အာဗြဟံက သူ၏ အသက်အကြီးဆုံးသော အစေခံအား သူ့သားဣဇာက်အတွက် သူ့အမျိုးသားများထံမှ မိန်းမကိုယူစေဖို့ ကျိန်ဆိုမှုကိုပြုလုပ်စေသည်။
အာဗြဟံက သူထွက်လာသော ပြည်သို့ ဣဇာက်အားခေါ်မသွားရန် အစေခံအား တိုက်တွန်းပါသည်။
အစေခံက ထိုအမျိုးသမီးသည် သူသောက်ရန် ရေဗူးကို ချပေးပါဟုပြောလျှင် သူမက ရေကိုသောက်ပါ၊ သင်၏ ကုလားအုပ်ကိုလည်းတိုက်ပါဟု ပြောသောသူမကို ပြသပေးဖို့ တောင်းလျှောက်ပါသည်။
ရေဗက္ကသည် အာဗြဟံ၏ အစ်ကိုနာခေါ်၏ မြေးမအဖြစ်အမျိုးတော်စပ်ပါသည်။
ရေဗက္ကသည် အစေခံအား ရေကိုတိုက်ပါသည်။
ရေဗက္ကသည် အစေခံအားသောက်ရန်ရေကိုပေးပြီးနောက် သူမက သင်၏ကုလားအုပ်တို့ကိုလည်း ဝလင်စွာရေတိုက်ရန် ရေသွားခပ်ဦးမည်ဟု ပြောပါသည်။
အစေခံသည် ထာဝရဘုရားရှင်အား ကိုးကွယ်ဝတ်ပြု၍ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
လာဗန်သည် အာဗြဟံ၏ အစေခံအား သူ၏အိမ်၌ နေရန်ဖိတ်ခေါ်ပါသည်။
အာဗြဟံ၏ အစေခံသည် အစာမစားမီ သူသည် မည်သည့်အတွက်ကြောင့်လာရသည်ကို ပြောဆိုပါသည်။
အာဗြဟံက ထာဝရဘုရားသည် ကောင်းကင်တမန်ကိုအစေခံနှင့်အတူ စေလွှတ်ခြင်းဖြင့် ခရီးလမ်းကို ပြသမည်ဟုပြောပါသည်။
အစေခံသည် ရေဗက္ကအား မျက်နှာ၌ နှာဆွဲကိုလည်းကောင်း၊ သူ၏ လက်၌လက်ကောက်ကိုလည်းကောင်း ပေးခဲ့သည်။
လာဗန်နှင့်ဗေသွေလတို့က ရေဗက္ကကိုခေါ်ဆောင်သွား၍ အာဗြဟံ သား၏မိန်းမဖြစ်စေပါဟု အစေခံအား ဖြေပါသည်။
အစေခံသည် ထာဝရဘုရားအား ဦးညွှတ်ပြီးလျှင် လက်ဆောင်များကို ရေဗက္ကနှင့် သူမ၏ မောင်နှင့် မိခင်တို့အား ပေးပါသည်။
သူတို့သည် နောက်တနေ့နံနက်အိပ်ယာထသောအခါ ရေဗက္က၏မောင်နှင့်မိခင်တို့က အစေခံအား သူတို့နှင့်အတူ ဆယ်ရက်ခန့် နေစေလိုကြသည်။
ရေဗက္ကက သူမသည် အစေခံနှင့်အတူ ယခုပင် သွားလိုပါသည်ဟုပြောသည်။
ရေဗက္က၏ မိသားစုများက သူမအား ထောင်၊ သောင်း၊သိန်းမကသော သူတို့၏ အမိဖြစ်စေရန်နှင့် သူမ၏ အမျိုးအနွယ်တို့သည် ရန်သူတို့၏ တံခါးများကို အုပ်စိုးရစေရန် ကောင်းချီးပေးကြပါသည်။
ဣဇာက်သည် ဆင်ခြင်ရန်တောအရပ်သို့ ထွက်သွားပါသည်။
ရေဗက္ကသည် ဣဇာက်ကို မြင်သောအခါ ကုလားအုပ်ပေါ်မှဆင်းပြီး သူမ၏မျက်နှာဖုံးကို ယူ၍ ဖုံးပါသည်။
ဣဇာက်သည် ရေဗက္ကကို မိခင်၏တဲသို့ ခေါ်သွားပြီးလျှင် မိမိမိန်းမအဖြစ် အိမ်ထောင်ပြုပါသည်။