အစ်ကိုငါးယောက်က သူတို့သည်သိုးများကို ထိန်းကျောင်းသော အလုပ်ကိုလုပ်သည်ဟု ပြောပါသည်။
အစ်ကိုတို့က သူတို့သည် အဲဂုတ္တုပြည်၌ ယာယီနေထိုင်ပါမည်ဟု ပြောပါသည်။
ဖါရောဘုရင်သည် ယောသပ်၏ မိသားစုများအား ဂေါရှင်ပြည်၌ အကောင်းဆုံးသောအရပ်တွင် အခြေချနေထိုင်ရန်ယောသပ်အား ပြောခဲ့သည်။
ယာကုပ်သည် ဖါရောဘုရင်နှင့်တွေ့ပြီး သူ့ရှေ့တော်မှပြန်ထွက်သောအခါ သူသည် ဖါရောဘုရင်အား ကောင်းကြီးပေးပါသည်။
ယာကုပ်သည် အသက်တရာသုံးဆယ်ရှိပါသည်။
ယာကုပ်သည် သူ၏ဘိုးဘေးတို့နှင့်နှိုင်းစာလျှင် သူ၏သက်တမ်းသည် သူတို့လောက်မရှည်ပါဟု ပြောပါသည်။
ယောသပ်သည် အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်တို့၌ ရသမျှသောငွေအားလုံးကို စုသိမ်း၍ နန်းတော်သို့ ပေးသွင်းနိုင်ခဲ့ပါသည်။
ယောသပ်သည် အဲဂုတ္တုအမျိုးသားများထံသို့ အစာကိုအိမ်မွေး တိရစ္ဆာန်များနှင့် လဲလှယ်ခိုင်းပါသည်။
အဲဂုတ္တုပြည်သားတို့သည် အစာပိုမိုရရှိရန် သူတို့၏မြေများနှင့်တကွ သူတို့ကိုယ်တိုင် ဖါရောဘုရင်ထံ ကျွန်ခံကြမည်ဟု ဖါရောဘုရင်အား ကမ်းလှမ်းပါသည်။
ရိတ်သိမ်း၍ရသမျှသော ငါးဖို့တဖို့ကို ဖါရောဘုရင်အား ပေးဆက်ရန် ယောသပ်က တောင်းဆိုပါသည်။
ဣသရေလ၏ လူမျိုးတော်သည် အဲဂုတ္တုပြည်၌ များစွာသောအသီးနှင့် လျင်မြန်စွာ တိုးပွားစေခြင်းတို့အားဖြင့်ကြီးပွားခဲ့ကြသည်။
ယာကုပ်သည် အသက်တရာလေးဆယ်ခုနစ်နှစ်၌ သေဆုံးပါသည်။
ဣသရေလသည် ယောသပ်အား ဘိုဘေးတို့သင်္ဂြိုလ်ရာအရပ်၌သူ့အား သင်္ဂြိုလ်ပေးရန် ကျိန်ဆိုဖို့ပြောပါသည်။