Genesis 28

Genesis 28:1

. . . နှင့် အိမ်ထောင်ဘက်မပြုရ

"... ကို မယူရ"

ထ၍ သွားလော့

"ယခုပင် သွားလော့"

ပါဒနာရံ

မေဆိုပိုတေးမီးယား ခေါ် မေသောပေါတေမိဒေသ၏ အခြားအမည် ဖြစ်ပြီး၊ မျက်မှောက်ခေတ် အီရတ်နိုင်ငံတွင် တည်ရှိသည်။ ၂၅:၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အမျိုးသားနေရာ

တစုံတယောက်၏ သားစဉ်မျိုးဆက် သို့မဟုတ် အမျိုးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အမျိုးတို့ရှိရာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

သမီးတစုံတယောက်

"သမီးတယောက်"

ဗေသွေလ

ရေဗက္က၏ ဖခင် ဖြစ်သည်။ ၂၂:၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

သင့်ဦးရီး

"အမိ၏ မောင်"

အမိ၏အဘ

"သင့်အဘိုး"

Genesis 28:3

ယေဘုယျ အချက်အလက်

ယာကုပ်အား ဣဇာက် ဆက်လက် သွန်သင်သည်။

တိုးပွားစေသဖြင့် . . . စေမည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း

ဘုရားသခင်က ယာကုပ်ကို "တိုးပွား" ခြင်းအားဖြင့် "များပြား" စေမည်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြောက်မြားစွာသော မျိုးဆက်ကို ပေးသဖြင့် .... စေတော်မူသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

သင့်အား၎င်း၊ သင်၏အမျိုးအနွယ်အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော်မူစေသတည်း

ကောင်းကြီးမင်္ဂလာကို ပေး၍ရသော အရာကဲ့သို့ တင်စားထားသည်။ စိတ္တဇနာမ် "ကောင်းကြီးမင်္ဂလာကို" အား "ကောင်းကြီး" အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံ၌ ပြုသကဲ့သို့ သင်နှင့် သင့်အမျိုးအနွယ်အား ဘုရားသခင် ကောင်းကြီးပေးတော်မူစေသတည်း" သို့မဟုတ် "အာဗြဟံ၌ပြုသော သစ္စာရှိသည်အတိုင်း သင်နှင့် သင့်အမျိုးအနွယ်ကို ဘုရားသခင် ကောင်းကြီးပေးပါစေ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-abstractnouns)

ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း

ခါနာန်ပြည်ကို အမွေပေး၍ရသော အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

သင် ယခု ဧည့်သည်ဖြစ်လျက်နေသော

"သင် နေထိုင်လျက်ရှိသော"

အထက်က အာဗြဟံအား ပေးတော်မူ၍

"အာဗြဟံအား ဂတိတော်ပေးခဲ့သော"

Genesis 28:5

ဗေသွေလ

ရေဗက္က၏ ဖခင် ဖြစ်သည်။ ၂၂:၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ပါဒနာရံပြည်

မေဆိုပိုတေးမီးယား ခေါ် မေသောပေါတေမိဒေသ၏ အခြားအမည် ဖြစ်ပြီး၊ မျက်မှောက်ခေတ် အီရတ်နိုင်ငံတွင် တည်ရှိသည်။ ၂၅:၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 28:6

ယေဘုယျ အချက်အလက်

ယာကုပ်အကြောင်းမှ ဧသောအကြောင်းသို့ ဇာတ်ကြောင်း ပြောင်းသည်။

ထိုသို့

ဖြစ်ပျက်ခဲ့သောအရာမှ ဧသော အကြောင်းသို့ ပြောင်းရန် ဤဝေါဟာရကို အသုံးပြုသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

ပါဒနာရံပြည်

မေဆိုပိုတေးမီးယား ခေါ် မေသောပေါတေမိဒေသ၏ အခြားအမည် ဖြစ်ပြီး၊ မျက်မှောက်ခေတ် အီရတ်နိုင်ငံတွင် တည်ရှိသည်။ ၂၅:၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အိမ်ထောင်ဘက် ပြုစေခြင်းငှါ

