Genesis 16

Genesis 16:1

ကျွန်မ

အစေခံဖြစ်၍ အိမ်၌ ရှိသောသခင်မအား အစေခံသော ကျွန်အစေခံ ဖြစ်သည်။

သားဘွားရသောအခွင့်ကို

"သားမွေးရသော အခွင့်ကို"

သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်

"သူ့အားဖြင့် အကျွန်ုပ်သည် မိသားစုကို တည်ဆောက်နိုင်ပါလိမ့်မည်"

အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏

"အာဗြံသည် စာရဲ ပြောသည့်အတိုင်း ပြုလေ၏"

မိမိသခင်မကို မထီမဲ့မြင် ပြုလေ၏

"မိမိသခင်မကို မုန်းတီးလေ၏" သို့မဟုတ် "မိမိသခင်မထက် သာသည်ဟု ခံယူလေ၏"

မိမိသခင်မ

စာရဲကို ညွှန်းသည်။ သခင်မသည် ကျွန်မအပေါ် အာဏာရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိအရှင်မ" သို့မဟုတ် "စာရဲ"

Genesis 16:5

အကျွန်ုပ်ခံရသော အပြစ်သည်

"အကျွန်ုပ်ခံရသော မတရားမှုသည်"

ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ

"ကိုယ်တော်ကြောင့် ဖြစ်၏" သို့မဟုတ် "သင့်ကြောင့်ဖြစ်၏"

အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ

အတူအိပ်စေကြောင်းကို ယဉ်ကျေးစွာ သုံးနှုန်းလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်နှင့်အတူ အိပ်စေခြင်းငှါ အကျွန်ုပ်၏ ကျွန်မကို အပ်နှင်းပါပြီ" (ရှု၊ /WA-Catalog/my_tm?section=translate#figs-euphemism)

အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား

ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကို မုန်းတီးပါသည်တကား" သို့မဟုတ် "အကျွန်ုပ်ထက် သာသည်ဟု မြင်ပါပြီတကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-activepassive)

ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေသော

"အကျွန်ုပ်အပြစ်သော်လည်းကောင်း၊ ကိုယ်တော့်အပြစ်သော်လည်းကောင်း ဖြစ်သည်ကို ယာဝေးဘုရား စီရင်တော်မူပါစေသော" သို့မဟုတ် "မည်သူ ဖြောင့်မတ်သည်ကို ထာဝရဘုရား စီရင်တော်မူပါစေသော။" "စီရင်" ဟူသည်မှာ ဤလင်မယားမှာ အဘယ်သူ မှန်ကန်ကြောင်း သတ်မှတ်ပေးခြင်းကို ညွှန်း၏။

သင်၏လက်၌ရှိ၏

"သင်၏ အပိုင်ဖြစ်၏"

စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်

"စာရဲသည် ဟာဂရကို ညှဉ်းဆဲသဖြင့်"

ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏

"ဟာဂရသည် စာရဲထံမှ ထွက်ပြေးလေ၏"

Genesis 16:7

ထာဝရဘုရား၏ ကောင်းကင်တမန်

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) ထာဝရဘုရား ကိုယ်တော်တိုင် ကောင်းကင်တမန်ယောင်ဆောင်၏ သို့မဟုတ် ၂) ထာဝရဘုရား၏ ကောင်းကင်တမန်တို့မှ တစ်ဦး သို့မဟုတ် ၃) ဘုရားသခင် သီးသန့်လွှတ်တော်မူသော စေတမန် (ကျမ်းတတ်ပုဂ္ဂိုလ်အချို့က သခင်ယေရှု ဖြစ်မည်ဟူ၏)။ သို့ရာတွင်၊ နားလည်ရန် ခက်ခဲသည့်အလျောက် "ထာဝရဘုရား၏ ကောင်းကင်တမန်" ဟု ပြန်ဆိုခြင်းသည် အကောင်းဆုံးဖြစ်ပြီး၊ "ကောင်းကင်တမန်" နှင့် အလားတူ ဝေါဟာရဖြင့် ပြန်ဆိုရန် ဖြစ်၏။

ရှုရမြို့

ခါနာန်တောင်ဘက်၊ အဲဂုတ္တု ခေါ် အီဂျစ်ပြည်၏ အရှေ့ဘက်တွင် ရှိသော အရပ်ဒေသ တစ်နေရာ၏အမည် ဖြစ်သည်။

တော

သဲကန္တာရ ဖြစ်နိုင်ဖွယ်ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သဲကန္တာရ"

သခင်မ

စာရဲကို ညွှန်းသည်။ ပိုင်ရှင်က မိမိကျွန်အပေါ် ဩဇာ သက်ရောက်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိသခင်မ။" ၁၆:၁ ရှိ "မိမိသခင်မ" ပြန်ဆိုချက်ကို ရှု။

Genesis 16:9

ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း . . . အမိန့်ရှိ၏

"ယာဝေးဘုရား၏ ကောင်းကင်တမန်ကလည်း ဟာဂရအား မိန့်တော်မူသည်ကား၊ ..."

