Genesis 19

Genesis 19:1

ကောင်းကင်တမန် နှစ်ပါး

ကမ္ဘာဦးကျမ်း ၁၈ တွင် လူနှစ်ဦးက သောဒုံမြို့သို့ သွားသည်ဆို၏။ ယခုတွင် ထိုနှစ်ဦးမှာ ကောင်းကင်တမန်များဖြစ်ကြောင်း သိရပါသည်။ (ရှု၊ ၁၈:၂၂)

မြို့တံခါးဝ

"သောဒုံမြို့ အဝင်ပေါက်နား" မြို့ကို တံတိုင်းများဖြင့် တည်ဆောက်ထားသောကြောင့်၊ တံခါးပေါက်မှတဆင့် ဝင်ရသည်။ ထို့ကြောင့် မြို့တစ်ခု၏ အရေးကြီးဆုံးနေရာဖြစ်သည်။ အရေးပါသော ပုဂ္ဂိုလ်များက ထိုနေရာတွင် အချိန်ယူလေ့ရှိသည်။

မြေ၌ ဦးညွှတ်ချလျက်

ဒူးထောက်လျက် နဖူးနှင့် နှာခေါင်းကို မြေနှင့် ထိစေသည်။

အကျွန်ုပ်သခင်တို့

ကောင်းကင်တမန်တို့ကို ရိုသေလေးမြတ်စွာ ခေါ်ဝေါ်ရာ၌ လောတ အသုံးပြုသော ဝေါဟာရဖြစ်သည်။

ကိုယ်တော်တို့ ကျွန်၏အိမ်သို့ ဝင်၍

"ကိုယ်တော်တို့ ကျွန်၏အိမ်သို့ ဝင်လှည့်တော်မူပါ"

ကိုယ်တော်တို့ ကျွန်၏အိမ်

ရိုသေလေးမြတ်မှုကို ပြရန် လောတက မိမိကိုယ်ကို ညွှန်းလိုက်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

ခြေကိုဆေးကြပါ

လူတို့ ခရီးသွားလျှင် ခြေဆေးရန် အလိုရှိကြသည်။

နံနက်စောစောထ၍

"စောစောစီးစီး ထ၍"

ငါတို့သည်မဝင်၊ တညဉ့်လုံး

ကောင်းကင်တမန်နှစ်ဦးက ထိုသို့ပြောရာတွင်၊ လောတကို ညွှန်းခြင်းမဟုတ်ဘဲ မိမိတို့ကို ညွှန်းလိုက်ခြင်းဖြစ်သည်။ မြို့လယ်စုရပ် တစ်နေရာတွင် ညအိပ်ရန် စီစဉ်ထားသည် ဆို၏။ ထိုသို့ ဆိုရာတွင် "ငါတို့" နေရာ၌ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းအတိုင်း ပြန်ဆိုရန်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

လမ်း

အများသုံး၊ အပြင်အရပ် ဖြစ်သော မြို့လယ်စုရပ် ဖြစ်ပေမည်။

တဖန် လောတနောက်သို့ လှည့်၍

"ပြန်လှည့်ကာ လောတ နောက်သို့ လိုက်၍"

Genesis 19:4

ထိုသူတို့သည် မအိပ်မှီ

"လောတတို့ တအိမ်သားလုံး အိပ်စက်ခြင်း မပြုမှီ"

သောဒုံမြို့သား ယောက်ျား

"သောဒုံမြို့နေ ယောက်ျား" သို့မဟုတ် "သောဒုံမြို့သား"

အကြီးအငယ်

"အငယ်ဆုံးမှ အကြီးဆုံးထိ။" လောတတို့အိမ်ကို ဝန်းရံနေသော သောဒုံမြို့သားများမှာ "အရွယ်ပေါင်းစုံ" ဖြစ်ကြောင်း အဓိပ္ပါယ်ရသည်။

အိမ်

"လောတအိမ်"

သင့်အိမ်သို့ ဝင်သော

"သင့်ထံ ရောက်လာသော"

ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍

"ထိုသူတို့နှင့် ကာမဆက်ဆံလိုသဖြင့်။" ပြန်ဆိုမည့် ဘာသာစကားတွင် ပို၍ ယဉ်ကျေးသော အသုံးအနှုန်းဖြင့် ပြောင်းထည့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူတို့ကို ကာမဂုဏ်အရ သိလိုသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

