ဘုရားသခင်က အာဗြဟံအား မောရိပြည်သို့သွားပြီး၊ ဣဇာက်ကို ပူဇော်ရန် ပြောပါသည်။
အာဗြဟံသည် နံနက်စောစောထ၍ ဘုရားသခင်ပြောသောအရပ်သို့ ခရီးပြုပါသည်။
အာဗြဟံက ငယ်သားနှစ်ယောက်အား သူနှင့်ဣဇာက်တို့သွား၍ ဝတ်ပြုပြီးမှ ပြန်လာမည်ဟု ပြောပါသည်။
ဣဇာက်က အာဗြဟံအား ယဇ်ရှို့စရာဘို့ သိုးသူငယ်သည်အဘယ်မှာ ရှိသနည်းဟုမေးခဲ့သည်။
အာဗြဟံက ယဇ်ရှို့စရာဘို့ သိုးသူငယ်ကို ဘုရားသခင်ကမိမိတို့အတွက် ပြင်ဆင်ပေးလိမ့်မည်ဟု ဖြေပါသည်။
အာဗြဟံက ဣဇာက်အား ယဇ်ရှို့ရန်အတွက် ထင်းကိုပြင်ဆင်၍၊ သူ့အားချည်နှောင်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ တင်ပါသည်။
ထာဝရဘုရား၏ ကောင်းကင်တမန်က အာဗြဟံအား ဣဇာက်ကို မထိမခိုက်စေရန် ပြောပါသည်။
ကောင်းကင်တမန်က အာဗြဟံသည် ဘုရားသခင်ကိုကြောက်ရွံ့ကြောင်းကို ယခုအခါ သူသိသည်ဟု ပြောခဲ့သည်။
အနောက်ဖက်၌ ရှိသော ချုံဖုတ်၌ ချိုညှိလျက်နေသော သိုးကို အာဗြဟံအတွက် မီးရှို့ရာယဇ်အဖြစ် ပြင်ဆင်ပေးခဲ့သည်။
အာဗြဟံက ထိုအရပ်ကို "ထာဝရဘုရားပြင်ဆင်ပေးတော်မူမည် (သို့) ယေဟောဝါယိရ" ဟုခေါ်လေသည်။
ထာဝရဘုရား၏ ကောင်းကင်တမန်က အာဗြဟံသည်သူ၏တဦးတည်းသော သားကို မငြင်းသောကြောင့်ကောင်းချီးပေးခြင်း ဖြစ်ပါသည်။
မြေကြီးပေါ်၌ အာဗြဟံ၏ လူမျိုးတော်အားဖြင့် ကောင်းချီးခံစားရမည်။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ထာဝရဘုရား၏ ကောင်းကင်တမန် စကားကိုနားထောင်သောကြောင့် ဖြစ်ပါသည်။