ထိုသူများသည် ခါရန်မြို့မှ ဖြစ်ပါသည်။
လာဗန်၏ သမီးရာခေလသည် သိုးအုပ်နှင့်အတူ ရေတွင်းသို့လာပါသည်။
ယာကုပ်သည် ရေတွင်း၏ ကျောက်အဖုံးကိုဖွင့်၍ သိုးများကို ရေတိုက်ပါသည်။
ယာကုပ်က ရာခေလအား သူသည်သူမဖခင်၏အမျိုးဖြစ်သည်ကို ပြောပြီးနောက်၊ ရာခေလသည်ပြေး၍ သူမ၏ ဖခင်အား ပြောပြပါသည်။
လာဗန်သည် ယာကုပ်အားပြေး၍ တွေ့ပြီးလျှင်၊ ပွေ့ဖက်နမ်းရှုတ်လျက် သူ၏အိမ်သို့ ယာကုပ်အား ခေါ်သွားသည်။
သမီးအကြီး လေအာသည် နူးညံ့သောမျက်စိရှိပြီး၊ သမီးအငယ် ရာခေလသည် ကိုယ်ဟန်ယဥ်ကျေး၍ လှပသူဖြစ်ပါသည်။
ယာကုပ်သည် ရာခေလကို လိုချင်သောကြောင့် လာဗန်ထံခုနစ်နှစ်အစေခံရန် သဘောတူခဲ့သည်။
ခုနစ်နှစ်အစေခံရသည်ကို ရက်နည်းသည်ဟု ယာကုပ်ထင်ရခြင်းအကြောင်းမှာ သူသည်ရာခေလကို ချစ်သော ကြောင့် ဖြစ်ပါသည်။
မင်္ဂလာဆောင်ည၌ လာဗန်သည်ရာခေလအစား လေအာကို ယာကုပ်အား ပေးသည်။
လာဗန်သည် လေအာ၏ အစေခံကျွန်အဖြစ် ကျွန်မိန်းမ ဇိလပ ကိုပေးပါသည်။
လာဗန်က သမီးအကြီးကို မပေးစားမှီ၊ အငယ်ကိုမပေးစားရဟူသော ထုံးစံဓလေ့ရှိသည်ဟု ပြောပါသည်။
ယာကုပ်သည် ရာခေလကို လိုချင်သောကြောင့် လာဗန်ထံ၌ နောက်ထပ်ခုနစ်နှစ်အစေခံရန် သဘောတူခဲ့သည်။
လာဗန်သည် သူ၏သမီး ရာခေလ၏ အစေကိုခံရန် ဗိလဟာကို ပေးပါသည်။
ထာဝရဘုရားသည် လေအာအား ကိုယ်ဝန်ဆောင်စေပြီး၊ ရာခေလသည် မြုံလေ၏။
လေအာသည် ယာကုပ်အတွက် သားကိုဖွားမြင်ပေးလျှင်၊ ယာကုပ်သည် သူမအား ချစ်လိမ့်မည်ဟုမျှော်လင့်ပါသည်။
လေအာ၏ ပထမဆုံး သားအမည်မှာ ရုဗင်ဖြစ်ပါသည်။
လေအာသည် ယုဒကိုဖွားမြင်ပြီးနောက်၊ ထိုအချိန်၌ ငါဘုရားသခင်ကို ချီးမွမ်းလိမ့်မည်ဟု ပြောပါသည်။