Genesis 19:6

မိမိနောက်၌

"မိမိကိုယ်တိုင်" သို့မဟုတ် "အနောက်၌"

ညီအစ်ကိုတို့

မြို့သားများ မိမိစကားကို နားထောင်စေလိုသောကြောင့် သုံးနှုန်းထားသော ဒေသိယစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိတ်ဆွေတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်

"လွန်စွာမှားယွင်းသောအမှုကို မပြုကြပါနှင့်" သို့မဟုတ် "ထိုသို့သော ဒုစရိုက်အမှုကို မပြုကြနှင့်"

မဆက်ဆံသော

"ဆက်ဆံမှု မပြုသေးသော။" ပြန်ဆိုမည့် ဘာသာစကားတွင် ပို၍ယဉ်ကျေးသော အသုံးအနှုန်းဖြင့် ပြောင်းထည့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မသိရသေးသော" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

ပြုချင်သမျှ

"ကောင်းသည်ဟု မြင်သည်အတိုင်း" သို့မဟုတ် "မှန်မည် ထင်သည်အတိုင်း"

အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏

မိမိအိမ်၌တည်းခိုသော ဧည့်သည်ကို အိမ်ရှင်က တာဝန်ယူရမည်ဟု သွယ်ဝိုက်ဖွင့်ဆိုနိုင်ပြီး။ "အိမ်မိုး" မှာ တအိမ်လုံးကို ခြုံငုံပေးသော အစုပြပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်အိမ်၌ ရောက်သည်ဖြစ်၍ သူတို့ကို ကာကွယ်ရန် ကျွန်ုပ်၌ တာဝန်ရှိပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-synecdoche နှင့် /WA-Catalog/my_tm?section=translate#figs-metaphor)

ညီအစ်ကိုတို့ . . . တောင်းပန်သော်လည်း

"ညီအစ်ကိုတို့၊ တောင်းပန်ပါ၏။ ... ဆိုသော်လည်း"

Genesis 19:9

ဆုတ်လော့

"ဖယ်လော့" သို့မဟုတ် "ဘေးသို့ ရွှေ့လော့" (UDB)

သင်သည် တည်းခိုးခြင်းငှာသာ ရောက်လာသည်နှင့်

"ဤသူသည် အပြင်လူအဖြစ်သာ ရောက်လာခဲ့သော်လည်း" သို့မဟုတ် "ဤတပါးသူက ငါတို့ထံ ရောက်ခဲ့သော်လည်း"

. . . တရားသူကြီးလုပ်ရမည်လော

"အမှန်အမှား ခွဲခြမ်းပေးနိုင်မည်ဟု ထင်လေပြီ" သို့မဟုတ် "ငါတို့ အလိုကို တားဆီးခြင်းငှါ ခွင့်မပြုနိုင်တော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

. . . သည်နှင့်

"ယခုတွင်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

ယခုမှာ

"ထို့ကြောင့်"

သင်

"လောတ။" မိမိတို့ အချင်းချင်း ပြောဆိုသော စကားဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကားတွင် နားလည်ရခက်လျှင်၊ UDB က အတိုင်း လောတထံ ပြောသကဲ့သို့ ထည့်ပြောင်းနိုင်သည်။

ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်

"အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်" (၁၉:၆) ဟူသော လောတ၏ စကားကြောင့် မြို့သားတို့ စိတ်ဆိုးကြသဖြင့်၊ လောတ ပြောသော အဓမ္မအမှုထက် ပိုဆိုးသောအမှု ပြုမည်ဟု ချိန်းခြောက်လိုက်ကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့အပေါ် ပြုသည်ထက် သာ၍ဆိုးသော အဓမ္မအမှုကို သင်၌ ပြုမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ၏

ဖြစ်နိုင်ချေများမှာ၊ ၁) "တံခါးကို ရိုက်ချိုးနိုင်မည့် အကွာအဝေးသို့ ရောက်သည်အထိ လောတထံ ချဉ်းလာကြ၏" သို့မဟုတ် ၂) "လောတကို တွန်းကြရာ၊ တံခါးကို ရိုက်ချိုးရန် ပြင်ကြ၏"

Genesis 19:10

ထိုအခါ ကောင်းကင်တမန်တို့သည်

"ထိုအခါ လောတ၏ ဧည့်သည်တို့က" သို့မဟုတ် "သို့သော် ဧည့်သည်တို့က"

