင်" ဟူ၍လည်း ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ လျှောက်သောစကားကို ဖါရောမင်းမှအစ မှူးမတ်အပေါင်းတို့ နှစ်သက်ကြ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ကျွန်တော်မျိုး

ဖါရောမင်း၏ မှူးမတ်များကို ညွှန်းသည်။

ဤကဲ့သို့သောသူ

"ယောသပ် ဖော်ပြသောသူ"

ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍

"ဘုရားသခင်၏ ဝိညာဉ်တော် ကိန်းဝပ်၍"

Genesis 41:39

သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ

"သင်ကဲ့သို့ ဉာဏ်ပါရမီ ပြည့်စုံသောသူမရှိ" ၄၁:၃၃ ရှိ "ဉာဏ်ပညာနှင့် ပြည့်စုံသောသူ" ပြန်ဆိုချက်ကို ရှု။

သင်သည် နန်းတော်အုပ်ဖြစ်ရမည်

"နန်းတော်" မှာ ဖါရောမင်း၏ နန်းတော်မှအစ နန်းတော်တွင် ရှိသမျှသောသူ အပေါင်းတို့ကို ညွှန်းသည်။ "အုပ်" ဟူရာတွင် အခွင့်အာဏာ အပ်နှံမှုသဘောကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါ့နန်းတွင်း၌ အယောက်တိုင်းကို အုပ်စိုးရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-idiom)

သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်

"စကား" မှာ နှုတ်မှ ပြောဆိုသမျှကို ညွှန်းသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ပြည်သားအပေါင်းကို စီရင်၍ သင်ဆိုသည်အတိုင်း ပြုလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ရာဇပလ္လင်အားဖြင့်သာ

"ရာဇပလ္လင်" မှာ ဖါရောမင်း၏ ဘုရင်အရာကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရင်အရာအားဖြင့်သာ"

ကြည့်ပါ

"ကြည့်" ဟူခြင်းဖြင့် ပြောမည့်စကားကို အာရုံစိုက်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြည့်ရှုလော့"

အဲဂုတ္တုပြည် တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီ

"ခန့်ထားပြီ" ဟူရာတွင် အခွင့်အာဏာကို အပ်နှံကြောင်း ဆိုလိုသည်။ "တပြည်လုံး" မှာ ပြည်သားအားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တု ပြည်သားအာလုံးအပေါ် အုပ်စိုးခွင့် ငါပေးထားပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 41:42

လက်စွပ်တော်ကိုချွတ်၍ . . . လည်ပင်း၌ ရွှေစလွယ်ကို ဆွဲပြီးလျှင်

ယောသပ်၏ အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ရန် အခွင့်အာဏာကို အပ်နှံကြောင်း လက္ခဏာဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

လက်စွပ်တော်

ဖါရောမင်း၏ ဘုရင်တံဆိပ်ကို ထုနှိပ်သော လက်စွပ်ဖြစ်သည်။ မိမိစီမံကိန်းအတိုင်း ဆောင်ရွက်ရသော အခွင့်အာဏာကို ပေးသည်။

ပိတ်ချောအဝတ်

အပွင့်ပြာရှိသော နှမ်းကြတ်ပင်မှ ရက်လုပ်သော အထည်ချောတစ်မျိုး။

ဒုတိယရထားတော်ကို စီးစေတော်မူ၏

ဖါရောမင်း ပြီးနောက် ဒုတိယ အကြီးဆုံးဖြစ်ကြောင်း လက္ခဏာကို ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ပြပ်ဝပ်၍နေကြ

"ပြပ်ဝပ်၍ ရှိခိုးကြ။" ရိုသေလေးမြတ်မှု သဘောကို ပြသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

ထိုသို့လျှင် အဲဂုတ္တုပြည် တပြည်လုံးကို အုပ်စိုးစေတော်မူ၏

၄၁:၃၉ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ဖြင့် အဲဂုတ္တု ပြည်သားအပေါင်းကို အုပ်စိုးစေတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom နှင့် /WA-Catalog/my_tm?section=translate#figs-metonymy)

Genesis 41:44

ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍

ဖါရောမင်းက မိမိ၏ အစိုးပိုင်မှုကို ပြသသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောဖြစ်သော ငါ မိန့်သည်ကား"

သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရ

"လက်" နှင့် "ခြေ" က လူတဦး၏ လှုပ်ရှားမှုကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်မှတပါး အဲဂုတ္တုပြည် တလျှောက်လုံး၌ အဘယ်သူမျှ မိမိလက်ခြေကို မကြွရ" သို့မဟုတ် "အဲဂုတ္တုပြည်တွင် လူတို့သည် သင်၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ကိုင်ကြရမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အဘယ်သူမျှ

ယောက်ျား၊ မိန်းမ အားလုံးကို ခြုံငုံထားသော ယေဘုယျ အသုံးအနှုန်းဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-gendernotations)

ဇာဖဏာသ ဖါဏ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇာဖဏာသ ဖါဏ အနက်ကား 'လျှို့ဝှက်ချက်များ ဖော်ပြသူ' တည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏ သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏

အဲဂုတ္တုပြည်တွင် ယဇ်ပုရောဟိတ်တို့မှာ အမြင့်မြတ်ဆုံးနှင့် ဂုဏ်အကြီးဆုံးဖြစ်သည်။ အထက်ပါ ထိမ်းမြားခြင်းက ယောသပ်ကို ဂုဏ်အရှိနှင့် အခွင့်အာဏာ ရရှိစေသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction)

အာသနတ်နှင့် စုံဘက်စေတော်မူ၏

"အာသနတ်" မှာ ယောသပ်အတွက် မယားအဖြစ် ဖါရောမင်း စုံဖက်စေသောသူ ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ပေါတိဖေရ၏ သမီး

