ဘုရားသခင်သည်အစအဦး၌ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းခဲ့ပါသည်။
ဘုရားသခင်၏ဝိညာဥ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားပါသည်။
ဘုရားသခင်က အလင်းဖြစ်စေဟု မိန့်တော်မူခြင်းဖြင့် အလင်းကို ဖန်ဆင်းခဲ့ပါသည်။
ဘုရားသခင်က ရေနှင့်ရေချင်း ခြားနားစေသောမိုးကောင်းကင်ကိုဖန်ဆင်းခဲ့ပါသည်။
ဘုရားသခင်က ကုန်းကို 'မြေ'ဟူသောအမည်ဖြင့်လည်းကောင်း၊ ရေစုအဝေးရာကို 'ပင်လယ်' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ခဲ့သည်။
ဘုရားသခင်က မြက်ပင်များ၊ သစ်သီးပင်များနှင့် ဟင်းသီးဟင်းရွက်ပင်များကို တတိယနေ့၌ ဖန်ဆင်းခဲ့သည်။
အလင်းကိုဖန်ဆင်းရခြင်းမှာ နေ့နှင့်ညဥ့်ကို ပိုင်းခြားစေ ခြင်းငှါလည်းကောင်း၊ ချိန်းချက်သောအချိန်ကာလလက္ခဏာ၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားကို ဖော်ပြရန်ဖြစ်သည်။
ဘုရားသခင်သည် အလင်းအိမ်ကြီးနှစ်လုံးနှင့် ကြယ်များကိုဖန်ဆင်းခဲ့သည်။
ဘုရားသခင်သည် ရေ၌အသက်ရှင်သောတိရစ္ဆာန်များနှင့် ငှက်များကို ဖန်ဆင်းခဲ့ပါသည်။
များပြားစွာ မွေးဖွားကြရန် ပညတ်ပေးခဲ့ပါသည်။
ဘုရားသခင်က သူ၏ပုံသဏ္ဍာန်နှင့်တူသော လူကို ဖန်ဆင်းခဲ့သည်။
ဘုရားသခင်ကလူအား ရေ၌ရှိသောငါးများ၊ မိုးကောင်းကင်၌ရှိသောငှက်များ၊ မြေကြီးပေါ်မှာရှိသောသက်ရှိတိရစ္ဆာန်များနှင့် မြေကြီးပေါ်မှာတွားသွားတတ်သောအရာအားလုံးကို အုပ်စိုးခွင့်ပေးခဲ့ပါသည်။
ဘုရားသခင် ပြုလုပ်ဖန်ဆင်းသောလူသည် သူ၏ ပုံသဏ္ဍာန်တော်အတိုင်း ဖြစ်ပါသည်။
ဘုရားသခင်က မြေကြီးတပြင်လုံး အနှံ့များပြားစွာမွေးဖွား၍ အုပ်စိုးရန်ပညတ်ပေးခဲ့ပါသည်။
ဘုရားသခင်ကလူအား မျိုးစေ့မှဖြစ်သော အပင်များနှင့်အသီးသီးသော သစ်ပင်များကို စားရန်ပေးခဲ့ပါသည်။
ဘုရားသခင်က အလွန်ကောင်းသည်ဟု စဥ်းစားခဲ့ပါသည်။