ထာဝရဘုရား၏ ကောင်းကင်တမန်

၁၆:၇ မှ ပြန်ဆိုချက်ကို ရှု။

သင်၏ သခင်မ

စာရဲ။ ၁၆:၁ ရှိ "မိမိသခင်မ" ပြန်ဆိုချက်ကို ရှု။

ထာဝရဘုရား၏ ကောင်းကင်တမန်က . . . ငါ . . . မြွက်ဆိုလေ၏

"ငါ" ဟု ဆိုရာတွင်၊ ထာဝရဘုရားကို ညွှန်းသည်။ ပြန်ဆိုသောအခါ၊ ကောင်းကင်တမန် ပြောသည့်အတိုင်း ယာဝေးဘုရားကို ညွှန်းဆိုသော "ငါ"ကို ထည့်သွင်းရမည်။

သင်၏ အမျိုးအနွယ်ကို . . . ငါ အလွန်များပြားစေမည်

"သင့်အား ... များစွာသော အမျိုးအနွယ်ကို ငါပေးမည်"

မရေတွက်နိုင်အောင်

"မည်သူမျှ မရေတွက်နိုင်သည်ထိ"

Genesis 16:11

သားယောက်ျားကို ဘွားမြင်လိမ့်မည်

"သားယောက်ျားကို မွေးလိမ့်မည်"

ထိုသားကို . . . အမည်ဖြင့် မှည့်ရမည်

"ထိုသားကို ... ဟု မှည့်ရမည်။" ဟာဂရကို ညွှန်း၍ မိန့်ဆိုခြင်းဖြစ်သည်။

ဣရှမေလ . . . အကြောင်းမူကား၊ ထာဝရဘုရားသည် . . . ကြားသိတော်မူပြီ

ဘာသာပြန်ဆိုသူများ အနေဖြင့် "'ဣရှမေလ ကို 'ဘုရားသခင် ကြားသိတော်မူပြီ' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။

ဆင်းရဲဒုက္ခ

စိတ်နှင့် ကိုယ်ခန္ဓာ ဆင်းရဲဒုက္ခကို ခံရသည်။

သူသည် လူရိုင်းဖြစ်လိမ့်မည်

ကျိန်ဆဲသောစကား မဟုတ်ပါ။ ဣရှမေလမှာ လွတ်လပ်၍ ကြံ့ခိုင်မည်ဟူ၍ အဓိပ္ပါယ်ရသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် လူတို့အလယ်၌ မြည်းရိုင်းကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metaphor)

လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်

"လူအပေါင်း၏ ရန်သူဖြစ်လိမ့်မည်"

သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်

"လူအပေါင်းသည်လည်း သူ၏ ရန်သူ ဖြစ်လိမ့်မည်"

မိမိညီအစ်ကိုအပေါင်း

"ဆွေးမျိုးသားချင်း" သို့မဟုတ် "အိမ်နီးချင်း"

. . . ၏ အပါး၌ နေရလိမ့်မည်

"... ကို ဆန့်ကျင်နေရလိမ့်မည်"

Genesis 16:13

မိန့်မြွက်တော်မူသော ထာဝရဘုရား

"မိန့်မြွက်တော်မူသော ထာဝရဘုရား"

ငါ့ကို မြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား

ဘုရားသခင်ကို မြင်ရသော်လည်း အသက် ချမ်းသာခြင်းရရှိသဖြင့် အံ့ဩသောစိတ်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားကို မြင်သောသူသည် သေသည်ဟု လူတို့ ခံယူခဲ့ကြ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို မြင်တော်မူပြီးသည်တိုင် ဤအရပ်၌ အသက်ချမ်းသာခြင်း ရပါပြီတကား" (ရှု၊ /WA-Catalog/my_tm?section=translate#figs-metonymy နှင့် /WA-Catalog/my_tm?section=translate#figs-rquestion)

ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏

ဘာသာပြန်ဆိုသူများအနေဖြင့် "ဗေရလဟဲရောမှာ 'မြင်ပြီး အသက်ရှင်သောသူ၏ ရေတွင်း' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချ ထည့်သွင်းနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း

အခြားသော ဘာသာပြန်ဆိုချက်၊ "၎င်းသည် ကာဒေရှမြို့နှင့် ဗေရက်မြို့၏ စပ်ကြားမှာ ရှိသတည်း" (ရှု၊ /WA-Catalog/my_tm?section=translate#translate-names)

Genesis 16:15

ထိုနောက် ဟာဂရသည် . . . သားကို ဘွားမြင်၏

စာရဲနှင့် အာဗြံထံ ပြန်လာကြောင်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် ဟာဂရ ပြန်လာပြီး ... သားကို ဘွားမြင်၏" (ရှု၊ /WA-Catalog/my_tm?section=translate#figs-explicit)

ဟာဂရတွင် မြင်သော သားကို . . . အမည်ဖြင့် မှည့်လေ၏

"ဟာဂရ မွေးသောသားကို ... ဟု မှည့်လေ၏" သို့မဟုတ် "မိမိနှင့် ဟာဂရတို့ မြင်သောသားကို ... ဟု မှည့်လေ၏"

အာဗြံသည်

ထိုခေတ်၏ နောက်ခံသမိုင်းကို ဖော်ပြရန် သုံးထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းကို လိုက်၍ ပြောင်းဆိုနိုင်သည်။ (ရှု၊ /WA-Catalog/my_tm?section=translate#writing-background)

သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ

"သားဣရှမေလ ဘွားမြင်သောအခါ" ဟု ဖော်ပြလိုခြင်း ဖြစ်သည်။ အာဗြံ သားရသော အကြောင်းကို ရည်စူးထားသည်။