"မယားယူစေခြင်းငှါ"

ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး၍

"ဣဇာက်က ယာကုပ်အား ကောင်းကြီးပေး၍"

. . . နှင့် အိမ်ထောင်ဘက်မပြုရ

"... ကို မယူရ"

ခါနာန်အမျိုးသမီး

"ခါနာန်သူ" သို့မဟုတ် "ခါနာနိမိန်းမ"

Genesis 28:8

ယေဘုယျ အချက်အလက်

ဧသော၏ နောက်ခံဇာတ်ကြောင်းကို ဆက်လက် ဖော်ပြထားသည်။

ဧသော သိမြင်လျှင်

"ဧသော သိမြင်သောအခါ"

ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း

"အဘဣဇာက်က ခါနာန်သူကို မနှစ်သက်ကြောင်း"

ခါနာန်အမျိုးသမီးတို့

"ခါနာန်သူ" သို့မဟုတ် "ခါနာနိမိန်းမ"

အထက်မယားတို့မှ တပါး

"မိမိမယားတို့မှ အပ"

မဟာလတ်

ဣရှမေလ၏ သမီးတစ်ဦးဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

နဗာယုတ်

ဣရှမေလ၏ သားတစ်ဦးဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 28:10

ယေဘုယျ အချက်အလက်

ယာကုပ်ဘက်သို့ ပြန်လည် ဇာတ်ကြောင်း ပြောင်းသည်။

တစုံတခုသော အရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံ ရှိသည်နှင့်

"တနေရာသို့ ရောက်သောအခါ မိုဃ်းချုပ်သဖြင့်၊ ညအိပ်မည် အကြံနှင့်"

Genesis 28:12

မြင်ရသော အိပ်မက်ဟူမူကား

"ထိုစဉ် အိမ်မက်ထဲ၌"

မြေကြီးပေါ်၌ လှေကားထောင်လျက် . . . မှီ၏"

"မြေကြီးကို ထောက်၍ ... မှီသော လှေကားတစ်စင်းကို မြင်မက်လေ၏"

မိုဃ်းကောင်းကင်တိုင်အောင်

ဘုရားသခင် ကိန်းဝပ်သောအရပ်ကို ညွှန်းသည်။

ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်

ဖြစ်နိုင်ချေများမှာ၊ ၁) "ထာဝရဘုရားသည် လှေကားထိပ်၌ ရပ်တော်မူလျက်" သို့မဟုတ် ၂) "ထာဝရဘုရားသည် ယာကုပ်အနား၌ ရပ်တော်မူလျက်"

သင်၏အဘ အာဗြဟံ

"အဘ" ဟူရာတွင် "ဘိုးဘေး" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ဘိုးဘေး အာဗြဟံ" သို့မဟုတ် "သင့်အဘိုး အာဗြဟံ"

Genesis 28:14

ယေဘုယျ အချက်အလက်

အိပ်မက်ထဲ၌ ယာကုပ်ထံ ဘုရားသခင် ဆက်လက် မိန့်တော်မူသည်။

သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်

ယာကုပ်၏ အမျိုးအနွယ်ကို အရေအတွက် များပြားသော မြေမှုန့်နှင့် ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အမျိုးအနွယ်သည် ရေတွက်မရအောင် များပြားလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

. . . သို့ နှံ့ပြားကြလိမ့်မည်

ယာကုပ်၏ အမျိုးအနွယ်ကို ညွှန်းသည်။ ထိုအမျိုးအနွယ်၏ ဦးခေါင်းမှာ ယာကုပ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... သို့ ပြန့်နှံ့ကြလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

နှံ့ပြားကြလိမ့်မည်

မိမိလူတို့က နယ်ပယ် ချဲ့ထွင်လျက် များပြားသော ဒေသတို့ကို သိမ်းပိုက်ရမည်ဟု ဆိုလိုသည်။

အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့

"အရပ်မျက်နှာတိုင်း" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ်လေးမျက်နှာသို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံကြရလိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်နှင့် သင့်အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့ကို ငါကောင်းကြီးပေးမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကို ငါမစွန့်