လက်ကိုဆန့်၍ . . . ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏

မြို့သားတို့က တံခါးနား မချဉ်းကပ်မီ ဦးစွာ ဖွင့်ထားကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တံခါးကို ဖွင့်ကာ လက်ကိုဆန့်၍ ... ဆွဲသွင်းပြီး၊ တံခါးကို ပိတ်ကြ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အကြီးအငယ်

"အရွယ်စုံ။" ဤသွယ်ဝိုက် အလင်္ကာမျိုးသည် ယောက်ျားအားလုံးကို ညွှန်းဆိုသည်။ အသက်အရွယ်သာမက ဂုဏ်အရှိန်ကိုလည်း ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဂုဏ်ကြီးရင့်သူနှင့် ငယ်သူအပေါင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-merism)

အိမ်တံခါးနားမှာ ရှိသောသူ . . . တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့်

"မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့်" ဟု ဆိုသည်မှာ လူကိုယ်တိုင် ထိပါးခြင်းကို ညွှန်းဆိုခြင်းမပြုသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧည်သည့်တို့က မြို့သား ... တို့ကို မျက်စိကန်းစေသဖြင့်" သို့မဟုတ် "မြို့သား ... တို့ကို အမြင်ကွယ်စေသဖြင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 19:12

ကောင်းကင်တမန်တို့ကလည်း

"ထိုသူ နှစ်ဦးကလည်း" သို့မဟုတ် "ဧည့်သည် တို့ကလည်း"

ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော

"ဤမြို့၌ သင့်ဆွေမျိုးများ ရှိသေးသလော" သို့မဟုတ် "ဤအရပ်၌ အခြားမိသားစုဝင်များ ရှိသေးသလော"

မြို့ထဲမှာ သင်၌ရှိသမျှ

"မြို့၌နေသော ဆွေမျိုးသားချင်းရှိသမျှ"

ငါတို့သည် ဖျက်ဆီးရမည်

"ငါတို့" မှာ မိမိတို့ကိုသာ ညွှန်းဆိုခြင်း ဖြစ်သည်။ မြို့ကို ဖျက်ဆီးမည့်သူမှာ ထိုကောင်းကင်တမန် နှစ်ဦးဖြစ်သည်။ လောတမဟုတ်။ ပြန်ဆိုမည့် ဘာသာစကားတွင် သီးသန့်ညွှန်းဆိုသော "ငါတို့" ကဲ့သို့ အသုံးအနှုန်းရှိလျှင် ပြောင်းသုံးနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-exclusive)

အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍

စိတ္တဇနာမ် "ကြွေးကြော်ခြင်း" ကို ကြိယာပုဒ် အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤမြို့သားတို့၏ အပြစ်ကို ဘုရားသခင်ထံ လူများစွာက တိုင်ကြားခဲ့သည်ဖြစ်၍။" ၁၈:၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

Genesis 19:14

လောတထွက်၍

"လောတလည်း အိမ်မှထွက်၍"

သမီးနှင့်စုံဘက်သောသူ၊ မိမိသမက်တို့

"သမီးနှင့်စုံဘက်သောသူ" က မိမိ၏ သမက်များ ဖြစ်ကြောင်းကို နားလည်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သမီးနှင့် ထိန်းမြားမည့်သူတို့" သို့မဟုတ် "သမီး၏ သတို့သားလောင်းတို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-parallelism)

မိုဃ်းသောက်သောအခါ

"နေထွက်ခါနီး အချိန်တွင်"

သင်သည်ထ၍

"သွားလော့၊"

မြို့၏အပြစ်၌ ဆုံးခြင်းသို့ ရောက်လိမ့်မည်

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ မြို့သားတို့အပြစ်အတွက် ထာဝရဘုရား၏ ဒဏ်ခတ်ခြင်းမှ လွတ်ငြိမ်းရလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

အပြစ်၌ ဆုံးခြင်း

ဘုရားသခင်က မြို့သားတို့ကို အမိုက်ကဲ့သို့ ပုံဆောင်ထားသော ရူပကပုဒ်ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

မြို့၏

"မြို့" က ထိုမြို့တွင် နေထိုင်သောသူများ

Genesis 19:16

သူသည်ဖင့်နွှဲသောခါ

"သို့သော် လောတ တုန့်ဆိုင်းလေရာ၊" သို့မဟုတ် "သို့ရာတွင် လောတသည် ထွက်ခွါရန် မပြင်သောအခါ"