အာသေနတ်၏ ဖခင်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဩနမြို့၏ ယဇ်ပုရောဟိတ်

ဟေလိဩပိုလစ် သို့မဟုတ် ဩနမြို့ကို "နေမင်း၏ မြို့တော်" ဟု ခေါ်ပြီး၊ နေနတ် ရာ ကို ကိုးကွယ်သော ဘာသာရေး အချက်အချာကျရာ မြို့ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ထိုသို့ ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်က ထွက်လေ၏

နောင်လာမည့် အစာခေါင်းပါးခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် တပြည်လုံးအနှံ့သို့ စတင်ခရီးနှင်သည်။

Genesis 41:46

အသက် အနှစ်သုံးဆယ်

"အသက် ၃၀" (ရှု၊ /WA-Catalog/my_tm?section=translate#translate-numbers)

ဖါရောမင်းထံ၌ အခွင့်ရသောအခါ

အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းထံ စတင်အမှုထမ်းသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အဲဂုတ္တုပြည် တရှောက်လုံးသို့ သွားလေ၏

မိမိစီမံကိန်းကို အကောင်အထည် ဖော်ရန် တပြည်လုံးအနှံ့ ခရီးနှင်သည်။

ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး

"သာယာသော ခုနစ်နှစ်ပတ်လုံး"

မြေအသီးအနှံတို့ သည် အလွန်များပြားကြ၏

"အသီးအနှံတို့မှာ အလွန်များပြားကြ၏"

Genesis 41:48

စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာ စုထား၍

အလွန်များပြားကြောင်း ပင်လယ်သဲများဖြင့် ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စုထားသော စပါးတို့မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိ၍" (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

Genesis 41:50

အစာခေါင်းပါးသောနှစ် မရောက်မှီ

နှစ်ကို ရောက်လာ၍ ထွက်သွားတတ်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးသော နှစ် မစမှီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အာသနတ်

"အာသေနတ်" သို့မဟုတ် "အာသနတ်" မှာ ယောသပ်အတွက် မယားအဖြစ် ဖါရောမင်း စုံဖက်စေသောသူ ဖြစ်သည်။ ၄၁:၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ပေါတိဖေရ၏သမီး

အာသေနတ်၏ ဖခင်ဖြစ်သည်။ ၄၁:၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ဩနမြို့၏ယဇ်ပုရောဟိတ်

ဟေလိဩပိုလစ် သို့မဟုတ် ဩနမြို့ကို "နေမင်း၏ မြို့တော်" ဟု ခေါ်ပြီး၊ နေနတ် ရာ ကို ကိုးကွယ်သော ဘာသာရေး အချက်အချာကျရာ မြို့ဖြစ်သည်။ ၄၁:၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

မနာရှေ

ဘာသာပြန်ဆိုသူများ အနေဖြင့် "မနာရှေ အနက်ကား 'မေ့ပျောက်စေပြီ' ဟူသတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။

ငါ့အဘ၏ အိမ်သား

ယောသပ်က မိမိဖခင် ယာကုပ်နှင့် မိသားစုကို ညွှန်းသည်။

ဧဖရိမ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧဖရိမ် အနက်ကား 'ပွါးများစေပြီ' သို့မဟုတ် 'သားသမီး ရစေပြီ' ဟူသတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။

ငါ့ကို ပွါးများစေတော်မူပြီ

ကြွယ်ဝပြည်စုံခြင်းနှင့် သားသမီး ဖွားမြင်ခြင်းကို ဆိုလိုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ငါဆင်းရဲခံရသောပြည်၌

"ဆင်းရဲခံသော" ကို စိတ္တဇနာမ် "ဆင်းရဲခံခြင်း" ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ၏ ဆင်းရဲခံခြင်း ပြည်၌" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

Genesis 41:53

ခပ်သိမ်းသော ပြည်တို့၌

ခါနာန်ပြည် အပါအဝင် အဲဂုတ္တုပြည်၏ ပတ်ဝန်းကျင်တိုင်းပြည်များ။

အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏

သာယာသောနှစ်များအတွင်း ယောသပ်၏ အမိန့်ဖြင့် သိုထားသော ဆန်စပါးတို့ကို ညွှန်းသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

Genesis 41:55

နောက်တဖန် အဲဂုတ္တု ပြည်သူပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ

"ပြည်သူပြည်သားအပေါင်းတို့" က တစ်ပြည်လုံး၌ ရှိသမျှသောသူကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တု ပြည်သူပြည်သား အပေါင်းတို့ ဆာလောင်မွတ်သိပ်သောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသောအခါ

"မြေပြင်" ဟူရာတွင် တလောကလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေတပြင်လုံး၌ အစာခေါင်းပါးသောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ယောသပ်သည် စပါးကျီရှိသမျှတို့ကိုဖွင့်၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏

ယောသပ် ကိုယ်တိုင်မဟုတ်ဘဲ၊ သူ၏ အစေခံတို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ကလည်း စပါးကျီ ရှိသမျှတို့ကို ဖွင့်စေ၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

အသီးသီးသောပြည်သားတို့သည် . . . လာရောက်ကြ၏

တိုင်းတပါးမှ လူများကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိုင်းတပါးသားတို့ကလည်း ... ရောက်လာကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ခပ်သိမ်းသောပြည်တို့၌

"တလောကလုံး၌။" အဲဂုတ္တုပြည်နှင့် စီးပွားရေးအရ ဆက်စပ်မှုရှိသော နိုင်ငံတိုင်းက စပါးကို ဝယ်ယူနိုင်ရန် ရောက်လာကြပေမည်။