"ဤအရာတို့ကို ပြု၍ မပြီးမချင်း၊ သင့်ကို ငါမစွန့်"

ငါစောင့်မမည်

"ငါစောင့်ရှောက်မည်" သို့မဟုတ် "ငါစောင့်ထိန်းမည်"

ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်

"ဤပြည်သို့တဖန် ခေါ်ဆောင်ဦးမည်"

Genesis 28:16

အိပ်ပျော်ရာမှ နိုးလျင်

"အိပ်ရာမှ နိုးလျှင်"

ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ

"ကောင်းကင်တံခါးဝ" က "ဘုရားသခင်၏ ဘုံဗိမာန်" ဝင်ပေါက် သို့မဟုတ် "ဘုရားသခင် နေထိုင်ရာ၏ အဝင်တံခါး" ဖြစ်ကြောင်း ရှင်းလင်းစေသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-doublet)

ကောင်းကင်တံခါးဝ ဖြစ်သည်တကား

လူတို့ကို အမှန်တကယ် ဝင်ခွင့်ပေးသော လက်ရှိတိုင်းနိုင်ငံအဖြစ် တင်စားထားခြင်း ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 28:18

မှတ်တိုင်ဖြစ်စေလျက်

ကျောက်တုံးကြီးဖြင့် ထောင်ထားသော ကျောက်တိုင် ဖြစ်သည်။

ကျောက်ထိပ်ဖျားအပေါ်၌ ဆီကို လောင်းလေ၏

ဘုရားသခင်အတွက် ပေးအပ်ကြောင်း အမှတ်အသား ဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အား ပေးအပ်ခြင်းငှါ ကျောက်တိုင်ထိပ်မှ ဆီကို လောင်းလေ၏" (ရှု၊ /WA-Catalog/my_tm?section=translate#translate-symaction နှင့် /WA-Catalog/my_tm?section=translate#figs-explicit)

ဗေသလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေသလ အနက်ကား 'ဘုရားသခင်၏ အိမ်တော်' တည်း" ဟူ၍ မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။

ဥလံလုဇ

မြို့တခု၏အမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 28:20

သစ္စာပြုလေ၏

"သစ္စာဆိုလေ၏" သို့မဟုတ် "ဘုရားသခင်အား ကတိသစ္စာဆိုလေ၏"

ဘုရားသခင်သည် ငါ့ဘက် . . . ငါယခု . . . ငါ့ကို . . . ငါသည် . . . ထာဝရဘုရားသည် ငါ၏ဘုရား . . . ငါ ထူထောင်သော . . .

ယာကုပ်က ဘုရားသခင်ကို အပြောခံသူအဖြစ် ညွှန်းခေါ်သည်။ ၎င်းကို ကြားနာသူအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သာ ကျွန်ုပ်ဘက် ... ကျွန်ုပ် ယခု ... ကျွန်ုပ်ကို ... ကျွန်ုပ်သည် ... ထာဝရဘုရားမှာ အကျွန်ုပ်၏ဘုရား ... ထူထောင်သော ..." (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ငါယခုသွားရာလမ်းမှာ

မယားကို ရှာပြီးနောက် မိမိအိမ်သို့ ပြန်လာမည့် ယာကုပ်၏ ခရီးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ် ယခုခရီးစဉ်မှာ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

စားစရာအစား

"အစား" ဟူရာတွင် အစာအားလုံးကို ယေဘုယျ ခြုံငုံထားသည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche)

အဘ၏အိမ်သို့

"အိမ်" မှာ ယာကုပ်၏ မိသားစုကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘနှင့် မိသားစုထံသို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ဘုရားသခင်၏ ဗိမာန်

ကျောက်တိုင်မှာ ဘုရားသခင် ထင်ရှားပြသခဲ့သော သက်သေဖြစ်ပြီး ထိုအရပ်၌ လူတို့က ဘုရားသခင်ကို ကိုးကွယ်ရမည်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ အိမ်တော်" သို့မဟုတ် "အထွဋ်အမြတ် ကျောက်တိုင်"