သနားတော်မူသောကြောင့်

"သနားခြင်းရှိသဖြင့်။" သောဒုံမြို့သားတို့၏ အပြစ်အတွက် ဖျက်ဆီးတော်မူရာတွင် လောတတို့ မိသားစုကို အသက်ချမ်းသာပေးခဲ့သောကြောင့် ထာဝရဘုရားကို "သနားခြင်းရှိ" ကြောင်း ဖော်ပြထားသည်။

ကောင်းတမန်တို့သည် . . . လက်ဆွဲ၍

"ထိုလူနှစ်ယောက်သည် ... လက်ဆွဲ၍" သို့မဟုတ် "သူစိမ်းတို့သည် ... လက်ဆွဲ၍"

ပြင်သို့ရောက်သောအခါ

"မြို့ပြင်ရောက်သောအခါ"

သင်သည် အသက်ချမ်းသာရခြင်းငှါ ပြေးလော့

သေဘေးမှလွတ်မြောက်ခြင်းငှါ ပြေးရန် ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ပြေး၍ မိမိအသက်ကို ကယ်တင်လော့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

နောက်သို့လှည့်၍ မကြည့်နှင့်

"မြို့ဘက်သို့" လှည့်မကြည့်ရန် ဆိုထားခြင်းဖြစ်ကြောင်း သိသာသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြို့ဘက်သို့ လှည့်၍မကြည့်နှင့်" သို့မဟုတ် "သောဒုံဘက်သို့ လှည့်၍မကြည့်နှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis)

မြေညီသောအရပ်၌

ယောဒန်မြစ်ကမ်းကို ဆိုလိုသည်။ ယောဒန်မြစ်ဝှမ်းနေရာ တခုလုံးကို ညွှန်းဆိုသည်။

သို့မဟုတ် ဆုံးလိမ့်မည်

မြို့သားတို့နှင့်တကွ ရှင်းထုတ်ခြင်း ခံရမည်ဟု ဆိုလိုသည်။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မဟုတ် ထာဝရဘုရားသည် မြို့သားတို့နှင့်တကွ သင်တို့ကို ဖျက်ဆီးလိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-ellipsis နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

ဆုံးလိမ့်မည်

ရှင်းထုတ်မည်ဟူသော ရူပကပုဒ်ဖြင့်လည်း အစားထိုးနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

Genesis 19:18

ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ

ကျေနပ်မှုကို "မျက်နှာရ" သည်ဟူသော ရူပကပုဒ်ဖြင့်လည်း ဖော်ပြနိုင်သည်။ ထို့ပြင်၊ "ရှေ့တော်" ဟူသည်မှာ လူ့အတွေးအမြင်ကို ဖော်ပြသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးသည် ကိုယ်တော့်ကို ကျေနပ်စေခဲ့ပါပြီ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor နှင့် /WA-Catalog/my_tm?section=translate#figs-metonymy)

ကိုယ်တော်ကျွန်သည်

မိမိကိုယ်ကို နှိမ့်ချ၍ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် ကျွန်ုပ်သည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-123person)

အကျွန်ုပ်အသက် ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသော ကရုဏာကျေးဇူး များပြားလှပါ၏

စိတ္တဇနာမ် "ကရုဏာကျေးဇူး" ကို "ကောင်းမြတ်" သည် ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို ကယ်တင်တော်မူခြင်းအားဖြင့် အကျွန်ုပ်ပေါ် ကောင်းမြတ်လှပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-abstractnouns)

ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံတခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏

သောဒုံမြို့အပေါ် ဘုရားသခင် စေလွှတ်မည့် "ဘေး" ကို လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သောဒုံမြို့သားတို့အပေါ် ဘေးဒုက္ခကို စေလွတ်လျှင် တောင်ပေါ်သို့ ပြေးနိုင်မည်မဟုတ်သဖြင့် အသက်သေမည်ကို စိုးရိမ်ပါ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-personification)

အကျွန်ုပ်အသက် . . . အကျွန်ုပ်၌ . . . သေမည်

လောတသည် မိမိနှင့် မိသားစုအားလုံးကို ညွှန်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့အသက် ... ကျွန်ုပ်တို့၌ ... သေကြမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်

