ယောသပ်သည် အစ်ကိုတို့ကို သူ့အကြောင်းပြောပြီးနောက် ကျယ်လောင်စွာ ငိုကြွေးပါသည်။
အစ်ကိုတို့သည် စိတ်လှုပ်ရှားကြသည့်အတွက် ယောသပ်အား မဖြေကြားနိုင်ဘဲ ဖြစ်ကြပါသည်။
ဘုရားသခင်သည် ယောသပ်အား အဲဂုတ္တုပြည်သို့ပို့ဆောင်ရခြင်းအကြောင်းမှာ သူ့အားအသက်ချမ်းသာရစေရန်နှင့် သူ၏မိသားစုများကို မြေကြီးပေါ်မှာကျန်ကြွင်းစေရန်ဖြစ်ပါသည်။
ဘုရားသခင်သည် ယောသပ်အား ဖါရောဘုရင်၏ အဖအရာ၌လည်းကောင်း၊ ဖါရောဘုရင်အိမ်သားအားလုံး၏ သခင်အဖြစ်လည်းကောင်း၊ အဲဂုတ္တုတပြည်လုံးကို အုပ်စိုးရသောအရာ၌လည်းကောင်း ဖြစ်စေပါသည်။
ယောသပ်က သူ၏မိသားစုအား ဂေါရှင်အရပ်၌ နေစေ၍ ထိုအရပ်၌သူသည် သူတို့အားကျွေးမွေး ကြည့်ရှုမည်ဟု စီ စဥ်ခဲ့သည်။
ယောသပ်သည် အစ်ကိုတို့အား အလျင်အမြန်ပြန်၍ အဖအား အဲဂုတ္တုပြည်သို့ ခေါ်ဆောင်လာရန် ပြောပါသည်။
ဖါရောဘုရင်သည် နှစ်သက်၍၊ ယောသပ်အား သူ၏အစ်ကိုတို့ကို သူတို့၏အဖနှင့်တကွ အိမ်သားများကိုခေါ်ဆောင်လာလျက် အဲဂုတ္တုပြည်၏ကောင်းသောနေရာတွင် နေထိုင်ကြရမည်ဟု ပြောခိုင်းပါသည်။
ဗင်္ယာမိန်သည် ငွေကျပ်သုံးရာ၊ လမ်းခရီးအတွက်အဝတ်လဲစရာ အဝတ်ငါးစုံ နှင့်တကွ အဖဣသရေလသည်ဝန်ဆောင်သော မြည်းအကောင်တဆယ်ရရှိပါသည်။
ဣသရေလ၏ သားတို့သည် သူ့အားပြောပြသောအခါ အံ့အားသင့်သောစိတ်ဖြင့် သူ၏သားတို့သူ့အား ပြောကြသည်ကိုမယုံကြည်နိုင်အောင် ဖြစ်ပါသည်။
ဣသရေလသည် သူမသေမှီ၊ ယောသပ်ကို တွေ့မြင်လိုသည်ဟု ပြောပါသည်။