အဲဂုတ္တုပြည်တွင် ယောသပ်ကို ဖါရောဘုရင်၏အရာရှိဖြစ်သော ပေါတိဖါက ဝယ်ယူခဲ့ပါသည်။
ယောသပ်ကြီးပွားရခြင်းမှာ ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့်ဖြစ်ပါသည်။
ပေါတိဖါသည် မိမိ၌ရှိသောအရာအားလုံးကို ယောသပ်၏ အုပ်စိုးခြင်းလက်အောက်၌ ထားရှိပါသည်။
ပေါတိဖါမိန်းမသည် ယောသပ်အား သူမနှင့်အတူအိပ်ရန်ပြောပါသည်။
ယောသပ်သည် ဤအမှုသည်ကြီးသောအပြစ်ဖြစ်၍ ဘုရားသခင်ကို မည်ကဲ့သို့ ပြစ်မှားနိုင်မည်နည်းဟု ပြောဆိုလျက်၊ သူမ၏တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါသည်။
ယောသပ်သည် သူ၏အင်္ကျီကို သူမ၏ လက်၌ ထားခဲ့ပြီးအပြင်သို့ ထွက်ပြေးပါသည်။
ပေါတိဖါမိန်းမသည် အလိုမတူဘဲ ယောသပ်က သူမ နှင့်အတူ အိပ်ရန်ကြိုးစားသည်ဟု စွပ်စွဲခဲ့ပါသည်။
ပေါတိဖါသည် အလွန်စိတ်ဆိုး၍ ယောသပ်အား ထောင်ထဲ၌ ထည့်ထားပါသည်။
ထာဝရဘုရားသည် သူ၏ ကတိတော် တည်မြဲခြင်းကို ပြသခဲ့သည်။
ထောင်မှူးသည် ယောသပ်၏ အုပ်စိုးမှုအောက်တွင်ထောင်သားတို့ကို ထားရှိပါသည်။
ယောသပ်ပြုသမျှအရာတိုင်း၏ ရလာဒ်မှာအောင်မြင်မှု ရရှိပါသည်။ အကြောင်းမှာ ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိသောကြောင့် ဖြစ်ပါသည်။