၎င်းမြို့မှာ သေးငယ်သဖြင့် သောဒုံမြို့ကြီးကဲ့သို့ မဖျက်ဆီး၍လည်း ရကြောင်း သိသာစေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရပ်သို့ ပြေးပါရစေ။ သေးငယ်သောမြို့ မဟုတ်လော။ ထိုမြို့သို့ ပြေးလျှင် အသက်ချမ်းသာရပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-rquestion)

ထိုအရပ်သို့ ပြေးပါရစေ

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုမြို့သို့ ပြေးလွှတ်နိုင်ရန် ဖျက်ဆီးခြင်းမပြုပါနှင့်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အသက်ချမ်းသာရပါမည်

လောတတို့ တမိသားစုလုံး အသက်ချမ်းသာမည်ဟု ဆိုလိုသည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကယ်လွတ်ရပါမည်" သို့မဟုတ် "ဘေးလွတ်ရပါမည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit နှင့် /WA-Catalog/my_tm?section=translate#figs-activepassive)

Genesis 19:21

ဤအမူအရာ၌လည်း သင်၏စကားကို ငါနားထောင်စေခြင်းငှါ

"သင်တောင်းသည်အတိုင်း ဖြည့်ဆည်းခြင်းငှါ"

အဘယ်အမှုကိုမျှ မပြုနိုင်

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အခြားမြို့တို့ကို ငါမဖျက်ဆီး" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဇောရမြို့

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇောရသည် ဟေဗြဲစကား 'သေငယ်သည်' နှင့် အသံတူ၏။ ကမ္ဘာဦးကျမ်း ၁၉:၂၀ တွင် လောတက ဤမြို့ကို 'သေးငယ်သည်' ဟု ခေါ်ဆိုခဲ့သည်" ဟူ၍ မှတ်ချက်ပြုနိုင်သည်။

Genesis 19:23

လောတသည် ဇောရမြို့သို့ ဝင်သောအခါ

လောတ၏ မိသားစုတို့ပါဝင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လောတနှင့် မိသားစုသည် ဇောရမြို့သို့ ရောက်သောအခါ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း

"မြေကြီးအထက်မှာ နေထွက်ချိန်ဖြစ်သတည်း။" "ပေါ်မှာ" ဟူ၍ တိကျစေသောစကားကို ချန်လှပ်ထားနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့ အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏

ဝင်္ကဝုတ္တိပုဒ် "အထံတော်မှ" သည် ကန့်နှင့်မီးကို အစိုးရသူမှာ ဘုရားသခင်ဖြစ်ကြောင်း ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကျစေခြင်းငှါ ကန့်နှင့်မီးမိုဃ်းကို ဖြစ်စေတော်မူ၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

ကန့်နှင့် မီးမိုဃ်း

အရာတစ်ခုကိုသာ ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးလောင်သောကန့်" သို့မဟုတ် "မီးမိုဃ်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-hendiadys)

ထိုမြို့တို့ကို၎င်း၊

သောဒုံနှင့် ဂေါမောရမြို့တို့ကို အဓိကညွှန်းဆိုသော်လည်း၊ အခြားမြို့များလည်း ပါဝင်သည်။

မြို့သားအပေါင်းတို့ကို၎င်း

"မြို့၌ နေထိုင်သူအပေါင်းတို့ကိုလည်းကောင်း"

Genesis 19:26

ဆားတိုင်ဖြစ်လေ၏

"ဆားတိုင်ကဲ့သို့ ဖြစ်လေ၏" သို့မဟုတ် "ကိုယ်ခန္ဓာတခုလုံး ဆားတိုင်ဖြစ်လေ၏။" မြို့ဘက်သို့ လှည့်မကြည့်ရန် မှာထားသော ကောင်းကင်တမန်တို့၏ စကားကို နားမထောင်သောကြောင့်၊ ဘုရားသခင်က ဆားဖြင့် လုပ်ထားသော ရုပ်ထုတိုင် ဖြစ်စေခဲ့သည်။

မီးဖို၌ အခိုးကဲ့သို့

အခိုးအငွေ့ အလွန်ထူထပ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးလုံးကြီးမှ ထွက်လာသော အခိုးကဲ့သို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-simile)

