ရှေခင်သည် ဒိနကိုလုယူ၍ အိပ်ဘော်ပြုလျက် သူ့အသရေကို ရှုတ်ချလေသည်။
ယာကုပ်သည် သူ၏သားများတောထဲမှ ပြန်လာသည့်တိုင်ငြိမ်သက်စွာ နေပါသည်။
ယာကုပ်၏ သားများသည် အလွန်စိတ်ဆိုးကြပါသည်။
ဟာမော်မင်းက ယာကုပ်သည် ဒိနအားရှေခင်နှင့်ပေးစား၍ ယာကုပ်၏ မိသားစုသည် သူ၏မိသားစုနှင့်အတူ သွေးသားတော်စပ်ခွင့်ပြုရန် အလိုရှိပါသည်။
ရှေခင်သည် သတို့သမီးအတွက် များစွာသောအဖိုးအခအဖြစ် ယာကုပ်တောင်းသလောက်ပေးပါမည်ဟု ပြောပါသည်။
ယာကုပ်၏သားတို့က ရှေခင်အား လှည့်စား၍ဖြေပါသည်။ အကြောင်းမှာ ရှေခင်သည် ဒိနအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သောကြောင့်ဖြစ်ပါသည်။
ယာကုပ်၏သားတို့သည် ဟာမော်မင်း၏ မိသားစုထဲ၌ရှိသော ယောကျ်ားအားလုံးအား အရေဖျားလှီးခြင်းကို လုပ်ခိုင်းပါသည်။
သူတို့သည် ယာကုပ်၏ မိသားစုနှင့် သွေးသားတော်စပ်ခဲ့လျှင် ယာကုပ်၏ ခြံမွေးတိရစ္ဆာန်များ၊ ပိုင်ဆိုင်မှုများနှင့် တိရစ္ဆာန်များကို သူတို့သည် ပိုင်ဆိုင်ကြရမည်ဖြစ်သည်ဟုပြောကြပါသည်။
ဟာမော်မြို့သားတို့သည် ဟာမော်နှင့်ရှေခင်တို့ ပြောစကားကိုနားထောင်ပြီး ယောင်္ကျား ရှိသမျှတို့သည်အရေဖျားလှီးခြင်းကို ပြုကြပါသည်။
ရှိမောင်နှင့်လေဝိတို့သည် ဟာမော်မြို့သား ယောင်္ကျားအားလုံးကို အသေသတ်ပါသည်။
ယာကုပ်၏ သားအားလုံးသည် မြို့ကိုတိုက်ခိုက်၍ ဥစ္စာရှိသမျှနှင့် သူတို့သားမယား လူငယ်အပေါင်းကိုလည်းသိမ်းယူသွားကြသည်။
ယာကုပ်က ရှိမောင်နှင့်လေဝိတို့သည် ပြဿနာကိုယူဆောင်ခဲ့ခြင်းကြောင့် ဤပြည်သားအပေါင်းတို့သည်သူ၏မိသားစုကိုဖျက်ဆီးကြလိမ့်မည်ဟု တုံ့ပြန်ပါသည်။
ရှိမောင်နှင့်လေဝိတို့က သူတို့လုပ်ရခြင်းအကြောင်းမှာ ရှေခင်သည် သူတို့၏ နှမဒိနအားပြည့်တန်ဆာကဲ့သို့မှတ်၍ ပြုကျင့်သည်ဟု ပြန်ဆိုခဲ့သည်။