Genesis 19:29

ယေဘုယျ အချက်အလက်

အငယ် ၂၉ သည် အခန်းတခုလုံး၏ အချုပ်ဖြစ်သည်။

ဘုရားသခင်သည် . . . အာဗြဟံကို အောက်မေ့တော်မူ၏

လောတကို ဘုရားသခင် ကယ်တော်မူသည့် အကြောင်းရင်းဖြစ်သည်။ "အောက်မေ့" ကို "သတိရ" ဟုလည်း ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်သည် မေ့တတ်သောသူ ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ အာဗြဟံကို အောက်မေ့ကာ ဂရုဏာတော်ကို ပြသလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ... အာဗြဟံအဖို့ အလို့ငှါ၊" (ရှု၊ /WA-Catalog/my_tm?section=translate#figs-idiom)

မှောက်လှဲရာထဲက

"ပျက်ဆီးခြင်းမှ" သို့မဟုတ် "ဘေးဒုက္ခမှ"

Genesis 19:30

လောတသည် ဇောရမြို့မှ ထွက်၍၊ . . . တောင်ပေါ်မှာနေ၏

လောတသည် မြင့်ရာအရပ် တောင်ပေါ်ဒေသသို့ ထွက်ခွါသွားခြင်းကို ရည်ညွှန်းသည်။

Genesis 19:31

သမီးအကြီး

"လောတ၏ သမီးအကြီး" သို့မဟုတ် "အကြီးမ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-nominaladj)

မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း

"မြေကြီးသား" မှာ လူကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နေရာတကာမှ လူတို့ပြုသည်အတိုင်း" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy)

စပျစ်ရည်တိုက်ကြစို့

အရက်မူးစေရန် ရည်ရွယ်ချက်ရှိကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မူးသည်အထိ စပျစ်ရည်တိုက်ကြစို့" (UDB) သို့မဟုတ် "စပျစ်ကို မူးအောင်တိုက်ကြစို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ငါတို့အဘ၏ အမျိုးအနွယ်ကို စောင့်မ၍

မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းရမည့် နောက်ဆုံးမျိုးဆက်ဖြစ်ကြောင်း သိသာစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့အဘ၏ အမျိုးအနွယ်ကို မွေးဘွားစေခြင်းငှါ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

ညီမ

"သမီးအငယ်" သို့မဟုတ် "အငယ်မ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-nominaladj)

သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘမသိ

"သို့သော် သူ၏ အဘက မသိ" သို့မဟုတ် "အတူအိပ်သည်ကို အဘ မသိ"

Genesis 19:34

ယနေ့ည . . . အဘမသိ

၁၉:၃၁ မှာကဲ့သို့ ပြန်ဆိုရန်။

စပျစ်ရည်တိုက်ကြစို့

အရက်မူးစေရန် ရည်ရွယ်ချက်ရှိကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မူးသည်အထိ စပျစ်ရည်တိုက်ကြစို့" (UDB) သို့မဟုတ် "စပျစ်ကို မူးအောင်တိုက်ကြစို့" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ

မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းရမည့် နောက်ဆုံးမျိုးဆက်ဖြစ်ကြောင်း သိသာစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့အဘ၏ အမျိုးအနွယ်ကို မွေးဘွားစေခြင်းငှါ" (UDB) (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

အိပ်ကြောင်းကို၎င်း၊ တကြောင်းကို၎င်း အဘမသိ

"သို့သော် သူ၏ အဘကမသိ" သို့မဟုတ် "အတူအိပ်သည်ကို အဘ မသိ"

Genesis 19:36

မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏

"မိမိအဘအားဖြင့် ကိုဝန်ဆောင်ရ၏" သို့မဟုတ် "မိမိအဘ၏ အနွယ်ကို ဆောင်နေ၏"

ထိုသူသည်

"သူသည်"

ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့

"ယနေ့တိုင် ရှိကြသော မောဘလူမျိုးတို့"

ယနေ့တိုင်အောင်ရှိသော

"ယနေ့" ဟူရာတွင် ကမ္ဘာဦးကျမ်း ပြုစုသူ၏ ခေတ်ကာလကို ညွှန်းသည်။ ကျမ်းပြုသူမှာ လောတမိသားစု အသက်ရှင်၍ သေသွားပြီးနောက်မှ မွေးသည်။

ဗေနမ္မိ

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

အမ္မုန်အမျိုးသားတို့

"အမ္မုန်၏ အမျိုးအနွယ်များ" သို့မဟုတ် "အမ္မုန်လူမျိုးတို့"